တင်းမာမှုများဖြေလျှော့ရန် အာဂန်နစ္စတန်နှင့်ပါကစ္စတန်နိုင်ငံ ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ထပ်မံလုပ်ဆောင်မည်

 87

Pika (NP News) - နိုဝင်ဘာ ၂

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် နှစ်နိုင်ငံကြားဖြစ်ပွားလျက်ရှိနေသည့် တင်းမာမှုများကိုဖြေ လျှော့နိုင်ရန်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်အတွင်းတူရကီ နိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ပါကစ္စတန်နိုင်ငံက အာဖဂန်နစ္စတန် နိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများသည်အောင်မြင်မှုမရခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင်ပြောဆိုခဲ့ ပြီးနောက် တူရကီနိုင်ငံက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်အဖွဲ့ ပြန်လည်အုပ်ချုပ်ခဲ့သော (၂၀၂၁)ခုနှစ်နောက် ပိုင်းတည်းက အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံကြားတင်းမာမှုများဖြစ်ပွားခဲ့ပြီး လူသေဆုံးစေခဲ့သည့်တိုက်ခိုက်မှု များရှိခဲ့ ကြောင်းသိရသည်။ ပြီးခဲ့သောအောက်တိုဘာ(၉)ရက်က အာဖဂန် နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် လူပေါင်း (၇၀)ကျော် သေဆုံးကာ ရာနှင့်ချီဒဏ်ရာရခဲ့သည့် ပေါက်ကွဲမှုများ ဖြစ်လာခဲ့ပြီးနောက် တင်းမာမှုများပိုမိုဖြစ်လာခဲ့ကြောင်းသိရသည်။ အာဖဂန်နစ္စတန်နိုင်ငံကို လက်ရှိအုပ်ချုပ်နေသော တာလီဘန်အဖွဲ့က ကဘူးလ်မြို့ တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံလက်ချက်ဖြစ်ကြောင်း စွပ်စွဲထားသည်။
အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ ကြားဖြစ်ပွားလျက်ရှိနေသည့် အငြင်းပွားမှုများကိုဖြေလျှော့နိုင်ရန် တူရကီနိုင်ငံနှင့် ကာတာနိုင်ငံတို့ကကြား ဝင်စေ့စပ်ပေးလျက်ရှိနေကြောင်းသိရသည်။ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ‘အာဖဂန် နစ္စတန်နိုင်ငံနဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ ပါကစ္စတန်နိုင်ငံကြား စေ့စပ်ဆွေးနွေးမှုများကို နိုဝင်ဘာ(၆) ရက်မှာထပ်မံလုပ်ဆောင်မယ်။ အဖွဲ့အစည်းအားလုံး ဟာအပစ်ခတ်ရပ်စဲရေးဆက်လက်ဖြစ်အောင်လုပ်ဖို့ သဘောတူညီထားတယ်။ အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့ အဆင့်မြင့်အရာရှိ ကြီးတွေ ပါဝင်မယ့် စေ့စပ်ဆွေးနွေးမှုတွေကို နိုဝင်ဘာ (၆)ရက်မှာ ဆက်လက်လုပ်ဆောင်မယ်’ ဟုပြောသည်။ အာဖဂန်နစ္စတန် အစိုးရတာဝန်ရှိသူများကတော့ စေ့စပ်ဆွေးနွေးရေးနှင့်ပတ်သက်ပြီးတစ်စုံ တစ်ရာ တုံ့ပြန်ပြောဆိုခြင်းမျိုး မရှိသေး ကြောင်းသိရသည်။
ပါကစ္စတန်အစိုးရက ၎င်းတို့နှင့်နယ်စပ် ချင်းထိစပ်နေသော အာဖဂန်နစ္စတန်နိုင်ငံသည် စစ်သွေးကြွအဖွဲ့များကို လက်ခံထားပြီး နယ်စပ်ဖြတ် ကျော်တိုက်ခိုက်ရန် လုပ်ဆောင်နေကြောင်းစွပ်စွဲထားသည်။ ပါကစ္စတန်ကာကွယ် ရေးဝန်ကြီးဌာနက ‘ပါကစ္စတန်နိုင်ငံအတွင်း အသေခံဗုံးခွဲတိုက်ခိုက်ခြင်း၊ ဒါမှမဟုတ် အကြမ်းဖက်တိုက်ခိုက်ခြင်းများ အတွက် ခါးသီးတဲ့အရသာတွေကို ပြန်လည်ပေး ဆပ်ရမယ်’ ဟု သတိပေးခဲ့ဖူးသည်။
အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးက ‘အာဖဂန်နစ္စတန်နိုင်ငံဟာ စစ်ပွဲကို မလိုလားဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံပိုင်နက်ကို ကာကွယ်ဖို့က အဓိက ဦးစားပေးဖြစ်တယ်’ ဟုပြောသည်။

Zawgyi Version:
တင္းမာမႈမ်ားေျဖေလွ်ာ့ရန္ အာဂန္နစၥတန္ႏွင့္ပါကစၥတန္ႏိုင္ငံ ၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား ထပ္မံလုပ္ေဆာင္မည္
Pika (NP News) - ႏိုဝင္ဘာ ၂

ပါကစၥတန္ႏွင့္ အာဖဂန္နစၥတန္ႏိုင္ငံတို႔သည္ ႏွစ္ႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိေနသည့္ တင္းမာမႈမ်ားကိုေျဖ ေလွ်ာ့ႏိုင္ရန္အတြက္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကို လာမည့္သီတင္းပတ္အတြင္းတူရကီ ႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕တြင္ ထပ္မံျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။
ပါကစၥတန္ႏိုင္ငံက အာဖဂန္နစၥတန္ ႏိုင္ငံႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားသည္ေအာင္ျမင္မႈမရခဲ့ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ေျပာဆိုခဲ့ ၿပီးေနာက္ တူရကီႏိုင္ငံက ထုတ္ျပန္ေၾကညာခဲ့ျခင္း ျဖစ္သည္။
အာဖဂန္နစၥတန္ႏိုင္ငံကို တာလီဘန္အဖြဲ႕ ျပန္လည္အုပ္ခ်ဳပ္ခဲ့ေသာ (၂၀၂၁)ခုႏွစ္ေနာက္ ပိုင္းတည္းက အာဖဂန္နစၥတန္ႏိုင္ငံႏွင့္ ပါကစၥတန္ ႏိုင္ငံၾကားတင္းမာမႈမ်ားျဖစ္ပြားခဲ့ၿပီး လူေသဆုံးေစခဲ့သည့္တိုက္ခိုက္မႈ မ်ားရွိခဲ့ ေၾကာင္းသိရသည္။ ၿပီးခဲ့ေသာေအာက္တိုဘာ(၉)ရက္က အာဖဂန္ နစၥတန္ႏိုင္ငံ ကဘူးလ္ၿမိဳ႕တြင္ လူေပါင္း (၇၀)ေက်ာ္ ေသဆုံးကာ ရာႏွင့္ခ်ီဒဏ္ရာရခဲ့သည့္ ေပါက္ကြဲမႈမ်ား ျဖစ္လာခဲ့ၿပီးေနာက္ တင္းမာမႈမ်ားပိုမိုျဖစ္လာခဲ့ေၾကာင္းသိရသည္။ အာဖဂန္နစၥတန္ႏိုင္ငံကို လက္ရွိအုပ္ခ်ဳပ္ေနေသာ တာလီဘန္အဖြဲ႕က ကဘူးလ္ၿမိဳ႕ တြင္ျဖစ္ပြားခဲ့ေသာ ေပါက္ကြဲမႈႏွင့္ ပတ္သက္ၿပီး ပါကစၥတန္ႏိုင္ငံလက္ခ်က္ျဖစ္ေၾကာင္း စြပ္စြဲထားသည္။
အာဖဂန္နစၥတန္ႏိုင္ငံႏွင့္ ပါကစၥတန္ႏိုင္ငံ ၾကားျဖစ္ပြားလ်က္ရွိေနသည့္ အျငင္းပြားမႈမ်ားကိုေျဖေလွ်ာ့ႏိုင္ရန္ တူရကီႏိုင္ငံႏွင့္ ကာတာႏိုင္ငံတို႔ကၾကား ဝင္ေစ့စပ္ေပးလ်က္ရွိေနေၾကာင္းသိရသည္။ တူရကီ ႏိုင္ငံျခားေရးဝန္ႀကီးက ‘အာဖဂန္ နစၥတန္ႏိုင္ငံနဲ႔ န်ဴကလီးယားလက္နက္ပိုင္ဆိုင္ထားတဲ့ ပါကစၥတန္ႏိုင္ငံၾကား ေစ့စပ္ေဆြးေႏြးမႈမ်ားကို ႏိုဝင္ဘာ(၆) ရက္မွာထပ္မံလုပ္ေဆာင္မယ္။ အဖြဲ႕အစည္းအားလုံး ဟာအပစ္ခတ္ရပ္စဲေရးဆက္လက္ျဖစ္ေအာင္လုပ္ဖို႔ သေဘာတူညီထားတယ္။ အပစ္ခတ္ရပ္စဲေရးနဲ႔ပတ္သက္ၿပီး အေကာင္အထည္ေဖာ္ဖို႔ အဆင့္ျမင့္အရာရွိ ႀကီးေတြ ပါဝင္မယ့္ ေစ့စပ္ေဆြးေႏြးမႈေတြကို ႏိုဝင္ဘာ (၆)ရက္မွာ ဆက္လက္လုပ္ေဆာင္မယ္’ ဟုေျပာသည္။ အာဖဂန္နစၥတန္ အစိုးရတာဝန္ရွိသူမ်ားကေတာ့ ေစ့စပ္ေဆြးေႏြးေရးႏွင့္ပတ္သက္ၿပီးတစ္စုံ တစ္ရာ တုံ႔ျပန္ေျပာဆိုျခင္းမ်ိဳး မရွိေသး ေၾကာင္းသိရသည္။
ပါကစၥတန္အစိုးရက ၎တို႔ႏွင့္နယ္စပ္ ခ်င္းထိစပ္ေနေသာ အာဖဂန္နစၥတန္ႏိုင္ငံသည္ စစ္ေသြးႂကြအဖြဲ႕မ်ားကို လက္ခံထားၿပီး နယ္စပ္ျဖတ္ ေက်ာ္တိုက္ခိုက္ရန္ လုပ္ေဆာင္ေနေၾကာင္းစြပ္စြဲထားသည္။ ပါကစၥတန္ကာကြယ္ ေရးဝန္ႀကီးဌာနက ‘ပါကစၥတန္ႏိုင္ငံအတြင္း အေသခံဗုံးခြဲတိုက္ခိုက္ျခင္း၊ ဒါမွမဟုတ္ အၾကမ္းဖက္တိုက္ခိုက္ျခင္းမ်ား အတြက္ ခါးသီးတဲ့အရသာေတြကို ျပန္လည္ေပး ဆပ္ရမယ္’ ဟု သတိေပးခဲ့ဖူးသည္။
အာဖဂန္နစၥတန္ ျပည္ထဲေရးဝန္ႀကီးက ‘အာဖဂန္နစၥတန္ႏိုင္ငံဟာ စစ္ပြဲကို မလိုလားဘူး၊ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ႏိုင္ငံပိုင္နက္ကို ကာကြယ္ဖို႔က အဓိက ဦးစားေပးျဖစ္တယ္’ ဟုေျပာသည္။

Related news

© 2021. All rights reserved.