ကျောက်ဆည်တက္ကသိုလ်တွင် မြန်မာဝတ်စုံကိုသာ ဝတ်ဆင်ခွင့်ပြုမည်ဆို၍ ကျောင်းသူအချို့ အခက်အခဲဖြစ်နေ

 310

စော(NP News) -အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်တက္ကသိုလ်တွင် အဝေးသင်သင်တန်းတက်ရောက်မည့်သူများကို မြန်မာဝတ်စုံကိုသာ ဝတ်ဆင်ခွင့်ပြုမည်ဆို၍ ကျောင်းသူအချို့ အခက်အခဲဖြစ်နေကြောင်း သိရသည်။
ယခင်က ကျောက်ဆည်တက္ကသိုလ်သို့ ဘောင်းဘီရှည်၊ စကပ်ရှည်များကို ဝတ်ဆင်ခွင့်ရှိခဲ့ပြီး ယခုနောက်ဆုံးအသုတ်မှ စတင်ကာ ဝင်ခွင့်ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ကျောက်ဆည်တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ ဆုံဆည်းရာ ဂရုထံမှ သိရသည်။
“တိတိကျကျတော့ မသိဘူး မေးပေးတဲ့ သူက စာရေးမ။ စာထုတ်ထားတာတော့ မရှိဘူးတဲ့ ကျွန်တော်တို့ တက်တုန်းကလဲ ဝတ်နေကြတာပါပဲ။ ဘောင်းဘီ၊ ဂါဝန် အတို နဲ့ တော်တော်ရုပ်ပေါက်နေမှသာ မဝတ်ခိုင်းတာပါ။ တော်ရုံ ရပါတယ်”ဟု ကျောက်ဆည်ကျောင်းသားဟောင်းတစ်ဦးက NP Newsကိုပြောသည်။
ထိုသို့ကန့်သတ်လိုက်သည့်အပေါ် တရားဝင်စာထုတ်ထားခြင်းမရှိသည့်အတွက် မြန်မာဝတ်စုံအနည်းငယ်သာပါသည့် ‌ကျောင်းသူများရှိသကဲ့သို့ မြန်မာဝတ်စုံမပါသည့် ကျောင်းသူများလည်း ရှိနေ၍ စာမေးပွဲဖြေဆိုချိန်တွင်သာ ကန့်သတ်သင့်ကြောင်း ထောက်ပြမှုများရှိနေခဲ့သည်။
အဆိုပါကန့်သတ်ချက်သည် ရှေ့အသုတ်တွင် တက်ရောက်ခဲ့သော နောက်ကွဲအင်္ကျီဖြင့် TikTokဆော့ခဲ့သည့် ကျောင်းသူတစ်ဦးကြောင့် ဖြစ်နိုင်ကြောင်း ကောက်ချက်ချမှုများရှိနေခဲ့သည်။

Zawgyi Version:
ေက်ာက္ဆည္တကၠသိုလ္တြင္ ျမန္မာဝတ္စုံကိုသာ ဝတ္ဆင္ခြင့္ျပဳမည္ဆို၍ ေက်ာင္းသူအခ်ိဳ႕ အခက္အခဲျဖစ္ေန
ေစာ(NP News) -ေအာက္တိုဘာ ၅
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္တကၠသိုလ္တြင္ အေဝးသင္သင္တန္းတက္ေရာက္မည့္သူမ်ားကို ျမန္မာဝတ္စုံကိုသာ ဝတ္ဆင္ခြင့္ျပဳမည္ဆို၍ ေက်ာင္းသူအခ်ိဳ႕ အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။
ယခင္က ေက်ာက္ဆည္တကၠသိုလ္သို႔ ေဘာင္းဘီရွည္၊ စကပ္ရွည္မ်ားကို ဝတ္ဆင္ခြင့္ရွိခဲ့ၿပီး ယခုေနာက္ဆုံးအသုတ္မွ စတင္ကာ ဝင္ခြင့္ကန္႔သတ္လိုက္ျခင္းျဖစ္ေၾကာင္း ေက်ာက္ဆည္တကၠသိုလ္ ေက်ာင္းသား/ေက်ာင္းသူမ်ား ဆုံဆည္းရာ ဂ႐ုထံမွ သိရသည္။
“တိတိက်က်ေတာ့ မသိဘူး ေမးေပးတဲ့ သူက စာေရးမ။ စာထုတ္ထားတာေတာ့ မရွိဘူးတဲ့ ကြၽန္ေတာ္တို႔ တက္တုန္းကလဲ ဝတ္ေနၾကတာပါပဲ။ ေဘာင္းဘီ၊ ဂါဝန္ အတို နဲ႔ ေတာ္ေတာ္႐ုပ္ေပါက္ေနမွသာ မဝတ္ခိုင္းတာပါ။ ေတာ္႐ုံ ရပါတယ္”ဟု ေက်ာက္ဆည္ေက်ာင္းသားေဟာင္းတစ္ဦးက NP Newsကိုေျပာသည္။
ထိုသို႔ကန႔္သတ္လိုက္သည့္အေပၚ တရားဝင္စာထုတ္ထားျခင္းမရွိသည့္အတြက္ ျမန္မာဝတ္စုံအနည္းငယ္သာပါသည့္ ‌ေက်ာင္းသူမ်ားရွိသကဲ့သို႔ ျမန္မာဝတ္စုံမပါသည့္ ေက်ာင္းသူမ်ားလည္း ရွိေန၍ စာေမးပြဲေျဖဆိုခ်ိန္တြင္သာ ကန႔္သတ္သင့္ေၾကာင္း ေထာက္ျပမႈမ်ားရွိေနခဲ့သည္။
အဆိုပါကန႔္သတ္ခ်က္သည္ ေရွ႕အသုတ္တြင္ တက္ေရာက္ခဲ့ေသာ ေနာက္ကြဲအက်ႌျဖင့္ TikTokေဆာ့ခဲ့သည့္ ေက်ာင္းသူတစ္ဦးေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ေကာက္ခ်က္ခ်မႈမ်ားရွိေနခဲ့သည္။

Related news

© 2021. All rights reserved.