၂၀၂၄ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ရရှိသူ (၆)ဦးကို ငွေကျပ်သိန်း (၁၀၀)စီ ဆုချီးမြှင့်မည်

363

ပုံစာ။ ။၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမောန် စာမူဆုများ ချီးမြှင့်ပွဲ
စော(NP News)- နိုဝင်ဘာ ၂
၂၀၂၄ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ရရှိသူ (၆)ဦးကို ငွေကျပ်သိန်း (၁၀၀)စီ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီထံမှ သိရသည်။
မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံးအားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင် ဆရာမကြီး ဒေါက်တာဒေါ်ပို (မလေးပို)၊ စာရေးဆရာ ဆရာကြီး ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)၊ စာရေးဆရာ ဆရာမကြီး ဒေါ်တင်ရီ (တင်ရီမ-ညောင်ဦး)၊ စာရေးဆရာ ဆရာကြီး ဦးကိုကို( ကို-တက္ကသိုလ်)နှင့် စာပေပညာရှင် ဆရာမကြီး ဒေါက်တာခင်သန်းဦး (မမိုးမြေ)တို့ကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၄ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆု ချီးမြှင့်ရန် စာအုပ်နှင့်စာရေးဆရာအမည် (၁၀)ဦးကျော်ကိုလည်း ဖော်ပြထားသေးသည်။
အမျိုးသားစာပေစိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် (၂၀)ဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့် ၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျစိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသားစာပေတစ်သက်သာဆုကို တစ်ဦးလျှင် ငွေကျပ် သိန်း(၁၀၀)ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ် သိန်း (၃၀)ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင် ငွေကျပ် သိန်း (၄၀)တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆုများကို လာမည့် (နိုဝင်ဘာ ၂၀ရက်)တွင် ကျင်းပမည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ပြီး ကျင်းပမည့် အချိန်နှင့်နေရာတို့ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
၂၀၂၄ခုႏွစ္အတြက္ အမ်ိဳးသားစာေပတစ္သက္တာဆု ရရွိသူ (၆)ဦးကို ေငြက်ပ္သိန္း (၁၀၀)စီ ဆုခ်ီးျမႇင့္မည္
ေစာ(NP News)- ႏိုဝင္ဘာ ၂
၂၀၂၄ခုႏွစ္အတြက္ အမ်ိဳးသားစာေပတစ္သက္တာဆု ရရွိသူ (၆)ဦးကို ေငြက်ပ္သိန္း (၁၀၀)စီ ဆုခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၊ အမ်ိဳးသားစာေပဆုစိစစ္ေ႐ြးခ်ယ္ေရးေကာ္မတီထံမွ သိရသည္။
ျမန္မာစာေပအက်ိဳးကို ထူးခြၽန္ေျပာင္ေျမာက္စြာ တစ္သက္တာလုံးအားထုတ္ေရးသားျပဳစုခဲ့ေသာ ေဆာင္႐ြက္ခ်က္မ်ားကို ႏိုင္ငံေတာ္က အသိအမွတ္ျပဳေသာအားျဖင့္ စာေပပညာရွင္ ဆရာမႀကီး ေဒါက္တာေဒၚပို (မေလးပို)၊ စာေရးဆရာ ဆရာႀကီး ဦးသန္းၫြန႔္ (ဇင္မင္း-သမိန္ေထာ)၊ စာေရးဆရာ ဆရာမႀကီး ေဒၚတင္ရီ (တင္ရီမ-ေညာင္ဦး)၊ စာေရးဆရာ ဆရာႀကီး ဦးကိုကို( ကို-တကၠသိုလ္)ႏွင့္ စာေပပညာရွင္ ဆရာမႀကီး ေဒါက္တာခင္သန္းဦး (မမိုးေျမ)တို႔ကို ေ႐ြးခ်ယ္ခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔ျပင္ ၂၀၂၄ခုႏွစ္အတြင္း ပထမအႀကိမ္ထုတ္ေဝခဲ့သည့္ စာအုပ္မ်ားကို စိစစ္ေ႐ြးခ်ယ္ခဲ့ၿပီး အမ်ိဳးသားစာေပဆု ခ်ီးျမႇင့္ရန္ စာအုပ္ႏွင့္စာေရးဆရာအမည္ (၁၀)ဦးေက်ာ္ကိုလည္း ေဖာ္ျပထားေသးသည္။
အမ်ိဳးသားစာေပစိစစ္ေ႐ြးခ်ယ္ေရးေကာ္မတီကို စာေပပညာရွင္၊ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားႏွင့္ ပုံႏွိပ္ေရးႏွင့္ထုတ္ေဝေရးေလာကမွ အေတြ႕အႀကဳံရွိသူမ်ား ပါဝင္ေသာ ပုဂၢိဳလ္ (၂၀)ျဖင့္ ဖြဲ႕စည္းထားၿပီး သက္ဆိုင္ရာ ဘာသာရပ္အလိုက္ ခြဲျခားကာ ပဏာမအဆင့္၊ ဆန္ခါတင္အဆင့္ ၊ အတည္ျပဳအဆင့္ဟူေသာ အဆင့္သုံးဆင့္ျဖင့္ စနစ္တက်စိစစ္ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အမ်ိဳးသားစာေပတစ္သက္သာဆုကို တစ္ဦးလွ်င္ ေငြက်ပ္ သိန္း(၁၀၀)ခ်ီးျမႇင့္မည္ျဖစ္ၿပီး အမ်ိဳးသားစာေပဆုမ်ားကို တစ္ဆုလွ်င္ ေငြက်ပ္ သိန္း (၃၀)ခ်ီးျမႇင့္ခဲ့ရာ ယခုႏွစ္တြင္ ေငြက်ပ္ သိန္း (၄၀)တိုးျမႇင့္ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါဆုမ်ားကို လာမည့္ (ႏိုဝင္ဘာ ၂၀ရက္)တြင္ က်င္းပမည့္ အမ်ိဳးသားစာေပတစ္သက္တာဆု၊ အမ်ိဳးသားစာေပဆုႏွင့္ စာေပဗေမာန္ စာမူဆုမ်ား ခ်ီးျမႇင့္ပြဲအခမ္းအနားတြင္ ခ်ီးျမႇင့္သြားမည္ျဖစ္ၿပီး က်င္းပမည့္ အခ်ိန္ႏွင့္ေနရာတို႔ကို ထပ္မံေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။