(၁)လခွဲကျော်စစ်ဘေးရှောင်နေရသည့်အတွက် စားဝတ်နေရေးအခက်ခဲများဖြစ်ပေါ်နေသောကြောင့် ဒေသခံများအား နေရပ်ပြန်လည် ဝင်ရောက်ခွင့်ပြုရန် ကတူးအရပ်ဖက်အဖွဲ့ (၃)ဖွဲ့တောင်းဆို

604

ဓာတ်ပုံ။ ။shannivoice
သန့်ဇင်(NP News)-နိုဝင်ဘာ ၂
(၁)လခွဲကျော်စစ်ဘေးရှောင်နေရသည့်အတွက် စားဝတ်နေရေးအခက်ခဲများဖြစ်ပေါ်နေသောကြောင့် ဒေသခံများအား နေရပ်ပြန်လည် ဝင်ရောက်ခွင့်ပြုရန် ကတူးအရပ်ဖက်အဖွဲ့ (၃)ဖွဲ့ဖြစ်သော ကတူးရဟန်းတော်များအဖွဲ့၊ ကတူးစာပေနှင့်ယဉ်ကျေးမှူကော်မတီ (တကူးအမျိုးသားအဖွဲ့) နှင့် ကတူးလူငယ်များအဖွဲ့ ချုပ်က ယမန်နေ့(နိုဝင်ဘာ ၁ရက်)က ပူးပေါင်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့မှစတင်၍ နိုဝင်ဘာ ၁ရက် အထိ ဖြစ်ပွားနေသော ဗန်းမောက်မြို့နယ်အတွင်းရှိ ထိတွေ့တိုက် ပွဲများကြောင့် ကတူးကျေးရွာများအပါအဝင် မြို့ပေါ်ရပ်ကွက်နှင့် အနီးဝန်းကျင်ကျေးရွာများရှိ အရပ်သားပြည်သူတို့သည် SNA ထိန်းချုပ်နယ်မြေအတွင်းသို့လည်းကောင်း PDF ထိန်းချုပ်နယ်မြေအတွင်းသို့လည်းကောင်း နီးစပ်ရာ ဘေးလွတ်ကင်းသည့်နေရာ များ၌ အသီးသီး ရှောင်တိမ်းခိုလှုံလျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို တူးအရပ်ဘက်အဖွဲ့အစည်းများက တတ်စွမ်းသမျှ အကူအညီပေးခဲ့ကြသော်လည်း ရေတိုကာလ အတွင်းသာ အဆင်ပြေ၍ ရေရှည်တွင် အခက်အခဲများစွာ တွေ့လာရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်ဘေးရှောင်အများစုသည် ကြိုတင်ပြင်ဆင်မှု တစ်စုံတစ်ရာမရှိဘဲ ရုတ်တရက်ထွက်ပြေးလာကြရပြီး ဘေးလွတ် ရာကျေးရွာများ၌ ယာယီရှောင်တိမ်းနေထိုင်ခဲ့ကြသည်မှာ တစ်လကျော်လာပြီဖြစ်၍ နေရေး ထိုင်ရေး၊ စား ရေး သောက်ရေးနှင့် ကျန်းမာရေးအခက် အခဲများကို ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း သိရသည်။
အထူးသဖြင့် ယခုအချိန်သည် စပါးရိတ်သိမ်းသောရာသီဖြစ်၍ တောင်သူလယ်သမားများ စပါးရိတ်သိမ်းခွင့်ရရန် အလွန်အရေးကြီးပြီး၊ အကယ်၍ ရိတ်သိမ်းခွင့်မရပါက ဒေသခံတောင်သူလယ်သမားတို့၏ စားဝတ်နေရေးအတွက် တစ်နှစ်တာပတ်လုံး အခက်အခဲဖြစ် စေမည်သာမက ဒေသတစ်ခုလုံး၏ စားနပ်ရိက္ခာအတွက်လည်း အခက်တွေ့နိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံတောင်သူများ စပါးရိတ်သိမ်းခွင့်ရရှိရန်အတွက်လည်းကောင်း ဒေသခံစစ်ဘေးရှောင်များ၏ အထွေထွေ အခက်အခဲ များကို ဖြေရှင်းရန်အတွက်လည်းကောင်း ကတူးအရပ်ဘက်အဖွဲ့အစည်းများမှ SNAနှင့် PDF အပါအဝင် လက်နက် ကိုင်အဖွဲ့အစည်း အားလုံးထံသို့ မေတ္တာရပ်ခံတောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတောင်းဆိုချက်များအတွင်း စစ်ဘေးရှောင် ရပ်ရွာပြည်သူများကို မိမိတို့ မူလရပ်ရွာနေအိမ်များသို့ အန္တရာယ်ကင်းစွာ ပြန်လည်ဝင်ရောက်နေထိုင် ခွင့်ပြုကြပါရန်၊ စပါးရိတ်သိမ်းချိန်ကာလအတွင်း နှစ်ဖက် အပစ်အခတ် ရပ်စဲထားကြပြီး တိုက်ပွဲများဖြစ်ပွားလာပါကလည်း လူနေ ရပ်ရွာများကို ရှောင်ကြဉ်ပေးရန်တောင်းဆို ထားကြောင်း သိရသည်။
မိမိတို့ ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေအတွင်းသို့ အခြေအနေအရ ဝင်ရောက်တိမ်းရှောင်ခဲ့ကြ ရသည့် စစ်ရှောင်ပြည်သူများကို ဆန့်ကျင်ဘက်အဖွဲ့အား ထောက်ခံသူများအဖြစ် ယူဆ၍ တစ်စုံတစ်ရာ အန္တရာယ်ပြု ခြင်းမျိုး မလုပ်ဆောင်ကြရန်လည်း တောင်းဆိုချက်အတွင်းပါရှိကြောင်း သိရသည်။
ထို့ပြင်ရပ်ရွာပြည်သူများ အရေးပေါ်ရှောင်တိမ်းရာ နေရာများဖြစ်သည့် ကျေးရွာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ ကို ဘေးကင်းဇုန် (Safe Zone)အဖြစ် နှစ်ဖက်အသိအမှတ်ပြုပေးကြရန်နှင့် အဆိုပါ အရပ်သားပြည်သူတို့၏ ဘေးကင်း ဇုန်(Safe Zone)များတွင် လက်နက် ကိုင် များနှင့် ဆက်စပ်ရာလူပုဂ္ဂိုလ်များ ရောနှောနေထိုင်ခြင်း မပြုကြပါရန်အပါအဝင် ဒေသခံ ကလေးငယ်တို့၏ ပညာရေးနှင့်ပတ်သက် သည့် အနာဂတ်အစီအစဉ်များကိုလည်း အလေးအနက်ထား၍ (စေတနာရှေ့ထား၍) စဉ်းစားဆောင်ရွက်ပေးရန်ဆိုသော အချက်(၅)ကို တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
(၁)လခြဲေက်ာ္စစ္ေဘးေရွာင္ေနရသည့္အတြက္ စားဝတ္ေနေရးအခက္ခဲမ်ားျဖစ္ေပၚေနေသာေၾကာင့္ ေဒသခံမ်ားအား ေနရပ္ျပန္လည္ ဝင္ေရာက္ခြင့္ျပဳရန္ ကတူးအရပ္ဖက္အဖြဲ႕ (၃)ဖြဲ႕ေတာင္းဆို
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂
(၁)လခြဲေက်ာ္စစ္ေဘးေရွာင္ေနရသည့္အတြက္ စားဝတ္ေနေရးအခက္ခဲမ်ားျဖစ္ေပၚေနေသာေၾကာင့္ ေဒသခံမ်ားအား ေနရပ္ျပန္လည္ ဝင္ေရာက္ခြင့္ျပဳရန္ ကတူးအရပ္ဖက္အဖြဲ႕ (၃)ဖြဲ႕ျဖစ္ေသာ ကတူးရဟန္းေတာ္မ်ားအဖြဲ႕၊ ကတူးစာေပႏွင့္ယဥ္ေက်းမႉေကာ္မတီ (တကူးအမ်ိဳးသားအဖြဲ႕) ႏွင့္ ကတူးလူငယ္မ်ားအဖြဲ႕ ခ်ဳပ္က ယမန္ေန႔(ႏိုဝင္ဘာ ၁ရက္)က ပူးေပါင္း ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ၁၅ ရက္ေန႔မွစတင္၍ ႏိုဝင္ဘာ ၁ရက္ အထိ ျဖစ္ပြားေနေသာ ဗန္းေမာက္ၿမိဳ႕နယ္အတြင္းရွိ ထိေတြ႕တိုက္ ပြဲမ်ားေၾကာင့္ ကတူးေက်း႐ြာမ်ားအပါအဝင္ ၿမိဳ႕ေပၚရပ္ကြက္ႏွင့္ အနီးဝန္းက်င္ေက်း႐ြာမ်ားရွိ အရပ္သားျပည္သူတို႔သည္ SNA ထိန္းခ်ဳပ္နယ္ေျမအတြင္းသို႔လည္းေကာင္း PDF ထိန္းခ်ဳပ္နယ္ေျမအတြင္းသို႔လည္းေကာင္း နီးစပ္ရာ ေဘးလြတ္ကင္းသည့္ေနရာ မ်ား၌ အသီးသီး ေရွာင္တိမ္းခိုလႈံလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ စစ္ေဘးေရွာင္ျပည္သူမ်ားကို တူးအရပ္ဘက္အဖြဲ႕အစည္းမ်ားက တတ္စြမ္းသမွ် အကူအညီေပးခဲ့ၾကေသာ္လည္း ေရတိုကာလ အတြင္းသာ အဆင္ေျပ၍ ေရရွည္တြင္ အခက္အခဲမ်ားစြာ ေတြ႕လာရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
စစ္ေဘးေရွာင္အမ်ားစုသည္ ႀကိဳတင္ျပင္ဆင္မႈ တစ္စုံတစ္ရာမရွိဘဲ ႐ုတ္တရက္ထြက္ေျပးလာၾကရၿပီး ေဘးလြတ္ ရာေက်း႐ြာမ်ား၌ ယာယီေရွာင္တိမ္းေနထိုင္ခဲ့ၾကသည္မွာ တစ္လေက်ာ္လာၿပီျဖစ္၍ ေနေရး ထိုင္ေရး၊ စား ေရး ေသာက္ေရးႏွင့္ က်န္းမာေရးအခက္ အခဲမ်ားကို ရင္ဆိုင္ႀကဳံေတြ႕ေနၾကရေၾကာင္း သိရသည္။
အထူးသျဖင့္ ယခုအခ်ိန္သည္ စပါးရိတ္သိမ္းေသာရာသီျဖစ္၍ ေတာင္သူလယ္သမားမ်ား စပါးရိတ္သိမ္းခြင့္ရရန္ အလြန္အေရးႀကီးၿပီး၊ အကယ္၍ ရိတ္သိမ္းခြင့္မရပါက ေဒသခံေတာင္သူလယ္သမားတို႔၏ စားဝတ္ေနေရးအတြက္ တစ္ႏွစ္တာပတ္လုံး အခက္အခဲျဖစ္ ေစမည္သာမက ေဒသတစ္ခုလုံး၏ စားနပ္ရိကၡာအတြက္လည္း အခက္ေတြ႕ႏိုင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေဒသခံေတာင္သူမ်ား စပါးရိတ္သိမ္းခြင့္ရရွိရန္အတြက္လည္းေကာင္း ေဒသခံစစ္ေဘးေရွာင္မ်ား၏ အေထြေထြ အခက္အခဲ မ်ားကို ေျဖရွင္းရန္အတြက္လည္းေကာင္း ကတူးအရပ္ဘက္အဖြဲ႕အစည္းမ်ားမွ SNAႏွင့္ PDF အပါအဝင္ လက္နက္ ကိုင္အဖြဲ႕အစည္း အားလုံးထံသို႔ ေမတၱာရပ္ခံေတာင္းဆိုလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေတာင္းဆိုခ်က္မ်ားအတြင္း စစ္ေဘးေရွာင္ ရပ္႐ြာျပည္သူမ်ားကို မိမိတို႔ မူလရပ္႐ြာေနအိမ္မ်ားသို႔ အႏၲရာယ္ကင္းစြာ ျပန္လည္ဝင္ေရာက္ေနထိုင္ ခြင့္ျပဳၾကပါရန္၊ စပါးရိတ္သိမ္းခ်ိန္ကာလအတြင္း ႏွစ္ဖက္ အပစ္အခတ္ ရပ္စဲထားၾကၿပီး တိုက္ပြဲမ်ားျဖစ္ပြားလာပါကလည္း လူေန ရပ္႐ြာမ်ားကို ေရွာင္ၾကဥ္ေပးရန္ေတာင္းဆို ထားေၾကာင္း သိရသည္။
မိမိတို႔ ဆန႔္က်င္ဘက္အဖြဲ႕အစည္းမ်ား၏ ထိန္းခ်ဳပ္နယ္ေျမအတြင္းသို႔ အေျခအေနအရ ဝင္ေရာက္တိမ္းေရွာင္ခဲ့ၾက ရသည့္ စစ္ေရွာင္ျပည္သူမ်ားကို ဆန႔္က်င္ဘက္အဖြဲ႕အား ေထာက္ခံသူမ်ားအျဖစ္ ယူဆ၍ တစ္စုံတစ္ရာ အႏၲရာယ္ျပဳ ျခင္းမ်ိဳး မလုပ္ေဆာင္ၾကရန္လည္း ေတာင္းဆိုခ်က္အတြင္းပါရွိေၾကာင္း သိရသည္။
ထို႔ျပင္ရပ္႐ြာျပည္သူမ်ား အေရးေပၚေရွာင္တိမ္းရာ ေနရာမ်ားျဖစ္သည့္ ေက်း႐ြာအသီးသီးရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား ကို ေဘးကင္းဇုန္ (Safe Zone)အျဖစ္ ႏွစ္ဖက္အသိအမွတ္ျပဳေပးၾကရန္ႏွင့္ အဆိုပါ အရပ္သားျပည္သူတို႔၏ ေဘးကင္း ဇုန္(Safe Zone)မ်ားတြင္ လက္နက္ ကိုင္ မ်ားႏွင့္ ဆက္စပ္ရာလူပုဂၢိဳလ္မ်ား ေရာေႏွာေနထိုင္ျခင္း မျပဳၾကပါရန္အပါအဝင္ ေဒသခံ ကေလးငယ္တို႔၏ ပညာေရးႏွင့္ပတ္သက္ သည့္ အနာဂတ္အစီအစဥ္မ်ားကိုလည္း အေလးအနက္ထား၍ (ေစတနာေရွ႕ထား၍) စဥ္းစားေဆာင္႐ြက္ေပးရန္ဆိုေသာ အခ်က္(၅)ကို ေတာင္းဆိုျခင္းျဖစ္ေၾကာင္း သိရသည္။