ထိုင်းနိုင်ငံရဲ့နာမည်ကြီး Hong Thai ရှူဆေး တရားမဝင် ထုတ်လုပ်နေတဲ့နေရာ ၄ ခုမှ ဆေးဗူး ၂ သန်းကျော်ကို အစိုးရက သိမ်းဆည်းခဲ့

 417

ရောင်နီ (NP News) - နိုဝင်ဘာ ၃
ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့၊ စမွတ်စခွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးရုံးတို့နဲ့ ပူးပေါင်းပြီး Hong Thai ရှူဆေး ထုတ်လုပ်တဲ့ တရားမဝင် သိုလှောင်ရုံနေရာလေးခုမှ ရှူဆေးဘူး နှစ်သန်းကျော်ကို သိမ်းဆည်းခဲ့ပါတယ်။
Hong Thai ဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်ထားတဲ့ ရှူဆေးဘူးတွေမှာ အန္တရာယ်ရှိအဏုဇီဝပိုးမွှားတွေ ပါဝင်နေတယ်ဆိုတဲ့ ဓာတ်ခွဲခန်းဆေးစစ်ချက်ကြောင့် အခုလိုဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့တာဖြစ်ပြီး သိမ်းဆည်းခဲ့ တဲ့ပစ္စည်းတန်ဖိုးဟာ စုစုပေါင်း ဘတ် ၁၂၀ သန်းကျော် (စင်ကာပူဒေါ်လာ ၄.၈ သန်း) ရှိတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေအရ ကုမ္ပဏီဟာ ဘန်ခဲ့ ခရိုင်၊ ဘန်ဖီမှာ တည်ရှိတဲ့ ဘန်ကောက်စက်ရုံအတွက် ထုတ်လုပ်ခွင့်လိုင်စင်ရရှိထားပေမယ့် FDA ရဲ့ ခွင့်ပြုချက်မရှိဘဲ အခြားနေရာတွေမှာ လျှို့ဝှက်စွာ ထုတ်လုပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒါဟာ ပြည်သူ့ကျန်းမာရေးဥပဒေတွေကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်မှာ အာဏာပိုင်တွေက တရားမဝင်ထုတ်လုပ်တဲ့ သိုလှောင်ရုံလေးခုကို ဝင်ရောက် စီးနင်းကာ ဆေးဖက်ဝင်အပင်ထုတ်ကုန် ကိုးမျိုး၊ စုစုပေါင်းပစ္စည်း ၂,၃၅၀,၀၀၀ ကျော်ကို သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။
FDA အထွေထွေအတွင်းရေးမှူး ဆူပတရာဘွန်ဆန် က စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ အနေနဲ့ ဥပဒေကို တင်းကြပ်စွာ လိုက်နာရမယ်လို့ အလေးပေးပြောကြားခဲ့ပြီး ဆေးဖက်ဝင်အပင်ဆေးဝါး အတု ထုတ်လုပ်ခြင်း (သို့) ရောင်းချခြင်းဟာ အများဆုံး ထောင်ဒဏ် ၁၀ နှစ်၊ ဒဏ်ငွေ ဘတ် ၁ သန်း (သို့) နှစ်မျိုးလုံး ချမှတ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံရဲ႕နာမည္ႀကီး Hong Thai ရႉေဆး တရားမဝင္ ထုတ္လုပ္ေနတဲ့ေနရာ ၄ ခုမွ ေဆးဗူး ၂ သန္းေက်ာ္ကို အစိုးရက သိမ္းဆည္းခဲ့
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၃
ထိုင္းႏိုင္ငံ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဌာန (FDA) က စားသုံးသူကာကြယ္ေရးရဲတပ္ဖြဲ႕၊ စမြတ္စခြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရး႐ုံးတို႔နဲ႔ ပူးေပါင္းၿပီး Hong Thai ရႉေဆး ထုတ္လုပ္တဲ့ တရားမဝင္ သိုေလွာင္႐ုံေနရာေလးခုမွ ရႉေဆးဘူး ႏွစ္သန္းေက်ာ္ကို သိမ္းဆည္းခဲ့ပါတယ္။
Hong Thai ေဆးဖက္ဝင္အပင္ေတြနဲ႔ ျပဳလုပ္ထားတဲ့ ရႉေဆးဘူးေတြမွာ အႏၲရာယ္ရွိအဏုဇီဝပိုးမႊားေတြ ပါဝင္ေနတယ္ဆိုတဲ့ ဓာတ္ခြဲခန္းေဆးစစ္ခ်က္ေၾကာင့္ အခုလိုဝင္ေရာက္စီးနင္းမႈျပဳလုပ္ခဲ့တာျဖစ္ၿပီး သိမ္းဆည္းခဲ့ တဲ့ပစၥည္းတန္ဖိုးဟာ စုစုေပါင္း ဘတ္ ၁၂၀ သန္းေက်ာ္ (စင္ကာပူေဒၚလာ ၄.၈ သန္း) ရွိတယ္လို႔ သိရပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕စုံစမ္းစစ္ေဆးမႈေတြအရ ကုမၸဏီဟာ ဘန္ခဲ့ ခ႐ိုင္၊ ဘန္ဖီမွာ တည္ရွိတဲ့ ဘန္ေကာက္စက္႐ုံအတြက္ ထုတ္လုပ္ခြင့္လိုင္စင္ရရွိထားေပမယ့္ FDA ရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ အျခားေနရာေတြမွာ လွ်ိဳ႕ဝွက္စြာ ထုတ္လုပ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ေဖာ္ထုတ္ေတြ႕ရွိခဲ့ပါတယ္။ ဒါဟာ ျပည္သူ႔က်န္းမာေရးဥပေဒေတြကို ျပင္းထန္စြာ ခ်ိဳးေဖာက္ျခင္း ျဖစ္ၿပီး ေအာက္တိုဘာ ၃၀ ရက္မွာ အာဏာပိုင္ေတြက တရားမဝင္ထုတ္လုပ္တဲ့ သိုေလွာင္႐ုံေလးခုကို ဝင္ေရာက္ စီးနင္းကာ ေဆးဖက္ဝင္အပင္ထုတ္ကုန္ ကိုးမ်ိဳး၊ စုစုေပါင္းပစၥည္း ၂,၃၅၀,၀၀၀ ေက်ာ္ကို သိမ္းဆည္းခဲ့တာ ျဖစ္ပါတယ္။
FDA အေထြေထြအတြင္းေရးမႉး ဆူပတရာဘြန္ဆန္ က စြန႔္ဦးတီထြင္ လုပ္ငန္းရွင္ေတြ အေနနဲ႔ ဥပေဒကို တင္းၾကပ္စြာ လိုက္နာရမယ္လို႔ အေလးေပးေျပာၾကားခဲ့ၿပီး ေဆးဖက္ဝင္အပင္ေဆးဝါး အတု ထုတ္လုပ္ျခင္း (သို႔) ေရာင္းခ်ျခင္းဟာ အမ်ားဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္၊ ဒဏ္ေငြ ဘတ္ ၁ သန္း (သို႔) ႏွစ္မ်ိဳးလုံး ခ်မွတ္ႏိုင္တယ္လို႔ သတိေပးခဲ့ပါတယ္။

Related news

© 2021. All rights reserved.