စစ်ပွဲမျိုးဆက်၊ စစ်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် မြန်မာနိုင်ငံ (၂) (အတွေးအမြင် ဆောင်းပါး)

302

အောင်နိုင်သူ (ဇွဲကပင်) - (NP News) - နိုဝင်ဘာလ ၆
ဂျာမန်စစ်ပညာရှင်ကလော့စ်ဝဇ်(Caluse wits) က စစ်သည် နိုင်ငံရေးကို အခြားနည်းလမ်းဖြင့်ဖြေရှင်း ခြင်းဖြစ်သည်။ စစ်သည်အခြားမဟုတ်။ မိမိအလိုကျ ရန်သူကလုပ်ဆောင်စေရန် ဆောင်ရွက်ချက်တစ်ရပ် ပင်ဖြစ်သည်။ နိုင်ငံရေးရည်မှန်းချက်မပါရှိသောစစ်ပွဲ သည် အဓိပ္ပာယ်မရှိ။ အနှစ်မဲ့ဟုဆို၏။ စစ်ရေးသည် နိုင်ငံရေး၏အဆက်ဖြစ်သည်ဟုလည်း ဆိုထားသည်။
ထို့ပြင် ကလော့စ်ဝဇ်ကပင် စစ်သည် နိုင်ငံရေး၏ ဖြစ်စဉ်မှ သွေဖည်ခြင်းအလျှင်းမရှိ။ နိုင်ငံရေး၏လမ်း ကြောင်း ပြောင်းပစ်ခြင်းမရှိ။ နိုင်ငံရေး၏ဖြစ်စဉ်လား ရာအတိုင်းသာ စစ်သည်ဖြစ်ပွား၏။ စစ်မက်ဖြစ်ပွား မှုနည်းလမ်းသည် မည်သို့ပင်ဖြစ်စေ ရည်ရွယ်ချက်မှာ မူ နိုင်ငံရေးဖြစ်စဉ်အတွင်း၌ပင်ရှိနေ၏။ စစ်မက်ဖြစ် ပွားချိန်မှ ငြိမ်းချမ်းရေးရသည့်အချိန်ထိ စစ်ပွဲများ အ ဆက်မပြတ်ဖြစ်ပွားခြင်းသည် စစ်သည် နိုင်ငံရေး၏ အနားသပ်ဘောင်အတွင်း၌သာရှိနေခြင်းကြောင့်ဖြစ် သည်။ ဤကား စစ်နှင့်နိုင်ငံရေးပတ်သက်မှုကို ကလော့စ်ဝဇ်၏ယူဆချက်များဖြစ်ပေသည်။
ဤသို့ဆိုလျှင် ကလော့စ်ဝဇ်၏အဆိုအရ စစ် သည် နိုင်ငံရေးနှင့် ကင်း၍မရသကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း စစ်သည် နိုင်ငံရေးနှင့်ကင်း၍မရကြောင်း ရှေ့က နိုင်ငံရေးပဋိပက္ခဖြစ်ပြီးဆိုလျှင် နောက်ကနေ စစ်ရေးပဋိပက္ခက ကပ်၍ပါလာတတ်သည်ကိုတွေ့ရ သည်။
ထို့ကြောင့် နိုင်ငံရေးပဋိပက္ခကိုဖြေရှင်းရန်လိုအပ် သကဲ့သို့ စစ်ရေးနှင့်လည်း မျက်ခြည်မပြတ်ရန်လို သည်။ စစ်ရေးတွင် အသာစီးမရမှုသည် နိုင်ငံရေးမှာ နောက်ဆက်တွဲဆိုးကျိုးများ ရင်ဆိုင်လာရနိုင်သည်။ ထို့ကြောင့် စစ်ရေးစစ်ရာများသည် လုံးဝ မျက်ခြည် ပြတ်မရဘဲ အမြဲတမ်း ခေတ်နှင့်အညီ ပြောင်းလဲနိုင် ရေး ပြင်ဆင်ထားရန်လိုအပ်သည်။ တစ်ဖက်တွင် လည်း စစ်ရေးစစ်ရာများကို မျက်ခြည်မပြတ်လေ့လာ ပြီး ပြင်ဆင်ဆောင်ရွက်နေမှသာ နိုင်ငံရေးရောစစ်ရေး မှာပါ အသာစီးရနိုင်မည်ဖြစ်သည်ကို သောင်းကျန်းသူ ၏ (၁၀၂၇)စစ်ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံလည်း ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။
စစ်ရေးစစ်ရာများကိုလေ့လာကြည့်ရာတွင် မဖြစ်မနေသိထားသင့်ပြီး ခေတ်နှင့်အညီ လိုက်ပါပြင် ဆင်ရမည့်အချက်(၂)ချက်ရှိသည်ကိုတွေ့ရသည်။ အဆိုပါအချက်(၂) ချက်မှာ...
(၁) စစ်ပွဲမျိုးဆက်များကို သိရှိနားလည်ရန်လိုအပ် ခြင်း။
(၂) စစ်မက်ရေးရာ တော်လှန်ပြောင်းလဲမှုကို သိရှိနား လည်ရန် လိုအပ်ခြင်းတို့ဖြစ်သည်။
စစ်ပွဲမျိုးဆက်များကို ထပ်မံ ခွဲခြားစိတ်ဖြာကြည့် ရာ ကိုင်ဆွဲသည့်လက်နက် (Weaponry) ကိုအခြေ ခံ၍ခွဲခြားရသော စစ်ပွဲမျိုးဆက်(၇)ဆက်နှင့် စစ်တိုက် နည်း/စစ်နည်းဗျူဟာကိုအခြေခံပြီးခွဲခြားရသော စစ်ပွဲမျိုးဆက် (၅)ဆက်ခွဲခြားထားသည်ကို လေ့လာ တွေ့ရှိရသည်။ ကိုင်ဆွဲသည့်လက်နက်ကိုအခြေခံပြီး ပြောင်းလဲလျက်ရှိသော စစ်ပွဲမျိုးဆက်(၇)ဆက်မှာ...
(၁) ခြေလျင်နှင့် မြင်းတပ်သားများပါဝင်ပြီး ပေါက်ကွဲ ယမ်းအသုံးပြုလက်နက်များမပေါ်သေးသော လေး၊ မြှားနှင့်လှံတို့ကိုသာအဓိကအသုံးပြုကြသည့် ပထမ မျိုးဆက်။
(၂) ပေါက်ကွဲယမ်းနှင့် ပြောင်းချောလက်နက်များအ သုံးပြုသော ဒုတိယမျိုးဆက်။
(၃) ပြောင်းရစ်ရိုင်ဖယ်များ၊ အမြောက်များကြောင့် ပို၍ တာဝေးပစ်ခတ်နိုင်သော ပစ်ခတ်မှုပို၍တိကျသည့် ပစ်အားလည်းကောင်းလာသော တတိယမျိုးဆက်။
(၄) မောင်းပြန်လက်နက်များ၊ တင့်ကားများ၊ လေ ယာဉ်များ၊ ဆက်သွယ်ရေးစက်များ ပို၍သာလွန်သော
ပို့ဆောင်ရေးနည်းလမ်းများအသုံးပြုသည့် စတုတ္ထမျိုး ဆက်။
(၅) အဏုမြူလက်နက်နှင့် အဖျက်စွမ်းအားကြီးလက် နက်များပေါ်လာသော ပဉ္စမမျိုးဆက်။
(၆) သတင်းနှင့်ကိန်းဂဏန်းအချက်အလက်များ တွက်ချက်ခြင်း (Data Processing) ကိုအခြေခံ၍ တိကျစွာပစ်ခတ်နိုင်သောလက်နက်စနစ်များ (Sm- art Weapon) အသုံးပြုသော ဆဋ္ဌမမျိုးဆက်။
(၇) လူသားများနေရာ၌ စက်ရုပ်များဖြင့် ဘက်ပေါင်းစုံ အစားထိုး၍ ဆက်သွယ်ရေးစနစ်များ၊ လျှပ်စစ်နှင့် ရေ အစရှိသည့် Utilitiesများကိုဖြတ်တောက်ပစ်ပြီး Electronic Warfare Cyber Warfare အသွင်တိုက်ခိုက်ကြသော သတ္တမမျိုးဆက်တို့ဖြစ်သည်။
ထိုနည်းတူ စစ်တိုက်နည်း (War Fighting) ၊ စစ်နည်းဗျူဟာ (Malitary Strategy) ကိုအခြေခံ ပြီး စစ်ပွဲမျိုးဆက်(၅)ခုကိုလည်း တွေ့ရှိရသည်။
အဆိုပါ စစ်ပွဲမျိုးဆက်များမှာ
( ၁) အတွဲလိုက်အတန်းလိုက် ( Line and Colu- mn) စစ်နည်းဗျူဟာ ကျင့်သုံးတိုက်ခိုက်ရသည့်အစဉ် လိုက်စစ်ပွဲ၊ ပထမမျိုးဆက်စစ်ပွဲ။
(၂) အတွဲလိုက်ပစ်အား (Linear Fire) နှင့်ထုကို အားပြုစစ်ဆင်သည့် ချွေစစ်စစ်ပွဲ(Attrition War- fare) ၊ ဒုတိယမျိုးဆက်စစ်ပွဲ။
(၃) အချိန်အလစ်အငိုက်နှင့်လှည့်စားမှုကို အားပြုစစ် ဆင်သည့် လှုပ်ရှားစစ်ကစားပွဲ(Maneuver Warfare) ၊ တတိယမျိုးဆက်စစ်ပွဲ။
(၄) ဘက်မညီ အလွှာစုံပါဝင်ပြီး အမြဲတမ်းမဟုတ် သောစစ်ဆင်မှုကိုအခြေပြုသည့် " ဘက်မညီခေတ်၊ ဘက်မညီစစ်ပွဲ" (Age of Asymmetric War- fare)။
(၅) သိပ္ပံနှင့်နည်းပညာ အံ့မခန်းထွန်းကားလာ၍ မောင်းသူမဲ့လေယာဉ်များ၊ ဒရုန်းများ၊ ဉာဏ်ရည်တုစစ် သားများပေါ်ထွန်းလာသည့်စစ်ဆင်ရေးကို စစ်မှုရေး ရာ ပဉ္စမမျိုးဆက်စစ်ပွဲ (Fifth Generation Warfare) တို့ဖြစ်ကြသည်။
ကိုင်ဆွဲသည့်လက်နက်အပေါ် အခြေခံထား သည့်စစ်ပွဲမျိုးဆက်သည် ကြိုတင်ခန့်မှန်း၍ရနိုင်သော် လည်း စစ်နည်းဗျူဟာမျိုးဆက်ကမူ ကြိုတင်ခန့်မှန်း၍ မရဘဲ စစ်ပွဲအတွင်း ကျင့်သုံးလာမှုအပေါ်မူတည်၍ သတ်မှတ်ကြသည်က ထူးခြားမှုဖြစ်သည်။
ထို့ကြောင့် စစ်နည်းဗျူဟာမျိုးဆက်သည် မကြာ ခဏဆိုသကဲ့သို့ပြောင်းလဲလေ့ရှိသည်။ အထူးသဖြင့် စစ်ရေးစစ်ရာများနှင့် မျက်ခြည်ပြတ်၍မရသော မိမိတို့ နိုင်ငံအနေဖြင့် အမြဲတစေ လေ့လာပြင်ဆင်ပြီး သု တေသနပြုကာ ပြောင်းလဲလာမည့် စစ်ပွဲမျိုးဆက်များ ၏စိန်ခေါ်မှုကိုအသင့်ဖြစ်နိုင်ရေး ပြင်ဆင်ထားရမည် ဖြစ်ပါသည်။
စစ်ပွဲမျိုးဆက်များကိုလေ့လာကြည့်သည့်အခါ ကိုင်ဆွဲသည့်လက်နက်နှင့်ပတ်သက်သည့် မျိုးဆက် ကိုမူ ကြိုတင်မျှော်တွေး ခန့်မှန်း၍ရနိုင်သော်လည်း စစ်နည်းဗျူဟာကမူ ကျင့်သုံးမှုပေါ်မူတည်ပြီး ပြောင်း လဲကြရသည်ကို ထူးထူးခြားခြားတွေ့ရပါသည်။ ထိုကဲ့ သို့ ထူးခြားသည့်စစ်နည်းဗျူဟာမျိုးဆက်ကြောင့်ပင် စစ်ပွဲမျိုးဆက် အလျင်အမြန်ပြောင်းလဲလာသည့်အခါ အဆင်သင့်ဖြစ်မနေမှုဆိုသည့်အခြေအနေမျိုးနှင့် ရင် ဆိုင်ကြုံတွေ့ရတတ်သည်။ စစ်ပွဲမျိုးဆက်ပြောင်းလဲ မှုဒဏ်ကို မြန်မာ့မြေတွင် ကြီးကြီးမားမား နှစ်ကြိမ်ကြုံ တွေ့ခဲ့ရသည်။
ပထမအကြိမ် စစ်ပွဲမျိုးဆက်ပြောင်းလဲမှုကြုံခဲ့ရသည်က (၁၉၄၁)ခုနှစ်နှင့် (၁၉၄၂)ခုနှစ် နယ်ချဲ့အင်္ဂ လိပ်တို့အုပ်ချုပ်စဉ်ကဖြစ်သည်။ ထိုအချိန်က နယ်ချဲ့ အင်္ဂလိပ်တို့သည် မြန်မာ့မြေထဲဝင်ရောက်တိုက်ခိုက် လာသည့် ဖက်ဆစ်ဂျပန်တို့ကိုခုခံရန် မည်သို့မျှအဆင် သင့်ဖြစ်မနေခဲ့ပေ။ အင်အားအရာမှာ ဗြိတိသျှနယ်ချဲ့ တပ်များအပြင် မဟာမိတ်တပ်များဖြစ်ကြသည့် အမေ ရိကန်ဗိုလ်ချုပ်ကြီးစတီးဝဲလ်ဦးဆောင်သည့် တပ်များ၊ အိန္ဒိယတပ်မဟာများနှင့် တရုတ်တပ်များရှိနေသည့် တိုင် ဂျပန်နှင့်ရဲဘော်သုံးကျိပ်ကို မည်သို့မျှခုခံနိုင်ခြင်း မရှိဘဲ (၅)လခန့်အကြာ အိန္ဒိယနိုင်ငံ အင်ဖာကိုဟီးမား ဒေသသို့ဆုတ်ခွာခဲ့ရသည်။ ထိုကဲ့သို့ ဘာကြောင့်ဖြစ် ရသနည်းဟု အဖြေရှာကြည့်သည့်အခါ ဗြိတိသျှတို့ ကျင့်သုံးခဲ့သော အတွဲလိုက်ပစ်အား(Linear Fire) နှင့် ထုကိုအားပြုစစ်ဆင်သည့် ချွေစစ်စစ်ပွဲ(Attrition Warfare)၊ ဒုတိယမျိုးဆက်စစ်ပွဲ စစ်နည်းဗျူဟာ နှင့် ခံကတုတ်နောက်ကနေ ခုခံတိုက်ခိုင်းခဲ့သည့် ခံ စစ် စစ်နည်းဗျူဟာမှာ ခေတ်နောက်ကျကျန်ရစ်ခဲ့ခြင်း ကြောင့်ဖြစ်သည်။
ဂျပန်တို့ကမူ မြန်မာ့မြေတွင် ရဲဘော်သုံးကျိပ်နှင့် အတူ ပြည်သူလူထုထောက်ခံမှုဖြင့် စစ်ချီလာနိုင်ခဲ့သ လို အချိန်အလစ်အငိုက်နှင့်လှည့်စားမှုကို အားပြုစစ် ဆင်သည့် လှုပ်ရှားစစ်ကစားပွဲ(Maneuver Warfare)၊ တတိယမျိုးဆက်စစ်ပွဲကိုကျင့်သုံးလာ နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဂျပန်တို့သည် လှုပ်ရှား စစ်ကစားပွဲဖြစ်သည့်တတိယမျိုးဆက်စစ်ပွဲကို ဥရောပ ရှိ ဂျာမန်တို့နည်းတူ ကျင့်သုံးလာနိုင်ရုံမကဘဲ မြန်မာ့ ရေမြေသဘာဝနှင့်ကိုက်ညီမည့်တောတွင် တောင်ပေါ် စစ်ဆင်ရေး၊ ပြောက်ကျားစစ်ဆင်ရေး၊ မြစ်ကူးစစ်ဆင် ရေး စသည့် အထူးစစ်နည်းဗျူဟာများကိုပါ တွဲဖက် ကျင့်သုံးနိုင်ခဲ့သည်။ အကျိုးဆက်က ဗြိတိသျှနေမဝင် အင်ပါယာကြီးလည်း မြန်မာ့မြေတွင် မရှုမလှ အရေး နိမ့်ခဲ့ရပြီး အိန္ဒိယသို့ဆုတ်ခဲ့ရသည်။
ထိုအချိန်က ဗိုလ်ချုပ်ကြီး ဆာဝီလီယံစလင်း ဦး စီးပြီးတပ်ဆုတ်ခဲ့ရသော အမှတ်(၁) မြန်မာတပ်မကြီး သည် အရာရှိ/စစ်သည်အင်အား (၁၃၀ဝဝ) ကျော် ကျဆုံး၊ ပျောက်ဆုံးခဲ့ရပြီး အမြောက်မျိုးစုံ(၁၂၂)လက်နှင့်အတူ ယာဉ်၊ ယန္တရား၊ စစ်လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ များစွာထိခိုက်ဆုံးခဲ့ကြရသည်။မော်လမြိုင်ကနေ အင်ဖာ မိုင်(၁၀ဝဝ)ကျော် ခွာစစ် ရှည်ခရီးက (၅)လအကြာ (၁၉၄၂)ခုနှစ်က မေလ ကုန်တွင် အင်ဖာကိုရောက်ရှိခဲ့ရသည်။ အိန္ဒိယရောက် သည့်အခါ အင်္ဂလိပ်တို့သည် မြန်မာပြည်စစ်ရေးအခြေ အနေကို အချိန်ယူပြီး ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ရ သည်။
စိတ်ပန်းလူပန်းနှင့်ဆုတ်ခွာခဲ့ရသော အင်္ဂလိပ် တို့သည် စိတ်ဒဏ်ရာများစွာနှင့် တပ်ပြင်ဆင်မှုအတွက် အချိန်များစွာယူခဲ့ရသည်။ ဤကား အင်္ဂလိပ်ခေတ်က မြန်မာ့မြေတွင်ကြုံခဲ့ရသော စစ်ပွဲမျိုးဆက် ပြောင်းလဲ မှုသည် အံ့ဩစရာများဖြင့်ပြည့်နှက်ခဲ့ရသည်။ ဤ စစ်ပွဲမတိုင်မီက ဗြိတိသျှတို့အနေဖြင့် မြန်မာတစ်နိုင်ငံ လုံးနီးပါးကို (၅)လအတွင်းဆုတ်ခွာပေးရလိမ့်မည်ဟု မည်သည့်စစ်ပညာရှင်များကမှ တွက်ထားကြမည်မ ဟုတ်ပါ။ သို့သော် စစ်ပွဲမျိုးဆက်အပြောင်းအလဲက မဖြစ်နိုင်သည်ကိုလုပ်ပြခဲ့သဖြင့် စစ်ရေးစစ်ရာများကို အလေးထားကြရမည်ဖြစ်သည်။
အင်္ဂလိပ်တို့သည် ဂျပန်တို့ကို ပြန်လည်အနိုင်ယူ နိုင်ရေး အိန္ဒိယတွင် ကာလရှည်ကြာစွာ စုဖွဲ့ပြင်ဆင် လေ့ကျင့်မှုများပြုလုပ်ရခဲ့ရသည်။ ထိုမျှ လေ့ကျင့်ပြီးရုံ နှင့်မပြီးသေးဘဲ (၁၉၄၃) ခုနှစ် ဖေဖော်ဝါရီလတွင် ဝင်းဂိတ်၏ပြောက်ကျားတပ်သည် ချင်းတွင်းမြစ်ကို ဖြတ်ကျော်၍ ဂျပန်စစ်ကြောင်းနောက်ပိုင်းသို့ဝင် ရောက်လာပြီးလျှင် တံတားများကိုချိုးဖျက်ခြင်း၊ မီးရ ထားလမ်းကိုဖျက်ဆီးခြင်း၊ ဂျပန်တို့၏ ရိက္ခာနှင့်လက် နက်သိုလှောင်ရာဌာနများကိုဖျက်ဆီးခြင်းဖြင့် ဂျပန် တပ်ဦးကို တန့်သွားအောင် စစ်နည်းဗျူဟာကိုစမ်းသပ် ခဲ့ရသည်။ (၁၉၄၄)ခုနှစ် မတ်လအလယ်တွင် ဗိုလ် ချုပ်ဝင်းဂိတ်သည် ယခင်ကထက်အင်အားကြီးမား သော ]]ချင်းဒစ်}}တပ်ကိုဦးစီး၍ မြန်မာနိုင်ငံအထက် ပိုင်းတစ်နေရာ၌ ခြေကုပ်စခန်းတစ်ခုတည်ရန်ရောက် ရှိလာပြီး မြန်မာပြည်ထိုးစစ်ဆင်လျှင် အင်္ဂလိပ်တပ်မ ကြီးများအနေဖြင့် အဆင်ပြေစေရန်အတွက် ရှေ့ပြေး လမ်းပြသဖွယ် အထောက်အကူပေးခဲ့သည်။ ထို့ ကြောင့် (၁၉၄၅)ခုနှစ်တွင် အင်္ဂလိပ်တို့သည် ခေတ် နှင့်အညီ စစ်ပွဲကိုပြင်ဆင်နိုင်ခဲ့ခြင်းကြောင့် မြန်မာ ပြည် တစ်ကျော့ပြန်ထိုးစစ်တွင် အောင်မြင်မှုပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဒုတိအကြိမ်စစ်ပွဲမျိုးဆက် ပြောင်းလဲမှုကိုမူ သောင်းကျန်းသူများ၏ (၁၀၂၇) စစ် ဆင်ရေးတွင် စတင်ကြုံတွေ့ခဲ့ကြရသည်။ (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၂၇)ရက် ရှမ်းမြောက်ဒေသ ချင်းရွှေဟော်နယ်စပ်ဂိတ်များကအစပြုခဲ့သော ဒရုန်း စစ်ဆင်ရေးသည် နိုင်ငံတော်၊ ပြည်သူလူထုနှင့် တပ် မတော်သားများအတွက် ကြီးစွာသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဤစစ်ပွဲမျိုးဆက်ပြောင်းလဲမှုသည် စစ်မက်ရေးရာ တော်လှန်ပြောင်းလဲမှုနှင့်အတူ ယှဉ် တွဲပြီးပါလာခဲ့ခြင်းကလည်း ထူးခြားမှုပုံစံတစ်မျိုးအ နေဖြင့်တွေ့ရသည်။ ထို့ကြောင့် စစ်ပွဲမျိုးဆက်ပြောင်း လဲမှုကိုသာမဘဲ စစ်မက်ရေးရာ တော်လှန်ပြောင်းလဲမှု ကို ကျွဲကူးရေပါဆိုသလို တစ်ပါတည်းကြုံတွေ့ခဲ့ကြရ သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏စစ်မြေပြင်တွင် စစ်ပွဲမျိုးဆက်ပြောင်းလဲမှုနှင့်အတူပေါ်ပေါက်လာ သည့် စစ်မက်ရေးရာ တော်လှန်ပြောင်းလဲမှုများကို လာမည့် အပိုင်း(၃)တွင် စာရေးသူက အဆုံးသတ်အ နေဖြင့် ဆက်လက်ရေးသားတင်ပြပေးသွားမည်ဖြစ် သည်။ ဤကဲ့သို့ စစ်ပွဲမျိုးဆက်များ၏စိန်ခေါ်မှုကို ယခုလိုရေးသားတင်ပြရခြင်းသည် နောင်တွင် စစ်ရေး စိန်ခေါ်မှုများကို အလွယ်တကူကျော်လွှားကာ အမိ မြေကိုကာကွယ်စောင့်ရှောက်နိုင်သည့် နိုင်ငံသားများ ဖြစ်လာစေရေးအတွက်ဖြစ်သည်။ ထို့ကြောင့် အမိမြန် မာနိုင်ငံကိုချစ်မြတ်နိုးပြီး အမိမြေကို ကာကွယ်စောင့် ရှောက်နိုင်သည့်နိုင်ငံသားများ ဖြစ်ကြပါစေဟု ဆန္ဒပြု လိုက်ရပါသည်။
စာကိုး -
တောင်ခိုး၏ " စစ်ညောင်းတာရှည် မြန်မာပြည်"
မောင်အောင်မျိုး၏ " မျက်မှောက်ခေတ် စစ်ရေးအယူ အဆများ"
ဇာနည်(ဘူမိဗေဒ)၏ " ၂၁ ရာစု စတုတ္ထမျိုးဆက်စစ်ပွဲ "
ရဲကျော်၏ " မျက်မှောက်ခေတ်စစ်ပွဲများတွင် ဒရုန်း များ၏အခန်းကဏ္ဍ "

Zawgyi Version:
စစ္ပြဲမ်ိဳးဆက္၊ စစ္ေရးဆိုင္ရာ စိန္ေခၚမႈမ်ားႏွင့္ ျမန္မာႏိုင္ငံ (၂)
(အေတြးအျမင္ ေဆာင္းပါး)
ေအာင္ႏိုင္သူ (ဇြဲကပင္) - (NP News) - နိုဝင်ဘာ ၆
ဂ်ာမန္စစ္ပညာရွင္ကေလာ့စ္ဝဇ္(Caluse wits) က စစ္သည္ ႏိုင္ငံေရးကို အျခားနည္းလမ္းျဖင့္ေျဖရွင္း ျခင္းျဖစ္သည္။ စစ္သည္အျခားမဟုတ္။ မိမိအလိုက် ရန္သူကလုပ္ေဆာင္ေစရန္ ေဆာင္႐ြက္ခ်က္တစ္ရပ္ ပင္ျဖစ္သည္။ ႏိုင္ငံေရးရည္မွန္းခ်က္မပါရွိေသာစစ္ပြဲ သည္ အဓိပၸာယ္မရွိ။ အႏွစ္မဲ့ဟုဆို၏။ စစ္ေရးသည္ ႏိုင္ငံေရး၏အဆက္ျဖစ္သည္ဟုလည္း ဆိုထားသည္။
ထို႔ျပင္ ကေလာ့စ္ဝဇ္ကပင္ စစ္သည္ ႏိုင္ငံေရး၏ ျဖစ္စဥ္မွ ေသြဖည္ျခင္းအလွ်င္းမရွိ။ ႏိုင္ငံေရး၏လမ္း ေၾကာင္း ေျပာင္းပစ္ျခင္းမရွိ။ ႏိုင္ငံေရး၏ျဖစ္စဥ္လား ရာအတိုင္းသာ စစ္သည္ျဖစ္ပြား၏။ စစ္မက္ျဖစ္ပြား မႈနည္းလမ္းသည္ မည္သို႔ပင္ျဖစ္ေစ ရည္႐ြယ္ခ်က္မွာ မူ ႏိုင္ငံေရးျဖစ္စဥ္အတြင္း၌ပင္ရွိေန၏။ စစ္မက္ျဖစ္ ပြားခ်ိန္မွ ၿငိမ္းခ်မ္းေရးရသည့္အခ်ိန္ထိ စစ္ပြဲမ်ား အ ဆက္မျပတ္ျဖစ္ပြားျခင္းသည္ စစ္သည္ ႏိုင္ငံေရး၏ အနားသပ္ေဘာင္အတြင္း၌သာရွိေနျခင္းေၾကာင့္ျဖစ္ သည္။ ဤကား စစ္ႏွင့္ႏိုင္ငံေရးပတ္သက္မႈကို ကေလာ့စ္ဝဇ္၏ယူဆခ်က္မ်ားျဖစ္ေပသည္။
ဤသို႔ဆိုလွ်င္ ကေလာ့စ္ဝဇ္၏အဆိုအရ စစ္ သည္ ႏိုင္ငံေရးႏွင့္ ကင္း၍မရသကဲ့သို႔ ျမန္မာႏိုင္ငံ တြင္လည္း စစ္သည္ ႏိုင္ငံေရးႏွင့္ကင္း၍မရေၾကာင္း ေရွ႕က ႏိုင္ငံေရးပဋိပကၡျဖစ္ၿပီးဆိုလွ်င္ ေနာက္ကေန စစ္ေရးပဋိပကၡက ကပ္၍ပါလာတတ္သည္ကိုေတြ႕ရ သည္။
ထို႔ေၾကာင့္ ႏိုင္ငံေရးပဋိပကၡကိုေျဖရွင္းရန္လိုအပ္ သကဲ့သို႔ စစ္ေရးႏွင့္လည္း မ်က္ျခည္မျပတ္ရန္လို သည္။ စစ္ေရးတြင္ အသာစီးမရမႈသည္ ႏိုင္ငံေရးမွာ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား ရင္ဆိုင္လာရႏိုင္သည္။ ထို႔ေၾကာင့္ စစ္ေရးစစ္ရာမ်ားသည္ လုံးဝ မ်က္ျခည္ ျပတ္မရဘဲ အၿမဲတမ္း ေခတ္ႏွင့္အညီ ေျပာင္းလဲႏိုင္ ေရး ျပင္ဆင္ထားရန္လိုအပ္သည္။ တစ္ဖက္တြင္ လည္း စစ္ေရးစစ္ရာမ်ားကို မ်က္ျခည္မျပတ္ေလ့လာ ၿပီး ျပင္ဆင္ေဆာင္႐ြက္ေနမွသာ ႏိုင္ငံေရးေရာစစ္ေရး မွာပါ အသာစီးရႏိုင္မည္ျဖစ္သည္ကို ေသာင္းက်န္းသူ ၏ (၁၀၂၇)စစ္ဆင္ေရးေနာက္ပိုင္း ျမန္မာႏိုင္ငံလည္း ႀကဳံေတြ႕ခဲ့ရၿပီးျဖစ္သည္။
စစ္ေရးစစ္ရာမ်ားကိုေလ့လာၾကည့္ရာတြင္ မျဖစ္မေနသိထားသင့္ၿပီး ေခတ္ႏွင့္အညီ လိုက္ပါျပင္ ဆင္ရမည့္အခ်က္(၂)ခ်က္ရွိသည္ကိုေတြ႕ရသည္။ အဆိုပါအခ်က္(၂) ခ်က္မွာ...
(၁) စစ္ပြဲမ်ိဳးဆက္မ်ားကို သိရွိနားလည္ရန္လိုအပ္ ျခင္း။
(၂) စစ္မက္ေရးရာ ေတာ္လွန္ေျပာင္းလဲမႈကို သိရွိနား လည္ရန္ လိုအပ္ျခင္းတို႔ျဖစ္သည္။
စစ္ပြဲမ်ိဳးဆက္မ်ားကို ထပ္မံ ခြဲျခားစိတ္ျဖာၾကည့္ ရာ ကိုင္ဆြဲသည့္လက္နက္ (Weaponry) ကိုအေျခ ခံ၍ခြဲျခားရေသာ စစ္ပြဲမ်ိဳးဆက္(၇)ဆက္ႏွင့္ စစ္တိုက္ နည္း/စစ္နည္းဗ်ဴဟာကိုအေျခခံၿပီးခြဲျခားရေသာ စစ္ပြဲမ်ိဳးဆက္ (၅)ဆက္ခြဲျခားထားသည္ကို ေလ့လာ ေတြ႕ရွိရသည္။ ကိုင္ဆြဲသည့္လက္နက္ကိုအေျခခံၿပီး ေျပာင္းလဲလ်က္ရွိေသာ စစ္ပြဲမ်ိဳးဆက္(၇)ဆက္မွာ...
(၁) ေျခလ်င္ႏွင့္ ျမင္းတပ္သားမ်ားပါဝင္ၿပီး ေပါက္ကြဲ ယမ္းအသုံးျပဳလက္နက္မ်ားမေပၚေသးေသာ ေလး၊ ျမႇားႏွင့္လွံတို႔ကိုသာအဓိကအသုံးျပဳၾကသည့္ ပထမ မ်ိဳးဆက္။
(၂) ေပါက္ကြဲယမ္းႏွင့္ ေျပာင္းေခ်ာလက္နက္မ်ားအ သုံးျပဳေသာ ဒုတိယမ်ိဳးဆက္။
(၃) ေျပာင္းရစ္႐ိုင္ဖယ္မ်ား၊ အေျမာက္မ်ားေၾကာင့္ ပို၍ တာေဝးပစ္ခတ္ႏိုင္ေသာ ပစ္ခတ္မႈပို၍တိက်သည့္ ပစ္အားလည္းေကာင္းလာေသာ တတိယမ်ိဳးဆက္။
(၄) ေမာင္းျပန္လက္နက္မ်ား၊ တင့္ကားမ်ား၊ ေလ ယာဥ္မ်ား၊ ဆက္သြယ္ေရးစက္မ်ား ပို၍သာလြန္ေသာ
ပို႔ေဆာင္ေရးနည္းလမ္းမ်ားအသုံးျပဳသည့္ စတုတၳမ်ိဳး ဆက္။
(၅) အဏုျမဴလက္နက္ႏွင့္ အဖ်က္စြမ္းအားႀကီးလက္ နက္မ်ားေပၚလာေသာ ပၪၥမမ်ိဳးဆက္။
(၆) သတင္းႏွင့္ကိန္းဂဏန္းအခ်က္အလက္မ်ား တြက္ခ်က္ျခင္း (Data Processing) ကိုအေျခခံ၍ တိက်စြာပစ္ခတ္ႏိုင္ေသာလက္နက္စနစ္မ်ား (Sm- art Weapon) အသုံးျပဳေသာ ဆ႒မမ်ိဳးဆက္။
(၇) လူသားမ်ားေနရာ၌ စက္႐ုပ္မ်ားျဖင့္ ဘက္ေပါင္းစုံ အစားထိုး၍ ဆက္သြယ္ေရးစနစ္မ်ား၊ လွ်ပ္စစ္ႏွင့္ ေရ အစရွိသည့္ Utilitiesမ်ားကိုျဖတ္ေတာက္ပစ္ၿပီး Electronic Warfare Cyber Warfare အသြင္တိုက္ခိုက္ၾကေသာ သတၱမမ်ိဳးဆက္တို႔ျဖစ္သည္။
ထိုနည္းတူ စစ္တိုက္နည္း (War Fighting) ၊ စစ္နည္းဗ်ဴဟာ (Malitary Strategy) ကိုအေျခခံ ၿပီး စစ္ပြဲမ်ိဳးဆက္(၅)ခုကိုလည္း ေတြ႕ရွိရသည္။
အဆိုပါ စစ္ပြဲမ်ိဳးဆက္မ်ားမွာ
( ၁) အတြဲလိုက္အတန္းလိုက္ ( Line and Colu- mn) စစ္နည္းဗ်ဴဟာ က်င့္သုံးတိုက္ခိုက္ရသည့္အစဥ္ လိုက္စစ္ပြဲ၊ ပထမမ်ိဳးဆက္စစ္ပြဲ။
(၂) အတြဲလိုက္ပစ္အား (Linear Fire) ႏွင့္ထုကို အားျပဳစစ္ဆင္သည့္ ေခြၽစစ္စစ္ပြဲ(Attrition War- fare) ၊ ဒုတိယမ်ိဳးဆက္စစ္ပြဲ။
(၃) အခ်ိန္အလစ္အငိုက္ႏွင့္လွည့္စားမႈကို အားျပဳစစ္ ဆင္သည့္ လႈပ္ရွားစစ္ကစားပြဲ(Maneuver Warfare) ၊ တတိယမ်ိဳးဆက္စစ္ပြဲ။
(၄) ဘက္မညီ အလႊာစုံပါဝင္ၿပီး အၿမဲတမ္းမဟုတ္ ေသာစစ္ဆင္မႈကိုအေျချပဳသည့္ " ဘက္မညီေခတ္၊ ဘက္မညီစစ္ပြဲ" (Age of Asymmetric War- fare)။
(၅) သိပၸံႏွင့္နည္းပညာ အံ့မခန္းထြန္းကားလာ၍ ေမာင္းသူမဲ့ေလယာဥ္မ်ား၊ ဒ႐ုန္းမ်ား၊ ဉာဏ္ရည္တုစစ္ သားမ်ားေပၚထြန္းလာသည့္စစ္ဆင္ေရးကို စစ္မႈေရး ရာ ပၪၥမမ်ိဳးဆက္စစ္ပြဲ (Fifth Generation Warfare) တို႔ျဖစ္ၾကသည္။
ကိုင္ဆြဲသည့္လက္နက္အေပၚ အေျခခံထား သည့္စစ္ပြဲမ်ိဳးဆက္သည္ ႀကိဳတင္ခန႔္မွန္း၍ရႏိုင္ေသာ္ လည္း စစ္နည္းဗ်ဴဟာမ်ိဳးဆက္ကမူ ႀကိဳတင္ခန႔္မွန္း၍ မရဘဲ စစ္ပြဲအတြင္း က်င့္သုံးလာမႈအေပၚမူတည္၍ သတ္မွတ္ၾကသည္က ထူးျခားမႈျဖစ္သည္။
ထို႔ေၾကာင့္ စစ္နည္းဗ်ဴဟာမ်ိဳးဆက္သည္ မၾကာ ခဏဆိုသကဲ့သို႔ေျပာင္းလဲေလ့ရွိသည္။ အထူးသျဖင့္ စစ္ေရးစစ္ရာမ်ားႏွင့္ မ်က္ျခည္ျပတ္၍မရေသာ မိမိတို႔ ႏိုင္ငံအေနျဖင့္ အၿမဲတေစ ေလ့လာျပင္ဆင္ၿပီး သု ေတသနျပဳကာ ေျပာင္းလဲလာမည့္ စစ္ပြဲမ်ိဳးဆက္မ်ား ၏စိန္ေခၚမႈကိုအသင့္ျဖစ္ႏိုင္ေရး ျပင္ဆင္ထားရမည္ ျဖစ္ပါသည္။
စစ္ပြဲမ်ိဳးဆက္မ်ားကိုေလ့လာၾကည့္သည့္အခါ ကိုင္ဆြဲသည့္လက္နက္ႏွင့္ပတ္သက္သည့္ မ်ိဳးဆက္ ကိုမူ ႀကိဳတင္ေမွ်ာ္ေတြး ခန႔္မွန္း၍ရႏိုင္ေသာ္လည္း စစ္နည္းဗ်ဴဟာကမူ က်င့္သုံးမႈေပၚမူတည္ၿပီး ေျပာင္း လဲၾကရသည္ကို ထူးထူးျခားျခားေတြ႕ရပါသည္။ ထိုကဲ့ သို႔ ထူးျခားသည့္စစ္နည္းဗ်ဴဟာမ်ိဳးဆက္ေၾကာင့္ပင္ စစ္ပြဲမ်ိဳးဆက္ အလ်င္အျမန္ေျပာင္းလဲလာသည့္အခါ အဆင္သင့္ျဖစ္မေနမႈဆိုသည့္အေျခအေနမ်ိဳးႏွင့္ ရင္ ဆိုင္ႀကဳံေတြ႕ရတတ္သည္။ စစ္ပြဲမ်ိဳးဆက္ေျပာင္းလဲ မႈဒဏ္ကို ျမန္မာ့ေျမတြင္ ႀကီးႀကီးမားမား ႏွစ္ႀကိမ္ႀကဳံ ေတြ႕ခဲ့ရသည္။
ပထမအႀကိမ္ စစ္ပြဲမ်ိဳးဆက္ေျပာင္းလဲမႈႀကဳံခဲ့ရသည္က (၁၉၄၁)ခုႏွစ္ႏွင့္ (၁၉၄၂)ခုႏွစ္ နယ္ခ်ဲ႕အဂၤ လိပ္တို႔အုပ္ခ်ဳပ္စဥ္ကျဖစ္သည္။ ထိုအခ်ိန္က နယ္ခ်ဲ႕ အဂၤလိပ္တို႔သည္ ျမန္မာ့ေျမထဲဝင္ေရာက္တိုက္ခိုက္ လာသည့္ ဖက္ဆစ္ဂ်ပန္တို႔ကိုခုခံရန္ မည္သို႔မွ်အဆင္ သင့္ျဖစ္မေနခဲ့ေပ။ အင္အားအရာမွာ ၿဗိတိသွ်နယ္ခ်ဲ႕ တပ္မ်ားအျပင္ မဟာမိတ္တပ္မ်ားျဖစ္ၾကသည့္ အေမ ရိကန္ဗိုလ္ခ်ဳပ္ႀကီးစတီးဝဲလ္ဦးေဆာင္သည့္ တပ္မ်ား၊ အိႏၵိယတပ္မဟာမ်ားႏွင့္ တ႐ုတ္တပ္မ်ားရွိေနသည့္ တိုင္ ဂ်ပန္ႏွင့္ရဲေဘာ္သုံးက်ိပ္ကို မည္သို႔မွ်ခုခံႏိုင္ျခင္း မရွိဘဲ (၅)လခန႔္အၾကာ အိႏၵိယႏိုင္ငံ အင္ဖာကိုဟီးမား ေဒသသို႔ဆုတ္ခြာခဲ့ရသည္။ ထိုကဲ့သို႔ ဘာေၾကာင့္ျဖစ္ ရသနည္းဟု အေျဖရွာၾကည့္သည့္အခါ ၿဗိတိသွ်တို႔ က်င့္သုံးခဲ့ေသာ အတြဲလိုက္ပစ္အား(Linear Fire) ႏွင့္ ထုကိုအားျပဳစစ္ဆင္သည့္ ေခြၽစစ္စစ္ပြဲ(Attrition Warfare)၊ ဒုတိယမ်ိဳးဆက္စစ္ပြဲ စစ္နည္းဗ်ဴဟာ ႏွင့္ ခံကတုတ္ေနာက္ကေန ခုခံတိုက္ခိုင္းခဲ့သည့္ ခံ စစ္ စစ္နည္းဗ်ဴဟာမွာ ေခတ္ေနာက္က်က်န္ရစ္ခဲ့ျခင္း ေၾကာင့္ျဖစ္သည္။
ဂ်ပန္တို႔ကမူ ျမန္မာ့ေျမတြင္ ရဲေဘာ္သုံးက်ိပ္ႏွင့္ အတူ ျပည္သူလူထုေထာက္ခံမႈျဖင့္ စစ္ခ်ီလာႏိုင္ခဲ့သ လို အခ်ိန္အလစ္အငိုက္ႏွင့္လွည့္စားမႈကို အားျပဳစစ္ ဆင္သည့္ လႈပ္ရွားစစ္ကစားပြဲ(Maneuver Warfare)၊ တတိယမ်ိဳးဆက္စစ္ပြဲကိုက်င့္သုံးလာ ႏိုင္ခဲ့ျခင္းေၾကာင့္ျဖစ္သည္။ ဂ်ပန္တို႔သည္ လႈပ္ရွား စစ္ကစားပြဲျဖစ္သည့္တတိယမ်ိဳးဆက္စစ္ပြဲကို ဥေရာပ ရွိ ဂ်ာမန္တို႔နည္းတူ က်င့္သုံးလာႏိုင္႐ုံမကဘဲ ျမန္မာ့ ေရေျမသဘာဝႏွင့္ကိုက္ညီမည့္ေတာတြင္ ေတာင္ေပၚ စစ္ဆင္ေရး၊ ေျပာက္က်ားစစ္ဆင္ေရး၊ ျမစ္ကူးစစ္ဆင္ ေရး စသည့္ အထူးစစ္နည္းဗ်ဴဟာမ်ားကိုပါ တြဲဖက္ က်င့္သုံးႏိုင္ခဲ့သည္။ အက်ိဳးဆက္က ၿဗိတိသွ်ေနမဝင္ အင္ပါယာႀကီးလည္း ျမန္မာ့ေျမတြင္ မရႈမလွ အေရး နိမ့္ခဲ့ရၿပီး အိႏၵိယသို႔ဆုတ္ခဲ့ရသည္။
ထိုအခ်ိန္က ဗိုလ္ခ်ဳပ္ႀကီး ဆာဝီလီယံစလင္း ဦး စီးၿပီးတပ္ဆုတ္ခဲ့ရေသာ အမွတ္(၁) ျမန္မာတပ္မႀကီး သည္ အရာရွိ/စစ္သည္အင္အား (၁၃၀ဝဝ) ေက်ာ္ က်ဆုံး၊ ေပ်ာက္ဆုံးခဲ့ရၿပီး အေျမာက္မ်ိဳးစုံ(၁၂၂)လက္ႏွင့္အတူ ယာဥ္၊ ယႏၲရား၊ စစ္လက္နက္ႀကီး၊ လက္နက္ငယ္မ်ိဳးစုံ မ်ားစြာထိခိုက္ဆုံးခဲ့ၾကရသည္။ေမာ္လၿမိဳင္ကေန အင္ဖာ မိုင္(၁၀ဝဝ)ေက်ာ္ ခြာစစ္ ရွည္ခရီးက (၅)လအၾကာ (၁၉၄၂)ခုႏွစ္က ေမလ ကုန္တြင္ အင္ဖာကိုေရာက္ရွိခဲ့ရသည္။ အိႏၵိယေရာက္ သည့္အခါ အဂၤလိပ္တို႔သည္ ျမန္မာျပည္စစ္ေရးအေျခ အေနကို အခ်ိန္ယူၿပီး ျပန္လည္သုံးသပ္ျပင္ဆင္ခဲ့ရ သည္။
စိတ္ပန္းလူပန္းႏွင့္ဆုတ္ခြာခဲ့ရေသာ အဂၤလိပ္ တို႔သည္ စိတ္ဒဏ္ရာမ်ားစြာႏွင့္ တပ္ျပင္ဆင္မႈအတြက္ အခ်ိန္မ်ားစြာယူခဲ့ရသည္။ ဤကား အဂၤလိပ္ေခတ္က ျမန္မာ့ေျမတြင္ႀကဳံခဲ့ရေသာ စစ္ပြဲမ်ိဳးဆက္ ေျပာင္းလဲ မႈသည္ အံ့ဩစရာမ်ားျဖင့္ျပည့္ႏွက္ခဲ့ရသည္။ ဤ စစ္ပြဲမတိုင္မီက ၿဗိတိသွ်တို႔အေနျဖင့္ ျမန္မာတစ္ႏိုင္ငံ လုံးနီးပါးကို (၅)လအတြင္းဆုတ္ခြာေပးရလိမ့္မည္ဟု မည္သည့္စစ္ပညာရွင္မ်ားကမွ တြက္ထားၾကမည္မ ဟုတ္ပါ။ သို႔ေသာ္ စစ္ပြဲမ်ိဳးဆက္အေျပာင္းအလဲက မျဖစ္ႏိုင္သည္ကိုလုပ္ျပခဲ့သျဖင့္ စစ္ေရးစစ္ရာမ်ားကို အေလးထားၾကရမည္ျဖစ္သည္။
အဂၤလိပ္တို႔သည္ ဂ်ပန္တို႔ကို ျပန္လည္အႏိုင္ယူ ႏိုင္ေရး အိႏၵိယတြင္ ကာလရွည္ၾကာစြာ စုဖြဲ႕ျပင္ဆင္ ေလ့က်င့္မႈမ်ားျပဳလုပ္ရခဲ့ရသည္။ ထိုမွ် ေလ့က်င့္ၿပီး႐ုံ ႏွင့္မၿပီးေသးဘဲ (၁၉၄၃) ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ဝင္းဂိတ္၏ေျပာက္က်ားတပ္သည္ ခ်င္းတြင္းျမစ္ကို ျဖတ္ေက်ာ္၍ ဂ်ပန္စစ္ေၾကာင္းေနာက္ပိုင္းသို႔ဝင္ ေရာက္လာၿပီးလွ်င္ တံတားမ်ားကိုခ်ိဳးဖ်က္ျခင္း၊ မီးရ ထားလမ္းကိုဖ်က္ဆီးျခင္း၊ ဂ်ပန္တို႔၏ ရိကၡာႏွင့္လက္ နက္သိုေလွာင္ရာဌာနမ်ားကိုဖ်က္ဆီးျခင္းျဖင့္ ဂ်ပန္ တပ္ဦးကို တန႔္သြားေအာင္ စစ္နည္းဗ်ဴဟာကိုစမ္းသပ္ ခဲ့ရသည္။ (၁၉၄၄)ခုႏွစ္ မတ္လအလယ္တြင္ ဗိုလ္ ခ်ဳပ္ဝင္းဂိတ္သည္ ယခင္ကထက္အင္အားႀကီးမား ေသာ ]]ခ်င္းဒစ္}}တပ္ကိုဦးစီး၍ ျမန္မာႏိုင္ငံအထက္ ပိုင္းတစ္ေနရာ၌ ေျခကုပ္စခန္းတစ္ခုတည္ရန္ေရာက္ ရွိလာၿပီး ျမန္မာျပည္ထိုးစစ္ဆင္လွ်င္ အဂၤလိပ္တပ္မ ႀကီးမ်ားအေနျဖင့္ အဆင္ေျပေစရန္အတြက္ ေရွ႕ေျပး လမ္းျပသဖြယ္ အေထာက္အကူေပးခဲ့သည္။ ထို႔ ေၾကာင့္ (၁၉၄၅)ခုႏွစ္တြင္ အဂၤလိပ္တို႔သည္ ေခတ္ ႏွင့္အညီ စစ္ပြဲကိုျပင္ဆင္ႏိုင္ခဲ့ျခင္းေၾကာင့္ ျမန္မာ ျပည္ တစ္ေက်ာ့ျပန္ထိုးစစ္တြင္ ေအာင္ျမင္မႈျပန္လည္ ရရွိခဲ့ျခင္းျဖစ္သည္။
မည္သို႔ပင္ဆိုေစကာမူ ဒုတိအႀကိမ္စစ္ပြဲမ်ိဳးဆက္ ေျပာင္းလဲမႈကိုမူ ေသာင္းက်န္းသူမ်ား၏ (၁၀၂၇) စစ္ ဆင္ေရးတြင္ စတင္ႀကဳံေတြ႕ခဲ့ၾကရသည္။ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၂၇)ရက္ ရွမ္းေျမာက္ေဒသ ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္မ်ားကအစျပဳခဲ့ေသာ ဒ႐ုန္း စစ္ဆင္ေရးသည္ ႏိုင္ငံေတာ္၊ ျပည္သူလူထုႏွင့္ တပ္ မေတာ္သားမ်ားအတြက္ ႀကီးစြာေသာစိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည္။ ဤစစ္ပြဲမ်ိဳးဆက္ေျပာင္းလဲမႈသည္ စစ္မက္ေရးရာ ေတာ္လွန္ေျပာင္းလဲမႈႏွင့္အတူ ယွဥ္ တြဲၿပီးပါလာခဲ့ျခင္းကလည္း ထူးျခားမႈပုံစံတစ္မ်ိဳးအ ေနျဖင့္ေတြ႕ရသည္။ ထို႔ေၾကာင့္ စစ္ပြဲမ်ိဳးဆက္ေျပာင္း လဲမႈကိုသာမဘဲ စစ္မက္ေရးရာ ေတာ္လွန္ေျပာင္းလဲမႈ ကို ကြၽဲကူးေရပါဆိုသလို တစ္ပါတည္းႀကဳံေတြ႕ခဲ့ၾကရ သည္။ ထို႔ေၾကာင့္လည္း ျမန္မာႏိုင္ငံ၏စစ္ေျမျပင္တြင္ စစ္ပြဲမ်ိဳးဆက္ေျပာင္းလဲမႈႏွင့္အတူေပၚေပါက္လာ သည့္ စစ္မက္ေရးရာ ေတာ္လွန္ေျပာင္းလဲမႈမ်ားကို လာမည့္ အပိုင္း(၃)တြင္ စာေရးသူက အဆုံးသတ္အ ေနျဖင့္ ဆက္လက္ေရးသားတင္ျပေပးသြားမည္ျဖစ္ သည္။ ဤကဲ့သို႔ စစ္ပြဲမ်ိဳးဆက္မ်ား၏စိန္ေခၚမႈကို ယခုလိုေရးသားတင္ျပရျခင္းသည္ ေနာင္တြင္ စစ္ေရး စိန္ေခၚမႈမ်ားကို အလြယ္တကူေက်ာ္လႊားကာ အမိ ေျမကိုကာကြယ္ေစာင့္ေရွာက္ႏိုင္သည့္ ႏိုင္ငံသားမ်ား ျဖစ္လာေစေရးအတြက္ျဖစ္သည္။ ထို႔ေၾကာင့္ အမိျမန္ မာႏိုင္ငံကိုခ်စ္ျမတ္ႏိုးၿပီး အမိေျမကို ကာကြယ္ေစာင့္ ေရွာက္ႏိုင္သည့္ႏိုင္ငံသားမ်ား ျဖစ္ၾကပါေစဟု ဆႏၵျပဳ လိုက္ရပါသည္။
စာကိုး -
ေတာင္ခိုး၏ " စစ္ေညာင္းတာရွည္ ျမန္မာျပည္"
ေမာင္ေအာင္မ်ိဳး၏ " မ်က္ေမွာက္ေခတ္ စစ္ေရးအယူ အဆမ်ား"
ဇာနည္(ဘူမိေဗဒ)၏ " ၂၁ ရာစု စတုတၳမ်ိဳးဆက္စစ္ပြဲ "
ရဲေက်ာ္၏ " မ်က္ေမွာက္ေခတ္စစ္ပြဲမ်ားတြင္ ဒ႐ုန္း မ်ား၏အခန္းက႑ "