ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထပ်မံလုပ်ဆောင်သွားမယ်

182

Pika (NP News) - နိုဝင်ဘာ ၁
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့ဟာ လာမယ့်သီတင်းပတ်အတွင်း အစ္စတန်ဘူလ်မြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ထပ်မံလုပ်ဆောင်လိမ့်မယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါ တယ်။ ဒါ့ပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ထပ်မံကျင်းပမယ့် အချိန်အထိ နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားလိမ့်မယ်လို့လည်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစ္စတန်ဘူလ်မြို့မှာ အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေကြား လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲဟာ (၂၀၂၁)ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ အာဏာရလာချိန်ကနေ စတင်ပြီး ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်အစိုးရတို့ကြား အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့လုပ်ဆောင်ခဲ့တဲ့ ကြိုးပမ်းမှုတစ်ခုလည်းဖြစ်ပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက “အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လုပ်ဆောင်ဖို့ နှစ်ဖက်စလုံးက သဘောတူညီထားပါတယ်။ လာမယ့်သီတင်းပတ်အတွင်း ပါကစ္စတန် နဲ့ အာဖဂန်နစ္စတန်တို့ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အစ္စတန်ဘူလ်မြို့မှာ ထပ်မံလုပ်ဆောင်ပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ကြား ရေရှည်အပစ်အခတ်ရပ်စဲရေးအတွက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစ္စတန်ဘူလ်မြို့မှာလုပ်ဆောင်ခဲ့တဲ့ဆွေးနွေးပွဲတွေဟာ ဖြေရှင်းချက်မရှိဘဲ ပြီးဆုံးသွားခဲ့ပြီးနောက် ရက်ပိုင်း အကြာမှာ တူရကီအစိုးရရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

Zawgyi Version:
ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္တို႔ၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို ထပ္မံလုပ္ေဆာင္သြားမယ္
Pika (NP News) - ႏိုဝင္ဘာ ၁
ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္ႏိုင္ငံတို႔ဟာ လာမယ့္သီတင္းပတ္အတြင္း အစၥတန္ဘူလ္ၿမိဳ႕မွာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကို ထပ္မံလုပ္ေဆာင္လိမ့္မယ္လို႔ တူရကီႏိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳေျပာၾကားခဲ့ပါ တယ္။ ဒါ့ျပင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ထပ္မံက်င္းပမယ့္ အခ်ိန္အထိ ႏွစ္ႏိုင္ငံၾကား အပစ္အခတ္ရပ္စဲေရးကို ဆက္လက္ထိန္းသိမ္းထားလိမ့္မယ္လို႔လည္း တူရကီႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အစၥတန္ဘူလ္ၿမိဳ႕မွာ အာဖဂန္နစၥတန္နဲ႔ပါကစၥတန္တို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြၾကား လုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲဟာ (၂၀၂၁)ခုႏွစ္မွာ အာဖဂန္နစၥတန္ႏိုင္ငံမွာ တာလီဘန္အဖြဲ႕ အာဏာရလာခ်ိန္ကေန စတင္ၿပီး ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္အစိုးရတို႔ၾကား အၾကမ္းဖက္မႈေတြကို ကာကြယ္ဖို႔လုပ္ေဆာင္ခဲ့တဲ့ ႀကိဳးပမ္းမႈတစ္ခုလည္းျဖစ္ပါတယ္။
တူရကီႏိုင္ငံျခားေရးဝန္ႀကီးဌာနက “အပစ္အခတ္ရပ္စဲေရးကို ဆက္လက္လုပ္ေဆာင္ဖို႔ ႏွစ္ဖက္စလုံးက သေဘာတူညီထားပါတယ္။ လာမယ့္သီတင္းပတ္အတြင္း ပါကစၥတန္ နဲ႔ အာဖဂန္နစၥတန္တို႔ဟာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကို အစၥတန္ဘူလ္ၿမိဳ႕မွာ ထပ္မံလုပ္ေဆာင္ပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္တို႔ၾကား ေရရွည္အပစ္အခတ္ရပ္စဲေရးအတြက္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အစၥတန္ဘူလ္ၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ေဆြးေႏြးပြဲေတြဟာ ေျဖရွင္းခ်က္မရွိဘဲ ၿပီးဆုံးသြားခဲ့ၿပီးေနာက္ ရက္ပိုင္း အၾကာမွာ တူရကီအစိုးရရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။