နျူကလီးယားလက်နက်စမ်းသပ်မှုတွေ ပြန်လည်စတင်မယ့် အမေရိကန်ရဲ့အစီအစဉ်တွေက တာဝန်မဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ အီရန် ဝေဖန်

 98

Pika (NP News) - နိုဝင်ဘာ ၂
အမေရိကန်ရဲ့နျူကလီးယားလက်နက်စမ်းသပ်မှုတွေ ပြန်လည်စတင်ဖို့ အစီအစဉ်တွေဟာ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးအာဘတ်စ်အာဂရာချီက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ နျူကလီးယားလက်နက်စမ်းသပ်မှုတွေကို ချက်ချင်းပြန်လည်စတင်ဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ပြီးနောက် အာဘတ်စ်အာဂရာချီရဲ့ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါ တယ်။
အာဘတ်စ်အာဂရာချီက “နျူကလီးယားလက်နက်ကိုင်ဆောင်ထားတဲ့အနိုင်ကျင့်သူတစ်ဦးဟာ နျူကလီးယား လက်နက်စမ်းသပ်မှုကို ပြန်လည်စတင်ဖို့လုပ်နေပါတယ်။ အဲဒီအနိုင်ကျင့်သူဟာ အီရန်ရဲ့ငြိမ်းချမ်းတဲ့ နျူကလီးယားအစီအစဉ်ကို ဖျက်ဆီးဖို့ကြိုးပမ်းနေတဲ့လူပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် နျူကလီးယားလက်နက်စမ်းသပ်မှု‌တွေ ချက်ချင်းပြန်လည်စတင်ဖို့ ဒေါ်နယ်ထရမ့်ရဲ့အမိန့်ပေးမှုတွေဟာ နောက်ပြန်ဆုတ်လို့မရတဲ့ တာဝန်မဲ့လုပ်ရပ်တစ်ခုဖြစ်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့လည်း အာဘတ်စ်အာဂရာချီက ဝေဖန်ပြောဆိုခဲ့ပါတယ်။ ၎င်းက “နျူကလီးယားလက်နက်စမ်းသပ်မှုတွေ ချက်ချင်းပြန်လည်စတင်ဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ပေးမှုဟာ နောက်ပြန်ဆုတ်လို့မရတဲ့ တာဝန်မဲ့လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
န်ဴကလီးယားလက္နက္စမ္းသပ္မႈေတြ ျပန္လည္စတင္မယ့္ အေမရိကန္ရဲ႕အစီအစဥ္ေတြက တာဝန္မဲ့လုပ္ရပ္တစ္ခုျဖစ္တယ္လို႔ အီရန္ ေဝဖန္
Pika (NP News) - ႏိုဝင္ဘာ ၂
အေမရိကန္ရဲ႕န်ဴကလီးယားလက္နက္စမ္းသပ္မႈေတြ ျပန္လည္စတင္ဖို႔ အစီအစဥ္ေတြဟာ တာဝန္ယူမႈ တာဝန္ခံမႈ မရွိတဲ့လုပ္ရပ္တစ္ခုျဖစ္တယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးအာဘတ္စ္အာဂရာခ်ီက ျပစ္တင္ေဝဖန္ခဲ့ပါတယ္။ န်ဴကလီးယားလက္နက္စမ္းသပ္မႈေတြကို ခ်က္ခ်င္းျပန္လည္စတင္ဖို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့ၿပီးေနာက္ အာဘတ္စ္အာဂရာခ်ီရဲ႕ေဝဖန္ေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါ တယ္။
အာဘတ္စ္အာဂရာခ်ီက “န်ဴကလီးယားလက္နက္ကိုင္ေဆာင္ထားတဲ့အႏိုင္က်င့္သူတစ္ဦးဟာ န်ဴကလီးယား လက္နက္စမ္းသပ္မႈကို ျပန္လည္စတင္ဖို႔လုပ္ေနပါတယ္။ အဲဒီအႏိုင္က်င့္သူဟာ အီရန္ရဲ႕ၿငိမ္းခ်မ္းတဲ့ န်ဴကလီးယားအစီအစဥ္ကို ဖ်က္ဆီးဖို႔ႀကိဳးပမ္းေနတဲ့လူပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ န်ဴကလီးယားလက္နက္စမ္းသပ္မႈ‌ေတြ ခ်က္ခ်င္းျပန္လည္စတင္ဖို႔ ေဒၚနယ္ထရမ့္ရဲ႕အမိန႔္ေပးမႈေတြဟာ ေနာက္ျပန္ဆုတ္လို႔မရတဲ့ တာဝန္မဲ့လုပ္ရပ္တစ္ခုျဖစ္ၿပီး ႏိုင္ငံတကာၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးအတြက္ ျပင္းထန္တဲ့ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္တယ္လို႔လည္း အာဘတ္စ္အာဂရာခ်ီက ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ၎က “န်ဴကလီးယားလက္နက္စမ္းသပ္မႈေတြ ခ်က္ခ်င္းျပန္လည္စတင္ဖို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ကို ေဒၚနယ္ထရမ့္ရဲ႕ အမိန႔္ေပးမႈဟာ ေနာက္ျပန္ဆုတ္လို႔မရတဲ့ တာဝန္မဲ့လုပ္ရပ္တစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.