တန်ဇန်းနီးယားနိုင်ငံမှာ ရွေးကောက်ပွဲဆန္ဒပြမှုတွေ ဖြိုခွင်းခံရမှုကြောင့် သေဆုံးသူ ဦးရေ(၇ဝဝ)လောက်ရှိလာ

 143

Pika (NP News) - နိုဝင်ဘာ ၂
တန်ဇန်းနီးယားနိုင်ငံမှာ သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ရွေးကောက်ပွဲဆန္ဒပြမှုတွေအတွင်း လူ(၇၀၀)ခန့် သေဆုံးခဲ့တယ် လို့ အဓိက အတိုက်အခံ Chadema ပါတီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ Dar es Salaam မြို့လယ်ခေါင်ကို ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ John Kitoka က ထုတ်ပြန်ခဲ့ပါတယ်။ John Kitoka က “Dar es Salaam မြို့မှာ သေဆုံးသူဦးရေက (၃၅၀) ဝန်းကျင် လောက်ရှိပြီး Mwanza မြို့မှာ သေဆုံးသူဦးရေက (၂၀၀)ကျော် လောက်ရှိပါတယ်။ နိုင်ငံတစ်ဝှမ်းက အခြားနေရာတွေမှာ သေဆုံးခဲ့တဲ့ကိန်းဂဏန်းတွေကို ထည့်တွက်လိုက်မယ်ဆိုရင် သေဆုံးသူဦးရေ စုစုပေါင်း က (၇၀၀) ဝန်းကျင်လောက်ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
John Kitoka က “ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့ တန်ဇန်းနီးယားအစိုးရကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ပေးစေလိုပါတယ်။ ရွေးကောက်ပွဲ တရားမျှတမှုဖြစ်တဲ့ ပြည်သူတွေရဲ့ဆန္ဒတွေကို လေးစားကြပါ။ လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲ လုံးဝ မရှိတော့ပါဘူး။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအတွက် လမ်းခင်းပေးဖို့ အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်ကို ကျွန်တော်တို့လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ တန်ဇန်းနီးယားနိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြပွဲတွေဖြစ်ပွား လာခဲ့မှုနဲ့အတူ မငြိမ်မသက်မှုတွေကို နှိမ်နှင်းဖို့ အစိုးရက အာဏာပိုင်တွေကို အမိန့်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တန္ဇန္းနီးယားႏိုင္ငံမွာ ေ႐ြးေကာက္ပြဲဆႏၵျပမႈေတြ ၿဖိဳခြင္းခံရမႈေၾကာင့္ ေသဆုံးသူ ဦးေရ(၇ဝဝ)ေလာက္ရွိလာ
Pika (NP News) - ႏိုဝင္ဘာ ၂
တန္ဇန္းနီးယားႏိုင္ငံမွာ သုံးရက္ၾကာျဖစ္ပြားခဲ့တဲ့ေ႐ြးေကာက္ပြဲဆႏၵျပမႈေတြအတြင္း လူ(၇၀၀)ခန႔္ ေသဆုံးခဲ့တယ္ လို႔ အဓိက အတိုက္အခံ Chadema ပါတီက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဆႏၵျပသူေတြဟာ Dar es Salaam ၿမိဳ႕လယ္ေခါင္ကို ခ်ီတက္ဆႏၵျပခဲ့ၾကတာျဖစ္တယ္လို႔ ပါတီေျပာေရးဆိုခြင့္ရွိသူ John Kitoka က ထုတ္ျပန္ခဲ့ပါတယ္။ John Kitoka က “Dar es Salaam ၿမိဳ႕မွာ ေသဆုံးသူဦးေရက (၃၅၀) ဝန္းက်င္ ေလာက္ရွိၿပီး Mwanza ၿမိဳ႕မွာ ေသဆုံးသူဦးေရက (၂၀၀)ေက်ာ္ ေလာက္ရွိပါတယ္။ ႏိုင္ငံတစ္ဝွမ္းက အျခားေနရာေတြမွာ ေသဆုံးခဲ့တဲ့ကိန္းဂဏန္းေတြကို ထည့္တြက္လိုက္မယ္ဆိုရင္ ေသဆုံးသူဦးေရ စုစုေပါင္း က (၇၀၀) ဝန္းက်င္ေလာက္ရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။
John Kitoka က “ဆႏၵျပသူေတြကို သတ္ျဖတ္ေနတာေတြကို ရပ္တန႔္ဖို႔ တန္ဇန္းနီးယားအစိုးရကို ကြၽန္ေတာ္တို႔ ေတာင္းဆိုထားပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ရပ္တန႔္ေပးေစလိုပါတယ္။ ေ႐ြးေကာက္ပြဲ တရားမွ်တမႈျဖစ္တဲ့ ျပည္သူေတြရဲ႕ဆႏၵေတြကို ေလးစားၾကပါ။ လက္ရွိအခ်ိန္မွာေတာ့ ေ႐ြးေကာက္ပြဲ လုံးဝ မရွိေတာ့ပါဘူး။ လြတ္လပ္ၿပီးတရားမွ်တတဲ့ေ႐ြးေကာက္ပြဲအတြက္ လမ္းခင္းေပးဖို႔ အသြင္ကူးေျပာင္းေရးအစိုးရ တစ္ရပ္ကို ကြၽန္ေတာ္တို႔လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ တန္ဇန္းနီးယားႏိုင္ငံတစ္ဝွမ္းမွာ ဆႏၵျပပြဲေတြျဖစ္ပြား လာခဲ့မႈနဲ႔အတူ မၿငိမ္မသက္မႈေတြကို ႏွိမ္ႏွင္းဖို႔ အစိုးရက အာဏာပိုင္ေတြကို အမိန႔္ေပးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.