ရွှေဘိုမြို့နယ် ရွှေဘို-စစ်ကိုင်းကားလမ်းအနီးတွင် တပ်မတော်နှင့် PDF တို့၏ထိတွေ့တိုက်ပွဲကြောင့် ဒေသခံများစွာစစ်ရှောင်နေရ

 869

(NP News)-နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-စစ်ကိုင်းကားလမ်းအနီးတွင် ယမန်နေ့(နိုဝင်ဘာ ၂ရက်)ကစတင်ကာ တပ်မတော်နှင့် PDF တို့၏ထိတွေ့တိုက်ပွဲကြောင့် ဒေသခံများ စွာ စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ထိတွေတိုက်ပွဲသည် ယနေ့(နိုဝင်ဘာ ၃ရက်)နံနက်ပိုင်းအထိ ဖြစ်ပွားနေပြီး ရွှေဘိုမြို့နယ်အတွင်းက တဂဏန်းကျေးရွာ၊ ဇီးတော ကျေးရွာ၊ အောင်ချမ်းသာကျေးရွာနှင့် ဘုန်းဘွဲကျေးရွာတို့မှ ဒေသခံများစွာသည်လည်း နေရပ်စွန့်ခွါနေရကြောင်း သိရသည်။
“PDF ကတော့ ရွာတွေကိုဝိုင်းထားတယ်။ ကျွန်တော်တို့တောင်မနည်းပြေးထွက်လာရတယ်။ အဓိကက ဘုန်းဘွဲကိုထိန်းချုပ်နိုင်ရင် တော့ရ ပြီ။ အခုက တပ်က အဝိုင်းခံထားရပေမယ့် လေကြောင်းလာရင်တော့ အဆင်ပြေတယ်။ လေကြောင်း လာရင်တော့ ဒီကောင်တွေ (PDF) မနေနိုင်ဘူး။ အဓိကက ဘုန်းဘွဲကျေးရွာမှာ ဒီကောင်တွေစုနေတာလေ”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
ထို့ပြင် ကျေးရွာများအနီးလမ်းပေါ်နှင့် လယ်မြေများအတွင်းတွင်လည်း PDF က မိုင်းများစွာထောင်ထားသည့်အတွက် ဒေသခံများ လယ်ယာလုပ်ကိုင်ရန်လည်း အခက်အခဲကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။
“အဲဒီဘက်မှာမိုင်းတွေချည်းပဲ။ တောင်သူတွေလဲ ဆေးမဖြန်းရ မြေဆီမဖြန်းရနဲ့ လယ်တွေတော်တော်ကိုပျက်စီးနေပြီ။ PDF က ဘုန်းဘွဲကျေးရွာကနေထောက်ထားတယ်။ ကားလမ်းတစ်လျှောက် တိုက်မိုင်း၊ ကြိုးမိုင်း၊ ရီမုမိုင်းတွေလယ်ထဲထိထောင်ထားတယ်။ တောင်သူတွေဘာမှလုပ်လိုမရဘူး”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

Zawgyi Version:
ေ႐ႊဘိုၿမိဳ႕နယ္ ေ႐ႊဘို-စစ္ကိုင္းကားလမ္းအနီးတြင္ တပ္မေတာ္ႏွင့္ PDF တို႔၏ထိေတြ႕တိုက္ပြဲေၾကာင့္ ေဒသခံမ်ားစြာစစ္ေရွာင္ေနရ
(NP News)-ႏိုဝင္ဘာ ၃
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္၊ ေ႐ႊဘို-စစ္ကိုင္းကားလမ္းအနီးတြင္ ယမန္ေန႔(ႏိုဝင္ဘာ ၂ရက္)ကစတင္ကာ တပ္မေတာ္ႏွင့္ PDF တို႔၏ထိေတြ႕တိုက္ပြဲေၾကာင့္ ေဒသခံမ်ား စြာ စစ္ေရွာင္ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
အဆိုပါ ထိေတြတိုက္ပြဲသည္ ယေန႔(ႏိုဝင္ဘာ ၃ရက္)နံနက္ပိုင္းအထိ ျဖစ္ပြားေနၿပီး ေ႐ႊဘိုၿမိဳ႕နယ္အတြင္းက တဂဏန္းေက်း႐ြာ၊ ဇီးေတာ ေက်း႐ြာ၊ ေအာင္ခ်မ္းသာေက်း႐ြာႏွင့္ ဘုန္းဘြဲေက်း႐ြာတို႔မွ ေဒသခံမ်ားစြာသည္လည္း ေနရပ္စြန႔္ခြါေနရေၾကာင္း သိရသည္။
“PDF ကေတာ့ ႐ြာေတြကိုဝိုင္းထားတယ္။ ကြၽန္ေတာ္တို႔ေတာင္မနည္းေျပးထြက္လာရတယ္။ အဓိကက ဘုန္းဘြဲကိုထိန္းခ်ဳပ္ႏိုင္ရင္ ေတာ့ရ ၿပီ။ အခုက တပ္က အဝိုင္းခံထားရေပမယ့္ ေလေၾကာင္းလာရင္ေတာ့ အဆင္ေျပတယ္။ ေလေၾကာင္း လာရင္ေတာ့ ဒီေကာင္ေတြ (PDF) မေနႏိုင္ဘူး။ အဓိကက ဘုန္းဘြဲေက်း႐ြာမွာ ဒီေကာင္ေတြစုေနတာေလ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
ထို႔ျပင္ ေက်း႐ြာမ်ားအနီးလမ္းေပၚႏွင့္ လယ္ေျမမ်ားအတြင္းတြင္လည္း PDF က မိုင္းမ်ားစြာေထာင္ထားသည့္အတြက္ ေဒသခံမ်ား လယ္ယာလုပ္ကိုင္ရန္လည္း အခက္အခဲႀကဳံေတြ႕ေနရေၾကာင္း ၎ကဆိုသည္။
“အဲဒီဘက္မွာမိုင္းေတြခ်ည္းပဲ။ ေတာင္သူေတြလဲ ေဆးမျဖန္းရ ေျမဆီမျဖန္းရနဲ႔ လယ္ေတြေတာ္ေတာ္ကိုပ်က္စီးေနၿပီ။ PDF က ဘုန္းဘြဲေက်း႐ြာကေနေထာက္ထားတယ္။ ကားလမ္းတစ္ေလွ်ာက္ တိုက္မိုင္း၊ ႀကိဳးမိုင္း၊ ရီမုမိုင္းေတြလယ္ထဲထိေထာင္ထားတယ္။ ေတာင္သူေတြဘာမွလုပ္လိုမရဘူး”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။

Related news

© 2021. All rights reserved.