မြောက်ကိုရီးယားက ဆောက်လုပ်ရေးလုပ်သား(၅၀၀၀)ခန့်ကို ရုရှားကို ပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယားပြော

140

Pika (NP News)-နိုဝင်ဘာ ၆
ပြီးခဲ့တဲ့စက်တင်ဘာလကနေစတင်ပြီး အခြေခံအဆောက်အဦးပြန်လည်တည်ဆောက်ရေးမှာ ကူညီဖို့အတွက် မြောက်ကိုရီးယားက ရုရှားကို ဆောက်လုပ်ရေးလုပ်သား(၅၀၀၀)ခန့် ပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် မြောက်ကိုရီးယားဟာ ရုရှားကို ၎င်းရဲ့တပ်ဖွဲ့ဝင်ထောင်ချီပေးပို့ခဲ့ပြီး အပြန်အလှန်အနေနဲ့ အရေးကြီးတဲ့ အကူအညီပေါင်းများစွာကို ပြန်လည်လက်ခံရရှိခဲ့တယ်လို့လည်း သိရပါတယ်။တောင်ကိုရီးယားအစိုးရက”မြောက်ကိုရီးယားဟာ ဆောက်လုပ်ရေးလုပ်သား(၅၀၀၀)လောက်ကို ပြီးခဲ့တဲ့စက်တင်ဘာလတည်းက ရုရှားကို ပေးပို့နေခဲ့တာပါ။မြောက်ကိုရီးယားဆောက်လုပ်ရေးလုပ်သားတွေဟာ ရုရှားရဲ့အခြေခံအဆောက်အဦးတွေ ပြန်လည်တည်ဆောက်ရာမှာ ပါဝင်ကူညီပေးသွားနိုင်ဖွယ်ရှိနေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ရုရှားမှာ နောက်ထပ်တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ချထားဖို့အတွက် ပြင်ဆင်မှုတွေနဲ့ ရွေးချယ်မှုလက္ခဏာတွေကို ဆက်လက်တွေ့ရှိနေရတယ်လို့လည်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားအစိုးရဟာ ရုရှား-ယူကရိန်းနယ်စပ်အနီးမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်(၁၀၀၀၀)လောက်ကို ဖြန့်ကျက်ချထားလျက်ရှိတယ်လို့လည်း တောင်ကိုရီးယားအစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားက ေဆာက္လုပ္ေရးလုပ္သား(၅၀၀၀)ခန႔္ကို ႐ုရွားကို ေပးပို႔ခဲ့တယ္လို႔ ေတာင္ကိုရီးယားေျပာ
Pika (NP News)-ႏိုဝင္ဘာ ၆
ၿပီးခဲ့တဲ့စက္တင္ဘာလကေနစတင္ၿပီး အေျခခံအေဆာက္အဦးျပန္လည္တည္ေဆာက္ေရးမွာ ကူညီဖို႔အတြက္ ေျမာက္ကိုရီးယားက ႐ုရွားကို ေဆာက္လုပ္ေရးလုပ္သား(၅၀၀၀)ခန႔္ ေပးပို႔ခဲ့တယ္လို႔ ေတာင္ကိုရီးယားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ေျမာက္ကိုရီးယားဟာ ႐ုရွားကို ၎ရဲ႕တပ္ဖြဲ႕ဝင္ေထာင္ခ်ီေပးပို႔ခဲ့ၿပီး အျပန္အလွန္အေနနဲ႔ အေရးႀကီးတဲ့ အကူအညီေပါင္းမ်ားစြာကို ျပန္လည္လက္ခံရရွိခဲ့တယ္လို႔လည္း သိရပါတယ္။ေတာင္ကိုရီးယားအစိုးရက”ေျမာက္ကိုရီးယားဟာ ေဆာက္လုပ္ေရးလုပ္သား(၅၀၀၀)ေလာက္ကို ၿပီးခဲ့တဲ့စက္တင္ဘာလတည္းက ႐ုရွားကို ေပးပို႔ေနခဲ့တာပါ။ေျမာက္ကိုရီးယားေဆာက္လုပ္ေရးလုပ္သားေတြဟာ ႐ုရွားရဲ႕အေျခခံအေဆာက္အဦးေတြ ျပန္လည္တည္ေဆာက္ရာမွာ ပါဝင္ကူညီေပးသြားႏိုင္ဖြယ္ရွိေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ႐ုရွားမွာ ေနာက္ထပ္တပ္ဖြဲ႕ဝင္ေတြ ျဖန႔္က်က္ခ်ထားဖို႔အတြက္ ျပင္ဆင္မႈေတြနဲ႔ ေ႐ြးခ်ယ္မႈလကၡဏာေတြကို ဆက္လက္ေတြ႕ရွိေနရတယ္လို႔လည္း ေတာင္ကိုရီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။ေျမာက္ကိုရီးယားအစိုးရဟာ ႐ုရွား-ယူကရိန္းနယ္စပ္အနီးမွာ ေျမာက္ကိုရီးယားတပ္ဖြဲ႕ဝင္(၁၀၀၀၀)ေလာက္ကို ျဖန႔္က်က္ခ်ထားလ်က္ရွိတယ္လို႔လည္း ေတာင္ကိုရီးယားအစိုးရက စြပ္စြဲေျပာဆိုခဲ့ပါတယ္။