အညာဒေသ ကျောက်ပန်းတောင်းမှ ကန့်လန့်ကာနောက်ဖြစ်ရပ်များ

232

သုတကျော် (NP News) - နိုဝင်ဘာလ ၅
ကျောက်ပန်းတောင်းမြို့နယ်သည် ပုပ္ပားတောင်အနီးမှ စီးပွားရေးကောင်းသောမြို့ဖြစ်ပြီး ငြိမ်းချမ်းသောဒေသလည်း ဖြစ်ခဲ့ သည်။ သို့သော် PDF တို့ ရောက်လာသောအခါ တည်ငြိမ်မှုများပျက်ပြားကာ ပြည်သူများအကြား စိုးရိမ်စိတ်များရှိလာ၏။ အရပ် သားပြည်သူတို့မှာ စိုးရိမ်စိတ်ဖြင့် ရှင်သန်နေထိုင်နေကြရ၏။ ပိုဆိုးသည်က ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန်ခြောက်သော ဖြစ်စဉ်များပင်ဖြစ်သည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်းထားသည်များကို ကောက် နုတ်ဖော်ပြအပ်ပါသည်။
မေး - ကျောက်ပန်းတောင်းမြို့ပေါ် အခြေအနေကို အရင်ပြောပြပေးပါလား။
ဖြေ - ကျောက်ပန်းတောင်းမြို့ပေါ်ကတော့ ဓားပြနဲ့ ဘာနဲ့ အဲဒီလိုမျိုးပေါ့။ အိမ်ပေါ်တက် လုတာလိုလို တစ်မြို့လုံးက ချောက်ချားတာပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်း က ဓားပြအဖွဲ့ကို ဖမ်းမိလိုက်တော့ မြို့က ငြိမ်သွားပြီ။ ဆိုးသွမ်းတာတော့ မရှိဘူး။ ဆိုင်ကယ်လုတယ်ဆိုတဲ့ အနေအထားမျိုးတွေလည်း ငြိမ်သွားပြီ။
မေး - ဒီမတိုင်ခင်ကကော ဒုစရိုက်လုပ်ငန်းတွေ၊ အမှု တွေက ဘယ်လို ကြားရလဲ။
ဖြေ - ဘယ်လိုလဲဆိုတော့ အရင်က ခြောက်ခွဲ၊ ခုနစ် ဆိုရင် ငြိမ်သွားပြီ။ ဘာမှမရှိတော့ဘူး။ လူမရှိတော့ ဘူး။ မြို့ပေါ်မှာ ပစ္စည်းပျောက်တာတို့၊ ဆိုင်ကယ် လုတာတို့၊ ဆွဲကြိုးဖြတ်တာတို့၊ ဓားပြတိုက်တာတို့ ပေါ့နော်။ အဲဒီလိုမျိုးက သေချာတယ် ဖြစ်နေတာ။ ဓားပြအဖွဲ့မိသွားတော့ တော်တော်ကြီး ငြိမ်သွား တယ်။ မြို့ကလည်း ညဘက်တွေ ထွက်ရဲသွားတယ်။
မေး - ကျောက်ပန်းတောင်းမှာ တရားဥပဒေစိုးမိုး ရေး ပိုအားကောင်းသွားတယ်ပေါ့။
ဖြေ - ဟုတ်တယ်။ ကြောက်လန့်မှု လျော့သွားတာပေါ့။ တရားဥပဒေ စိုးမိုးမှုကတော့ နဂိုတည်းက ရှိပါတယ်။ ဒါပေမယ့် လုံခြုံမှုနည်းတာပေါ့နော်။ ဒီရက်ပိုင်းမှာ တော့ မြို့က နည်းနည်းလေး ပြန်စည်ကားလာတာပေါ့။
မေး - မြို့ပေါ်ကတော့ အေးချမ်းတယ်လို့ထားပါ တော့။ မြို့နယ်ကကော ဘယ်အပိုင်းတွေက ဆိုးတယ် လို့ ကြားရပါသလဲ။
ဖြေ - ဘယ်အပိုင်းဆိုတာလည်းဆိုတော့ အစ်ကို ပွေး ကျစ်တိုက်နယ်။ တိုက်နယ်ပေါ့။ ဘာနဲ့ ထိစပ်လည်း ဆိုတော့ နတ်မောက်နဲ့ ရေနံချောင်းနဲ့ ထိစပ်တာပေါ့။ နောက် ပုပ္ပားတိုက်နယ်။ ပုပ္ပားတိုက်နယ်ကတော့ ဒီ ဘက်ခြမ်း အဆင်ပြေတယ်။ မပြေတာက ပုပ္ပါး ကျော် တာနဲ့ အဆင်မပြေတော့ဘူး။ ကျောက်ပန်းတောင်း - ပုပ္ပားရသေးတယ်။ ပုပ္ပားကျော်တာနဲ့ လုံးဝမပြေ ဘူး။
မေး - မပြေဘူးဆိုတာက ဘယ်လို မပြေတာလဲ။
ဖြေ - PDF တွေ လမ်းပေါ်တက်တက်ပြီးတော့ စစ်ချင်တယ်။ လူကြီးဖုန်းနံပါတ်တွေ။ လူကြီးဖုန်းနံပါတ် ဆိုတာမှာလည်း စခန်းမှူးတို့၊ မြို့နယ်မှူးတို့ ဖုန်း နံပါတ်လောက် ပါရင်ကိုပဲ ဖမ်းသွားတာ။
မေး - ဒီလို ဖုန်းနံပါတ်က သတင်းမပေးလည်း ရှိနိုင် တာပဲနော်။
ဖြေ - ရှိတယ်လေ။ အဲဒီလိုရှိရင်လည်း ဒလန်၊ သူလျှို ဆိုပြီး ခေါင်းစဉ်တပ်ပြီး ခေါ်သွားတယ်။ ပါတဲ့ ပစ္စည်း ယူထားတယ်။ ကားပါရင် ကားယူတယ်။ ဖုန်းပါရင် ဖုန်းယူထားတယ်။ နည်းနည်းလေး ဆယ့်ငါးရက် လောက် စစ်ပြီး မပေါ်ရင် ပြန်လွှတ်တယ်။ 4 Wheel တို့၊ Surfတို့၊ Pradoတို့ အဲဒီလိုမျိုးတွေ ပိုလိုချင် တာပေါ့။ ကားလေးတွေတော့ မလိုချင်ဘူး။
မေး - ကား အမြင့်တွေကို လိုချင်တာပေါ့။
ဖြေ - ဟုတ်တယ်။ 4 Wheel အမြင့်တွေပေါ့။ ရွာ လမ်းတွေ သုံးလို့ရအောင်။
မေး - လူဖမ်းမယ်၊ ကားသိမ်းမယ်ဆိုတော့ ကားသိမ်း ပြီးရင် လုံးဝကို ပြန်မပေးတာလား။
ဖြေ - မပေးဘူး အစ်ကိုကြီး။ နည်းနည်းချိတ်ဆက် ကောင်းရင်တော့ Without နဲ့ လိုင်စင်နဲ့ လဲတာပေါ့။ ကျန်တာတော့ လုပ်မရဘူး။
မေး - လဲတယ် ဆိုတာက။
ဖြေ - ဒီလိုပေါ့ အစ်ကိုကြီး မပြောကောင်း မဆို ကောင်း ကျွန်တော့်ကို ဖမ်းမိသွားတယ်ဆိုရင် လွတ် လာတယ်။ လွတ်လာပြီးရင် ဘယ်သူနဲ့ သိတယ်ဆို တာက ချိတ်တွေ ရှိတယ်လေ။ သိတော့ လှမ်းချိတ်ပြီး လိုင်စင်ကားလေးတော့ မလုပ်ပါနဲ့ ဆိုပြီး Without ကားနဲ့ ပြန်လဲတာပေါ့။ လိုင်စင်ကားကို ပြန်ပေး၊ ဒီက လည်း အစားထိုးအနေနဲ့ Without ကားပေးပေါ့။ ကားက ကားပဲလေ။ သူတို့လည်း ကားမပြတ်ဘူး။
မေး - နှစ်ခါ နာပေါ့။ အဖမ်းလည်း ခံရတယ်။ ကားပါ ထပ်ဝယ်ပေးရသလို ဖြစ်တာပေါ့။
ဖြေ - ဟုတ်တယ်။ အဓိကတော့ ကားဈေးက ထက် ဝက်လောက်ကွာတာကိုး။ အဲဒီတော့ အရှုံးထဲက အ မြတ်ပြန်ထုတ်တာပေါ့။
မေး - ပုပ္ပားမှာ လုံခြုံမှုက ဘယ်လိုမြင်ရလဲ။
ဖြေ - ပုပ္ပားအကျော်မှာ ပုပ္ပလင်ဆိုတာရှိတယ်။ အဲဒီ ဟိုဘက်မှာတော့ သူတို့ PDF တွေ ရှိနေတာပေါ့။ တော်တော်များများက စစ်ကိုင်းဘက်က PDF တွေ လည်း အဲဒီဘက် ရောက်နေတာ။ ကချင်ဘက်ကဟာ တွေလည်း အဲဒီဘက် ရောက်နေတယ်။ မြစ်ဆုံ ခေါ် မှာပေါ့။ အဲဒီဘက်တို့ နောက် မြင်းခြံတို့၊ နွားထိုးကြီး တို့ အဲဒီဘက် ရောက်နေတယ်။ အဓိကတော့ မလှိုင်၊ တောင်သာ၊ ဝဲလောင်၊ ကျောက်ပန်းတောင်း ကြားထဲ မှာ သူတို့ရောက်နေတယ်။
မေး - အဲဒီဘက်က PDF တွေဘက်က အင်အား ဆုံးရှုံးမှုတွေ ဘာတွေကော ဘာကြားမိသေးလဲ။
ဖြေ - အဲဒါကတော့ အကြားနဲ့ပဲ။ သိရသလောက် တော်တော်များများကတော့ သေတယ်။
မေး - ပြီးခဲ့တဲ့တစ်ခေါက် အဘထွက်ပွဲမှာ ပုပ္ပားကို ဘုရားဖူး တော်တော်များများ သွားကြတာတွေ့ပါတယ်။ လမ်းခရီးက အဆင်ပြေလား။ ဘယ်လိုမြင်ရလဲ။
ဖြေ - မလုံခြုံဘူး။ ဘုရားဖူးရယ်လို့လည်း သီးခြား ခွင့်ပြုတာ မရှိဘူး။ မထင်ရင် မထင်သလို စစ်တာမျိုး ရှိနိုင်တယ်။ လူကလည်း ပုံစံဘာညာ မကြိုက်ရင် သူ တို့ စစ်တယ်။ စစ်လိုက်ရင် ခုနကပြောသလို စခန်းမှူး တို့၊ ဗိုလ်မှူးတစ်ယောက် ဖုန်းနံပါတ်တို့ ဒါမျိုးကတော့ ရှိတာပေါ့။ လူတိုင်း တော်တော်များများမှာ ရှိတယ်။ သူတို့က ဖုန်း Contact ထဲမှာ ဗိုလ်မှူးလို့ ရိုက်ရှာ ကြည့်တယ်။ မရရင် ဗမ လို့ ရိုက်ရှာကြည့်တယ်။ စခန်းမှူးဆို စခန်းမှူးလို့ ရိုက်ကြည့်တယ်။ မြို့နယ်မှူး ဆို မြို့နယ်မှူးလို့ ရိုက်ကြည့်တယ်။ နယ်ထိန်းဆို နယ်ထိန်းလို့ ရိုက်ကြည့်တယ်။ ပေါ်လာရင် ဆွဲချထား လိုက်တယ်။
မေး - အသိထဲမှာကော အဲဒီလို ပါသွားဖူးတဲ့သူ ရှိလား။
ဖြေ - ရှိတယ်။ ကျွန်တော် သူ့ကိုမေးကြည့်တယ်။ သူ က စခန်းမှူးဖုန်းနံပါတ်ပါလို့ ခင်ဗျား ခဏဘေးရပ် ဆိုတော့သူက ဖမ်းလည်း ဖမ်းမယ်မှန်းသိတော့ ရုပ် ပျက်ပြီး ညီလေးတို့ မလုပ်ပါနဲ့ဆိုပြီး အဲဒီနားတင် ထိုင် ကန်တော့ တောင်းပန်တာ။ မိန်းလမ်းပေါ်မှာတင် ခင် ဗျား ကျွန်တော်တို့ကို ပြည်သူတွေကြားထဲ ေ-ာက်ရှက် ခွဲနေတာလား၊ ခင်ဗျားကို သတ်ပစ်လိုက်မယ် ညာ လုပ်မယ်ဆိုပြီးပြောတယ်။ ဒါပေမဲ့ တခြားလူ ဖြတ် သွားရင် မြင်တာကကျတော့ ခုနကစကားကို အပြုံး လေးနဲ့ပြောတာ။ လူ့ရှေ့သူ့ရှေ့ကျ ပုံရိပ်မကျအောင် ထိန်းတာ။ မိန်းလမ်းဘေး စစ်နေတာမှာ ဆေးလိပ်တွေ ဘာတွေတိုက်၊ ကွမ်းတွေ ဘာတွေ ကျွေးသေးတယ် အများမြင်အောင်။ ဒါပေမဲ့ ပြောနေတာတွေက စကားလုံးက ကြမ်းတယ်။ ကုန်ကုန်ပြောရရင် ဖမ်း သွားတယ်ပေါ့ဗျာ။ ပြန်လွှတ်တော့ ကားယူထားလိုက် တယ်။ သူ့ကို လိုင်းကားနဲ့တင်ပေးလိုက်တာ။ လိုင်း ကား စောင့်နေတုန်းကို Shark နှစ်ဘူးတိုက်တယ်။ အစ်ကိုကြီးသောက် အစ်ကိုကြီးသောက်နဲ့။ ညက လည်း ဆဲတာက ဒီကောင်တွေပဲ။ တော်တော် ရုပ် ပြောင်း ရုပ်လွှဲတတ်တယ်တဲ့။ အဲဒီ အနီအမာခံ ပြော တာနော်။
မေး - အနီ အနီးချင်းတောင်မှ အထာမထားဘူးဆို တဲ့သဘောပေါ့။
ဖြေ - ဟုတ်တယ်၊ ဟုတ်တယ်။
မေး - ဒေသမှာ လက်နက်ကိုင်တွေရောက်လာတော့ ဒေသစီးပွားရေးက ဘယ်လောက်ထိသွားလဲ။
ဖြေ - အစ်ကိုကြီးရယ် ပွင့်ပွင့်လင်းလင်းပြောရရင် တော့ အရင်ကလို မဟုတ်တော့ဘူး။ ဖြည်းဖြည်းချင်းနဲ့ အကျဘက်ရောက်လာပြီ။ ကျတာမှ တော်တော် အကျဘက်ရောက်လာတာ။ လူကျဲသွားတယ်။ တစ် ပတ်ထက် တစ်ပတ်ကို သိသိသာသာ တော်တော်ဆိုး လာတာ။
မေး - အရင်အခြေအနေနဲ့နှိုင်းယှဉ်ရင် မြို့စီးပွား ရေးက ဘယ်လောက်ကျသွားတယ်လို့ ပြောနိုင်မလဲ။
ဖြေ - အရင်ထက်စာရင် သုံးဆယ့်ငါးရာခိုင်နှုန်း လောက်တော့ ကျမယ်။ အရမ်းတော့ မဟုတ်ဘူး။ ဘာ လို့လဲဆိုတော့ ကျွန်တော်တို့က အကောင်းဆုံးလို့ ပြောရမယ်။ တခြားမြို့ထက်စာရင် ကျွန်တော်တို့ မြို့ က အရင်တည်းက ကောင်းတာကိုး။ အချက်အချာကျ တာကိုး။ ရေနံမှော်ပိတ်လိုက်တော့ နည်းနည်းတော့ အလုပ်ပါသွားတာပေါ့။
မေး - မျက်မြင်အရ ဖြစ်စေ၊ တစ်ဆင့်စကားအရ ဖြစ် စေ PDF အင်အားလျော့သွားတယ်ထင်လား။
ဖြေ - ခုနက အစ်ကို့ကို ရှင်းပြသလိုပေါ့။ တိုက်နယ် နှစ်ခုရှိတယ်။ ပွေးကျစ်က ရေနံချောင်းနဲ့ နတ်မောက်နဲ့ ကျောက်ပန်းတောင်းနဲ့ အဆုံမှာရောက်နေတာ။ နတ် မောက်ကလည်း တပ်က တအားကို သမနေတာ။ လေကြောင်း ကြဲလိုက်ဆော်လိုက်ဆိုတော့ နတ်မောက် က အဖွဲ့တွေက ရောက်လာပြန်ရော။ ရေနံချောင်းမှာ လည်း တောက်လျှောက်တိုက်တယ်၊ ဆော်တော့ ကျွန်တော်တို့ဘက်ကို တောက်လျှောက် ရောက်လာ တယ်။
မေး - ကျွန်တော်တို့သိရသလောက် တပ်မတော် ဘက်ကလည်း တော်တော်ချေမှုန်းနေတယ်။ ဖြတ် တောက်တာတွေ ရှိတယ်။ ဆိုတော့ ဒီနောက်ပိုင်းမှာ PDF တွေ ကိုယ်ကျိုးရှာလို့ရတဲ့ ပမာဏ နည်းသွား တယ်၊ လျော့သွားတယ်ထင်လား။
ဖြေ - လျော့သွားတယ် ထင်လားဆိုတော့ လူက များ လာတာရယ် ဆရာကြီးတွေ တော်တော်များများက ဒီဘက် လာစုနေတာပေါ့။ နဂိုက မောင်ဆောင်းခ တပည့်တို့ ဘာတို့ ဒီဘက်ပြန်ရောက်နေတယ်။ မောင် ဆောင်းခတော့ ရောက်သံမကြားဘူး။ အဲဒီလို ရောက် နေတာဖြစ်တဲ့အတွက် ခတ်သံတော့ ကြားရတာပေါ့။ နယ်မြေကျဉ်းလာပြီး အကုန်လုံးက ဗိုလ်တွေချည်းပဲ ဆိုတော့ သူခတ် ကိုယ်ခတ်အနေအထားတော့ ရှိတာ ပေါ့။
မေး - ပွတ်တိုက်မှုတွေ ရှိနေတာပေါ့။
ဖြေ - ရှိတယ် ရှိတယ်။
မေး - ဘယ်လိုမျိုးလို့ ကြားမိလဲ။
ဖြေ - ကျွန်တော်တို့ လိုင်းပေါ်မှာသိတဲ့ အနေအထား ပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် တိုက်ချင်တာနဲ့ မတိုက်ချင်တဲ့အဖွဲ့တွေ ရှိတယ်။ ဒီဘက်မှာ နာမည် ပြောလို့ မကောင်းလို့သာ။ သိရသလောက် အလင်းဝင် တာ ရှိတယ်။ ဒီဘက်မှာလေ။
မေး - ဆိုတော့ အလင်းဝင်တာ ရှိတယ်ဆိုတော့ စိတ် ဓာတ်ပိုင်းအရ ပျက်ပြားနေတယ် ပြောနိုင်မလား။
ဖြေ - ပြောနိုင်တာပေါ့။ တချို့ကကျတော့လည်း ရှေ့တိုးမရ၊ နောက်ဆုတ်မရ လူတွေလည်း ရှိတာပေါ့။ ဦးထောင်တဲ့ အပိုင်းတော့ မရှိဘူး။ ဒါတောင် ဟိုဘက် ရွေ့လာလိုက်၊ ဒီကရွေ့လာလိုက် လူတွေက ဒီမှာလာ ပြီး အနည်းထိုင်နေတာဖြစ်တဲ့အတွက် အင်အားများ တယ်လို့ ပြောရမယ်။ ဒါပေမယ့် ဦးကျိုးနေတဲ့ သဘောရှိတယ်။
မေး - မြို့ခံတွေက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဘယ် လို သဘောရှိလဲ။
ဖြေ - တခြားမြို့တော့မသိဘူးအစ်ကိုကြီး။ ကျွန်တော် တို့ မြို့ကတော့ လက်မခံဘူး။ လက်မခံဆိုတာက ဟို ဘက်က တိုက်မယ့်သူကလည်း ဘယ်လောက် ထိန်း ထားနိုင်မှာလဲဆိုတဲ့စကားကို မဖြေနိုင်ဘူးပေါ့။ တော်တော်များများကလည်း အနီတွေက သူတို့ တိုက် မယ်ဆိုရင် ဘယ်လောက်ထိန်းနိုင်မှာလဲပေါ့။ မြို့ နာမှာမျိုး မလုပ်ပါနဲ့ပေါ့။
မေး - သူတို့ကို အရင်ထောက်ခံသူတွေ စိတ်ထဲမှာ PDF တွေနဲ့ ပတ်သက်လို့ သဘောထားက ဘယ်လို ရှိတယ်လို့ ကြားရလဲ။
ဖြေ - သဘောထားကတော့ နဂိုတုန်းကတော့ နေရာ တိုင်း နေရာတိုင်းမှာ ကလေးတွေ၊ ကလေးတွေဆိုပြီး ပြောကြတာပေါ့။ ကလေးတွေလုပ်ရပ်က ဘယ်လို တော်တယ်ဆိုတဲ့အကြောင်း ချီးမွမ်းခန်းက ပြောကြ တာပေါ့။ အခု လက်ဖက်ရည်ဝိုင်းမှာ နေရာတိုင်းမှာ အနံ့ထွက်လာတော့ ထောက်ခံတဲ့သူက မပြောရဲတော့ ဘူး။ တအား မပြောရဲတော့ဘူး။ မဟုတ်တာ လုပ်တာ များနေတာကိုး။ တော်တော်လေး ကြားနေရတာကိုး။
မေး - မဟုတ်တာလုပ်တဲ့ဟာက အကြမ်းဖျင်းဆို ဘယ်ဟာတွေလို့ ပြောလို့ရမလဲ။ အဲဒီဒေသဘက်မှာ ပေါ့။
ဖြေ - ပထမအချက် ပုဂ္ဂိုလ်ရေး ဆန်တယ်။ မောင်ဖြူ နဲ့ အငြိုးရှိတယ်ဆိုရင် မောင်ဖြူကို လာခေါ်ပြီး ဒလန်၊ သူလျှိုဆို သတ်တာတို့၊ လူခေါ်တာတို့၊ ရိုက်နှက်စစ် တာတို့ အဲဒီလိုဟာတွေ လုပ်တာများတာ။
မေး - လက်နက်အားကိုး အနိုင်ကျင့်တတ်တဲ့ စိတ် တွေ ရှိလာတယ်ပေါ့။
ဖြေ - အမှန်ပေါ့။ အဲဒီလိုရှိလာတော့ တော်တော် များများက လက်မခံဘူး။ အရင်ကဆို ကျွန်တော်က ပြောရင် ဒီကောင်က ဘောမမို့လို့ဆိုတဲ့ စကားလုံးနဲ့ပဲ ပြီးသွားတာကိုး။ အခုကျတော့ တော်တော်များများ ကြားနေရတယ်။ မြင်နေရတယ်လေ။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Verion:
အညာေဒသ ေက်ာက္ပန္းေတာင္းမွ ကန႔္လန႔္ကာေနာက္ျဖစ္ရပ္မ်ား
သုတေက်ာ္ (NP News) - ႏိုဝင္ဘာလ ၅
ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္သည္ ပုပၸားေတာင္အနီးမွ စီးပြားေရးေကာင္းေသာၿမိဳ႕ျဖစ္ၿပီး ၿငိမ္းခ်မ္းေသာေဒသလည္း ျဖစ္ခဲ့ သည္။ သို႔ေသာ္ PDF တို႔ ေရာက္လာေသာအခါ တည္ၿငိမ္မႈမ်ားပ်က္ျပားကာ ျပည္သူမ်ားအၾကား စိုးရိမ္စိတ္မ်ားရွိလာ၏။ အရပ္ သားျပည္သူတို႔မွာ စိုးရိမ္စိတ္ျဖင့္ ရွင္သန္ေနထိုင္ေနၾကရ၏။ ပိုဆိုးသည္က ကိုယ္ေမြးသည့္ေမ်ာက္ ကိုယ့္ျပန္ေျခာက္ေသာ ျဖစ္စဥ္မ်ားပင္ျဖစ္သည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးထံ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ေက်ာက္ပန္းေတာင္းၿမိဳ႕ေပၚ အေျခအေနကို အရင္ေျပာျပေပးပါလား။
ေျဖ - ေက်ာက္ပန္းေတာင္းၿမိဳ႕ေပၚကေတာ့ ဓားျပနဲ႔ ဘာနဲ႔ အဲဒီလိုမ်ိဳးေပါ့။ အိမ္ေပၚတက္ လုတာလိုလို တစ္ၿမိဳ႕လုံးက ေခ်ာက္ခ်ားတာေပါ့။ ၿပီးခဲ့တဲ့ ရက္ပိုင္း က ဓားျပအဖြဲ႕ကို ဖမ္းမိလိုက္ေတာ့ ၿမိဳ႕က ၿငိမ္သြားၿပီ။ ဆိုးသြမ္းတာေတာ့ မရွိဘူး။ ဆိုင္ကယ္လုတယ္ဆိုတဲ့ အေနအထားမ်ိဳးေတြလည္း ၿငိမ္သြားၿပီ။
ေမး - ဒီမတိုင္ခင္ကေကာ ဒုစ႐ိုက္လုပ္ငန္းေတြ၊ အမႈ ေတြက ဘယ္လို ၾကားရလဲ။
ေျဖ - ဘယ္လိုလဲဆိုေတာ့ အရင္က ေျခာက္ခြဲ၊ ခုနစ္ ဆိုရင္ ၿငိမ္သြားၿပီ။ ဘာမွမရွိေတာ့ဘူး။ လူမရွိေတာ့ ဘူး။ ၿမိဳ႕ေပၚမွာ ပစၥည္းေပ်ာက္တာတို႔၊ ဆိုင္ကယ္ လုတာတို႔၊ ဆြဲႀကိဳးျဖတ္တာတို႔၊ ဓားျပတိုက္တာတို႔ ေပါ့ေနာ္။ အဲဒီလိုမ်ိဳးက ေသခ်ာတယ္ ျဖစ္ေနတာ။ ဓားျပအဖြဲ႕မိသြားေတာ့ ေတာ္ေတာ္ႀကီး ၿငိမ္သြား တယ္။ ၿမိဳ႕ကလည္း ညဘက္ေတြ ထြက္ရဲသြားတယ္။
ေမး - ေက်ာက္ပန္းေတာင္းမွာ တရားဥပေဒစိုးမိုး ေရး ပိုအားေကာင္းသြားတယ္ေပါ့။
ေျဖ - ဟုတ္တယ္။ ေၾကာက္လန႔္မႈ ေလ်ာ့သြားတာေပါ့။ တရားဥပေဒ စိုးမိုးမႈကေတာ့ နဂိုတည္းက ရွိပါတယ္။ ဒါေပမယ့္ လုံၿခဳံမႈနည္းတာေပါ့ေနာ္။ ဒီရက္ပိုင္းမွာ ေတာ့ ၿမိဳ႕က နည္းနည္းေလး ျပန္စည္ကားလာတာေပါ့။
ေမး - ၿမိဳ႕ေပၚကေတာ့ ေအးခ်မ္းတယ္လို႔ထားပါ ေတာ့။ ၿမိဳ႕နယ္ကေကာ ဘယ္အပိုင္းေတြက ဆိုးတယ္ လို႔ ၾကားရပါသလဲ။
ေျဖ - ဘယ္အပိုင္းဆိုတာလည္းဆိုေတာ့ အစ္ကို ေပြး က်စ္တိုက္နယ္။ တိုက္နယ္ေပါ့။ ဘာနဲ႔ ထိစပ္လည္း ဆိုေတာ့ နတ္ေမာက္နဲ႔ ေရနံေခ်ာင္းနဲ႔ ထိစပ္တာေပါ့။ ေနာက္ ပုပၸားတိုက္နယ္။ ပုပၸားတိုက္နယ္ကေတာ့ ဒီ ဘက္ျခမ္း အဆင္ေျပတယ္။ မေျပတာက ပုပၸါး ေက်ာ္ တာနဲ႔ အဆင္မေျပေတာ့ဘူး။ ေက်ာက္ပန္းေတာင္း - ပုပၸားရေသးတယ္။ ပုပၸားေက်ာ္တာနဲ႔ လုံးဝမေျပ ဘူး။
ေမး - မေျပဘူးဆိုတာက ဘယ္လို မေျပတာလဲ။
ေျဖ - PDF ေတြ လမ္းေပၚတက္တက္ၿပီးေတာ့ စစ္ခ်င္တယ္။ လူႀကီးဖုန္းနံပါတ္ေတြ။ လူႀကီးဖုန္းနံပါတ္ ဆိုတာမွာလည္း စခန္းမႉးတို႔၊ ၿမိဳ႕နယ္မႉးတို႔ ဖုန္း နံပါတ္ေလာက္ ပါရင္ကိုပဲ ဖမ္းသြားတာ။
ေမး - ဒီလို ဖုန္းနံပါတ္က သတင္းမေပးလည္း ရွိႏိုင္ တာပဲေနာ္။
ေျဖ - ရွိတယ္ေလ။ အဲဒီလိုရွိရင္လည္း ဒလန္၊ သူလွ်ိဳ ဆိုၿပီး ေခါင္းစဥ္တပ္ၿပီး ေခၚသြားတယ္။ ပါတဲ့ ပစၥည္း ယူထားတယ္။ ကားပါရင္ ကားယူတယ္။ ဖုန္းပါရင္ ဖုန္းယူထားတယ္။ နည္းနည္းေလး ဆယ့္ငါးရက္ ေလာက္ စစ္ၿပီး မေပၚရင္ ျပန္လႊတ္တယ္။ 4 Wheel တို႔၊ Surfတို႔၊ Pradoတို႔ အဲဒီလိုမ်ိဳးေတြ ပိုလိုခ်င္ တာေပါ့။ ကားေလးေတြေတာ့ မလိုခ်င္ဘူး။
ေမး - ကား အျမင့္ေတြကို လိုခ်င္တာေပါ့။
ေျဖ - ဟုတ္တယ္။ 4 Wheel အျမင့္ေတြေပါ့။ ႐ြာ လမ္းေတြ သုံးလို႔ရေအာင္။
ေမး - လူဖမ္းမယ္၊ ကားသိမ္းမယ္ဆိုေတာ့ ကားသိမ္း ၿပီးရင္ လုံးဝကို ျပန္မေပးတာလား။
ေျဖ - မေပးဘူး အစ္ကိုႀကီး။ နည္းနည္းခ်ိတ္ဆက္ ေကာင္းရင္ေတာ့ Without နဲ႔ လိုင္စင္နဲ႔ လဲတာေပါ့။ က်န္တာေတာ့ လုပ္မရဘူး။
ေမး - လဲတယ္ ဆိုတာက။
ေျဖ - ဒီလိုေပါ့ အစ္ကိုႀကီး မေျပာေကာင္း မဆို ေကာင္း ကြၽန္ေတာ့္ကို ဖမ္းမိသြားတယ္ဆိုရင္ လြတ္ လာတယ္။ လြတ္လာၿပီးရင္ ဘယ္သူနဲ႔ သိတယ္ဆို တာက ခ်ိတ္ေတြ ရွိတယ္ေလ။ သိေတာ့ လွမ္းခ်ိတ္ၿပီး လိုင္စင္ကားေလးေတာ့ မလုပ္ပါနဲ႔ ဆိုၿပီး Without ကားနဲ႔ ျပန္လဲတာေပါ့။ လိုင္စင္ကားကို ျပန္ေပး၊ ဒီက လည္း အစားထိုးအေနနဲ႔ Without ကားေပးေပါ့။ ကားက ကားပဲေလ။ သူတို႔လည္း ကားမျပတ္ဘူး။
ေမး - ႏွစ္ခါ နာေပါ့။ အဖမ္းလည္း ခံရတယ္။ ကားပါ ထပ္ဝယ္ေပးရသလို ျဖစ္တာေပါ့။
ေျဖ - ဟုတ္တယ္။ အဓိကေတာ့ ကားေဈးက ထက္ ဝက္ေလာက္ကြာတာကိုး။ အဲဒီေတာ့ အရႈံးထဲက အ ျမတ္ျပန္ထုတ္တာေပါ့။
ေမး - ပုပၸားမွာ လုံၿခဳံမႈက ဘယ္လိုျမင္ရလဲ။
ေျဖ - ပုပၸားအေက်ာ္မွာ ပုပၸလင္ဆိုတာရွိတယ္။ အဲဒီ ဟိုဘက္မွာေတာ့ သူတို႔ PDF ေတြ ရွိေနတာေပါ့။ ေတာ္ေတာ္မ်ားမ်ားက စစ္ကိုင္းဘက္က PDF ေတြ လည္း အဲဒီဘက္ ေရာက္ေနတာ။ ကခ်င္ဘက္ကဟာ ေတြလည္း အဲဒီဘက္ ေရာက္ေနတယ္။ ျမစ္ဆုံ ေခၚ မွာေပါ့။ အဲဒီဘက္တို႔ ေနာက္ ျမင္းၿခံတို႔၊ ႏြားထိုးႀကီး တို႔ အဲဒီဘက္ ေရာက္ေနတယ္။ အဓိကေတာ့ မလႈိင္၊ ေတာင္သာ၊ ဝဲေလာင္၊ ေက်ာက္ပန္းေတာင္း ၾကားထဲ မွာ သူတို႔ေရာက္ေနတယ္။
ေမး - အဲဒီဘက္က PDF ေတြဘက္က အင္အား ဆုံးရႈံးမႈေတြ ဘာေတြေကာ ဘာၾကားမိေသးလဲ။
ေျဖ - အဲဒါကေတာ့ အၾကားနဲ႔ပဲ။ သိရသေလာက္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေသတယ္။
ေမး - ၿပီးခဲ့တဲ့တစ္ေခါက္ အဘထြက္ပြဲမွာ ပုပၸားကို ဘုရားဖူး ေတာ္ေတာ္မ်ားမ်ား သြားၾကတာေတြ႕ပါတယ္။ လမ္းခရီးက အဆင္ေျပလား။ ဘယ္လိုျမင္ရလဲ။
ေျဖ - မလုံၿခဳံဘူး။ ဘုရားဖူးရယ္လို႔လည္း သီးျခား ခြင့္ျပဳတာ မရွိဘူး။ မထင္ရင္ မထင္သလို စစ္တာမ်ိဳး ရွိႏိုင္တယ္။ လူကလည္း ပုံစံဘာညာ မႀကိဳက္ရင္ သူ တို႔ စစ္တယ္။ စစ္လိုက္ရင္ ခုနကေျပာသလို စခန္းမႉး တို႔၊ ဗိုလ္မႉးတစ္ေယာက္ ဖုန္းနံပါတ္တို႔ ဒါမ်ိဳးကေတာ့ ရွိတာေပါ့။ လူတိုင္း ေတာ္ေတာ္မ်ားမ်ားမွာ ရွိတယ္။ သူတို႔က ဖုန္း Contact ထဲမွာ ဗိုလ္မႉးလို႔ ႐ိုက္ရွာ ၾကည့္တယ္။ မရရင္ ဗမ လို႔ ႐ိုက္ရွာၾကည့္တယ္။ စခန္းမႉးဆို စခန္းမႉးလို႔ ႐ိုက္ၾကည့္တယ္။ ၿမိဳ႕နယ္မႉး ဆို ၿမိဳ႕နယ္မႉးလို႔ ႐ိုက္ၾကည့္တယ္။ နယ္ထိန္းဆို နယ္ထိန္းလို႔ ႐ိုက္ၾကည့္တယ္။ ေပၚလာရင္ ဆြဲခ်ထား လိုက္တယ္။
ေမး - အသိထဲမွာေကာ အဲဒီလို ပါသြားဖူးတဲ့သူ ရွိလား။
ေျဖ - ရွိတယ္။ ကြၽန္ေတာ္ သူ႔ကိုေမးၾကည့္တယ္။ သူ က စခန္းမႉးဖုန္းနံပါတ္ပါလို႔ ခင္ဗ်ား ခဏေဘးရပ္ ဆိုေတာ့သူက ဖမ္းလည္း ဖမ္းမယ္မွန္းသိေတာ့ ႐ုပ္ ပ်က္ၿပီး ညီေလးတို႔ မလုပ္ပါနဲ႔ဆိုၿပီး အဲဒီနားတင္ ထိုင္ ကန္ေတာ့ ေတာင္းပန္တာ။ မိန္းလမ္းေပၚမွာတင္ ခင္ ဗ်ား ကြၽန္ေတာ္တို႔ကို ျပည္သူေတြၾကားထဲ ေ-ာက္ရွက္ ခြဲေနတာလား၊ ခင္ဗ်ားကို သတ္ပစ္လိုက္မယ္ ညာ လုပ္မယ္ဆိုၿပီးေျပာတယ္။ ဒါေပမဲ့ တျခားလူ ျဖတ္ သြားရင္ ျမင္တာကက်ေတာ့ ခုနကစကားကို အၿပဳံး ေလးနဲ႔ေျပာတာ။ လူ႔ေရွ႕သူ႔ေရွ႕က် ပုံရိပ္မက်ေအာင္ ထိန္းတာ။ မိန္းလမ္းေဘး စစ္ေနတာမွာ ေဆးလိပ္ေတြ ဘာေတြတိုက္၊ ကြမ္းေတြ ဘာေတြ ေကြၽးေသးတယ္ အမ်ားျမင္ေအာင္။ ဒါေပမဲ့ ေျပာေနတာေတြက စကားလုံးက ၾကမ္းတယ္။ ကုန္ကုန္ေျပာရရင္ ဖမ္း သြားတယ္ေပါ့ဗ်ာ။ ျပန္လႊတ္ေတာ့ ကားယူထားလိုက္ တယ္။ သူ႔ကို လိုင္းကားနဲ႔တင္ေပးလိုက္တာ။ လိုင္း ကား ေစာင့္ေနတုန္းကို Shark ႏွစ္ဘူးတိုက္တယ္။ အစ္ကိုႀကီးေသာက္ အစ္ကိုႀကီးေသာက္နဲ႔။ ညက လည္း ဆဲတာက ဒီေကာင္ေတြပဲ။ ေတာ္ေတာ္ ႐ုပ္ ေျပာင္း ႐ုပ္လႊဲတတ္တယ္တဲ့။ အဲဒီ အနီအမာခံ ေျပာ တာေနာ္။
ေမး - အနီ အနီးခ်င္းေတာင္မွ အထာမထားဘူးဆို တဲ့သေဘာေပါ့။
ေျဖ - ဟုတ္တယ္၊ ဟုတ္တယ္။
ေမး - ေဒသမွာ လက္နက္ကိုင္ေတြေရာက္လာေတာ့ ေဒသစီးပြားေရးက ဘယ္ေလာက္ထိသြားလဲ။
ေျဖ - အစ္ကိုႀကီးရယ္ ပြင့္ပြင့္လင္းလင္းေျပာရရင္ ေတာ့ အရင္ကလို မဟုတ္ေတာ့ဘူး။ ျဖည္းျဖည္းခ်င္းနဲ႔ အက်ဘက္ေရာက္လာၿပီ။ က်တာမွ ေတာ္ေတာ္ အက်ဘက္ေရာက္လာတာ။ လူက်ဲသြားတယ္။ တစ္ ပတ္ထက္ တစ္ပတ္ကို သိသိသာသာ ေတာ္ေတာ္ဆိုး လာတာ။
ေမး - အရင္အေျခအေနနဲ႔ႏႈိင္းယွဥ္ရင္ ၿမိဳ႕စီးပြား ေရးက ဘယ္ေလာက္က်သြားတယ္လို႔ ေျပာႏိုင္မလဲ။
ေျဖ - အရင္ထက္စာရင္ သုံးဆယ့္ငါးရာခိုင္ႏႈန္း ေလာက္ေတာ့ က်မယ္။ အရမ္းေတာ့ မဟုတ္ဘူး။ ဘာ လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က အေကာင္းဆုံးလို႔ ေျပာရမယ္။ တျခားၿမိဳ႕ထက္စာရင္ ကြၽန္ေတာ္တို႔ ၿမိဳ႕ က အရင္တည္းက ေကာင္းတာကိုး။ အခ်က္အခ်ာက် တာကိုး။ ေရနံေမွာ္ပိတ္လိုက္ေတာ့ နည္းနည္းေတာ့ အလုပ္ပါသြားတာေပါ့။
ေမး - မ်က္ျမင္အရ ျဖစ္ေစ၊ တစ္ဆင့္စကားအရ ျဖစ္ ေစ PDF အင္အားေလ်ာ့သြားတယ္ထင္လား။
ေျဖ - ခုနက အစ္ကို႔ကို ရွင္းျပသလိုေပါ့။ တိုက္နယ္ ႏွစ္ခုရွိတယ္။ ေပြးက်စ္က ေရနံေခ်ာင္းနဲ႔ နတ္ေမာက္နဲ႔ ေက်ာက္ပန္းေတာင္းနဲ႔ အဆုံမွာေရာက္ေနတာ။ နတ္ ေမာက္ကလည္း တပ္က တအားကို သမေနတာ။ ေလေၾကာင္း ႀကဲလိုက္ေဆာ္လိုက္ဆိုေတာ့ နတ္ေမာက္ က အဖြဲ႕ေတြက ေရာက္လာျပန္ေရာ။ ေရနံေခ်ာင္းမွာ လည္း ေတာက္ေလွ်ာက္တိုက္တယ္၊ ေဆာ္ေတာ့ ကြၽန္ေတာ္တို႔ဘက္ကို ေတာက္ေလွ်ာက္ ေရာက္လာ တယ္။
ေမး - ကြၽန္ေတာ္တို႔သိရသေလာက္ တပ္မေတာ္ ဘက္ကလည္း ေတာ္ေတာ္ေခ်မႈန္းေနတယ္။ ျဖတ္ ေတာက္တာေတြ ရွိတယ္။ ဆိုေတာ့ ဒီေနာက္ပိုင္းမွာ PDF ေတြ ကိုယ္က်ိဳးရွာလို႔ရတဲ့ ပမာဏ နည္းသြား တယ္၊ ေလ်ာ့သြားတယ္ထင္လား။
ေျဖ - ေလ်ာ့သြားတယ္ ထင္လားဆိုေတာ့ လူက မ်ား လာတာရယ္ ဆရာႀကီးေတြ ေတာ္ေတာ္မ်ားမ်ားက ဒီဘက္ လာစုေနတာေပါ့။ နဂိုက ေမာင္ေဆာင္းခ တပည့္တို႔ ဘာတို႔ ဒီဘက္ျပန္ေရာက္ေနတယ္။ ေမာင္ ေဆာင္းခေတာ့ ေရာက္သံမၾကားဘူး။ အဲဒီလို ေရာက္ ေနတာျဖစ္တဲ့အတြက္ ခတ္သံေတာ့ ၾကားရတာေပါ့။ နယ္ေျမက်ဥ္းလာၿပီး အကုန္လုံးက ဗိုလ္ေတြခ်ည္းပဲ ဆိုေတာ့ သူခတ္ ကိုယ္ခတ္အေနအထားေတာ့ ရွိတာ ေပါ့။
ေမး - ပြတ္တိုက္မႈေတြ ရွိေနတာေပါ့။
ေျဖ - ရွိတယ္ ရွိတယ္။
ေမး - ဘယ္လိုမ်ိဳးလို႔ ၾကားမိလဲ။
ေျဖ - ကြၽန္ေတာ္တို႔ လိုင္းေပၚမွာသိတဲ့ အေနအထား ေပါ့ေနာ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ တိုက္ခ်င္တာနဲ႔ မတိုက္ခ်င္တဲ့အဖြဲ႕ေတြ ရွိတယ္။ ဒီဘက္မွာ နာမည္ ေျပာလို႔ မေကာင္းလို႔သာ။ သိရသေလာက္ အလင္းဝင္ တာ ရွိတယ္။ ဒီဘက္မွာေလ။
ေမး - ဆိုေတာ့ အလင္းဝင္တာ ရွိတယ္ဆိုေတာ့ စိတ္ ဓာတ္ပိုင္းအရ ပ်က္ျပားေနတယ္ ေျပာႏိုင္မလား။
ေျဖ - ေျပာႏိုင္တာေပါ့။ တခ်ိဳ႕ကက်ေတာ့လည္း ေရွ႕တိုးမရ၊ ေနာက္ဆုတ္မရ လူေတြလည္း ရွိတာေပါ့။ ဦးေထာင္တဲ့ အပိုင္းေတာ့ မရွိဘူး။ ဒါေတာင္ ဟိုဘက္ ေ႐ြ႕လာလိုက္၊ ဒီကေ႐ြ႕လာလိုက္ လူေတြက ဒီမွာလာ ၿပီး အနည္းထိုင္ေနတာျဖစ္တဲ့အတြက္ အင္အားမ်ား တယ္လို႔ ေျပာရမယ္။ ဒါေပမယ့္ ဦးက်ိဳးေနတဲ့ သေဘာရွိတယ္။
ေမး - ၿမိဳ႕ခံေတြက တိုက္ပြဲေတြနဲ႔ပတ္သက္လို႔ ဘယ္ လို သေဘာရွိလဲ။
ေျဖ - တျခားၿမိဳ႕ေတာ့မသိဘူးအစ္ကိုႀကီး။ ကြၽန္ေတာ္ တို႔ ၿမိဳ႕ကေတာ့ လက္မခံဘူး။ လက္မခံဆိုတာက ဟို ဘက္က တိုက္မယ့္သူကလည္း ဘယ္ေလာက္ ထိန္း ထားႏိုင္မွာလဲဆိုတဲ့စကားကို မေျဖႏိုင္ဘူးေပါ့။ ေတာ္ေတာ္မ်ားမ်ားကလည္း အနီေတြက သူတို႔ တိုက္ မယ္ဆိုရင္ ဘယ္ေလာက္ထိန္းႏိုင္မွာလဲေပါ့။ ၿမိဳ႕ နာမွာမ်ိဳး မလုပ္ပါနဲ႔ေပါ့။
ေမး - သူတို႔ကို အရင္ေထာက္ခံသူေတြ စိတ္ထဲမွာ PDF ေတြနဲ႔ ပတ္သက္လို႔ သေဘာထားက ဘယ္လို ရွိတယ္လို႔ ၾကားရလဲ။
ေျဖ - သေဘာထားကေတာ့ နဂိုတုန္းကေတာ့ ေနရာ တိုင္း ေနရာတိုင္းမွာ ကေလးေတြ၊ ကေလးေတြဆိုၿပီး ေျပာၾကတာေပါ့။ ကေလးေတြလုပ္ရပ္က ဘယ္လို ေတာ္တယ္ဆိုတဲ့အေၾကာင္း ခ်ီးမြမ္းခန္းက ေျပာၾက တာေပါ့။ အခု လက္ဖက္ရည္ဝိုင္းမွာ ေနရာတိုင္းမွာ အနံ႔ထြက္လာေတာ့ ေထာက္ခံတဲ့သူက မေျပာရဲေတာ့ ဘူး။ တအား မေျပာရဲေတာ့ဘူး။ မဟုတ္တာ လုပ္တာ မ်ားေနတာကိုး။ ေတာ္ေတာ္ေလး ၾကားေနရတာကိုး။
ေမး - မဟုတ္တာလုပ္တဲ့ဟာက အၾကမ္းဖ်င္းဆို ဘယ္ဟာေတြလို႔ ေျပာလို႔ရမလဲ။ အဲဒီေဒသဘက္မွာ ေပါ့။
ေျဖ - ပထမအခ်က္ ပုဂၢိဳလ္ေရး ဆန္တယ္။ ေမာင္ျဖဴ နဲ႔ အၿငိဳးရွိတယ္ဆိုရင္ ေမာင္ျဖဴကို လာေခၚၿပီး ဒလန္၊ သူလွ်ိဳဆို သတ္တာတို႔၊ လူေခၚတာတို႔၊ ႐ိုက္ႏွက္စစ္ တာတို႔ အဲဒီလိုဟာေတြ လုပ္တာမ်ားတာ။
ေမး - လက္နက္အားကိုး အႏိုင္က်င့္တတ္တဲ့ စိတ္ ေတြ ရွိလာတယ္ေပါ့။
ေျဖ - အမွန္ေပါ့။ အဲဒီလိုရွိလာေတာ့ ေတာ္ေတာ္ မ်ားမ်ားက လက္မခံဘူး။ အရင္ကဆို ကြၽန္ေတာ္က ေျပာရင္ ဒီေကာင္က ေဘာမမို႔လို႔ဆိုတဲ့ စကားလုံးနဲ႔ပဲ ၿပီးသြားတာကိုး။ အခုက်ေတာ့ ေတာ္ေတာ္မ်ားမ်ား ၾကားေနရတယ္။ ျမင္ေနရတယ္ေလ။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။