တရုတ်(တိုင်ပေ)ကို ကျူးကျော်ခဲ့မယ်ဆိုရင် အကျိုးဆက်တွေအားလုံးကို တရုတ်သမ္မတရှီကျင့်ဖျင်က နားလည်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 163

Pika (NP News) - နိုဝင်ဘာ ၄

တရုတ်က တရုတ်(တိုင်ပေ)ကျွန်းကို ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တရုတ်သမ္မတရှီကျင့်ဖျင်က နားလည်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်က တရုတ်(တိုင်ပေ)ကို ကာကွယ်သွားမယ်ဆိုပြီးတော့ ဒေါ်နယ်ထရမ့်က တိတိကျကျထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့ပြင် တောင်ကိုရီးယားနိုင်ငံမှာ ရှီကျင့်ဖျင်နဲ့တွေ့ဆုံစဉ်အချိန်အတွင်း ဒေါ်နယ်ထရမ့်က တရုတ်(တိုင်ပေ)ကျွန်းအကြောင်းကို ခေါင်းစဉ်တစ်ခုအနေနဲ့ ထုတ်ဖော်ပြောဆိုခဲ့တာမျိုးတောင် မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ပြီးတော့ တရုတ်က တရုတ်(တိုင်ပေ)ကျွန်းကို ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရင် အမေရိကန်က အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာလည်းဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “အဲဒီလိုဖြစ်ရပ်တွေဖြစ်လာခဲ့ရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို တွေ့မြင်လာရပါလိမ့်မယ်။ ပြီးတော့ အဲဒီလိုလုပ်ရပ်တွေရဲ့အကျိုးဆက်တွေကို ရှီကျင့်ဖျင်က နားလည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Verion:
တ႐ုတ္(တိုင္ေပ)ကို က်ဴးေက်ာ္ခဲ့မယ္ဆိုရင္ အက်ိဳးဆက္ေတြအားလုံးကို တ႐ုတ္သမၼတရွီက်င့္ဖ်င္က နားလည္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၄
တ႐ုတ္က တ႐ုတ္(တိုင္ေပ)ကြၽန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ ျဖစ္ေပၚလာမယ့္ အက်ိဳးဆက္ေတြကို တ႐ုတ္သမၼတရွီက်င့္ဖ်င္က နားလည္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း အေမရိကန္က တ႐ုတ္(တိုင္ေပ)ကို ကာကြယ္သြားမယ္ဆိုၿပီးေတာ့ ေဒၚနယ္ထရမ့္က တိတိက်က်ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
ဒါ့ျပင္ ေတာင္ကိုရီးယားႏိုင္ငံမွာ ရွီက်င့္ဖ်င္နဲ႔ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ေဒၚနယ္ထရမ့္က တ႐ုတ္(တိုင္ေပ)ကြၽန္းအေၾကာင္းကို ေခါင္းစဥ္တစ္ခုအေနနဲ႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးေတာင္ မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ၿပီးေတာ့ တ႐ုတ္က တ႐ုတ္(တိုင္ေပ)ကြၽန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ရင္ အေမရိကန္က အေရးယူ ေဆာင္႐ြက္မႈေတြ လုပ္ေဆာင္သြားမွာလည္းဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “အဲဒီလိုျဖစ္ရပ္ေတြျဖစ္လာခဲ့ရင္ ဘာေတြဆက္ျဖစ္လာမလဲဆိုတာကို ေတြ႕ျမင္လာရပါလိမ့္မယ္။ ၿပီးေတာ့ အဲဒီလိုလုပ္ရပ္ေတြရဲ႕အက်ိဳးဆက္ေတြကို ရွီက်င့္ဖ်င္က နားလည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.