လိင်အကြမ်းဖက်သမား ဗြိတိန်တော်ဝင်မင်းသား အန်ဒရူးကို ဘွဲ့များပြန်ရုပ်သိမ်းခဲ့ပြီး တော်ဝင်အိမ်ရာမှ နှင်ထုတ်

818

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂
ဗြိတိန်တော်ဝင်ဘုရင်ကြီးချားလ် III သည် ၎င်း၏ညီဖြစ်သူ တော်ဝင်မင်းသားအန်ဒရူး၏ ကျန်ရှိနေသော ဘွဲ့များ ပြန်လည်ရုပ်သိမ်းလိုက်သလို တော်ဝင်နန်းတော်အိမ်ရာမှ နှင်ထုတ်လိုက်ကြောင်းသိရသည်။ ဗြိတိန်ဘုရင်ကြီးသည် မင်း သားအန်ဒရူးကို လိင်ပိုင်းဆိုင်ရာအရှုပ်ထွေးကိစ္စများတွင် ပါဝင်ဆက်နွှယ်နေခြင်းကြောင့် ဘွဲ့များ၊ အဆောင်ယောင်များ ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အန်ဒရူးသည် ၎င်းနှင့်ရင်းနှီးသောမိတ်ဆွေဖြစ်သူ ဂျက်ဖရီ အက်စတိန်း၏ လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှု များတွင် ပါဝင်ဆက်နွှယ်ခဲ့ကြောင်း စွပ်စွဲခံထားရသူဖြစ်ကြောင်းသိရသည်။
ဂျက်ဖရီအက်စတိန်းသည်လည်း လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သူအဖြစ် လက်ရှိအချိန်တွင် သတ် မှတ်ခံထားရ ကြောင်းသိရသည်။ လက်ရှိအချိန်တွင် တော်ဝင်မင်းသားဟောင်း အန်ဒရူးသည် ၎င်းနှစ်ပေါင်း (၂၀)ကျော်ကြာနေ ထိုင်ခဲ့သော တော်ဝင် ရဲတိုက်မှလည်း ထွက်ခွာရမည်ဖြစ်ကြောင်းသိရသည်။
မင်းသားအန်ဒရူးသည် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ၎င်းအပေါ် စွဲဆိုထားသည့် စွပ်စွဲ ချက်များကို ငြင်းဆန်ပယ်ချထားကြောင်းသိရသည်။ ဘက်ကင်ဟန် နန်းတော်က ‘ဘုရင်ကြီးဟာ ညီဖြစ်သူကိုချီးမြှင့် ထားတဲ့ ဆုတွေ၊ ဘွဲ့တွေကို ပြန်လည်ရုပ်သိမ်းလိုက်တယ်။ မင်းသား အန်ဒရူးဟာ လက်ရှိအချိန်မှာ တော်ဝင်မိသားစုတွေ နေထိုင်တဲ့ အိမ်ရာအဆောက်အအုံတွေကနေထွက်ခွာ ရမှာဖြစ်ပြီး သီးသန့်တခြားအိမ်ရာကို ပြောင်းရွှေ့ရမယ် ‘သတင်း ထုတ်ပြန်ထားသည်။ အမေရိကန်နှင့် ဩစတြေးလျနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်သူ ဗာဂျီနီးယားဂက်ဖရီက ၎င်းသည် အသက် (၁၇)နှစ် အရွယ်တွင် လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခံရပြီး ဗြိတိန်တော်ဝင်မင်းသားအန်ဒရူး၏ လိင်ပိုင်းဆိုင် ရာကျူးလွန်စော်ကားခံရမှု (၃)ကြိမ်ရင်ဆိုင်ခဲ့ရသလို အန်ဒရူး၏မိတ်ဆွေဖြစ်သူ အက်စတိန်း၏ ကျူးလွန် စော်ကားမှုများ ကိုလည်း ရင်ဆိုင်ခဲ့ရဖူးကြောင်း ထုတ် ဖော်ပြောဆိုခဲ့ရာ အငြင်းပွားမှုများဖြစ်ခဲ့ကြောင်းသိရသည်။
ဗာဂျီနီးယားဂက်ဖရီသည် အသက် (၄၁)နှစ်အရွယ်တွင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့သလို ၎င်းကို ကျူးလွန် ရာတွင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် အက်စတိန်းမှာလည်း (၂၀၁၉)ခုနှစ်က လိင်ပိုင်းဆိုင် ရာကျူးလွန်မှုစွပ်စွဲ ချက်များနှင့် ပတ်သက်ပြီး စုံစမ်းစစ် ဆေးချိန်အတွင်း အကျဉ်းထောင်အတွင်း (၂၀၁၉)ခုနှစ်တွင် သတ်သေခဲ့ကြောင်းသိရသည်။ ဂက်ဖရီ၏မိသားစုက ဗြိတိန်တော်ဝင်မင်းသား အန်ဒရူးကိုဆုနှင့်ဘွဲများ ပြန်လည်ရုပ်သိမ်းခဲ့သော ဗြိတိန်တော် ဝင်ဘုရင် ကြီး၏ဆုံးဖြတ်ချက်ကိုချီးကျူးခဲ့ပြီးအမှုတွင် ၎င်းတို့အနိုင်ရခဲ့ကြောင်း ကြေညာခဲ့သည်။
ဂတ်ဖရီ၏မိသားစုဝင်တစ်ဦးက ‘ဒီနေ့မှာ သာမန်အမေရိကန်မိသားစုက သာမန်မိန်းကလေး တစ်ယောက်ဟာ သူမရဲ့အမှန်တရားအတွက် ထူးကဲတဲ့သတ္တိနဲ့ ဗြိတိသျှမင်းသားတစ်ပါးကို အနိုင်ယူခဲ့ပါတယ်’လို့ ကျွန်မတို့ရဲ့ညီမ ဗာဂျီးနီး ယား ရောဘတ်စ် ဂတ်ဖရီဟာ ကလေးဘဝကတည်းက အင်ဒရူးရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ခံခဲ့ရပြီး သူနဲ့ သူ့လို အသက်ရှင်ကျန်ရစ်သူ မရေမတွက်နိုင်အောင် ဖြစ်ပျက်ခဲ့တာတွေအတွက် တာဝန်ယူမှုအတွက် တိုက်ပွဲဝင်တာကို ဘယ်တော့မှ မရပ်တန့်ခဲ့ပါဘူး’ဟု ပြောသည်။

Zawgyi Version:
လိင္အၾကမ္းဖက္သမား ၿဗိတိန္ေတာ္ဝင္မင္းသား အန္ဒ႐ူးကို ဘြဲ႕မ်ားျပန္႐ုပ္သိမ္းခဲ့ၿပီး ေတာ္ဝင္အိမ္ရာမွ ႏွင္ထုတ္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂
ၿဗိတိန္ေတာ္ဝင္ဘုရင္ႀကီးခ်ားလ္ III သည္ ၎၏ညီျဖစ္သူ ေတာ္ဝင္မင္းသားအန္ဒ႐ူး၏ က်န္ရွိေနေသာ ဘြဲ႕မ်ား ျပန္လည္႐ုပ္သိမ္းလိုက္သလို ေတာ္ဝင္နန္းေတာ္အိမ္ရာမွ ႏွင္ထုတ္လိုက္ေၾကာင္းသိရသည္။ ၿဗိတိန္ဘုရင္ႀကီးသည္ မင္း သားအန္ဒ႐ူးကို လိင္ပိုင္းဆိုင္ရာအရႈပ္ေထြးကိစၥမ်ားတြင္ ပါဝင္ဆက္ႏႊယ္ေနျခင္းေၾကာင့္ ဘြဲ႕မ်ား၊ အေဆာင္ေယာင္မ်ား ႐ုပ္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အန္ဒ႐ူးသည္ ၎ႏွင့္ရင္းႏွီးေသာမိတ္ေဆြျဖစ္သူ ဂ်က္ဖရီ အက္စတိန္း၏ လိင္ပိုင္းဆိုင္ရာတိုက္ခိုက္မႈ မ်ားတြင္ ပါဝင္ဆက္ႏႊယ္ခဲ့ေၾကာင္း စြပ္စြဲခံထားရသူျဖစ္ေၾကာင္းသိရသည္။
ဂ်က္ဖရီအက္စတိန္းသည္လည္း လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခဲ့သူအျဖစ္ လက္ရွိအခ်ိန္တြင္ သတ္ မွတ္ခံထားရ ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ ေတာ္ဝင္မင္းသားေဟာင္း အန္ဒ႐ူးသည္ ၎ႏွစ္ေပါင္း (၂၀)ေက်ာ္ၾကာေန ထိုင္ခဲ့ေသာ ေတာ္ဝင္ ရဲတိုက္မွလည္း ထြက္ခြာရမည္ျဖစ္ေၾကာင္းသိရသည္။
မင္းသားအန္ဒ႐ူးသည္ လိင္ပိုင္းဆိုင္ရာ တိုက္ခိုက္မႈမ်ားႏွင့္ပတ္သက္ၿပီး ၎အေပၚ စြဲဆိုထားသည့္ စြပ္စြဲ ခ်က္မ်ားကို ျငင္းဆန္ပယ္ခ်ထားေၾကာင္းသိရသည္။ ဘက္ကင္ဟန္ နန္းေတာ္က ‘ဘုရင္ႀကီးဟာ ညီျဖစ္သူကိုခ်ီးျမႇင့္ ထားတဲ့ ဆုေတြ၊ ဘြဲ႕ေတြကို ျပန္လည္႐ုပ္သိမ္းလိုက္တယ္။ မင္းသား အန္ဒ႐ူးဟာ လက္ရွိအခ်ိန္မွာ ေတာ္ဝင္မိသားစုေတြ ေနထိုင္တဲ့ အိမ္ရာအေဆာက္အအုံေတြကေနထြက္ခြာ ရမွာျဖစ္ၿပီး သီးသန႔္တျခားအိမ္ရာကို ေျပာင္းေ႐ႊ႕ရမယ္ ‘သတင္း ထုတ္ျပန္ထားသည္။ အေမရိကန္ႏွင့္ ဩစေၾတးလ်ႏိုင္ငံသား အမ်ိဳးသမီးတစ္ဦးျဖစ္သူ ဗာဂ်ီနီးယားဂက္ဖရီက ၎သည္ အသက္ (၁၇)ႏွစ္ အ႐ြယ္တြင္ လိင္ပိုင္းဆိုင္ရာက်ဴးလြန္ေစာ္ကားခံရၿပီး ၿဗိတိန္ေတာ္ဝင္မင္းသားအန္ဒ႐ူး၏ လိင္ပိုင္းဆိုင္ ရာက်ဴးလြန္ေစာ္ကားခံရမႈ (၃)ႀကိမ္ရင္ဆိုင္ခဲ့ရသလို အန္ဒ႐ူး၏မိတ္ေဆြျဖစ္သူ အက္စတိန္း၏ က်ဴးလြန္ ေစာ္ကားမႈမ်ား ကိုလည္း ရင္ဆိုင္ခဲ့ရဖူးေၾကာင္း ထုတ္ ေဖာ္ေျပာဆိုခဲ့ရာ အျငင္းပြားမႈမ်ားျဖစ္ခဲ့ေၾကာင္းသိရသည္။
ဗာဂ်ီနီးယားဂက္ဖရီသည္ အသက္ (၄၁)ႏွစ္အ႐ြယ္တြင္ ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္ခဲ့သလို ၎ကို က်ဴးလြန္ ရာတြင္ပါဝင္ခဲ့သူတစ္ဦးျဖစ္သည့္ အက္စတိန္းမွာလည္း (၂၀၁၉)ခုႏွစ္က လိင္ပိုင္းဆိုင္ ရာက်ဴးလြန္မႈစြပ္စြဲ ခ်က္မ်ားႏွင့္ ပတ္သက္ၿပီး စုံစမ္းစစ္ ေဆးခ်ိန္အတြင္း အက်ဥ္းေထာင္အတြင္း (၂၀၁၉)ခုႏွစ္တြင္ သတ္ေသခဲ့ေၾကာင္းသိရသည္။ ဂက္ဖရီ၏မိသားစုက ၿဗိတိန္ေတာ္ဝင္မင္းသား အန္ဒ႐ူးကိုဆုႏွင့္ဘြဲမ်ား ျပန္လည္႐ုပ္သိမ္းခဲ့ေသာ ၿဗိတိန္ေတာ္ ဝင္ဘုရင္ ႀကီး၏ဆုံးျဖတ္ခ်က္ကိုခ်ီးက်ဴးခဲ့ၿပီးအမႈတြင္ ၎တို႔အႏိုင္ရခဲ့ေၾကာင္း ေၾကညာခဲ့သည္။
ဂတ္ဖရီ၏မိသားစုဝင္တစ္ဦးက ‘ဒီေန႔မွာ သာမန္အေမရိကန္မိသားစုက သာမန္မိန္းကေလး တစ္ေယာက္ဟာ သူမရဲ႕အမွန္တရားအတြက္ ထူးကဲတဲ့သတၱိနဲ႔ ၿဗိတိသွ်မင္းသားတစ္ပါးကို အႏိုင္ယူခဲ့ပါတယ္’လို႔ ကြၽန္မတို႔ရဲ႕ညီမ ဗာဂ်ီးနီး ယား ေရာဘတ္စ္ ဂတ္ဖရီဟာ ကေလးဘဝကတည္းက အင္ဒ႐ူးရဲ႕ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈကို ခံခဲ့ရၿပီး သူနဲ႔ သူ႔လို အသက္ရွင္က်န္ရစ္သူ မေရမတြက္ႏိုင္ေအာင္ ျဖစ္ပ်က္ခဲ့တာေတြအတြက္ တာဝန္ယူမႈအတြက္ တိုက္ပြဲဝင္တာကို ဘယ္ေတာ့မွ မရပ္တန႔္ခဲ့ပါဘူး’ဟု ေျပာသည္။