Louvre ပြတိုက်မှခိုးယူခံခဲ့ရသော တန်ဖိုးကြီးလက်ဝတ်ရတနာများကို လက်ရှိအချိန်အထိ မတွေ့ရှိရသေးကြောင်း အစိုးရရှေ့နေတစ်ဦးပြော

 163

Pik (NP News) - နိုဝင်ဘာ ၂

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Louvre ပြတိုက် မှခိုးယူခံခဲ့ရသော တန်ဖိုးကြီးလက်ဝတ်ရတနာများကို လက်ရှိအချိန် အထိမတွေ့ရှိရသေးကြောင်း ပဲရစ်အစိုး ရရှေ့နေတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့သည်။ပြီးခဲ့ သည့်သီတင်းပတ်အတွင်း ဖမ်းဆီးခံခဲ့ရသော သံသယရှိသူနှစ်ဦးသည် အဆိုပါခိုးယူမှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်ကြောင်း စစ်ဆေးတွေ့ ရှိခဲ့သည်ဟု အဆိုပါအစိုးရရှေ့နေက ထုတ်ပြန်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်အောက်တိုဘာလ(၁၉)ရက်နေ့ နံနက်ပိုင်း ကဖြစ်ပွားခဲ့‌သော Louvre ပြတိုက်ဓားပြတိုက်ခံရမှုအတွင်း ဦးထုပ်ဆောင်ထားသောသူခိုးလေးဦးသည် ပြတိုက်၏လုံခြု ရေးစနစ်အားနည်းချက်များကို ဖော်ထုတ်ခဲ့ပြီးနောက် တန်ဖိုးကြီးလက်ဝတ်ရတနာများကို ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါခိုးယူမှုနှင့်ပတ်သက်သည်ဟု သံသယရှိသူအမျိုးသားတစ်ဦးကို ပြီးခဲ့သည့်အောက် တိုဘာလ(၁၅)ရက် တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးမှာ အယ်လ်ဂျီးရီးယားနိုင်ငံသို့ လေယာဉ်စီးရန်ကြိုးပမ်းနေစဉ်အချိန် အတွင်း ဖမ်းဆီးခံ ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် လက်ရှိအချိန် အထိ အဆိုပါခိုးယူမှုတွင် အတွင်းလူပါရှိနေသည် ဆိုသည့် သက်သေအထောက်အထားများကို မတွေ့ရှိရသေးကြောင်း ပဲရစ်အစိုးရရှေ့နေ Laure Bec­cuau က ထုတ်ပြန် ပြောဆိုခဲ့သည်။
Laure Beccuau က “ခိုးယူခံခဲ့ရတဲ့ လက်ဝတ်ရတနာတွေအားလုံးကို ပြန်လည်ရှာဖွေတွေ့ရှိပြီး Louvre ပြတိုက်ကို ပြန်လည်ယူဆောင်လာနိုင်ဖို့ မျှော်လင့်မိပါတယ်။ လက်ရှိအချိန်အထိတော့ ခိုးယူ ခံရတဲ့လက်ဝတ်ရတနာ တွေကို မတွေ့ရှိရသေးပါဘူး” ဟုပြောခဲ့သည်။

Zawgyi Version:
Louvre ျပတိုက္မွခိုးယူခံခဲ့ရေသာ တန္ဖိုးႀကီးလက္ဝတ္ရတနာမ်ားကို လက္ရွိအခ်ိန္အထိ မေတြ႕ရွိရေသးေၾကာင္း အစိုးရေရွ႕ေနတစ္ဦးေျပာ
Pik (NP News) - ႏိုဝင္ဘာ ၂

ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ရွိ Louvre ျပတိုက္ မွခိုးယူခံခဲ့ရေသာ တန္ဖိုးႀကီးလက္ဝတ္ရတနာမ်ားကို လက္ရွိအခ်ိန္ အထိမေတြ႕ရွိရေသးေၾကာင္း ပဲရစ္အစိုး ရေရွ႕ေနတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့သည္။ၿပီးခဲ့ သည့္သီတင္းပတ္အတြင္း ဖမ္းဆီးခံခဲ့ရေသာ သံသယရွိသူႏွစ္ဦးသည္ အဆိုပါခိုးယူမႈတြင္ တစ္စိတ္တစ္ပိုင္း ပါဝင္ပတ္သက္ေၾကာင္း စစ္ေဆးေတြ႕ ရွိခဲ့သည္ဟု အဆိုပါအစိုးရေရွ႕ေနက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ေအာက္တိုဘာလ(၁၉)ရက္ေန႔ နံနက္ပိုင္း ကျဖစ္ပြားခဲ့‌ေသာ Louvre ျပတိုက္ဓားျပတိုက္ခံရမႈအတြင္း ဦးထုပ္ေဆာင္ထားေသာသူခိုးေလးဦးသည္ ျပတိုက္၏လုံျခဳ ေရးစနစ္အားနည္းခ်က္မ်ားကို ေဖာ္ထုတ္ခဲ့ၿပီးေနာက္ တန္ဖိုးႀကီးလက္ဝတ္ရတနာမ်ားကို ခိုးယူသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါခိုးယူမႈႏွင့္ပတ္သက္သည္ဟု သံသယရွိသူအမ်ိဳးသားတစ္ဦးကို ၿပီးခဲ့သည့္ေအာက္ တိုဘာလ(၁၅)ရက္ တြင္ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ၿပီး အမ်ိဳးသားတစ္ဦးမွာ အယ္လ္ဂ်ီးရီးယားႏိုင္ငံသို႔ ေလယာဥ္စီးရန္ႀကိဳးပမ္းေနစဥ္အခ်ိန္ အတြင္း ဖမ္းဆီးခံ ခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ လက္ရွိအခ်ိန္ အထိ အဆိုပါခိုးယူမႈတြင္ အတြင္းလူပါရွိေနသည္ ဆိုသည့္ သက္ေသအေထာက္အထားမ်ားကို မေတြ႕ရွိရေသးေၾကာင္း ပဲရစ္အစိုးရေရွ႕ေန Laure Bec­cuau က ထုတ္ျပန္ ေျပာဆိုခဲ့သည္။
Laure Beccuau က “ခိုးယူခံခဲ့ရတဲ့ လက္ဝတ္ရတနာေတြအားလုံးကို ျပန္လည္ရွာေဖြေတြ႕ရွိၿပီး Louvre ျပတိုက္ကို ျပန္လည္ယူေဆာင္လာႏိုင္ဖို႔ ေမွ်ာ္လင့္မိပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ ခိုးယူ ခံရတဲ့လက္ဝတ္ရတနာ ေတြကို မေတြ႕ရွိရေသးပါဘူး” ဟုေျပာခဲ့သည္။

Related news

© 2021. All rights reserved.