(၂၀၂၅ - ၂၀၂၆) ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အတွက် ပွဲကြိုသုံးသပ်ချက်များ

64

ရဲထက် (NP News) - နိုဝင်ဘာ ၇
ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်(၁၁)က ကတော့ ဒီတစ်ပတ်မှာ ပရိသတ်တွေအတွက် စောင့်ကြည့် ချင်စရာကောင်းပြီး ပြိုင်ဆိုင်မှု ပြင်းထန်မယ့် အပြင် ရမှတ်တွေလိုအပ်နေတဲ့ အသင်းကြီးတွေရဲ့ ထိပ် တိုက်တွေ့ဆုံမှုတွေရှိနေပါတယ်။ အမှတ်ပေး ဇယားရဲ့ထိပ်ဆုံးမှာ အာဆင်နယ်အသင်းက ရပ်တည်နေ တယ်ဆိုပေမယ့် ရမှတ်ကွာဟမှု ကြီးကြီးမားမား မရှိတဲ့အနေအထားမှာ တစ်ပွဲဆိုတစ်ပွဲရမှတ်လိုက်မီနိုင် တဲ့အနေအထားမျိုးရှိနေတာကြောင့်လည်း အသင်းကြီးတွေအတွက် အမှားမခံတဲ့ပွဲစဉ်တွေလည်း ဖြစ် လာဖို့ရှိနေပါတယ်။ ဒီရာသီမှာ အထူးခြေ စွမ်းပြနေတဲ့ စပါးစ်အသင်းနဲ့ ဘုန်းမောက်စ် အသင်းတွေက လည်း ချန်ပီယံလမ်းကြောင်းမှာရှိနေပြီး အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ မန်ယူတို့ကလည်း ရမှတ်တွေ လိုအပ်နေတာကြောင့် ဒီတစ်ပတ် ပွဲစဉ်(၁၁)က ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို အပြောင်းအလဲ များ စွာဖြစ်လာစေနိုင်မှာပါ။ ဒါကြောင့် NP News ကနေ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ရဲ့ အကောင်းဆုံးပွဲစဉ် တွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ ဖော်ပြပေးချင်ပါတယ်။
စပါးစ် Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
စပါးစ် ၁ - ဝ မန်ယူ (၂ - ၁၆ -၂၀၂၅)
မန်ယူ ဝ - ၃ စပါးစ် (၂၉ - ၉ - ၂၀၂၄)
မန်ယူ ၂ - ၂ စပါးစ် (၁၄-၁-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ် ၂ - ၁ မန်ယူ
စပါးစ် ၂ - ၂ မန်ယူ
ဒီပွဲစဉ်က နှစ်သင်းလုံးအတွက်အရေးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပြီး အမှားခံလို့မရတဲ့ ပွဲစဉ်ဖြစ်တာ ကြောင့် အကြိတ်အနယ်ကစားဖို့ရှိနေပြီး ပြိုင်ဆိုင်မှုတွေကလည်း ပြင်းထန်လာဖို့ရှိနေတဲ့ ပွဲစဉ်ဖြစ်ပါ တယ်။ စပါးစ်အသင်းအနေနဲ့ကတော့ ဒီရာသီမှာ ပုံ မှန်ထက်ပိုကောင်းနေတဲ့အသင်းတစ်သင်းဖြစ်ပြီး နည်းပြသစ်လက်ထက်မှာ ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းမှာ အာဆင်နယ်အသင်းကို အနီးကပ် ထိ အားပေးထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ စပါးစ် အသင်းရဲ့ အဓိကအားသာချက်ကတော့ တစ်သင်းလုံး အတက်အဆင်းမှန်မှန်နဲ့ကစားအားကောင်းတဲ့အပြင် တိုက်စစ်ပိုင်းမှာလည်း အခွင့်အရေးတွေကို အ ကောင်းဆုံးအသုံးချနိုင်တဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် ပြိုင်ဘက်အသင်းကို ဖိအားပေးကစားထားနိုင်မှုနဲ့ အတူ နောက်တန်းခံစစ်မှာလည်း အကောင်း ဆုံးပုံစံတစ်ရပ်ရှိနေပြီး အဝေးကွင်းစွမ်းဆောင်ရည်ကောင်း တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ဒါ့ပြင် ဒီရာသီမှာ လန်ဒန်ပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်အသင်း ကို အကောင်းဆုံးယှဉ်ပြိုင်ဖို့ရှိနေတာကြောင့်လည်း ဒီရာသီမှာ ချန်ပီယံအသင်းဟာ လန်ဒန်က အသင်း တစ်သင်းဖြစ်သွားမလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ မန်ယူအသင်းကတော့ ချဲလ် ဆီးနဲ့ လီဗာပူးလ်အသင်းတို့ကို အနိုင်ယူကျော်ဖြတ်ပြခဲ့တဲ့အပြင် နောက်ထပ်နိုင်ပွဲတွေကိုပါ ယူဆောင် လာမှုတွေကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်လာပြီဖြစ်သလို အမှတ်ပေးဇယားမှာလည်း ဥရောပ ဝင်ခွင့်တစ်နေရာအတွက် လမ်းကြောင်းမှန်တစ်ခုအပေါ်ကို ပြန်ရောက်လာပြီလို့ဆိုနိုင်ပါတယ်။ ဒါ့ပြင် ကစားသမားသစ်တွေရဲ့ အသားကျလာမှုနဲ့အတူ ကူညာနဲ့ အမ်ဘူမိုတို့အပြင် မေဆန်မောက်ရဲ့ ခြေ စွမ်းပြန်ကောင်းလာမှုတွေကလည်း မန်ယူအသင်းအတွက် အားသာချက်တွေဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းရဲ့ခြေစွမ်းကို စပါးစ်အသင်းနဲ့ပွဲစဉ်မှာ ထပ်မံအစမ်းသပ်ခံဖို့ရှိနေပြီး နိုင်ပွဲရခဲ့ရင်တော့ ပရီးမီး ယားလိဂ်အမှတ်ပေးဇယားမှာ မန်ယူအသင်းအတွက် အခွင့်အရေးကောင်းတွေကို ရရှိသွားနိုင်မှာလည်း ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရပြန်ကြည့်ရင်တော့ မနှစ်ကရာသီထိပ်တိုက်တွေ့ဆုံမှုတွေမှာ စပါးစ် အသင်းက နိုင်ပွဲပိုရထားသလို မန်ယူအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ ခြေစွမ်းကောင်းတာကိုတွေ့ရ ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်က မန်ယူအသင်းအတွက် အဝေးကွင်းမှာ နိုင်ပွဲရဖို့ခက်ခဲနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို နိုင်ပွဲအနေနဲ့ဆိုရင်တော့ စပါးစ်အသင်းက (၁)ဂိုး လောက်အကွာနဲ့နိုင်ပါမယ်။
မန်စီးတီး Vs လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ဝ - ၂ လီဗာပူးလ် (၂၃ - ၂ -၂၀၂၅)
လီဗာပူးလ် ၂ - ၁ မန်စီးတီး (၁-၁၂-၂၀၂၄)
မန်စီးတီး ဝ - ဝ လီဗာပူးလ် (၁၀-၃-၂၀၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၃ - ၂ လီဗာပူးလ်
မန်စီးတီး ၂ - ၁ လီဗာပူးလ်
မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ ပြီးခဲ့တဲ့ (၈)နှစ်အတွင်းမှာ ချန်ပီယံဆုကို တစ်ယောက် တစ်လှည့်စီရယူထားတဲ့အသင်းတွေဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကြီးစိုးနေခဲ့ပြီးသားအသင်းတွေဖြစ်ပါ တယ်။ ဒီ(၈)နှစ်အတောအတွင်းမှာ ဒီနှစ်သင်းရဲ့ ပြိုင် ဆိုင်မှုတွေဟာ တကယ်ကိုကြည့်ကောင်းခဲ့ပြီး မန်စီး တီးအသင်းကတော့ ချန်ပီယံဆုကို ပိုရထားတဲ့အသင်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိလည်း ဒီနှစ်သင်း ကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့အသင်းမရှိသေးတာကြောင့် ဒီရာသီမှာ (၈)နှစ်အတွင်း သူတို့နှစ်သင်းရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ စွမ်းဆောင်သွားနိုင်ဦးမလားဆိုတာကိုစောင့်ကြည့်သွား ရဖို့ရှိနေပါတယ်။ မန်စီးတီးအသင်းရဲ့စွမ်းဆောင်ရည်ကတော့ ဒီရာသီအစပိုင်းမှာ အကောင်းဆုံးမဟုတ်ခဲ့ ပေမယ့်တဖြည်းဖြည်းနဲ့ ချန်ပီယံလမ်းကြောင်းပေါ်ကို ပြန်လည်တက်လှမ်းနိုင်ဖို့ ခြေစွမ်းကိုမြင်တွေ့လာရ ပါတယ်။ အထူးသဖြင့် ဟာလန်းနဲ့ ဖိုဒန်တို့အပြင် ကစားသမားသစ်တွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေ ကြောင့် နောက်ပိုင်းပွဲစဉ်တွေမှာ မန်စီးတီး အသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် တိုက်ပွဲ ဝင်သွားနိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။ လီဗာပူးလ်အသင်းကတော့ အမှတ်ပေးဇယား ရဲ့ထိပ်ဆုံးနေရာကနေ ဆင်းပေးလိုက်ရပြီးတဲ့နောက်ပိုင်း ခြေစွမ်းပိုင်းကျဆင်းသွားသလို စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာလည်း အနည်းငယ်ထိခိုက်သွားဟန်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသင်းရဲ့ လူစာရင်းကို ကြည့်ရင် ကစားသမားကောင်းများစွာ ပိုင်ဆိုင်ထားတာကိုမြင်တွေ့ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အ ကောင်းဆုံးစုဖွဲ့မှုတစ်ခုလို့လည်းပြောလို့ရပါတယ်။ ဒါပေမဲ့လိုအပ်ချက်ကတော့ အသင်းမှာရှိတဲ့ကစား သမားတချို့ရဲ့ အသက်အရွယ်ကြောင့် ခြေစွမ်းပိုင်းကျဆင်းမှုတွေမြင်တွေ့ရမှာဖြစ်ပြီး ဝယ်ထားတဲ့ ကစား သမားတချို့ကလည်း ပုံမှန်ခြေစွမ်းပြန် မရသေးတဲ့အနေအထားမှာ လီဗာပူးလ်အသင်းဟာ နိုင်ပွဲတွေနဲ့ ဝေးကွာနေစေခဲ့တာဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရတော့ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်အသင်းက မန်စီးတီးကို အိမ်ကွင်းရော အဝေးကွင်းမှာပါ (၂) ဂိုးပြတ်နဲ့ နိုင်ပွဲရယူထားခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပွဲစဉ်မှာတော့ မန်စီးတီးအသင်းက အိမ်ကွင်းဖြစ်တဲ့အပြင် လီဗာပူးလ်အသင်းကိုလည်း အ ကောင်းဆုံးရင်ဆိုင်နိုင်ဖို့ရှိနေတာကြောင့် ဒီပွဲစဉ်က အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိနေပေ မယ့် နိုင်ပွဲအနေနဲ့ဆိုရင်တော့ မန်စီးတီးအသင်းဘက်က ခက်ခက်ခဲခဲနိုင်ပွဲရယူသွားနိုင်ပါတယ်။
ဆန်းဒါးလန်း Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၅ - ၁ ဆန်းဒါးလန်း(၂၂-၁၂ -၂၀၂၅)
အာဆင်နယ် ၂ - ဝ ဆန်းဒါးလန်း (၁၇- ၅ -၂၀၁၇)
ဆန်းဒါးလန်း ၁ - ၄ အာဆင်နယ်(၂၉-၁၀ -၂၀၁၆)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဆန်းဒါးလန်း ၁ - ၃ အာဆင်နယ်
ဆန်းဒါးလန်း ၁ - ၃ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ် ပြီး အမှတ်ပေးဇယားကိုလည်း ဦးဆောင်ထားပါတယ်။ တကယ်တမ်းမှာလည်း အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပေးဂိုးအနည်းဆုံးအသင်းဖြစ်ပြီး ကွင်းလယ်၊ တိုက်စစ်နဲ့ ခံစစ်ပိုင်းအပြင် ဂိုးသမားနေရာက အစ အပြစ်ပြောစရာမရှိအောင်ကောင်းမွန်နေပြီး ချန်ပီယံဖြစ်ဖို့လည်း အခွင့်အရေးများစွာရှိနေတဲ့ အ သင်းဖြစ်ပါတယ်။ တစ်ဖက်မှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ခြေစွမ်းပိုင်းကျဆင်းချိန်ဖြစ်တဲ့အပြင် ထိပ်တိုက်တွေ့ဆုံမှုတွေရှိနေတာကြောင့် ကြားထဲက အာဆင်နယ် အသင်းအတွက်အမြတ်ထွက်သွားဖို့ရှိနေပါတယ်။ ဒါ့ပြင် ဆာကာပြန်လည်ပါဝင်လာနိုင်တာကလည်း အာ ဆင်နယ်အသင်းရဲ့ နိုင်ပွဲတွေအတွက် အားသာချက်တစ်ခုပြန်ဖြစ်လာဖို့ရှိနေပြီး ပရီးမီးယားလိဂ်မှာ ဘယ် အသင်းကိုမဆို အနိုင်ယူကျော်ဖြတ်နိုင်တဲ့ လူစာရင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းကို ပြသထားနိုင်တဲ့ အာဆင်နယ်အသင်းအတွက် ရာသီကုန်မှာ ချန်ပီယံ ဆုတစ်ခုခုကို ရယူပိုင်ဆိုင်နိုင်ဖို့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်။ ဆန်း ဒါးလန်းအသင်းကတော့ အသင်းကြီးတွေဖြစ်တဲ့ချဲလ်ဆီးအသင်းကို အနိုင်ယူကျော်ဖြတ်ထားတဲ့အပြင် တန်းတက်လာတဲ့အသင်းဖြစ်ပေမယ့် စွမ်းဆောင်ရည်ကောင်းတွေကို ပိုင်ဆိုင်ထားတာကြောင့် အာဆင် နယ်အသင်းအနေနဲ့ သတိထားယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ အာဆင်နယ် အသင်းက အသာရထားပေမယ့် ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ ဆန်းဒါးလန်းအသင်းက အိမ်ကွင်းဖြစ်တာ ကြောင့် ခက်ခက်ခဲခဲကစားပြီးမှ သွင်းဂိုး(၁)ဂိုးလောက်အကွာနဲ့သာ အာဆင်နယ်အသင်းက ကပ်နိုင်ပါ မယ်။ အပြန်အလှန် သွင်းဂိုးလဲနည်းနိုင်ပါတယ်။
ချဲလ်ဆီး Vs ဝုဗ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၃ - ၁ ဝုဗ် (၂၁ - ၁ -၂၀၂၅)
ဝုဗ် ၂ - ၆ ချဲလ်ဆီး (၂၅ - ၈ -၂၀၂၅)
ချဲလ်ဆီး ၂ - ၄ ဝုဗ် (၄ - ၂ -၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၃ - ဝ ဝုဗ်
ချဲလ်ဆီး ၃ - ၁ ဝုဗ်
ချဲလ်ဆီးအသင်းရဲ့ ဒီရာသီစွမ်းဆောင်ရည်တွေက ရာသီအစပိုင်းမှာသာ အလုပ်ဖြစ်ခဲ့ပြီး နောက် ပိုင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်းကောင်းမွန်လာမှုမရှိတဲ့အပြင် အသင်းရဲ့အဓိက ကစားသမားတွေ ဒဏ်ရာရရှိ နေမှုက ချဲလ်ဆီးအသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကိုးလ်းပါး မား၊ လပိုင်းကိုးလ်ဝဲလ်နဲ့ လီယန်ဒီလပ်တို့လို တိုက်စစ်၊ ကွင်းလယ်နဲ့နောက်တန်းရဲ့ အဓိကကစားသမား တွေ ဒဏ်ရာရရှိမှုက ပရီးမီးယားလိဂ်ချန်ပီယံလမ်းကြောင်းကနေပါ သွေဖယ်သွားရတဲ့အထိ ဆိုးရွားစေခဲ့ တာကိုတွေ့ရပါတယ်။ အဓိကအချက်ကတော့ ချဲလ်ဆီးအသင်းရဲ့နောက်တန်းခံစစ်ဖြစ်ပြီး ပွဲတိုင်းဂိုးပေ နေရသလို မတည်ငြိမ်တဲ့စွမ်းဆောင်ရည်တွေကိုပါ မြင်တွေ့လာရတာကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲရဖို့ခက်ခဲလာနိုင်ပါတယ်။ ဒါ့ပြင် ချဲလ်ဆီးအသင်းဟာ တစ်ပွဲထိုးကစားဖို့ ဆိုရင် အာသာချက်နဲ့ နည်းဗျူဟာပိုင်းကောင်းပေမယ့် ရေရှည်ကစားရတဲ့အမှတ်ပေးဖလားပြိုင်ပွဲတွေမှာ ရမှတ်တွေဆုံးရှုံးရသလို ချန်ပီယံဖြစ်ဖို့လည်း လိုအပ်ချက်များစွာရှိနေတဲ့အသင်းဖြစ်ပါတယ်။ ဝုဗ်အသင်း ကတော့ ဒီရာသီမှာ တန်းဆင်းရဖို့သေချာသလောက်ရှိနေတဲ့အသင်းဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အမှတ် အနည်းဆုံးနဲ့ အောက်ဆုံးနေရာမှာရှိနေတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ဒီပွဲစဉ်မှာ ဂိုးပြတ်ရလဒ်နဲ့ နိုင်ပွဲတစ်ပွဲကို ပြန်လည်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
၈ - ၁၁ - ၂၀၂၅ (စနေနေ့ ညပိုင်း)
ည( ၇းဝဝ) စပါးစ် Vs မန်ယူ
ည (၁၂းဝဝ) ဆန်းဒါးလန်း Vs အာဆင်နယ်
၉ - ၁၁ - ၂၀၂၅ (တနင်္ဂနွေနေ့ နံနက်ပိုင်း)
နံနက်(၂ : ၃၀) ချဲလ်ဆီး Vs ဝုဗ်
ည(၁၁ : ဝဝ) မန်စီးတီး Vs လီဗာပူးလ်

Zawgyi Version:
(၂၀၂၅ - ၂၀၂၆) ေဘာလုံးရာသီ ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)အတြက္ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ႏိုဝင္ဘာ ၇
ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ပြဲစဥ္(၁၁)က ကေတာ့ ဒီတစ္ပတ္မွာ ပရိသတ္ေတြအတြက္ ေစာင့္ၾကည့္ ခ်င္စရာေကာင္းၿပီး ၿပိဳင္ဆိုင္မႈ ျပင္းထန္မယ့္ အျပင္ ရမွတ္ေတြလိုအပ္ေနတဲ့ အသင္းႀကီးေတြရဲ႕ ထိပ္ တိုက္ေတြ႕ဆုံမႈေတြရွိေနပါတယ္။ အမွတ္ေပး ဇယားရဲ႕ထိပ္ဆုံးမွာ အာဆင္နယ္အသင္းက ရပ္တည္ေန တယ္ဆိုေပမယ့္ ရမွတ္ကြာဟမႈ ႀကီးႀကီးမားမား မရွိတဲ့အေနအထားမွာ တစ္ပြဲဆိုတစ္ပြဲရမွတ္လိုက္မီႏိုင္ တဲ့အေနအထားမ်ိဳးရွိေနတာေၾကာင့္လည္း အသင္းႀကီးေတြအတြက္ အမွားမခံတဲ့ပြဲစဥ္ေတြလည္း ျဖစ္ လာဖို႔ရွိေနပါတယ္။ ဒီရာသီမွာ အထူးေျခ စြမ္းျပေနတဲ့ စပါးစ္အသင္းနဲ႔ ဘုန္းေမာက္စ္ အသင္းေတြက လည္း ခ်န္ပီယံလမ္းေၾကာင္းမွာရွိေနၿပီး အသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီး၊ မန္ယူတို႔ကလည္း ရမွတ္ေတြ လိုအပ္ေနတာေၾကာင့္ ဒီတစ္ပတ္ ပြဲစဥ္(၁၁)က ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို အေျပာင္းအလဲ မ်ား စြာျဖစ္လာေစႏိုင္မွာပါ။ ဒါေၾကာင့္ NP News ကေန ပရီးမီးယားလိဂ္ ပြဲစဥ္(၁၁)ရဲ႕ အေကာင္းဆုံးပြဲစဥ္ ေတြကို ပြဲႀကိဳသုံးသပ္ခ်က္အေနနဲ႔ ေဖာ္ျပေပးခ်င္ပါတယ္။
စပါးစ္ Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
စပါးစ္ ၁ - ဝ မန္ယူ (၂ - ၁၆ -၂၀၂၅)
မန္ယူ ဝ - ၃ စပါးစ္ (၂၉ - ၉ - ၂၀၂၄)
မန္ယူ ၂ - ၂ စပါးစ္ (၁၄-၁-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္ ၂ - ၁ မန္ယူ
စပါးစ္ ၂ - ၂ မန္ယူ
ဒီပြဲစဥ္က ႏွစ္သင္းလုံးအတြက္အေရးပါတဲ့ ပြဲစဥ္တစ္ပြဲျဖစ္ၿပီး အမွားခံလို႔မရတဲ့ ပြဲစဥ္ျဖစ္တာ ေၾကာင့္ အႀကိတ္အနယ္ကစားဖို႔ရွိေနၿပီး ၿပိဳင္ဆိုင္မႈေတြကလည္း ျပင္းထန္လာဖို႔ရွိေနတဲ့ ပြဲစဥ္ျဖစ္ပါ တယ္။ စပါးစ္အသင္းအေနနဲ႔ကေတာ့ ဒီရာသီမွာ ပုံ မွန္ထက္ပိုေကာင္းေနတဲ့အသင္းတစ္သင္းျဖစ္ၿပီး နည္းျပသစ္လက္ထက္မွာ ပရီးမီးယားလိဂ္ ခ်န္ပီယံလမ္းေၾကာင္းမွာ အာဆင္နယ္အသင္းကို အနီးကပ္ ထိ အားေပးထားႏိုင္တဲ့အသင္းျဖစ္ပါတယ္။ စပါးစ္ အသင္းရဲ႕ အဓိကအားသာခ်က္ကေတာ့ တစ္သင္းလုံး အတက္အဆင္းမွန္မွန္နဲ႔ကစားအားေကာင္းတဲ့အျပင္ တိုက္စစ္ပိုင္းမွာလည္း အခြင့္အေရးေတြကို အ ေကာင္းဆုံးအသုံးခ်ႏိုင္တဲ့အသင္းျဖစ္ပါတယ္။ ဒါ့ျပင္ ၿပိဳင္ဘက္အသင္းကို ဖိအားေပးကစားထားႏိုင္မႈနဲ႔ အတူ ေနာက္တန္းခံစစ္မွာလည္း အေကာင္း ဆုံးပုံစံတစ္ရပ္ရွိေနၿပီး အေဝးကြင္းစြမ္းေဆာင္ရည္ေကာင္း တဲ့ အသင္းတစ္သင္းလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ဒီရာသီမွာ လန္ဒန္ၿပိဳင္ဘက္ျဖစ္တဲ့ အာဆင္နယ္အသင္း ကို အေကာင္းဆုံးယွဥ္ၿပိဳင္ဖို႔ရွိေနတာေၾကာင့္လည္း ဒီရာသီမွာ ခ်န္ပီယံအသင္းဟာ လန္ဒန္က အသင္း တစ္သင္းျဖစ္သြားမလားဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းပါတယ္။ မန္ယူအသင္းကေတာ့ ခ်ဲလ္ ဆီးနဲ႔ လီဗာပူးလ္အသင္းတို႔ကို အႏိုင္ယူေက်ာ္ျဖတ္ျပခဲ့တဲ့အျပင္ ေနာက္ထပ္ႏိုင္ပြဲေတြကိုပါ ယူေဆာင္ လာမႈေတြေၾကာင့္ စိတ္ဓာတ္ပိုင္းဆိုင္ရာမွာ ေကာင္းမြန္လာၿပီျဖစ္သလို အမွတ္ေပးဇယားမွာလည္း ဥေရာပ ဝင္ခြင့္တစ္ေနရာအတြက္ လမ္းေၾကာင္းမွန္တစ္ခုအေပၚကို ျပန္ေရာက္လာၿပီလို႔ဆိုႏိုင္ပါတယ္။ ဒါ့ျပင္ ကစားသမားသစ္ေတြရဲ႕ အသားက်လာမႈနဲ႔အတူ ကူညာနဲ႔ အမ္ဘူမိုတို႔အျပင္ ေမဆန္ေမာက္ရဲ႕ ေျခ စြမ္းျပန္ေကာင္းလာမႈေတြကလည္း မန္ယူအသင္းအတြက္ အားသာခ်က္ေတြျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ယူအသင္းရဲ႕ေျခစြမ္းကို စပါးစ္အသင္းနဲ႔ပြဲစဥ္မွာ ထပ္မံအစမ္းသပ္ခံဖို႔ရွိေနၿပီး ႏိုင္ပြဲရခဲ့ရင္ေတာ့ ပရီးမီး ယားလိဂ္အမွတ္ေပးဇယားမွာ မန္ယူအသင္းအတြက္ အခြင့္အေရးေကာင္းေတြကို ရရွိသြားႏိုင္မွာလည္း ျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအရျပန္ၾကည့္ရင္ေတာ့ မႏွစ္ကရာသီထိပ္တိုက္ေတြ႕ဆုံမႈေတြမွာ စပါးစ္ အသင္းက ႏိုင္ပြဲပိုရထားသလို မန္ယူအသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈတိုင္းမွာ ေျခစြမ္းေကာင္းတာကိုေတြ႕ရ ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ ပြဲစဥ္က မန္ယူအသင္းအတြက္ အေဝးကြင္းမွာ ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္ၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်သြားႏိုင္သလို ႏိုင္ပြဲအေနနဲ႔ဆိုရင္ေတာ့ စပါးစ္အသင္းက (၁)ဂိုး ေလာက္အကြာနဲ႔ႏိုင္ပါမယ္။
မန္စီးတီး Vs လီဗာပူးလ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး ဝ - ၂ လီဗာပူးလ္ (၂၃ - ၂ -၂၀၂၅)
လီဗာပူးလ္ ၂ - ၁ မန္စီးတီး (၁-၁၂-၂၀၂၄)
မန္စီးတီး ဝ - ဝ လီဗာပူးလ္ (၁၀-၃-၂၀၂၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၃ - ၂ လီဗာပူးလ္
မန္စီးတီး ၂ - ၁ လီဗာပူးလ္
မန္စီးတီးနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ၿပီးခဲ့တဲ့ (၈)ႏွစ္အတြင္းမွာ ခ်န္ပီယံဆုကို တစ္ေယာက္ တစ္လွည့္စီရယူထားတဲ့အသင္းေတြျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ႀကီးစိုးေနခဲ့ၿပီးသားအသင္းေတြျဖစ္ပါ တယ္။ ဒီ(၈)ႏွစ္အေတာအတြင္းမွာ ဒီႏွစ္သင္းရဲ႕ ၿပိဳင္ ဆိုင္မႈေတြဟာ တကယ္ကိုၾကည့္ေကာင္းခဲ့ၿပီး မန္စီး တီးအသင္းကေတာ့ ခ်န္ပီယံဆုကို ပိုရထားတဲ့အသင္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိလည္း ဒီႏွစ္သင္း ကိုေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းမရွိေသးတာေၾကာင့္ ဒီရာသီမွာ (၈)ႏွစ္အတြင္း သူတို႔ႏွစ္သင္းရဲ႕ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္ဖို႔ စြမ္းေဆာင္သြားႏိုင္ဦးမလားဆိုတာကိုေစာင့္ၾကည့္သြား ရဖို႔ရွိေနပါတယ္။ မန္စီးတီးအသင္းရဲ႕စြမ္းေဆာင္ရည္ကေတာ့ ဒီရာသီအစပိုင္းမွာ အေကာင္းဆုံးမဟုတ္ခဲ့ ေပမယ့္တျဖည္းျဖည္းနဲ႔ ခ်န္ပီယံလမ္းေၾကာင္းေပၚကို ျပန္လည္တက္လွမ္းႏိုင္ဖို႔ ေျခစြမ္းကိုျမင္ေတြ႕လာရ ပါတယ္။ အထူးသျဖင့္ ဟာလန္းနဲ႔ ဖိုဒန္တို႔အျပင္ ကစားသမားသစ္ေတြရဲ႕ စြမ္းေဆာင္ရည္ေကာင္းေတြ ေၾကာင့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ မန္စီးတီး အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ တိုက္ပြဲ ဝင္သြားႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ လီဗာပူးလ္အသင္းကေတာ့ အမွတ္ေပးဇယား ရဲ႕ထိပ္ဆုံးေနရာကေန ဆင္းေပးလိုက္ရၿပီးတဲ့ေနာက္ပိုင္း ေျခစြမ္းပိုင္းက်ဆင္းသြားသလို စိတ္ဓာတ္ပိုင္း ဆိုင္ရာမွာလည္း အနည္းငယ္ထိခိုက္သြားဟန္ရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အသင္းရဲ႕ လူစာရင္းကို ၾကည့္ရင္ ကစားသမားေကာင္းမ်ားစြာ ပိုင္ဆိုင္ထားတာကိုျမင္ေတြ႕ရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ အ ေကာင္းဆုံးစုဖြဲ႕မႈတစ္ခုလို႔လည္းေျပာလို႔ရပါတယ္။ ဒါေပမဲ့လိုအပ္ခ်က္ကေတာ့ အသင္းမွာရွိတဲ့ကစား သမားတခ်ိဳ႕ရဲ႕ အသက္အ႐ြယ္ေၾကာင့္ ေျခစြမ္းပိုင္းက်ဆင္းမႈေတြျမင္ေတြ႕ရမွာျဖစ္ၿပီး ဝယ္ထားတဲ့ ကစား သမားတခ်ိဳ႕ကလည္း ပုံမွန္ေျခစြမ္းျပန္ မရေသးတဲ့အေနအထားမွာ လီဗာပူးလ္အသင္းဟာ ႏိုင္ပြဲေတြနဲ႔ ေဝးကြာေနေစခဲ့တာျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအရေတာ့ ၿပီးခဲ့တဲ့ရာသီမွာ လီဗာပူးလ္အသင္းက မန္စီးတီးကို အိမ္ကြင္းေရာ အေဝးကြင္းမွာပါ (၂) ဂိုးျပတ္နဲ႔ ႏိုင္ပြဲရယူထားခဲ့တာကိုေတြ႕ရမွာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီပြဲစဥ္မွာေတာ့ မန္စီးတီးအသင္းက အိမ္ကြင္းျဖစ္တဲ့အျပင္ လီဗာပူးလ္အသင္းကိုလည္း အ ေကာင္းဆုံးရင္ဆိုင္ႏိုင္ဖို႔ရွိေနတာေၾကာင့္ ဒီပြဲစဥ္က အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရဖို႔ရွိေနေပ မယ့္ ႏိုင္ပြဲအေနနဲ႔ဆိုရင္ေတာ့ မန္စီးတီးအသင္းဘက္က ခက္ခက္ခဲခဲႏိုင္ပြဲရယူသြားႏိုင္ပါတယ္။
ဆန္းဒါးလန္း Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၅ - ၁ ဆန္းဒါးလန္း(၂၂-၁၂ -၂၀၂၅)
အာဆင္နယ္ ၂ - ဝ ဆန္းဒါးလန္း (၁၇- ၅ -၂၀၁၇)
ဆန္းဒါးလန္း ၁ - ၄ အာဆင္နယ္(၂၉-၁၀ -၂၀၁၆)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဆန္းဒါးလန္း ၁ - ၃ အာဆင္နယ္
ဆန္းဒါးလန္း ၁ - ၃ အာဆင္နယ္
အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္ ၿပီး အမွတ္ေပးဇယားကိုလည္း ဦးေဆာင္ထားပါတယ္။ တကယ္တမ္းမွာလည္း အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ေပးဂိုးအနည္းဆုံးအသင္းျဖစ္ၿပီး ကြင္းလယ္၊ တိုက္စစ္နဲ႔ ခံစစ္ပိုင္းအျပင္ ဂိုးသမားေနရာက အစ အျပစ္ေျပာစရာမရွိေအာင္ေကာင္းမြန္ေနၿပီး ခ်န္ပီယံျဖစ္ဖို႔လည္း အခြင့္အေရးမ်ားစြာရွိေနတဲ့ အ သင္းျဖစ္ပါတယ္။ တစ္ဖက္မွာ အဓိကၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီးအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ရဲ႕ ေျခစြမ္းပိုင္းက်ဆင္းခ်ိန္ျဖစ္တဲ့အျပင္ ထိပ္တိုက္ေတြ႕ဆုံမႈေတြရွိေနတာေၾကာင့္ ၾကားထဲက အာဆင္နယ္ အသင္းအတြက္အျမတ္ထြက္သြားဖို႔ရွိေနပါတယ္။ ဒါ့ျပင္ ဆာကာျပန္လည္ပါဝင္လာႏိုင္တာကလည္း အာ ဆင္နယ္အသင္းရဲ႕ ႏိုင္ပြဲေတြအတြက္ အားသာခ်က္တစ္ခုျပန္ျဖစ္လာဖို႔ရွိေနၿပီး ပရီးမီးယားလိဂ္မွာ ဘယ္ အသင္းကိုမဆို အႏိုင္ယူေက်ာ္ျဖတ္ႏိုင္တဲ့ လူစာရင္းတစ္ခုကိုလည္း ပိုင္ဆိုင္ထားပါတယ္။ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ အေကာင္းဆုံးေျခစြမ္းကို ျပသထားႏိုင္တဲ့ အာဆင္နယ္အသင္းအတြက္ ရာသီကုန္မွာ ခ်န္ပီယံ ဆုတစ္ခုခုကို ရယူပိုင္ဆိုင္ႏိုင္ဖို႔ အလားအလာေကာင္းေတြကို ပိုင္ဆိုင္ထားတဲ့အသင္းျဖစ္ပါတယ္။ ဆန္း ဒါးလန္းအသင္းကေတာ့ အသင္းႀကီးေတြျဖစ္တဲ့ခ်ဲလ္ဆီးအသင္းကို အႏိုင္ယူေက်ာ္ျဖတ္ထားတဲ့အျပင္ တန္းတက္လာတဲ့အသင္းျဖစ္ေပမယ့္ စြမ္းေဆာင္ရည္ေကာင္းေတြကို ပိုင္ဆိုင္ထားတာေၾကာင့္ အာဆင္ နယ္အသင္းအေနနဲ႔ သတိထားယွဥ္ၿပိဳင္ရဖို႔ရွိေနပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈေတြမွာေတာ့ အာဆင္နယ္ အသင္းက အသာရထားေပမယ့္ ဒီတစ္ႀကိမ္ေတြ႕ဆုံမႈမွာေတာ့ ဆန္းဒါးလန္းအသင္းက အိမ္ကြင္းျဖစ္တာ ေၾကာင့္ ခက္ခက္ခဲခဲကစားၿပီးမွ သြင္းဂိုး(၁)ဂိုးေလာက္အကြာနဲ႔သာ အာဆင္နယ္အသင္းက ကပ္ႏိုင္ပါ မယ္။ အျပန္အလွန္ သြင္းဂိုးလဲနည္းႏိုင္ပါတယ္။
ခ်ဲလ္ဆီး Vs ဝုဗ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၃ - ၁ ဝုဗ္ (၂၁ - ၁ -၂၀၂၅)
ဝုဗ္ ၂ - ၆ ခ်ဲလ္ဆီး (၂၅ - ၈ -၂၀၂၅)
ခ်ဲလ္ဆီး ၂ - ၄ ဝုဗ္ (၄ - ၂ -၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၃ - ဝ ဝုဗ္
ခ်ဲလ္ဆီး ၃ - ၁ ဝုဗ္
ခ်ဲလ္ဆီးအသင္းရဲ႕ ဒီရာသီစြမ္းေဆာင္ရည္ေတြက ရာသီအစပိုင္းမွာသာ အလုပ္ျဖစ္ခဲ့ၿပီး ေနာက္ ပိုင္းပြဲစဥ္ေတြမွာ ရလဒ္ပိုင္းေကာင္းမြန္လာမႈမရွိတဲ့အျပင္ အသင္းရဲ႕အဓိက ကစားသမားေတြ ဒဏ္ရာရရွိ ေနမႈက ခ်ဲလ္ဆီးအသင္းအတြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္ေစခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ကိုးလ္းပါး မား၊ လပိုင္းကိုးလ္ဝဲလ္နဲ႔ လီယန္ဒီလပ္တို႔လို တိုက္စစ္၊ ကြင္းလယ္နဲ႔ေနာက္တန္းရဲ႕ အဓိကကစားသမား ေတြ ဒဏ္ရာရရွိမႈက ပရီးမီးယားလိဂ္ခ်န္ပီယံလမ္းေၾကာင္းကေနပါ ေသြဖယ္သြားရတဲ့အထိ ဆိုး႐ြားေစခဲ့ တာကိုေတြ႕ရပါတယ္။ အဓိကအခ်က္ကေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ေနာက္တန္းခံစစ္ျဖစ္ၿပီး ပြဲတိုင္းဂိုးေပ ေနရသလို မတည္ၿငိမ္တဲ့စြမ္းေဆာင္ရည္ေတြကိုပါ ျမင္ေတြ႕လာရတာေၾကာင့္ ခ်ဲလ္ဆီး အသင္းအေနနဲ႔ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ႏိုင္ပြဲရဖို႔ခက္ခဲလာႏိုင္ပါတယ္။ ဒါ့ျပင္ ခ်ဲလ္ဆီးအသင္းဟာ တစ္ပြဲထိုးကစားဖို႔ ဆိုရင္ အာသာခ်က္နဲ႔ နည္းဗ်ဴဟာပိုင္းေကာင္းေပမယ့္ ေရရွည္ကစားရတဲ့အမွတ္ေပးဖလားၿပိဳင္ပြဲေတြမွာ ရမွတ္ေတြဆုံးရႈံးရသလို ခ်န္ပီယံျဖစ္ဖို႔လည္း လိုအပ္ခ်က္မ်ားစြာရွိေနတဲ့အသင္းျဖစ္ပါတယ္။ ဝုဗ္အသင္း ကေတာ့ ဒီရာသီမွာ တန္းဆင္းရဖို႔ေသခ်ာသေလာက္ရွိေနတဲ့အသင္းျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ အမွတ္ အနည္းဆုံးနဲ႔ ေအာက္ဆုံးေနရာမွာရွိေနတာေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီပြဲစဥ္မွာ ဂိုးျပတ္ရလဒ္နဲ႔ ႏိုင္ပြဲတစ္ပြဲကို ျပန္လည္ေဖာ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။
၈ - ၁၁ - ၂၀၂၅ (စေနေန႔ ညပိုင္း)
ည( ရးဝဝ) စပါးစ္ Vs မန္ယူ
ည (၁၂းဝဝ) ဆန္းဒါးလန္း Vs အာဆင္နယ္
၉ - ၁၁ - ၂၀၂၅ (တနဂၤေႏြေန႔ နံနက္ပိုင္း)
နံနက္(၂ : ၃၀) ခ်ဲလ္ဆီး Vs ဝုဗ္
ည(၁၁ : ဝဝ) မန္စီးတီး Vs လီဗာပူးလ္