K Pop Demon Hunters ရဲ့ "Golden" သီချင်းဟာ UK ရဲ့ Official Singles Chart မှာ နံပါတ် ၁ နေရာ ပြန်လည်ရောက်ရှိပြီး စံချိန်သစ်တင်

 155

ရောင်နီ (NP News) - နိုဝင်ဘာ ၄

K Pop Demon Hunters ဇာတ်ကားထဲက ဇာတ်ကောင် အမျိုးသမီး K Pop အဖွဲ့ HUNTR/X ရဲ့ “Golden” သီချင်းဟာ ဗြိတိန်ရဲ့ Official Singles Chart မှာ နံပါတ်(၁) နေရာ ပြန်လည်ရောက်ရှိခဲ့ပြီး စံချိန်သစ်တင်ခဲ့ပါ တယ်။
“Golden” သီချင်းဟာ တေလာဆွဖ် ရဲ့ “The Fate of Ophelia” သီချင်းကို ကျော်တက်ပြီး ဗြိတိန်ရဲ့ Official Singles Chart ရဲ့ထိပ်ဆုံးနေရာကို ပြန်လည်ရယူခဲ့တာဖြစ်ပါတယ်။ ဗြိတိန် Official Singles Chart ဟာ အမေရိကန်ပြည်ထောင်စုရဲ့ Billboard ရဲ့ Hot 100 နဲ့ ညီမျှပါတယ်။ "Golden” သီချင်းဟာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၅ ရက်အထိ ရက်သတ္တပတ်အတွက် နံပါတ် ၁ နေရာကို ပြန်လည်ရောက်ရှိခဲ့ပြီး ဇယားရဲ့ ထိပ်ဆုံးမှာ သတင်းပတ် ကိုးပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သလို Official Singles Chart မှာ ကာတွန်းအနုပညာရှင် တစ်ယောက်ရဲ့သီချင်းတွေထဲ နံပါတ် ၁ နေရာကို အချိန်အကြာဆုံး ရပ်တည်နိုင်ခဲ့တဲ့ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
"Golden” "What it Sounds Like" "Takedown" အပါအဝင် “KPop Demon Hunters” ရဲ့ တေးသီချင်း ၄ ပုဒ်ဟာ ယခုသီတင်းပတ်ရဲ့ Official Singles Chart မှာ ပါဝင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Verion:
K Pop Demon Hunters ရဲ႕ "Golden" သီခ်င္းဟာ UK ရဲ႕ Official Singles Chart မွာ နံပါတ္ ၁ ေနရာ ျပန္လည္ေရာက္ရွိၿပီး စံခ်ိန္သစ္တင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၄
K Pop Demon Hunters ဇာတ္ကားထဲက ဇာတ္ေကာင္ အမ်ိဳးသမီး K Pop အဖြဲ႕ HUNTR/X ရဲ႕ “Golden” သီခ်င္းဟာ ၿဗိတိန္ရဲ႕ Official Singles Chart မွာ နံပါတ္(၁) ေနရာ ျပန္လည္ေရာက္ရွိခဲ့ၿပီး စံခ်ိန္သစ္တင္ခဲ့ပါ တယ္။
“Golden” သီခ်င္းဟာ ေတလာဆြဖ္ ရဲ႕ “The Fate of Ophelia” သီခ်င္းကို ေက်ာ္တက္ၿပီး ၿဗိတိန္ရဲ႕ Official Singles Chart ရဲ႕ထိပ္ဆုံးေနရာကို ျပန္လည္ရယူခဲ့တာျဖစ္ပါတယ္။ ၿဗိတိန္ Official Singles Chart ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ Billboard ရဲ႕ Hot 100 နဲ႔ ညီမွ်ပါတယ္။ "Golden” သီခ်င္းဟာ ေအာက္တိုဘာ ၃၀ ရက္ကေန ႏိုဝင္ဘာ ၅ ရက္အထိ ရက္သတၱပတ္အတြက္ နံပါတ္ ၁ ေနရာကို ျပန္လည္ေရာက္ရွိခဲ့ၿပီး ဇယားရဲ႕ ထိပ္ဆုံးမွာ သတင္းပတ္ ကိုးပတ္ဆက္တိုက္ ရပ္တည္ႏိုင္ခဲ့သလို Official Singles Chart မွာ ကာတြန္းအႏုပညာရွင္ တစ္ေယာက္ရဲ႕သီခ်င္းေတြထဲ နံပါတ္ ၁ ေနရာကို အခ်ိန္အၾကာဆုံး ရပ္တည္ႏိုင္ခဲ့တဲ့ စံခ်ိန္သစ္ တင္ႏိုင္ခဲ့ပါတယ္။
"Golden” "What it Sounds Like" "Takedown" အပါအဝင္ “KPop Demon Hunters” ရဲ႕ ေတးသီခ်င္း ၄ ပုဒ္ဟာ ယခုသီတင္းပတ္ရဲ႕ Official Singles Chart မွာ ပါဝင္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.