ပယ်ဆောက်ချိန် အပါအဝင် ကျားဖြန့်ဂိုဏ်းဝင် ၅ ဦးကို သေဒဏ်ချမှတ်

 1115

ALynn (NP News)- နိုဝင်ဘာ ၄

မြန်မာနိုင်ငံမြောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခဲ့သော ပယ်မိသားစုဝင် ငါးဦးကို တရုတ်နိုင်ငံတောင်ပိုင်းရှိ တရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်ကြောင်း Xinhua သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ ၎င်းတို့သည် လိမ်လည်မှု၊ လူသတ်မှုနှင့် ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်အောင် ကျူးလွန်မှုများ အပါအဝင် ရာဇဝတ်မှုများစွာတွင် ပါဝင်ပတ်သက်ခဲ့ကြသည်။
ပယ်ဆောက်ချိန် အပါအဝင် ပယ်ရင်ချန်၊ ရန်လီချန်၊ ဟူရှောက်ကျန်း နှင့် ချန်ကွမ်းယီတို့ ငါးဦးကို သေဒဏ် ချမှတ်ခဲ့သည်။ အခြားတရားခံများဖြစ်ကြသော လီဖူရှောက်နှင့် လီကျိတယ်တို့ကို နှစ်နှစ်ဆိုင်းငံ့ သေဒဏ် ချမှတ်ခဲ့သည်။
ဂွမ်ဒေါင်းပြည်နယ်၊ ရှန်ကျန်းပြည်သူ့တရားရုံး၏ စီရင်ချက်အရ ၎င်းတို့ကျူးလွန်သော ပြစ်မှုများကြောင့် တရုတ်နိုင်ငံသား ခြောက်ဦး သေဆုံးခဲ့ရပြီး၊ တရုတ်နိုင်ငံသား တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ရကာ အခြားသူများစွာလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အခြား ပယ်မိသားစု ရာဇဝတ်ဂိုဏ်းဝင်များကိုလည်း နှစ် ( ၂၀) မှ သုံးနှစ်အထိ ထောင်ဒဏ်များ နှင့်အတူ ငွေဒဏ်၊ ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် နှင်ထုတ်ခြင်း အပါအဝင် အခြားပြစ်ဒဏ်များပါ ချမှတ်ခံခဲ့ရသည်။

ပယ်ရာဇဝတ်ဂိုဏ်းသည် မြန်မာနိုင်ငံ ကိုးကန့်ဒေသတွင် အဆောက်အဦ (၄၁) ခု တည်ဆောက်ကာ အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားဝိုင်းများ ဖွင့်လှစ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ပြည့်တန်ဆာလုပ်ငန်းများ၊ အတင်းအကြပ်ခိုင်းစေခြင်းနှင့် လူကုန်ကူးခြင်း စသည့် ရာဇဝတ်မှု အမျိုးမျိုးတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း တွေ့ရှိရသည်။

သေဒဏ်ချမှတ်ခံရသူ တရားခံများထဲမှ တစ်ဦးသည် အခြားသူများနှင့် ပူးပေါင်း၍ မက်သာဖက်တမင်းစိတ်ကြွဆေး (၁၁) တန်ခန့် ရောင်းဝယ်ဖောက်ကား ခဲ့ကြောင်းကိုလည်း တွေ့ရှိရသည်။
တရားရုံး၏ ဖော်ပြချက်အရ လောင်းကစားနှင့် လိမ်လည်မှုလုပ်ငန်းများမှ အမြတ်ငွေ စုစုပေါင်း ယွမ် (၂၉) ဘီလီယံ (၄ ဘီလီယံ ဒေါ်လာ) ကျော် ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Verion:
ပယ္ေဆာက္ခ်ိန္ အပါအဝင္ က်ားျဖန႔္ဂိုဏ္းဝင္ ၅ ဦးကို ေသဒဏ္ခ်မွတ္
ALynn (NP News)- ႏိုဝင္ဘာ ၄
ျမန္မာႏိုင္ငံေျမာက္ပိုင္းတြင္ အြန္လိုင္းလိမ္လည္မႈ က်ဴးလြန္ခဲ့ေသာ ပယ္မိသားစုဝင္ ငါးဦးကို တ႐ုတ္ႏိုင္ငံေတာင္ပိုင္းရွိ တရား႐ုံးတစ္ခုက ေသဒဏ္ခ်မွတ္လိုက္ေၾကာင္း Xinhua သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။ ၎တို႔သည္ လိမ္လည္မႈ၊ လူသတ္မႈႏွင့္ ရည္႐ြယ္ခ်က္ရွိရွိ ထိခိုက္နာက်င္ေအာင္ က်ဴးလြန္မႈမ်ား အပါအဝင္ ရာဇဝတ္မႈမ်ားစြာတြင္ ပါဝင္ပတ္သက္ခဲ့ၾကသည္။
ပယ္ေဆာက္ခ်ိန္ အပါအဝင္ ပယ္ရင္ခ်န္၊ ရန္လီခ်န္၊ ဟူေရွာက္က်န္း ႏွင့္ ခ်န္ကြမ္းယီတို႔ ငါးဦးကို ေသဒဏ္ ခ်မွတ္ခဲ့သည္။ အျခားတရားခံမ်ားျဖစ္ၾကေသာ လီဖူေရွာက္ႏွင့္ လီက်ိတယ္တို႔ကို ႏွစ္ႏွစ္ဆိုင္းငံ့ ေသဒဏ္ ခ်မွတ္ခဲ့သည္။
ဂြမ္ေဒါင္းျပည္နယ္၊ ရွန္က်န္းျပည္သူ႔တရား႐ုံး၏ စီရင္ခ်က္အရ ၎တို႔က်ဴးလြန္ေသာ ျပစ္မႈမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံသား ေျခာက္ဦး ေသဆုံးခဲ့ရၿပီး၊ တ႐ုတ္ႏိုင္ငံသား တစ္ဦး မိမိကိုယ္ကို အဆုံးစီရင္ခဲ့ရကာ အျခားသူမ်ားစြာလည္း ထိခိုက္ဒဏ္ရာရရွိေၾကာင္း သိရသည္။

အျခား ပယ္မိသားစု ရာဇဝတ္ဂိုဏ္းဝင္မ်ားကိုလည္း ႏွစ္ ( ၂၀) မွ သုံးႏွစ္အထိ ေထာင္ဒဏ္မ်ား ႏွင့္အတူ ေငြဒဏ္၊ ပစၥည္းမ်ား သိမ္းဆည္းျခင္းႏွင့္ ႏွင္ထုတ္ျခင္း အပါအဝင္ အျခားျပစ္ဒဏ္မ်ားပါ ခ်မွတ္ခံခဲ့ရသည္။

ပယ္ရာဇဝတ္ဂိုဏ္းသည္ ျမန္မာႏိုင္ငံ ကိုးကန႔္ေဒသတြင္ အေဆာက္အဦ (၄၁) ခု တည္ေဆာက္ကာ အြန္လိုင္းလိမ္လည္မႈ၊ ေလာင္းကစားဝိုင္းမ်ား ဖြင့္လွစ္ျခင္း၊ ရည္႐ြယ္ခ်က္ရွိရွိ လူသတ္မႈ၊ ျပည့္တန္ဆာလုပ္ငန္းမ်ား၊ အတင္းအၾကပ္ခိုင္းေစျခင္းႏွင့္ လူကုန္ကူးျခင္း စသည့္ ရာဇဝတ္မႈ အမ်ိဳးမ်ိဳးတြင္ ပါဝင္ပတ္သက္ခဲ့ေၾကာင္း ေတြ႕ရွိရသည္။

ေသဒဏ္ခ်မွတ္ခံရသူ တရားခံမ်ားထဲမွ တစ္ဦးသည္ အျခားသူမ်ားႏွင့္ ပူးေပါင္း၍ မက္သာဖက္တမင္းစိတ္ႂကြေဆး (၁၁) တန္ခန႔္ ေရာင္းဝယ္ေဖာက္ကား ခဲ့ေၾကာင္းကိုလည္း ေတြ႕ရွိရသည္။
တရား႐ုံး၏ ေဖာ္ျပခ်က္အရ ေလာင္းကစားႏွင့္ လိမ္လည္မႈလုပ္ငန္းမ်ားမွ အျမတ္ေငြ စုစုေပါင္း ယြမ္ (၂၉) ဘီလီယံ (၄ ဘီလီယံ ေဒၚလာ) ေက်ာ္ ရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.