အမေရိကန်က နျူကလီးယားဒုံးကျည်တွေ အလုပ်လုပ်သေးလားဆိုတာကို စစ်ဆေးဖို့လိုအပ်တယ်လို့ ဒုသမ္မတပြော

 162

Pika (NP News) - နိုဝင်ဘာ ၂

နျူကလီးယားလက်နက်တွေ ကောင်းကောင်းမွန်မွန် အလုပ်လုပ်သေးလားဆိုတာကို သိရှိနိုင်ဖို့အတွက် အမေရိကန်က နျူကလီးယားလက်နက်စမ်းသပ်မှုတွေ ပြန်လည်စတင်ဖို့ လိုအပ်တယ်လို့ အမေရိကန်ဒုသမ္မတ J.D. Vance က ပြောကြားခဲ့ပါတယ်။
နျူကလီးယားလက်နက်စမ်းသပ်မှုတွေကို ချက်ချင်းပြန်လည်စတင်ဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “အခြားနိုင်ငံတွေရဲ့နျူကလီးယားလက်နက်စမ်းသပ်မှုအစီအစဉ်တွေကြောင့် ကျွန်တော်တို့ရဲ့နျူကလီးယား လက်နက်တွေကို တန်းတူအခြေခံနဲ့စတင်စမ်းသပ်ဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို ညွှန်ကြားထားပါတယ်။ နျူကလီးယားလက်နက်စမ်းသပ်မှုလုပ်ငန်းစဉ်ကို ချက်ချင်းစတင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်မှာရှိတဲ့ နျူကလီးယားလက်နက်တွေ ကောင်းကောင်းမွန်မွန် အလုပ်လုပ်သေးလားဆိုတာ သေချာစေဖို့က အမေရိကန်အမျိုးသားလုံခြုံရေးရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နျူကလီးယားလက်နက် စမ်းသပ်မှုတွေ ပြန်လည်စတင်ဖို့အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ J.D. Vance က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အမေရိကန်က ဘယ်လိုနျူကလီးယားစမ်းသပ်မှုအမျိုးအစားကို လုပ်ဆောင်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ J.D. Vance က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္က န်ဴကလီးယားဒုံးက်ည္ေတြ အလုပ္လုပ္ေသးလားဆိုတာကို စစ္ေဆးဖို႔လိုအပ္တယ္လို႔ ဒုသမၼတေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂
န်ဴကလီးယားလက္နက္ေတြ ေကာင္းေကာင္းမြန္မြန္ အလုပ္လုပ္ေသးလားဆိုတာကို သိရွိႏိုင္ဖို႔အတြက္ အေမရိကန္က န်ဴကလီးယားလက္နက္စမ္းသပ္မႈေတြ ျပန္လည္စတင္ဖို႔ လိုအပ္တယ္လို႔ အေမရိကန္ဒုသမၼတ J.D. Vance က ေျပာၾကားခဲ့ပါတယ္။
န်ဴကလီးယားလက္နက္စမ္းသပ္မႈေတြကို ခ်က္ခ်င္းျပန္လည္စတင္ဖို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “အျခားႏိုင္ငံေတြရဲ႕န်ဴကလီးယားလက္နက္စမ္းသပ္မႈအစီအစဥ္ေတြေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕န်ဴကလီးယား လက္နက္ေတြကို တန္းတူအေျခခံနဲ႔စတင္စမ္းသပ္ဖို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ကို ၫႊန္ၾကားထားပါတယ္။ န်ဴကလီးယားလက္နက္စမ္းသပ္မႈလုပ္ငန္းစဥ္ကို ခ်က္ခ်င္းစတင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္မွာရွိတဲ့ န်ဴကလီးယားလက္နက္ေတြ ေကာင္းေကာင္းမြန္မြန္ အလုပ္လုပ္ေသးလားဆိုတာ ေသခ်ာေစဖို႔က အေမရိကန္အမ်ိဳးသားလုံၿခဳံေရးရဲ႕အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး န်ဴကလီးယားလက္နက္ စမ္းသပ္မႈေတြ ျပန္လည္စတင္ဖို႔အစီအစဥ္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ J.D. Vance က ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း အေမရိကန္က ဘယ္လိုန်ဴကလီးယားစမ္းသပ္မႈအမ်ိဳးအစားကို လုပ္ေဆာင္မယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ J.D. Vance က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.