PDF များ ခေတ္တစိုးမိုးထားသည့် ဆည်တော်ကြီးရေလှောင်တမံနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများ ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရှိ

495

သုတကျော် (NP News) - နိုဝင်ဘာ ၇
တပ်မတော်စစ်ကြောင်းများက PDF များ ခေတ္တစိုးမိုးထားသည့် ဆည်တော်ကြီးရေလှောင်တမံ နှင့် ပတ်ဝန်းကျင် ဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်ပျက်စီးရာ ပျက်စီးကြောင်းကို နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်နေသော CRPH၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများသည် PDF အမည်ခံအကြမ်းဖက်သမားများကို မွေးထုတ်ပေးကာ အစိုးရ၏အုပ်ချုပ်ရေး ယန္တရားများ ပျက်စီးစေရန် နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေရန် ရည်ရွယ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်ပူးပေါင်းကာ ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသည့် နိုင်ငံတော်မှ ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော အစိုးရဝန်ထမ်းများ၊ ဆရာတော်၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန်နှင့် အမြတ်တနိုး သိမ်းဆည်းထားသောပစ္စည်းများအား အတင်းအဓမ္မလုယက် ယူဆောင်ခြင်း၊ လက်နက် အားကိုး၍ ပြည်သူလူထုထံမှ အတင်းအဓမ္မဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်း ခြင်း၊ တိုက်ပွဲဖြစ်ပွားရာဒေသများ၌ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချခြင်းများ လုပ်ဆောင် လျက်ရှိသည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဌာနဆိုင်ရာ အစိုးရအုပ်ချုပ်မှု အဆောက်အအုံများ၊ နိုင်ငံတော်၏ ပုခုံးပြောင်းတာဝန်များကို ထမ်းဆောင်ကြရမည့် ပညာတတ်လူငယ်လူရွယ်များကို မွေးထုတ်ပေးနေ သည့် စာသင်ကျောင်းများ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် စက်ရုံ၊ အလုပ်ရုံများနှင့် ပြည်သူများ အဓိကသွားလာ အသုံးပြု လျက်ရှိသည့် လမ်း၊ တံတားကြီးများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြသ ဖြင့် ၎င်းတို့ရောက်ရှိရာ ဒေသများရှိ ပြည်သူလူထုများသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လူမှုစီးပွားဘဝများ အဘက်ဘက်မှ နိမ့်ကျလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် CRPHI NUG ပြည်ဖျက်အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသကို ဆက်သွယ်ပေးထားပြီး နိုင်ငံ၏ ကုန်စည်ကူးသန်းမှုနှင့် အချက်အခြာတစ်ခု ဖြစ်သည့် မန္တလေးမြို့ကို သိမ်းပိုက်နိုင်ရေးသည်လည်း ၎င်းတို့၏ စိတ်ကူးယဉ် စစ်ရေးအိပ်မက်ထဲမှ တစ်ခု အပါအဝင် ဖြစ်ကြောင်း ရေးသားထားသည်။
ထို့ကြောင့် အညာဒေသတွင် ရိုးသားစွာနေထိုင်လုပ်ကိုင်စားသောက်နေကြသည့် ပြည်သူများအား ဒီမိုကရေစီ အရေးနှင့် ဒေသကောင်းစားရေးဟု နိုင်ငံရေး မက်လုံးများဖြင့် စည်းရုံး သိမ်းသွင်းကာ အကြမ်းဖက်သင်တန်းများပို့ချပေးပြီး MDY-PDF အမည်ခံ အကြမ်းဖက်သမားများအဖြစ် မွေးထုတ်ပေးကာ မြို့၊ ရွာ များတွင် တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ လုံခြုံရေးအားနည်းသော တပ်စခန်းငယ်များကို အင်အားအလုံး အရင်းအသုံးပြု၍ တိုက်ခိုက်ခြင်း၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများအား တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာကြ ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျည်တစ် တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်များဖြင့် အသက်ကိုပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ဖြင့် ပြန်လည်ခုခံ တွန်းလှန်ခဲ့ကြသော်လည်း အကြမ်းဖက်သမားများအနေဖြင့် အတင်းအဓမ္မခြိမ်းခြောက် လူသစ်စုဆောင်းခြင်းဖြင့် ရရှိလာသော သာလွန်အင်အားများဖြင့် ဒေသခံပြည်သူ လူထုအား လူသားတံတိုင်းအဖြစ်အသုံးချ၍ တိုက်ခိုက် လာခြင်းတို့ကြောင့် လုံခြုံရေး တပ်ဖွဲ့များသည် ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရရှိမှု များပြားလာကာ ပြည်သူလူထု၏ နေအိမ်များ၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေရေးတို့အတွက် စစ်နည်းဗျူဟာမြောက် ကြားခံစစ်အဆင့်ဆင့်ဖြင့် စနစ်တကျ ဆုတ်ခွာပေးခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ သည် မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးကျေးရွာ အပါအဝင် ၎င်းဒေသ တစ်ဝိုက်ရှိ နယ်မြေခံ တပ်ဌာနချုပ်၊ ဆည်တော်ကြီးရေလှောင်တမံနှင့် နိုင်ငံ့အကျိုးပြု အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် သတ္တုတွင်းနေရာတို့အား ခေတ္တထိန်းချုပ်ခဲ့ကြသည်။
သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ ခေတ္တ ထိန်းချုပ်ထားသော ဆည်တော်ကြီး ကျေးရွာ အပါအဝင် ဆည်တော်ကြီးရေလှောင် တမံနှင့် နိုင်ငံ့အကျိုးပြုစက်ရုံ၊ အလုပ်ရုံတို့အား ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ပြန်လည်ရရှိရေးအတွက် စီမံချက်များ အဆင့်ဆင့်ရေးဆွဲပြီး စစ်ကြောင်းများခွဲ၍ ပစ်ခတ်မှုနှင့် စစ်ကစားမှုကို ဟန်ချက်ညီညီပေါင်းစပ်ပြီး ချေမှုန်းခဲ့ရာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၄ ရက်တွင် ဖယောင်းတောင် သတ္တုတွင်း ဒေသတစ်ဝိုက်အား လည်းကောင်း၊ ဩဂုတ်လ ၂၈ ရက်တွင် အယ်လ်ဖာဘိလပ်မြေစက်ရုံကိုလည်း ကောင်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများစွာဖြင့် မတ္တရာဒေသမြောက်ဘက်ခြမ်းသို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြသည်။
ခုနှစ် ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် တိုက်စစ်အဟုန်မြှင့်တင်၍ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသော နယ်မြေများ ပြန်လည်ရရှိရေးအတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့များ အသေးစိတ် ဆောင်ရွက်ခဲ့ပြီး jojo အောက်တိုဘာလ ၂၀ ရက်မှစတင်၍ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးအား ဆက်လက် ဆောင်ရွက်ခဲ့ရာ ဆည်တော်ကြီး ရေလှောင်တမံ၏ အရှေ့ဘက် သပြေဒိုးဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ သံဘိုဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ဆည်တော်ကြီးရေလှောင်တမံ၏ တောင်ဘက် အယ်လ်ဖာဘိလပ်မြေ စက်ရုံအနီးရှိစခန်းသာ-ကြာပင်- သန်းကုန်းဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ စခန်းသာ-သဖန်း ကိုင်း-တံတားကုန်း ဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ ဆည်တော်ကြီးရေလှောင်တမံ၏ အနောက်တောင်ဘက်မှ အထောက်အကူ ပြုစစ်ကြောင်း တစ်ကြောင်း စသည့် စစ်ကြောင်း ၅ ကြောင်းဖြင့် တန်ပြန်တိုက်စစ်အား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။ အကြမ်းဖက်သမားများအနေဖြင့်လည်း ၎င်းတို့ ခေတ္တထိန်းချုပ်ထားသည့် မြို့၊ ရွာများ၊ ရေလှောင် တမံတို့အား လက်မလွှတ်ရရေး ပြည်သူလူထု၏ လူနေအိမ် အဆောက်အဦများ၊ ဆည်တော်ကြီးဆည်၏ ရေထိန်းတံခါးများ၊ ရေလွှဲဆည်များကို အကာအကွယ် ရယူ၍လည်းကောင်း၊ ရေထိန်းတမံနှင့် ပတ်ဝန်းကျင်တွင် ကွန်ကရစ်ဘန်ကာများ၊ မြေခွေးကျင်းများနှင့် ဆက်သွယ်ရေးမြောင်းများကို တည်ဆောက်၍ လည်းကောင်း အခိုင်အမာခံစစ်ဆင် ပြန်လည်ခုခံခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် ဒေသခံပြည်သူများ၏ အပြည့်အဝ အားပေးထောက်ခံမှု၊ တိုက်ပွဲဝင် အရာရှိစစ်သည်များ၏ စိတ်ဓာတ်တက်ကြွ၍ တိုက်လို ခိုက်လိုစိတ်ပြင်းပြမှု၊ မဆုတ်မနစ် သောဇွဲ၊ လုံ့လ၊ ဝိရိယရှိမှု၊ စနစ်တကျ ရေးဆွဲထားသော စီမံချက် ကောင်းမွန်မှုတို့ဖြင့် အဆိုပါဆည်ကြီးရှိ အဆောက်အအုံများ၊ စက်ပစ္စည်း ကိရိယာများနှင့် ဆည်မြောင်း တာတမံရေထိန်းတံခါးများ ထိခိုက်ပျက်စီးမှုမရှိစေရေး ကန့်သတ်ချက်များကြားမှ ထိန်းထိန်းသိမ်းသိမ်းဖြင့် တိုက်စစ်ဆင်ခဲ့ရာ နိုဝင်ဘာလ ၇ ရက်နေ့ ယနေ့ နေ့လယ် ပိုင်းတွင် ဆည်တော်ကြီး ရေလှောင်တမံနှင့် နယ်မြေခံတပ်ဌာနချုပ်၊ ပတ်ဝန်းကျင်အား လုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထိုသို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ဆင်ရေးကာလ ၁၉ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီးငယ် ၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၁၄ လောင်း၊ လက်နက်မျိုးစုံ ၆၀ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော် အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။
အဆိုပါ ဆည်တော်ကြီး ရေလှောင်တမံသည် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စလေကျေးရွာအုပ်စု၊ ဆည်တော်ကြီးရွာ အနီးတွင်တည်ရှိပြီး မန္တလေးမြို့ ရေပေးဝေရေး၊ မတ္တရာဒေသနှင့် မန္တလေးပတ်ဝန်း ကျင်ဒေသတွင်း စိုက်ပျိုးရေပေးဝေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးတို့အတွက် ရည်ရွယ်ဆောက်လုပ် ထားသည့် တာတမံဖြစ်ပြီး ၁၉၇၆ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် အောင်မြင်စွာ ပြီးစီးခဲ့သည့် မြေသား၊ကွန်ကရစ် ၊ကျောက်ဖြည့် တမံအမျိုးအစားဖြစ်ကာ တမံအလျား ၄၁၂၀ ပေ၊ တမံအမြင့် ၁၃၃ ပေနှင့် တမံထိပ်အကျယ် ၂၀ ပေရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏအနေဖြင့် ၃၆၃၀၀၀ ဧကပေရှိပြီး အကျိုးပြု ရေလှောင်ပမာဏမှာ ၂၇၉၀၀၀ ဧကပေရှိသည်။ ယင်းအပြင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့၊ ရွာများအတွက် ဆည်ရေပေးဝေနိုင်သည့် လယ်မြေဧက ၁၂၇၀၀၀ ဧကကို စိုက်ပျိုးရေဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။ ထို့ပြင် ဆည်တော်ကြီး ရေလှောင်တမံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် စက်တပ် စွမ်းအား ၂၅ မဂါဝပ်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု နာရီသန်းပေါင်း ၁၃၄ ကီလိုဝပ်ကိုလည်း ထုတ်လုပ်ပေးသဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဘက်တစ်လှမ်းမှ အထောက် အကူပြုလျက်ရှိသည်။
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် ဆည်တော်ကြီး ရေလှောင်တမံအား ထိန်းချုပ်ထားစဉ်အတွင်း ပြည်သူများ၏ လျှပ်စစ် မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေရရှိရေးများအတွက် ထောက်ထား
ငဲ့ညှာမှုမရှိဘဲ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ လိုအပ်သလိုအသုံးချခဲ့ပြီး ရေထိန်းတံခါးများအား ဖွင့်ခြင်း/ ပိတ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ကျုံးရေ လျှော့နည်းကာ မန္တလေးမြို့နှင့် ပတ်ဝန်ကျင် ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစွာမရရှိခြင်း၊ စိုက်ပျိုးရေဖူလုံစွာမရရှိခြင်းများဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီတွင် မိုးစပါး ၇၄၂၄၉ ဧက စိုက်ပျိုးရေပေးဝေရန် လျာထားခဲ့သော်လည်း ၃၀၅၉၂ ဧက ကိုသာ စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးမြေဧက ၄၃၆၅၇ ဧက နစ်နာဆုံးရှုံး ခဲ့ရသည်။
ထို့အတူ ၂၀၂၄-၂၀၂၅ ခုနှစ်နွေရာသီတွင် နွေစပါးနှင့်အခြားသီးနှံ ၇၃၁၄၅ ဧက ကို စိုက်ပျိုးရေပေးဝေရန် လျာထားခဲ့သော်လည်း ၃၂၂၆၉ ဧကကိုသာ စိုက်ပျိုး နိုင်ခဲ့သည့် အတွက် ၄၀၈၇၆ ဧက နစ်နာဆုံးရှုံးခဲ့ရသည်။
အလားတူ ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးနှင့်အခြားသီးနှံ ၈၀၁၁၁ ဧကကို စိုက်ပျိုးရေပေးရန်လျာထားပြီး ၈-၁၀-၂၀၂၅ ရက်နေ့အထိ စုစုပေါင်း ၄၉၀၄၈ ဧကကိုသာ စိုက်ပျိုးခဲ့ရ၍ စိုက်ပျိုးမြေဧက စုစုပေါင်း ၃၁၀၆၃ ဧက နစ်နာဆုံးရှုံးခဲ့သည်။
ထို့အပြင် ဆည်တော်ကြီးရေလှောင်တမံမှ စိုက်ပျိုးရေတိုးချဲ့ပေးဝေနိုင်ရန် အတွက် ဆောင်ရွက်ဆဲဖြစ်သည့် “ရေနံ့သာမြောင်း၏ လက်ယာဘက်တွင်လည်း ရေပေးမြောင်း အသစ်ဖောက်လုပ်၍ စိုက်ပျိုးမြေ ၁၂၀၀၀ ဧကအား တိုးချဲ့ ရေပေးဝေ နိုင်ရေးအတွက် ရေထုတ်ပြွန်နှင့်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်း” စီမံကိန်း မှာလည်း အကြမ်းဖက်လုပ်ရပ်များကြောင့် ရပ်ဆိုင်းခဲ့ရသဖြင့် ဒေသခံတောင်သူများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်လျော့နည်းစေခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် များစွာနစ်နာဆုံးရှုံးခဲ့ရကာ ဆင်းရဲဒုက္ခများ ပိုမိုခံစားခဲ့ရသည်။
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဆည်တော်ကြီး ရေလှောင်တမံအား ထိန်းချုပ်ထားစဉ်အတွင်း ရေလှောင်တမံကြီး၏ ရေပေးဝေမှုကို ထိန်းချုပ်ထားခဲ့သလို ရေလှောင်တမံကြီး၏ ဆည်ရေပိုလွှဲရေတံခါး အဖွင့်/အပိတ်မောင်းခလုတ်၊ ဆည်တမံဘောင်နှင့် ရေထိန်းတံခါးတို့အား မိုင်းထောင် ၍ဖောက်ခွဲ ဖျက်ဆီးရန် ယုတ်မာရိုင်းစိုင်းစွာဖြင့် လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။
ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများက အဆိုပါနေရာများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ပါက ဆည်ရေသောက်စနစ်ဖြင့် နေ့စဉ် ဖြန့်ဖြူးပေးနေသည့် စိုက်ပျိုးရေ ဧရိယာအတွင်းရှိ စိုက်ပျိုးမြေများနှင့် ဒေသခံပြည်သူများ၏ အိုးအိမ်များ ရေလွှမ်းမိုး၍ ပျက်စီးခြင်းများ ကြုံတွေ့ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လွှင့် နိုင်မှုမှာလည်း ပျက်စီးဆုံးရှုံး၍ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာ စေမည်ဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်သမားများ၏ ဆည်ရေပိုလွှဲရေတံခါး အဖွင့်/အပိတ်မောင်းခလုတ်၊ ဆည်တမံဘောင်နှင့် ရေထိန်း တံခါးတို့အား မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးရန် ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်များအား လက်မတင် အချိန်မီတားဆီးထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ဆည်တမံ ပျက်စီးခြင်းမှ ကာကွယ်နိုင်ခဲ့သည့်အပြင် ဒေသနှင့်ဒေသတွင်းနေထိုင်ကြသူများ၏ အကျိုးစီးပွား ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ခဲ့ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။
ယခုအခါ ဆည်တော်ကြီးရေလှောင်တမံနှင့် ဝန်းကျင်ဒေသအား မိမိတပ်မတော်မှ ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ရေထိန်းတံခါးများအား ပုံမှန်အချိန်အတိုင်း စနစ်တကျ ဖွင့်/ပိတ် ခြင်း၊ ရေထိန်းရေလှောင်ခြင်း၊ ရာသီအလိုက် စနစ်တကျ ရေပေးဝေခြင်း၊ ရေလွှတ်ခြင်းများဆောင်ရွက်ပြီး ဒေသခံပြည်သူများ အတွက် လျှပ်စစ်မီးများ၊ သောက်သုံးရေများ၊ စိုက်ပျိုးရေများဖူလုံစွာရရှိအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့် အားလျော်စွာ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးများ၊ ဒေသခံပြည်သူများ၏ အလုပ် အကိုင် အခွင့်အလမ်းများလည်း ပြန်လည် ဖော်ဆောင် ပေးနိုင်တော့မည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေ လုံခြုံရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Zawgyi Version:
PDF မ်ား ေခတၱစိုးမိုးထားသည့္ ဆည္ေတာ္ႀကီးေရေလွာင္တမံႏွင့္ ပတ္ဝန္းက်င္ေဒသတစ္ဝိုက္အား တပ္မေတာ္ စစ္ေၾကာင္းမ်ား ျပန္လည္သိမ္းပိုက္ထိန္းခ်ဳပ္ရရွိ
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၇
တပ္မေတာ္စစ္ေၾကာင္းမ်ားက PDF မ်ား ေခတၱစိုးမိုးထားသည့္ ဆည္ေတာ္ႀကီးေရေလွာင္တမံ ႏွင့္ ပတ္ဝန္းက်င္ ေဒသတစ္ဝိုက္အား ျပန္လည္သိမ္းပိုက္ထိန္းခ်ဳပ္ရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္ပ်က္စီးရာ ပ်က္စီးေၾကာင္းကို နည္းလမ္းမ်ိဳးစုံျဖင့္ အစဥ္တစိုက္ ႀကိဳးပမ္းလုပ္ေဆာင္ေနေသာ CRPH၊ NUG အမည္ခံအၾကမ္းဖက္အဖြဲ႕အစည္းမ်ားသည္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားကို ေမြးထုတ္ေပးကာ အစိုးရ၏အုပ္ခ်ဳပ္ေရး ယႏၲရားမ်ား ပ်က္စီးေစရန္ ႏွင့္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္မႈကို ေႏွာင့္ေႏွးေစရန္ ရည္႐ြယ္၍ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ႏွင့္ပူးေပါင္းကာ ၎တို႔အေပၚ အားေပးေထာက္ခံမႈမရွိသည့္ ႏိုင္ငံေတာ္မွ ေပးအပ္လာေသာ တာဝန္မ်ားကို ေက်ပြန္စြာ ထမ္းေဆာင္လ်က္ရွိေသာ အစိုးရဝန္ထမ္းမ်ား၊ ဆရာေတာ္၊ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္၍ ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ျခင္း၊ ျပည္သူမ်ားပိုင္ဆိုင္သည့္ အဖိုးတန္ႏွင့္ အျမတ္တႏိုး သိမ္းဆည္းထားေသာပစၥည္းမ်ားအား အတင္းအဓမၼလုယက္ ယူေဆာင္ျခင္း၊ လက္နက္ အားကိုး၍ ျပည္သူလူထုထံမွ အတင္းအဓမၼဆက္ေၾကးေကာက္ျခင္း၊ လူသစ္စုေဆာင္း ျခင္း၊ တိုက္ပြဲျဖစ္ပြားရာေဒသမ်ား၌ ေဒသခံျပည္သူမ်ားအား လူသားတံတိုင္းအျဖစ္ အသုံးခ်ျခင္းမ်ား လုပ္ေဆာင္ လ်က္ရွိသည့္အျပင္ ေဒသခံျပည္သူမ်ား၏ ေနအိမ္မ်ား၊ ဌာနဆိုင္ရာ အစိုးရအုပ္ခ်ဳပ္မႈ အေဆာက္အအုံမ်ား၊ ႏိုင္ငံေတာ္၏ ပုခုံးေျပာင္းတာဝန္မ်ားကို ထမ္းေဆာင္ၾကရမည့္ ပညာတတ္လူငယ္လူ႐ြယ္မ်ားကို ေမြးထုတ္ေပးေန သည့္ စာသင္ေက်ာင္းမ်ား၊ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္မႈကို တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳေနသည့္ စက္႐ုံ၊ အလုပ္႐ုံမ်ားႏွင့္ ျပည္သူမ်ား အဓိကသြားလာ အသုံးျပဳ လ်က္ရွိသည့္ လမ္း၊ တံတားႀကီးမ်ားအား မိုင္းေထာင္ ေဖာက္ခြဲဖ်က္ဆီးျခင္း၊ Drop Bomb ခ်တိုက္ခိုက္ျခင္းစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို လုပ္ေဆာင္လ်က္ရွိၾကသ ျဖင့္ ၎တို႔ေရာက္ရွိရာ ေဒသမ်ားရွိ ျပည္သူလူထုမ်ားသည္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရး စသည့္လူမႈစီးပြားဘဝမ်ား အဘက္ဘက္မွ နိမ့္က်လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ CRPHI NUG ျပည္ဖ်က္အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ ၎တို႔လက္ေဝခံ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားသည္ ေတာင္ေပၚေဒသႏွင့္ ေျမျပန႔္ေဒသကို ဆက္သြယ္ေပးထားၿပီး ႏိုင္ငံ၏ ကုန္စည္ကူးသန္းမႈႏွင့္ အခ်က္အျခာတစ္ခု ျဖစ္သည့္ မႏၲေလးၿမိဳ႕ကို သိမ္းပိုက္ႏိုင္ေရးသည္လည္း ၎တို႔၏ စိတ္ကူးယဥ္ စစ္ေရးအိပ္မက္ထဲမွ တစ္ခု အပါအဝင္ ျဖစ္ေၾကာင္း ေရးသားထားသည္။
ထို႔ေၾကာင့္ အညာေဒသတြင္ ႐ိုးသားစြာေနထိုင္လုပ္ကိုင္စားေသာက္ေနၾကသည့္ ျပည္သူမ်ားအား ဒီမိုကေရစီ အေရးႏွင့္ ေဒသေကာင္းစားေရးဟု ႏိုင္ငံေရး မက္လုံးမ်ားျဖင့္ စည္း႐ုံး သိမ္းသြင္းကာ အၾကမ္းဖက္သင္တန္းမ်ားပို႔ခ်ေပးၿပီး MDY-PDF အမည္ခံ အၾကမ္းဖက္သမားမ်ားအျဖစ္ ေမြးထုတ္ေပးကာ ၿမိဳ႕၊ ႐ြာ မ်ားတြင္ တိုက္ပြဲမ်ား ေဖာ္ေဆာင္ျခင္း၊ လုံၿခဳံေရးအားနည္းေသာ တပ္စခန္းငယ္မ်ားကို အင္အားအလုံး အရင္းအသုံးျပဳ၍ တိုက္ခိုက္ျခင္း၊ ႏိုင္ငံ့အက်ိဳးျပဳ စက္႐ုံ၊ အလုပ္႐ုံမ်ားအား တိုက္ခိုက္ျခင္းမ်ား လုပ္ေဆာင္လာၾက ရာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ က်ည္တစ္ ေတာင့္ လူတစ္ေယာက္က်န္သည္အထိ တိုက္ရဲသည့္ စိတ္ဓာတ္၊ ေလွခြက္ခ်ည္းက်န္ အလံမလဲသည့္ စိတ္ဓာတ္မ်ားျဖင့္ အသက္ကိုပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ျဖင့္ ျပန္လည္ခုခံ တြန္းလွန္ခဲ့ၾကေသာ္လည္း အၾကမ္းဖက္သမားမ်ားအေနျဖင့္ အတင္းအဓမၼၿခိမ္းေျခာက္ လူသစ္စုေဆာင္းျခင္းျဖင့္ ရရွိလာေသာ သာလြန္အင္အားမ်ားျဖင့္ ေဒသခံျပည္သူ လူထုအား လူသားတံတိုင္းအျဖစ္အသုံးခ်၍ တိုက္ခိုက္ လာျခင္းတို႔ေၾကာင့္ လုံၿခဳံေရး တပ္ဖြဲ႕မ်ားသည္ ထိခိုက္၊ က်ဆုံး၊ ဒဏ္ရာရရွိမႈ မ်ားျပားလာကာ ျပည္သူလူထု၏ ေနအိမ္မ်ား၊ ႏိုင္ငံ့အက်ိဳးျပဳ စက္႐ုံ၊ အလုပ္႐ုံမ်ား ထိခိုက္ပ်က္စီးဆုံးရႈံးမႈ အနည္းဆုံး ျဖစ္ေစေရးတို႔အတြက္ စစ္နည္းဗ်ဴဟာေျမာက္ ၾကားခံစစ္အဆင့္ဆင့္ျဖင့္ စနစ္တက် ဆုတ္ခြာေပးခဲ့ရာ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား သည္ မႏၲေလးတိုင္း ေဒသႀကီး၊ မတၱရာၿမိဳ႕နယ္၊ ဆည္ေတာ္ႀကီးေက်း႐ြာ အပါအဝင္ ၎ေဒသ တစ္ဝိုက္ရွိ နယ္ေျမခံ တပ္ဌာနခ်ဳပ္၊ ဆည္ေတာ္ႀကီးေရေလွာင္တမံႏွင့္ ႏိုင္ငံ့အက်ိဳးျပဳ အယ္လ္ဖာဘိလပ္ေျမစက္႐ုံ၊ ဖေယာင္းေတာင္ သတၱဳတြင္းေနရာတို႔အား ေခတၱထိန္းခ်ဳပ္ခဲ့ၾကသည္။
သို႔ျဖစ္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ အၾကမ္းဖက္သမားမ်ား ေခတၱ ထိန္းခ်ဳပ္ထားေသာ ဆည္ေတာ္ႀကီး ေက်း႐ြာ အပါအဝင္ ဆည္ေတာ္ႀကီးေရေလွာင္ တမံႏွင့္ ႏိုင္ငံ့အက်ိဳးျပဳစက္႐ုံ၊ အလုပ္႐ုံတို႔အား ထိခိုက္ပ်က္စီးမႈ အနည္းဆုံးျဖင့္ ျပန္လည္ရရွိေရးအတြက္ စီမံခ်က္မ်ား အဆင့္ဆင့္ေရးဆြဲၿပီး စစ္ေၾကာင္းမ်ားခြဲ၍ ပစ္ခတ္မႈႏွင့္ စစ္ကစားမႈကို ဟန္ခ်က္ညီညီေပါင္းစပ္ၿပီး ေခ်မႈန္းခဲ့ရာ ၂၀၂၅ ခုႏွစ္ ဩဂုတ္လ ၂၄ ရက္တြင္ ဖေယာင္းေတာင္ သတၱဳတြင္း ေဒသတစ္ဝိုက္အား လည္းေကာင္း၊ ဩဂုတ္လ ၂၈ ရက္တြင္ အယ္လ္ဖာဘိလပ္ေျမစက္႐ုံကိုလည္း ေကာင္း ျပန္လည္တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ၿပီး အၾကမ္းဖက္သမားမ်ားအေနျဖင့္ ထိခိုက္က်ဆုံးမႈမ်ားစြာျဖင့္ မတၱရာေဒသေျမာက္ဘက္ျခမ္းသို႔ ကစဥ့္ကလ်ား ဆုတ္ခြာထြက္ေျပးသြားၾကသည္။
ခုႏွစ္ ဆက္လက္၍ တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ တိုက္စစ္အဟုန္ျမႇင့္တင္၍ အၾကမ္းဖက္သမားမ်ား ထိန္းခ်ဳပ္ထားေသာ နယ္ေျမမ်ား ျပန္လည္ရရွိေရးအတြက္ လိုအပ္သည့္ ျပင္ဆင္စုဖြဲ႕မ်ား အေသးစိတ္ ေဆာင္႐ြက္ခဲ့ၿပီး jojo ေအာက္တိုဘာလ ၂၀ ရက္မွစတင္၍ အၾကမ္းဖက္ေခ်မႈန္းေရးစစ္ဆင္ေရးအား ဆက္လက္ ေဆာင္႐ြက္ခဲ့ရာ ဆည္ေတာ္ႀကီး ေရေလွာင္တမံ၏ အေရွ႕ဘက္ သေျပဒိုးဘက္မွ စစ္ေၾကာင္း တစ္ေၾကာင္း၊ သံဘိုဘက္မွ စစ္ေၾကာင္းတစ္ေၾကာင္း၊ ဆည္ေတာ္ႀကီးေရေလွာင္တမံ၏ ေတာင္ဘက္ အယ္လ္ဖာဘိလပ္ေျမ စက္႐ုံအနီးရွိစခန္းသာ-ၾကာပင္- သန္းကုန္းဘက္မွ စစ္ေၾကာင္းတစ္ေၾကာင္း၊ စခန္းသာ-သဖန္း ကိုင္း-တံတားကုန္း ဘက္မွ စစ္ေၾကာင္း တစ္ေၾကာင္း၊ ဆည္ေတာ္ႀကီးေရေလွာင္တမံ၏ အေနာက္ေတာင္ဘက္မွ အေထာက္အကူ ျပဳစစ္ေၾကာင္း တစ္ေၾကာင္း စသည့္ စစ္ေၾကာင္း ၅ ေၾကာင္းျဖင့္ တန္ျပန္တိုက္စစ္အား အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ခဲ့သည္။ အၾကမ္းဖက္သမားမ်ားအေနျဖင့္လည္း ၎တို႔ ေခတၱထိန္းခ်ဳပ္ထားသည့္ ၿမိဳ႕၊ ႐ြာမ်ား၊ ေရေလွာင္ တမံတို႔အား လက္မလႊတ္ရေရး ျပည္သူလူထု၏ လူေနအိမ္ အေဆာက္အဦမ်ား၊ ဆည္ေတာ္ႀကီးဆည္၏ ေရထိန္းတံခါးမ်ား၊ ေရလႊဲဆည္မ်ားကို အကာအကြယ္ ရယူ၍လည္းေကာင္း၊ ေရထိန္းတမံႏွင့္ ပတ္ဝန္းက်င္တြင္ ကြန္ကရစ္ဘန္ကာမ်ား၊ ေျမေခြးက်င္းမ်ားႏွင့္ ဆက္သြယ္ေရးေျမာင္းမ်ားကို တည္ေဆာက္၍ လည္းေကာင္း အခိုင္အမာခံစစ္ဆင္ ျပန္လည္ခုခံခဲ့ေသာ္လည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္ မ်ားအေနျဖင့္ ေဒသခံျပည္သူမ်ား၏ အျပည့္အဝ အားေပးေထာက္ခံမႈ၊ တိုက္ပြဲဝင္ အရာရွိစစ္သည္မ်ား၏ စိတ္ဓာတ္တက္ႂကြ၍ တိုက္လို ခိုက္လိုစိတ္ျပင္းျပမႈ၊ မဆုတ္မနစ္ ေသာဇြဲ၊ လုံ႔လ၊ ဝိရိယရွိမႈ၊ စနစ္တက် ေရးဆြဲထားေသာ စီမံခ်က္ ေကာင္းမြန္မႈတို႔ျဖင့္ အဆိုပါဆည္ႀကီးရွိ အေဆာက္အအုံမ်ား၊ စက္ပစၥည္း ကိရိယာမ်ားႏွင့္ ဆည္ေျမာင္း တာတမံေရထိန္းတံခါးမ်ား ထိခိုက္ပ်က္စီးမႈမရွိေစေရး ကန႔္သတ္ခ်က္မ်ားၾကားမွ ထိန္းထိန္းသိမ္းသိမ္းျဖင့္ တိုက္စစ္ဆင္ခဲ့ရာ ႏိုဝင္ဘာလ ၇ ရက္ေန႔ ယေန႔ ေန႔လယ္ ပိုင္းတြင္ ဆည္ေတာ္ႀကီး ေရေလွာင္တမံႏွင့္ နယ္ေျမခံတပ္ဌာနခ်ဳပ္၊ ပတ္ဝန္းက်င္အား လုံးကို ျပန္လည္တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့သည္။
ထိုသို႔ ျပန္လည္တိုက္ခိုက္သိမ္းပိုက္ခဲ့ရာ စစ္ဆင္ေရးကာလ ၁၉ ရက္အတြင္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီးငယ္ ၄၂ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္ေသာင္းက်န္းသူမ်ားထံမွ အေလာင္း ၁၄ ေလာင္း၊ လက္နက္မ်ိဳးစုံ ၆၀ လက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ ႏိုင္ငံေတာ္ အတြက္ ျမင့္ျမတ္စြာ အသက္ေပးလႉခဲ့ရသည္။
အဆိုပါ ဆည္ေတာ္ႀကီး ေရေလွာင္တမံသည္ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္၊ စေလေက်း႐ြာအုပ္စု၊ ဆည္ေတာ္ႀကီး႐ြာ အနီးတြင္တည္ရွိၿပီး မႏၲေလးၿမိဳ႕ ေရေပးေဝေရး၊ မတၱရာေဒသႏွင့္ မႏၲေလးပတ္ဝန္း က်င္ေဒသတြင္း စိုက္ပ်ိဳးေရေပးေဝေရး၊ ေရအားလွ်ပ္စစ္ထုတ္လုပ္ေရးတို႔အတြက္ ရည္႐ြယ္ေဆာက္လုပ္ ထားသည့္ တာတမံျဖစ္ၿပီး ၁၉၇၆ ခုႏွစ္မွ စတင္တည္ေဆာက္ခဲ့ရာ ၁၉၈၇ ခုႏွစ္တြင္ ေအာင္ျမင္စြာ ၿပီးစီးခဲ့သည့္ ေျမသား၊ကြန္ကရစ္ ၊ေက်ာက္ျဖည့္ တမံအမ်ိဳးအစားျဖစ္ကာ တမံအလ်ား ၄၁၂၀ ေပ၊ တမံအျမင့္ ၁၃၃ ေပႏွင့္ တမံထိပ္အက်ယ္ ၂၀ ေပရွိၿပီး ကန္ေရျပည့္ ေရေလွာင္ပမာဏအေနျဖင့္ ၃၆၃၀၀၀ ဧကေပရွိၿပီး အက်ိဳးျပဳ ေရေလွာင္ပမာဏမွာ ၂၇၉၀၀၀ ဧကေပရွိသည္။ ယင္းအျပင္ မႏၲေလးတိုင္းေဒသႀကီး အတြင္းရွိ ၿမိဳ႕၊ ႐ြာမ်ားအတြက္ ဆည္ေရေပးေဝႏိုင္သည့္ လယ္ေျမဧက ၁၂၇၀၀၀ ဧကကို စိုက္ပ်ိဳးေရျဖန႔္ျဖဴးေပးႏိုင္ေၾကာင္း သိရသည္။ ထို႔ျပင္ ဆည္ေတာ္ႀကီး ေရေလွာင္တမံမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈအေနျဖင့္ စက္တပ္ စြမ္းအား ၂၅ မဂါဝပ္ရွိၿပီး တစ္ႏွစ္လွ်င္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္မႈ နာရီသန္းေပါင္း ၁၃၄ ကီလိုဝပ္ကိုလည္း ထုတ္လုပ္ေပးသျဖင့္ ေဒသခံျပည္သူလူထု၏ လူမႈစီးပြားဘဝကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ တစ္ဘက္တစ္လွမ္းမွ အေထာက္ အကူျပဳလ်က္ရွိသည္။
PDF အမည္ခံအၾကမ္းဖက္ေသာင္းက်န္းသူ ပူးေပါင္းအဖြဲ႕မ်ားအေနျဖင့္ ဆည္ေတာ္ႀကီး ေရေလွာင္တမံအား ထိန္းခ်ဳပ္ထားစဥ္အတြင္း ျပည္သူမ်ား၏ လွ်ပ္စစ္ မီးရရွိေရး၊ ေသာက္သုံးေရရရွိေရး၊ စိုက္ပ်ိဳးေရရရွိေရးမ်ားအတြက္ ေထာက္ထား
ငဲ့ညႇာမႈမရွိဘဲ ၎တို႔၏ ကိုယ္က်ိဳးစီးပြားအတြက္သာ လိုအပ္သလိုအသုံးခ်ခဲ့ၿပီး ေရထိန္းတံခါးမ်ားအား ဖြင့္ျခင္း/ ပိတ္ျခင္းမ်ား ေဆာင္႐ြက္ခဲ့သည့္အတြက္ က်ဳံးေရ ေလွ်ာ့နည္းကာ မႏၲေလးၿမိဳ႕ႏွင့္ ပတ္ဝန္က်င္ ေက်း႐ြာေနျပည္သူမ်ား ေသာက္သုံးေရ ဖူလုံစြာမရရွိျခင္း၊ စိုက္ပ်ိဳးေရဖူလုံစြာမရရွိျခင္းမ်ားျဖစ္ေပၚခဲ့ၿပီး ၂၀၂၄-၂၀၂၅ ခုႏွစ္ မိုးရာသီတြင္ မိုးစပါး ၇၄၂၄၉ ဧက စိုက္ပ်ိဳးေရေပးေဝရန္ လ်ာထားခဲ့ေသာ္လည္း ၃၀၅၉၂ ဧက ကိုသာ စိုက္ပ်ိဳးႏိုင္ခဲ့ၿပီး စိုက္ပ်ိဳးေျမဧက ၄၃၆၅၇ ဧက နစ္နာဆုံးရႈံး ခဲ့ရသည္။
ထို႔အတူ ၂၀၂၄-၂၀၂၅ ခုႏွစ္ေႏြရာသီတြင္ ေႏြစပါးႏွင့္အျခားသီးႏွံ ၇၃၁၄၅ ဧက ကို စိုက္ပ်ိဳးေရေပးေဝရန္ လ်ာထားခဲ့ေသာ္လည္း ၃၂၂၆၉ ဧကကိုသာ စိုက္ပ်ိဳး ႏိုင္ခဲ့သည့္ အတြက္ ၄၀၈၇၆ ဧက နစ္နာဆုံးရႈံးခဲ့ရသည္။
အလားတူ ယခုႏွစ္ ၂၀၂၅-၂၀၂၆ ခုႏွစ္ မိုးစပါးႏွင့္အျခားသီးႏွံ ၈၀၁၁၁ ဧကကို စိုက္ပ်ိဳးေရေပးရန္လ်ာထားၿပီး ၈-၁၀-၂၀၂၅ ရက္ေန႔အထိ စုစုေပါင္း ၄၉၀၄၈ ဧကကိုသာ စိုက္ပ်ိဳးခဲ့ရ၍ စိုက္ပ်ိဳးေျမဧက စုစုေပါင္း ၃၁၀၆၃ ဧက နစ္နာဆုံးရႈံးခဲ့သည္။
ထို႔အျပင္ ဆည္ေတာ္ႀကီးေရေလွာင္တမံမွ စိုက္ပ်ိဳးေရတိုးခ်ဲ႕ေပးေဝႏိုင္ရန္ အတြက္ ေဆာင္႐ြက္ဆဲျဖစ္သည့္ “ေရနံ႔သာေျမာင္း၏ လက္ယာဘက္တြင္လည္း ေရေပးေျမာင္း အသစ္ေဖာက္လုပ္၍ စိုက္ပ်ိဳးေျမ ၁၂၀၀၀ ဧကအား တိုးခ်ဲ႕ ေရေပးေဝ ႏိုင္ေရးအတြက္ ေရထုတ္ႁပြန္ႏွင့္ေရေသာက္စနစ္ တည္ေဆာက္ျခင္းလုပ္ငန္း” စီမံကိန္း မွာလည္း အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ ရပ္ဆိုင္းခဲ့ရသျဖင့္ ေဒသခံေတာင္သူမ်ား၏ သီးႏွံစိုက္ပ်ိဳးထုတ္လုပ္မႈကို ထိခိုက္ေလ်ာ့နည္းေစခဲ့ၿပီး ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထု အတြက္ မ်ားစြာနစ္နာဆုံးရႈံးခဲ့ရကာ ဆင္းရဲဒုကၡမ်ား ပိုမိုခံစားခဲ့ရသည္။
PDF အမည္ခံ အၾကမ္းဖက္ေသာင္းက်န္းသူပူးေပါင္းအဖြဲ႕မ်ားအေနျဖင့္ ဆည္ေတာ္ႀကီး ေရေလွာင္တမံအား ထိန္းခ်ဳပ္ထားစဥ္အတြင္း ေရေလွာင္တမံႀကီး၏ ေရေပးေဝမႈကို ထိန္းခ်ဳပ္ထားခဲ့သလို ေရေလွာင္တမံႀကီး၏ ဆည္ေရပိုလႊဲေရတံခါး အဖြင့္/အပိတ္ေမာင္းခလုတ္၊ ဆည္တမံေဘာင္ႏွင့္ ေရထိန္းတံခါးတို႔အား မိုင္းေထာင္ ၍ေဖာက္ခြဲ ဖ်က္ဆီးရန္ ယုတ္မာ႐ိုင္းစိုင္းစြာျဖင့္ လုပ္ေဆာင္ခဲ့သည္ကို ေတြ႕ရွိခဲ့ရေၾကာင္း ေဖာ္ျပထားသည္။
ထိုသို႔ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက အဆိုပါေနရာမ်ားအား မိုင္းေထာင္ ေဖာက္ခြဲဖ်က္ဆီးခဲ့ပါက ဆည္ေရေသာက္စနစ္ျဖင့္ ေန႔စဥ္ ျဖန႔္ျဖဴးေပးေနသည့္ စိုက္ပ်ိဳးေရ ဧရိယာအတြင္းရွိ စိုက္ပ်ိဳးေျမမ်ားႏွင့္ ေဒသခံျပည္သူမ်ား၏ အိုးအိမ္မ်ား ေရလႊမ္းမိုး၍ ပ်က္စီးျခင္းမ်ား ႀကဳံေတြ႕ရမည္ျဖစ္ၿပီး လွ်ပ္စစ္ဓာတ္အား ထုတ္လႊင့္ ႏိုင္မႈမွာလည္း ပ်က္စီးဆုံးရႈံး၍ ေဒသတြင္း ဖြံ႕ၿဖိဳးတိုးတက္မႈကို ထိခိုက္နစ္နာ ေစမည္ျဖစ္သည္။
တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ ယခုကဲ့သို႔ အၾကမ္းဖက္သမားမ်ား၏ ဆည္ေရပိုလႊဲေရတံခါး အဖြင့္/အပိတ္ေမာင္းခလုတ္၊ ဆည္တမံေဘာင္ႏွင့္ ေရထိန္း တံခါးတို႔အား မိုင္းေထာင္၍ ေဖာက္ခြဲဖ်က္ဆီးရန္ ယုတ္မာ႐ိုင္းစိုင္းသည့္လုပ္ရပ္မ်ားအား လက္မတင္ အခ်ိန္မီတားဆီးထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းေၾကာင့္ ဆည္တမံ ပ်က္စီးျခင္းမွ ကာကြယ္ႏိုင္ခဲ့သည့္အျပင္ ေဒသႏွင့္ေဒသတြင္းေနထိုင္ၾကသူမ်ား၏ အက်ိဳးစီးပြား ပ်က္စီးျခင္းမွ ကာကြယ္ေပးႏိုင္ခဲ့ၿပီး ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ႏိုင္ခဲ့ၿပီျဖစ္သည္။
ယခုအခါ ဆည္ေတာ္ႀကီးေရေလွာင္တမံႏွင့္ ဝန္းက်င္ေဒသအား မိမိတပ္မေတာ္မွ ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္သည့္အတြက္ ေရထိန္းတံခါးမ်ားအား ပုံမွန္အခ်ိန္အတိုင္း စနစ္တက် ဖြင့္/ပိတ္ ျခင္း၊ ေရထိန္းေရေလွာင္ျခင္း၊ ရာသီအလိုက္ စနစ္တက် ေရေပးေဝျခင္း၊ ေရလႊတ္ျခင္းမ်ားေဆာင္႐ြက္ၿပီး ေဒသခံျပည္သူမ်ား အတြက္ လွ်ပ္စစ္မီးမ်ား၊ ေသာက္သုံးေရမ်ား၊ စိုက္ပ်ိဳးေရမ်ားဖူလုံစြာရရွိေအာင္ ေဆာင္႐ြက္ႏိုင္မည္ ျဖစ္သည့္ အားေလ်ာ္စြာ ေဒသတြင္းလမ္းပန္းဆက္သြယ္ေရးမ်ား၊ ေဒသခံျပည္သူမ်ား၏ အလုပ္ အကိုင္ အခြင့္အလမ္းမ်ားလည္း ျပန္လည္ ေဖာ္ေဆာင္ ေပးႏိုင္ေတာ့မည္ျဖစ္ေၾကာင္းႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ နယ္ေျမ လုံၿခဳံေရးလုပ္ငန္းမ်ားကို ဆက္လက္တိုးျမႇင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္း ရရွိသည္။