မြစ်ကျောက်စုပ်ယူမှုကြောင့် အဖျောက်တွင် ကမ်းပါးပြိုကျမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ကြပ်မတ်ရန်လို

153

Pearl (NP News) - နိုဝင်ဘာ ၉
မြစ်ကျောက်စုပ်ယူမှုကြောင့် အဖျောက်မြို့တွင် ကမ်းပါးပြိုကျမှုများဆက်တိုက်ဖြစ်ပေါ်နေပြီး ကြပ်မတ်ရန်လို အပ်နေကြောင်း ဒေသခံများ၏ ပြော ကြားချက်များအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့အနီး ဧရာဝတီမြစ်ကြောင်းအတွင်း၌ ပြီးခဲ့သည့် ဩဂုတ်လမှ စတင်ကာ မြစ်ကျောက်များကို နေ့စဉ်နီးပါး စုပ်ယူနေကြောင်း သိရသည်။
“သူတို့က ဒီနှစ် ဩဂုတ်လလောက်က စပြီး အခုချိန်ထိ တောက်လျှောက် မြို့ရဲ့အနား ဧရာ ဝတီမြစ်ကြောင်းမှာ လုပ်နေတာ။ နေ့ဘက်တွေရော ညဘက်တွေရော ကန်ထရိုက်လိုပေးပြီးတော့ လက်ဝါးရိုက်ပြီး လုပ်နေတာ။ ကျောက် ထုတ်မော်တာ အကြီးကြီးတွေလုပ်နေတာ။ အခုဆို အဖျောက်နားက ရေပြန်ရွာ တစ်ရွာလုံး ကုန်နေပြီ။ ကမ်းပါးတွေ ပြိုတာမှ တော်တော်ကို ပြိုနေတာ။ ကြွေပန်းကန်ကျောင်း၊ ငါးလာကျောင်း၊ ပန်းတုန်းပိတ်၊ အဖျောက် မြို့ (၄)ရပ်ကွက် ကမ်းပါး၊ ရေပြန်ရွာ အဲဒီနားမှာ သူတို့က တောက်လျှောက်လုပ်နေတာ။ အေးသာယာရွာတို့ ဆိုလည်း ပြောင်းထားရတာ” ဟု ဒေသခံတစ်ဦးက NP News သို့ပြောသည်။
ထိုသို့မြစ်ကျောက်စုပ်ယူနေမှုများကြောင့် အဖျောက်မြို့အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဒေသခံများအနေဖြင့် ရွှေ့ပြောင်းနေထိုင်ရမှုများရှိ နေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အဆိုပါလုပ်ငန်းစဉ်များကို စိစစ်ကြပ်မတ်ပေးရန် အတွက် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
“ကျောက်ခိုးစုပ်ပြီးတော့ သူတို့တွေက တိုက်ကြီးတို့ ဥက္ကံတို့ကိုပို့နေတာ။ စီဗီတွဲတွေနဲ့ ရန်ကုန်တောင် ရောက်တယ်ထင်တယ်။ ကျောက်စုပ်တဲ့ အစီးရေဆို တစ်ခါစုပ်ရင် ကွင်းတစ် ကွင်းမှာ (၁၅)စီး၊ အစီး(၂၀) လောက်နဲ့ စုပ်တာ။ လွန်ခဲ့သော (၁၀)နှစ်လောက်တုန်းက လုပ်တယ်။ အဲဒါကို နိုင်ငံတော်က တရားဝင်တားမြစ်ထားတာ ကြာနေပြီ။ ကမ်းပါးတွေ ပြို၊ ရွာတွေ ပြောင်းရလို့ တရားဝင် တားမြစ်ထားတာ။ အဖျောက်မြို့ဆိုတာ လည်း ကျပ်ဘီလျံသန်းပေါင်း များစွာနဲ့ ထိန်းသိမ်းခြင်း လုပ်ငန်းတွေ လုပ်ထားရတာ။ အဲဒါကို အခုပြန်လုပ်နေတယ်။ ဒေသခံတွေက မတိုင်ရဲဘူး။ ဘယ်တိုင်လို့တိုင်ရမှန်းလည်းမသိဘူး။ ဒေသခံတွေကတော့ ဒီလိုလုပ်နေတာတွေ ကြပ်မတ် ပေးစေချင်တာပေါ့နော်” ဟု ၎င်းက ဆက်လက်ပြောသည်။ ယခင်ကာလများက အဖျောက်မြို့အနီး၌ ထိုကဲ့သို့ကျောက်စုပ်ခြင်းကြောင့် ကမ်းပါးများပြို ကျကာ မြို့အနီး အနားမှ ကျေးရွာများ ရွာလုံးကျွတ် ရွှေ့ပြောင်းရခြင်းများရှိခဲ့ဖူးပြီး နိုင်ငံတော်မှကျပ်သန်း ပေါင်းများစွာ အကုန်အကျခံ၍ ကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများလုပ်ဆောင်ထားရကြောင်းလည်း သိရသည်။

Zawgyi Version;
ျမစ္ေက်ာက္စုပ္ယူမႈေၾကာင့္ အေဖ်ာက္တြင္ ကမ္းပါးၿပိဳက်မႈမ်ား ဆက္တိုက္ျဖစ္ေပၚေနၿပီး ၾကပ္မတ္ရန္လို
Pearl (NP News) - ႏိုဝင္ဘာ ၉
ျမစ္ေက်ာက္စုပ္ယူမႈေၾကာင့္ အေဖ်ာက္ၿမိဳ႕တြင္ ကမ္းပါးၿပိဳက်မႈမ်ားဆက္တိုက္ျဖစ္ေပၚေနၿပီး ၾကပ္မတ္ရန္လို အပ္ေနေၾကာင္း ေဒသခံမ်ား၏ ေျပာ ၾကားခ်က္မ်ားအရ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး တိုက္ႀကီးၿမိဳ႕နယ္ အေဖ်ာက္ၿမိဳ႕အနီး ဧရာဝတီျမစ္ေၾကာင္းအတြင္း၌ ၿပီးခဲ့သည့္ ဩဂုတ္လမွ စတင္ကာ ျမစ္ေက်ာက္မ်ားကို ေန႔စဥ္နီးပါး စုပ္ယူေနေၾကာင္း သိရသည္။
“သူတို႔က ဒီႏွစ္ ဩဂုတ္လေလာက္က စၿပီး အခုခ်ိန္ထိ ေတာက္ေလွ်ာက္ ၿမိဳ႕ရဲ႕အနား ဧရာ ဝတီျမစ္ေၾကာင္းမွာ လုပ္ေနတာ။ ေန႔ဘက္ေတြေရာ ညဘက္ေတြေရာ ကန္ထ႐ိုက္လိုေပးၿပီးေတာ့ လက္ဝါး႐ိုက္ၿပီး လုပ္ေနတာ။ ေက်ာက္ ထုတ္ေမာ္တာ အႀကီးႀကီးေတြလုပ္ေနတာ။ အခုဆို အေဖ်ာက္နားက ေရျပန္႐ြာ တစ္႐ြာလုံး ကုန္ေနၿပီ။ ကမ္းပါးေတြ ၿပိဳတာမွ ေတာ္ေတာ္ကို ၿပိဳေနတာ။ ေႂကြပန္းကန္ေက်ာင္း၊ ငါးလာေက်ာင္း၊ ပန္းတုန္းပိတ္၊ အေဖ်ာက္ ၿမိဳ႕ (၄)ရပ္ကြက္ ကမ္းပါး၊ ေရျပန္႐ြာ အဲဒီနားမွာ သူတို႔က ေတာက္ေလွ်ာက္လုပ္ေနတာ။ ေအးသာယာ႐ြာတို႔ ဆိုလည္း ေျပာင္းထားရတာ” ဟု ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
ထိုသို႔ျမစ္ေက်ာက္စုပ္ယူေနမႈမ်ားေၾကာင့္ အေဖ်ာက္ၿမိဳ႕အပါအဝင္ အနီးပတ္ဝန္းက်င္ရွိ ေက်း႐ြာမ်ားတြင္ ကမ္းပါးၿပိဳက်မႈမ်ား ျဖစ္ေပၚလ်က္ရွိၿပီး ေဒသခံမ်ားအေနျဖင့္ ေ႐ႊ႕ေျပာင္းေနထိုင္ရမႈမ်ားရွိ ေနၿပီး သက္ဆိုင္ရာ တာဝန္ရွိသူမ်ားအေနျဖင့္လည္း အဆိုပါလုပ္ငန္းစဥ္မ်ားကို စိစစ္ၾကပ္မတ္ေပးရန္ အတြက္ ေမွ်ာ္လင့္လ်က္ရွိေၾကာင္း သိရသည္။
“ေက်ာက္ခိုးစုပ္ၿပီးေတာ့ သူတို႔ေတြက တိုက္ႀကီးတို႔ ဥကၠံတို႔ကိုပို႔ေနတာ။ စီဗီတြဲေတြနဲ႔ ရန္ကုန္ေတာင္ ေရာက္တယ္ထင္တယ္။ ေက်ာက္စုပ္တဲ့ အစီးေရဆို တစ္ခါစုပ္ရင္ ကြင္းတစ္ ကြင္းမွာ (၁၅)စီး၊ အစီး(၂၀) ေလာက္နဲ႔ စုပ္တာ။ လြန္ခဲ့ေသာ (၁၀)ႏွစ္ေလာက္တုန္းက လုပ္တယ္။ အဲဒါကို ႏိုင္ငံေတာ္က တရားဝင္တားျမစ္ထားတာ ၾကာေနၿပီ။ ကမ္းပါးေတြ ၿပိဳ၊ ႐ြာေတြ ေျပာင္းရလို႔ တရားဝင္ တားျမစ္ထားတာ။ အေဖ်ာက္ၿမိဳ႕ဆိုတာ လည္း က်ပ္ဘီလ်ံသန္းေပါင္း မ်ားစြာနဲ႔ ထိန္းသိမ္းျခင္း လုပ္ငန္းေတြ လုပ္ထားရတာ။ အဲဒါကို အခုျပန္လုပ္ေနတယ္။ ေဒသခံေတြက မတိုင္ရဲဘူး။ ဘယ္တိုင္လို႔တိုင္ရမွန္းလည္းမသိဘူး။ ေဒသခံေတြကေတာ့ ဒီလိုလုပ္ေနတာေတြ ၾကပ္မတ္ ေပးေစခ်င္တာေပါ့ေနာ္” ဟု ၎က ဆက္လက္ေျပာသည္။ ယခင္ကာလမ်ားက အေဖ်ာက္ၿမိဳ႕အနီး၌ ထိုကဲ့သို႔ေက်ာက္စုပ္ျခင္းေၾကာင့္ ကမ္းပါးမ်ားၿပိဳ က်ကာ ၿမိဳ႕အနီး အနားမွ ေက်း႐ြာမ်ား ႐ြာလုံးကြၽတ္ ေ႐ႊ႕ေျပာင္းရျခင္းမ်ားရွိခဲ့ဖူးၿပီး ႏိုင္ငံေတာ္မွက်ပ္သန္း ေပါင္းမ်ားစြာ အကုန္အက်ခံ၍ ကမ္းထိန္းသိမ္းျခင္းလုပ္ငန္းမ်ားလုပ္ေဆာင္ထားရေၾကာင္းလည္း သိရသည္။