မြဝတီ - မဲ့ထော်သလေး (KK Park) နယ်မြေမှ ကျားဖျန့် အဆောက်အဦ(၁၄၈)လုံး အနက် (၁ဝ၁) လုံး ဖျက်ဆီးထား

245

သန့်ဇင် (NP News) - နိုဝင်ဘာ ၉
ကရင်ပြည်နယ်၊ မြဝတီ - မဲ့ထော်သလေး (KK Park) နယ်မြေမှ ကျားဖျန့် အဆောက်အဦ (၁၄၈)လုံး အနက် (၁ဝ၁) လုံး ဖျက်ဆီးထားကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြဝတီ - မဲ့ထော်သလေး (KK Park) နယ်မြေမှ အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်သည့် နေရာများတွင် တစ်ထပ်လူနေအဆောက်အအုံ (၁) လုံး၊ နှစ်ထပ် လူနေ အဆောက်အအုံ (၈၀) ၊ သုံးထပ်လူနေအဆောက် အအုံ (၈)လုံး၊ လေးထပ် လူနေအဆောက်အအုံ (၂၇) လုံး၊ ကိုးထပ် လူနေ အဆောက်အအုံ (၁) လုံး၊ ဈေးဆိုင်နှင့်လူနေနှစ်ထပ် အဆောက်အအုံ (၄)လုံး၊ ဈေးဆိုင်နှင့် လူနေလေးထပ် အဆောက် အအုံ (၂) လုံး၊ စားသောက်ဆိုင်နှင့် လူနေ နှစ်ထပ်အဆောက်အအုံ (၁) လုံး၊ ဂိုဒေါင် (၁၂) လုံး၊ ခြောက်ထပ်ဟိုတယ် (၁) လုံး၊ GYM အားကစားခန်းမ (၁) ခု၊ နှစ်ထပ် KTV အဆောက်အအုံ (၁) လုံး၊ နှစ်ထပ် SPA အဆောက်အအုံ (၁) လုံး၊ လေးထပ်ဆေးရုံအဆောက်အအုံ (၁) လုံး၊ နှစ်ထပ် Canteen အဆောက်အအုံ (၂)လုံး၊ နှစ်ထပ်ဈေးဆိုင်အဆောက်အအုံ (၂)လုံး၊ သုံးထပ် လူနေလိုင်းခန်း အဆောက်အအုံ (၃) လုံး စုစုပေါင်း အဆောက် အအုံ (၁၄၈) လုံး ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပန်းခြံများ၊ အားကစားရုံများ၊ ဖူဆယ်ကွင်းများ၊ ပိုက်ကျော်ခြင်းကွင်းများ၊ ဘတ်စကက်ဘော ကွင်းများလည်း ရှိကြောင်း သိရသည်။
လက်ရှိတွင် ယင်းနယ်မြေ အတွင်းရှိအဆောက်အအုံများအားလုံးကို ဖြိုချဖျက်ဆီး လျက်ရှိရာ အဆောက်အအုံ (၁၀၁) လုံးကို ဖြိုချဖျက်ဆီး ပြီး ကျန်ရှိသည့် (၄၇) လုံးကိုလည်း ဆက်လက်ဖြိုချ ဖျက်ဆီးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါနယ်မြေအတွင်း နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့်တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်း လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၉၀) ရာခိုင်နှုန်းကျော်မှာ ထိုင်းနိုင်ငံကို တစ်ဆင့်ခံ၍ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာသည့်ဖြစ်စဉ်များက အများစုဖြစ်ကြောင်း သိရသည်။
အဆိုပါ မြဝတီ-မဲ့ထော်သလေး နယ်မြေမှအွန်လိုင်းလောင်း ကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြ သည့် ပြည်ပနိုင်ငံသားများအား စစ်ဆေးဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် စုစုပေါင်း ပြည်ပနိုင်ငံသား (၁၀၇၆၂) ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ယင်းတို့အနက်မှ (၉၄၀၃) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးနိုင်ခဲ့ကြောင်း၊ ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁၃၅၉) ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ျမဝတီ - မဲ့ေထာ္သေလး (KK Park) နယ္ေျမမွ က်ားဖ်န႔္ အေဆာက္အဦ(၁၄၈)လုံး အနက္ (၁ဝ၁) လုံး ဖ်က္ဆီးထား
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၉
ကရင္ျပည္နယ္၊ ျမဝတီ - မဲ့ေထာ္သေလး (KK Park) နယ္ေျမမွ က်ားဖ်န႔္ အေဆာက္အဦ (၁၄၈)လုံး အနက္ (၁ဝ၁) လုံး ဖ်က္ဆီးထားေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမဝတီ - မဲ့ေထာ္သေလး (KK Park) နယ္ေျမမွ အြန္လိုင္း ေလာင္းကစားမႈမ်ား၊ အြန္လိုင္း လိမ္လည္မႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္သည့္ ေနရာမ်ားတြင္ တစ္ထပ္လူေနအေဆာက္အအုံ (၁) လုံး၊ ႏွစ္ထပ္ လူေန အေဆာက္အအုံ (၈၀) ၊ သုံးထပ္လူေနအေဆာက္ အအုံ (၈)လုံး၊ ေလးထပ္ လူေနအေဆာက္အအုံ (၂၇) လုံး၊ ကိုးထပ္ လူေန အေဆာက္အအုံ (၁) လုံး၊ ေဈးဆိုင္ႏွင့္လူေနႏွစ္ထပ္ အေဆာက္အအုံ (၄)လုံး၊ ေဈးဆိုင္ႏွင့္ လူေနေလးထပ္ အေဆာက္ အအုံ (၂) လုံး၊ စားေသာက္ဆိုင္ႏွင့္ လူေန ႏွစ္ထပ္အေဆာက္အအုံ (၁) လုံး၊ ဂိုေဒါင္ (၁၂) လုံး၊ ေျခာက္ထပ္ဟိုတယ္ (၁) လုံး၊ GYM အားကစားခန္းမ (၁) ခု၊ ႏွစ္ထပ္ KTV အေဆာက္အအုံ (၁) လုံး၊ ႏွစ္ထပ္ SPA အေဆာက္အအုံ (၁) လုံး၊ ေလးထပ္ေဆး႐ုံအေဆာက္အအုံ (၁) လုံး၊ ႏွစ္ထပ္ Canteen အေဆာက္အအုံ (၂)လုံး၊ ႏွစ္ထပ္ေဈးဆိုင္အေဆာက္အအုံ (၂)လုံး၊ သုံးထပ္ လူေနလိုင္းခန္း အေဆာက္အအုံ (၃) လုံး စုစုေပါင္း အေဆာက္ အအုံ (၁၄၈) လုံး ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ပန္းၿခံမ်ား၊ အားကစား႐ုံမ်ား၊ ဖူဆယ္ကြင္းမ်ား၊ ပိုက္ေက်ာ္ျခင္းကြင္းမ်ား၊ ဘတ္စကက္ေဘာ ကြင္းမ်ားလည္း ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ယင္းနယ္ေျမ အတြင္းရွိအေဆာက္အအုံမ်ားအားလုံးကို ၿဖိဳခ်ဖ်က္ဆီး လ်က္ရွိရာ အေဆာက္အအုံ (၁၀၁) လုံးကို ၿဖိဳခ်ဖ်က္ဆီး ၿပီး က်န္ရွိသည့္ (၄၇) လုံးကိုလည္း ဆက္လက္ၿဖိဳခ် ဖ်က္ဆီးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါနယ္ေျမအတြင္း နယ္စပ္လမ္းေၾကာင္းမ်ားမွ တစ္ဆင့္တရားမဝင္ ဝင္ေရာက္ၿပီး အြန္လိုင္း ေလာင္းကစားမႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္ခဲ့ၾကသည့္ ျပည္ပႏိုင္ငံသား (၉၀) ရာခိုင္ႏႈန္းေက်ာ္မွာ ထိုင္းႏိုင္ငံကို တစ္ဆင့္ခံ၍ နယ္စပ္ျဖတ္ေက်ာ္ ေရာက္ရွိလာသည့္ျဖစ္စဥ္မ်ားက အမ်ားစုျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျမဝတီ-မဲ့ေထာ္သေလး နယ္ေျမမွအြန္လိုင္းေလာင္း ကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ား က်ဴးလြန္ခဲ့ၾက သည့္ ျပည္ပႏိုင္ငံသားမ်ားအား စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းေရးလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္လ်က္ရွိၿပီး ၂၀၂၅ ခုႏွစ္ ဇန္နဝါရီ ၃၀ ရက္မွ ႏိုဝင္ဘာ ၅ ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ စုစုေပါင္း ျပည္ပႏိုင္ငံသား (၁၀၇၆၂) ဦးကို စစ္ေဆးေဖာ္ထုတ္ ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။
ယင္းတို႔အနက္မွ (၉၄၀၃) ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ အညီ စနစ္တက် ျပည္ႏွင္လႊဲေျပာင္း ေပးႏိုင္ခဲ့ေၾကာင္း၊ က်န္ရွိသည့္ ျပည္ပႏိုင္ငံသား (၁၃၅၉) ဦးကိုလည္း သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။