အချိန်အခါမဟုတ်မိုးရွာခြင်းကြောင့် စပါးရိတ်လက်စတောင်သူများ အခက်ပေါ်

256

NP News - နိုဝင်ဘာ ၁
မြန်မာပြည်အောက်ပိုင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းတို့တွင် အချိန်အခါမဟုတ် မိုးရွာခြင်းကြောင့် တောင်သူများ၏ ရိတ်လက်စ စပါးခင်းများ ရေစိုပျက်စီးတဲ့အထိဖြစ်ပေါ်နေကြောင်း ဒေသခံတောင် သူများထံမှ သိရသည် ။
အောက်တိုဘာလ ၂၈ ရက်ကနေ ၃၁ ရက်အထိအချိန်အခါမဟုတ် ရက်ဆက်ရွာသွန်းသည့်မိုးဒဏ်ကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ဝါးခယ်မ၊ ငပုတော၊ အိမ်မဲ၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူ၊ မအူပင်၊ လပွတ္တာ၊ ကျိုက်လတ်၊ ကန်ကြီးထောင့်၊ မော်လမြိုင်ကျွန်း စသည့် မြို့နယ်များမှ ဒေသခံတောင်သူများ စိုက်ထားသည့် ရိတ်သိမ်းနေဆဲမိုးစပါးများ ရေနစ်မြုပ်ကာ တချို့စပါး ခင်းတွေပျက်စီးသည်အထိဖြစ်ပေါ်နေကြောင်း သိရသည်။
"မရိတ်ရသေးတဲ့ စပါးအပင်တွေလည်း လဲကျကုန် တာ။ မိုးရွာမယ်လို့ သတင်းဖတ်ထားရတာကြောင့် အားချင်း လိုက်သိမ်းပေမယ့် မိုးရက်ဆက်ရွာနေတော့ မမီလိုက်တာ။ ရိတ်လက်စ စပါးတွေရေစိုကုန်တာ။ ဘာမှလုပ်မရဘူး။ စပါးဈေးက ကျနေတဲ့အထဲ စပါးတွေ ရေထပ်မြုပ်တော့ဆုံးရှုံးပြီ" ဟု တောင်သူတစ်ဦးက ပြောသည်။
စပါးခင်းတွေရေမြုပ်နေသည့်အပြင် နေပူလှန်းထားသည့်စပါးများ ရေစိုကုန်ကာ နေအပူရှိန်မရသည့်အတွက် အပင်ပေါက်သည် အထိဖြစ်ပေါ်နေကြောင်း သိရသည်။
''တချို့အပင်ပေါ်က စပါးတွေက ၂ ရက် ၊ ၃ ရက်လောက် ရေမြုပ်သွားတော့ အပုပ်နံ့ တောင်ထွက်နေတာ။ အပင် ပေါက်တာတွေလည်း မနည်းဘူး။ ရေစုပ်ထုတ်တော့လည်း ထုတ်တဲ့ ရေနဲ့ ပြန်ဝင်တဲ့ရေနဲ့ မမျှဘူးဖြစ်နေတာ'' ဟု ကျိုက်လတ်မြို့နယ်မှ ဒေသခံတောင်သူ တစ်ယောက်က ပြောသည်။
စပါးများ ရေစို၊ မိုးမိ ဖြစ်ပါက မှိုတက်ခြင်း၊ ဆန် အရောင်ပျက်ခြင်း၊ ဆန်သား အက်ခြင်း၊ဆန်အရည်အသွေး ကျဆင်းသွားခြင်းဖြစ် သည့်အပြင် ဆန်စက်မှာ ကြိတ်ခွဲအချိန်တွင် အကျိုးအကြေများပြီး ဆန်အရည်အသွေး ညံ့သည်အထိဖြစ်ပေါ်ကာ ဈေးကွက်မဝင်သည်အထိ ဖြစ်ပေါ်တက်ကြောင်း တောင်သူများထံမှသိရသည်။
အောက်တိုဘာလ ၃၀ ရက် ညနေ ၄ နာရီအချိန် မိုးလေဝသဌာနက ထုတ်ပြန်ချက်အရ အရှေ့ဘက်မှရွေ့လျား လာသည့် လေပွေလှိုင်းနှင့်ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှလေထုမငြိမ်မသက်မှုများကြောင့် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ နေပြည်တော်အပါအဝင်တိုင်းနှင့်ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာပြီးတချို့ဒေသများတွင်ဒေသအလိုက်နှင့် နေရာကွက်ကြား မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း အထူးမိုးလေဝသ သတင်းအနေဖြင့် ထုတ်ပြန်ထားသည်။

Zawgyi Version:
အခ်ိန္အခါမဟုတ္မိုး႐ြာျခင္းေၾကာင့္ စပါးရိတ္လက္စေတာင္သူမ်ား အခက္ေပၚ
NP News - ႏိုဝင္ဘာ ၁
ျမန္မာျပည္ေအာက္ပိုင္း ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္း ႏွင့္ ပဲခူးတိုင္းတို႔တြင္ အခ်ိန္အခါမဟုတ္ မိုး႐ြာျခင္းေၾကာင့္ ေတာင္သူမ်ား၏ ရိတ္လက္စ စပါးခင္းမ်ား ေရစိုပ်က္စီးတဲ့အထိျဖစ္ေပၚေနေၾကာင္း ေဒသခံေတာင္ သူမ်ားထံမွ သိရသည္ ။
ေအာက္တိုဘာလ ၂၈ ရက္ကေန ၃၁ ရက္အထိအခ်ိန္အခါမဟုတ္ ရက္ဆက္႐ြာသြန္းသည့္မိုးဒဏ္ေၾကာင့္ ဧရာဝတီတိုင္းအတြင္းရွိ ဝါးခယ္မ၊ ငပုေတာ၊ အိမ္မဲ၊ ေညာင္တုန္း၊ ပန္းတေနာ္၊ ဓႏုျဖဴ၊ မအူပင္၊ လပြတၱာ၊ က်ိဳက္လတ္၊ ကန္ႀကီးေထာင့္၊ ေမာ္လၿမိဳင္ကြၽန္း စသည့္ ၿမိဳ႕နယ္မ်ားမွ ေဒသခံေတာင္သူမ်ား စိုက္ထားသည့္ ရိတ္သိမ္းေနဆဲမိုးစပါးမ်ား ေရနစ္ျမဳပ္ကာ တခ်ိဳ႕စပါး ခင္းေတြပ်က္စီးသည္အထိျဖစ္ေပၚေနေၾကာင္း သိရသည္။
"မရိတ္ရေသးတဲ့ စပါးအပင္ေတြလည္း လဲက်ကုန္ တာ။ မိုး႐ြာမယ္လို႔ သတင္းဖတ္ထားရတာေၾကာင့္ အားခ်င္း လိုက္သိမ္းေပမယ့္ မိုးရက္ဆက္႐ြာေနေတာ့ မမီလိုက္တာ။ ရိတ္လက္စ စပါးေတြေရစိုကုန္တာ။ ဘာမွလုပ္မရဘူး။ စပါးေဈးက က်ေနတဲ့အထဲ စပါးေတြ ေရထပ္ျမဳပ္ေတာ့ဆုံးရႈံးၿပီ" ဟု ေတာင္သူတစ္ဦးက ေျပာသည္။
စပါးခင္းေတြေရျမဳပ္ေနသည့္အျပင္ ေနပူလွန္းထားသည့္စပါးမ်ား ေရစိုကုန္ကာ ေနအပူရွိန္မရသည့္အတြက္ အပင္ေပါက္သည္ အထိျဖစ္ေပၚေနေၾကာင္း သိရသည္။
''တခ်ိဳ႕အပင္ေပၚက စပါးေတြက ၂ ရက္ ၊ ၃ ရက္ေလာက္ ေရျမဳပ္သြားေတာ့ အပုပ္နံ႔ ေတာင္ထြက္ေနတာ။ အပင္ ေပါက္တာေတြလည္း မနည္းဘူး။ ေရစုပ္ထုတ္ေတာ့လည္း ထုတ္တဲ့ ေရနဲ႔ ျပန္ဝင္တဲ့ေရနဲ႔ မမွ်ဘူးျဖစ္ေနတာ'' ဟု က်ိဳက္လတ္ၿမိဳ႕နယ္မွ ေဒသခံေတာင္သူ တစ္ေယာက္က ေျပာသည္။
စပါးမ်ား ေရစို၊ မိုးမိ ျဖစ္ပါက မႈိတက္ျခင္း၊ ဆန္ အေရာင္ပ်က္ျခင္း၊ ဆန္သား အက္ျခင္း၊ဆန္အရည္အေသြး က်ဆင္းသြားျခင္းျဖစ္ သည့္အျပင္ ဆန္စက္မွာ ႀကိတ္ခြဲအခ်ိန္တြင္ အက်ိဳးအေၾကမ်ားၿပီး ဆန္အရည္အေသြး ညံ့သည္အထိျဖစ္ေပၚကာ ေဈးကြက္မဝင္သည္အထိ ျဖစ္ေပၚတက္ေၾကာင္း ေတာင္သူမ်ားထံမွသိရသည္။
ေအာက္တိုဘာလ ၃၀ ရက္ ညေန ၄ နာရီအခ်ိန္ မိုးေလဝသဌာနက ထုတ္ျပန္ခ်က္အရ အေရွ႕ဘက္မွေ႐ြ႕လ်ား လာသည့္ ေလေပြလႈိင္းႏွင့္ကပၸလီပင္လယ္ျပင္ႏွင့္ဘဂၤလားပင္လယ္ေအာ္တို႔မွေလထုမၿငိမ္မသက္မႈမ်ားေၾကာင့္ ေအာက္တိုဘာလ ၃၁ ရက္မွ ႏိုဝင္ဘာလ ၅ ရက္အထိ ေနျပည္ေတာ္အပါအဝင္တိုင္းႏွင့္ျပည္နယ္အမ်ားစုတြင္ မိုးထစ္ခ်ဳန္း႐ြာၿပီးတခ်ိဳ႕ေဒသမ်ားတြင္ေဒသအလိုက္ႏွင့္ ေနရာကြက္ၾကား မိုးႀကီးျခင္းမ်ားျဖစ္ေပၚႏိုင္ေၾကာင္း အထူးမိုးေလဝသသတင္းအေနျဖင့္ ထုတ္ျပန္ထားသည္။