ရန်ကုန်တိုင်းအတွင်း စက်မှုကဏ္ဍ(၄)ခု ရင်းနှီးမြှုပ်နှံမှုအသစ် ခွင့်ပြု

725
NP News - နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ရန်ကုန်တိုင်းရှိ စက်မှုကဏ္ဍတွင် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၄) ခုကို အတည်ပြုပေးခဲ့ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
ကော်မတီ၏ (၁ဝ/၂ဝ၂၅)ကြိမ်မြောက် အစည်းအဝေးမှာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၄ ခုကို အတည်ပြုပေး ခဲ့ခြင်းဖြစ်ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများအနေဖြင့် CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းများဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၄ ခု၏ မတည်ရင်းနှီးငွေ ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၉၆ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၃,၆၉၅ ဦးအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါအစည်းအဝေး၌ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်မည့် လုပ်ငန်းတစ်ခု အပါအဝင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၀ ခု၏ တင်ပြချက်များကိုပါ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။
Zawgyi Version:
ရန္ကုန္တိုင္းအတြင္း စက္မႈက႑(၄)ခု ရင္းႏွီးျမႇဳပ္ႏွံမႈအသစ္ ခြင့္ျပဳ
NP News - ႏိုဝင္ဘာ ၁
ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီအေနျဖင့္ ရန္ကုန္တိုင္းရွိ စက္မႈက႑တြင္ ရာႏႈန္းျပည့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ (၄) ခုကို အတည္ျပဳေပးခဲ့ေၾကာင္း အဆိုပါေကာ္မတီထံမွ သိရသည္။
ေကာ္မတီ၏ (၁ဝ/၂ဝ၂၅)ႀကိမ္ေျမာက္ အစည္းအေဝးမွာ အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ ၄ ခုကို အတည္ျပဳေပး ခဲ့ျခင္းျဖစ္ၿပီး အတည္ျပဳေပးခဲ့သည့္ လုပ္ငန္းမ်ားအေနျဖင့္ CMP စနစ္ျဖင့္ Wearing Apparel အမ်ိဳးမ်ိဳးႏွင့္ အဝတ္ အထည္အမ်ိဳးမ်ိဳးခ်ဳပ္လုပ္ျခင္းလုပ္ငန္းမ်ားျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ ၄ ခု၏ မတည္ရင္းႏွီးေငြ ပမာဏအေနျဖင့္ အေမရိကန္ေဒၚလာ ၅ ဒသမ ၁၉၆ သန္းျဖစ္ၿပီး ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္း ၃,၆၉၅ ဦးအတြက္ အလုပ္အကိုင္မ်ား ဖန္တီးေပးႏိုင္ျခင္းျဖစ္ ေၾကာင္း သိရသည္။
အဆိုပါအစည္းအေဝး၌ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ တိုးျမႇင့္မည့္ လုပ္ငန္းတစ္ခု အပါအဝင္ အေထြေထြ ကိစၥရပ္မ်ား တင္ျပလာသည့္ ကုမၸဏီ ၁၀ ခု၏ တင္ျပခ်က္မ်ားကိုပါ ေဆြးေႏြးဆုံးျဖတ္ခဲ့ေၾကာင္းလည္း သိရသည္။