ရွှေဘိုမြို့နယ်အတွင်းက PDF တို့ အဓိကအခြေကုတ်ယူထားသော ဘုန်းဘွဲကျေးရွာကို တပ်မတော်က သိမ်းပိုက်

 1122

သန့်ဇင် (NP News) - နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းက PDF တို့အဓိကအခြေကုတ်ယူထားသော ဘုန်းဘွဲကျေးရွာကို တပ်မတော်က စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ရာ ယနေ့( နိုဝင်ဘာ ၄ ရက်) နံနက် ၇ နာရီခွဲဝန်းကျင်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကျေးရွာအနီးတစ်ဝိုက် စစ်ကိုင်း-ရွှေဘိုကားလမ်းဘေးရှိ PDF များက ကျေးရွာအချို့ကို ဝင်ရောက်နေရာ ယူထားသည့်အတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က စတင်ကာ တပ်မတော်က နယ်မြေရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် PDF အဖွဲ့များ အခိုင်အမာနေရာယူထားပြီး စခန်းတစ်ခုသဖွယ်ဖြစ်နေသော ဘုန်းဘွဲကျေးရွာကိုလည်း ယနေ့ (နိုဝင်ဘာ ၄ ရက်) နံနက် ၆ နာရီတွင် တပ်မတော်က ဝင်ရောက်နယ်မြေရှင်းလင်းခဲ့နိုင်ခဲ့ကြောင်း ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။
“ဒီနေ့မနက် ၇ နာရီခွဲလောက်က တပ်ကပြန်ရတာ။ ကျွန်တော်တို့ရွာလည်း လက်နက်ကြီးတွေ ကျတာတွေရှိတယ်။ ကျေးရွာတော်တော်များများလည်း ရှောင်နေရတုန်းပဲ” ဟု ၎င်းက ပြောသည်။
ယမန်နေ့ (နိုဝင်ဘာ ၃ ရက်)ကလည်း အဆိုပါဒေသအတွင်း တပ်မတော်နှင့် PDF အဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများ ကြောင်း တဂဏန်းကျေးရွာ၊ ဇီးတောကျေးရွာ၊ အောင်ချမ်းသာကျေးရွာနှင့် ဘုန်းဘွဲကျေးရွာတို့မှ ဒေသခံများစွာ သည်လည်း နေရပ်စွန့်ခွာနေရကြောင်း သိရသည်။
အထက်ပါကျေးရွာအနီးတစ်ဝိုက်နှင့် ကျေးရွာများအနီးလမ်းပေါ်နှင့် လယ်မြေများအတွင်းတွင်လည်း PDF က မိုင်းများစွာ ထောင်ထားသည့်အတွက် ဒေသခံများစွာအခက်အခဲရှိနေကြောင်း သိရသည်။

Zawgyi Verion:
ေ႐ႊဘိုၿမိဳ႕နယ္အတြင္းက PDF တို႔ အဓိကအေျခကုတ္ယူထားေသာ ဘုန္းဘြဲေက်း႐ြာကို တပ္မေတာ္က သိမ္းပိုက္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၄
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္အတြင္းက PDF တို႔အဓိကအေျခကုတ္ယူထားေသာ ဘုန္းဘြဲေက်း႐ြာကို တပ္မေတာ္က စစ္ေၾကာင္းထိုး တိုက္ခိုက္ခဲ့ရာ ယေန႔( ႏိုဝင္ဘာ ၄ ရက္) နံနက္ ၇ နာရီခြဲဝန္းက်င္က ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
အဆိုပါေက်း႐ြာအနီးတစ္ဝိုက္ စစ္ကိုင္း-ေ႐ႊဘိုကားလမ္းေဘးရွိ PDF မ်ားက ေက်း႐ြာအခ်ိဳ႕ကို ဝင္ေရာက္ေနရာ ယူထားသည့္အတြက္ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၂ ရက္က စတင္ကာ တပ္မေတာ္က နယ္ေျမရွင္းလင္းျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ PDF အဖြဲ႕မ်ား အခိုင္အမာေနရာယူထားၿပီး စခန္းတစ္ခုသဖြယ္ျဖစ္ေနေသာ ဘုန္းဘြဲေက်း႐ြာကိုလည္း ယေန႔ (ႏိုဝင္ဘာ ၄ ရက္) နံနက္ ၆ နာရီတြင္ တပ္မေတာ္က ဝင္ေရာက္နယ္ေျမရွင္းလင္းခဲ့ႏိုင္ခဲ့ေၾကာင္း ေဒသခံအမ်ိဳးသား တစ္ဦးက ဆိုသည္။
“ဒီေန႔မနက္ ၇ နာရီခြဲေလာက္က တပ္ကျပန္ရတာ။ ကြၽန္ေတာ္တို႔႐ြာလည္း လက္နက္ႀကီးေတြ က်တာေတြရွိတယ္။ ေက်း႐ြာေတာ္ေတာ္မ်ားမ်ားလည္း ေရွာင္ေနရတုန္းပဲ” ဟု ၎က ေျပာသည္။
ယမန္ေန႔ (ႏိုဝင္ဘာ ၃ ရက္)ကလည္း အဆိုပါေဒသအတြင္း တပ္မေတာ္ႏွင့္ PDF အဖြဲ႕တို႔၏ ထိေတြ႕တိုက္ပြဲမ်ား ေၾကာင္း တဂဏန္းေက်း႐ြာ၊ ဇီးေတာေက်း႐ြာ၊ ေအာင္ခ်မ္းသာေက်း႐ြာႏွင့္ ဘုန္းဘြဲေက်း႐ြာတို႔မွ ေဒသခံမ်ားစြာ သည္လည္း ေနရပ္စြန႔္ခြာေနရေၾကာင္း သိရသည္။
အထက္ပါေက်း႐ြာအနီးတစ္ဝိုက္ႏွင့္ ေက်း႐ြာမ်ားအနီးလမ္းေပၚႏွင့္ လယ္ေျမမ်ားအတြင္းတြင္လည္း PDF က မိုင္းမ်ားစြာ ေထာင္ထားသည့္အတြက္ ေဒသခံမ်ားစြာအခက္အခဲရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.