ကြက်ခြေနီအသင်းအမှတ်တံဆိပ်ကို အလွဲသုံးစားလုပ်မှုနဲ့ တောင်ကိုရီးယားအဆိုတော် ဂျောင်ဆိုမင် စုံစမ်းစစ်ဆေးခံရ

 228

ရောင်နီ (NP News) - နိုဝင်ဘာ ၉

တောင်ကိုရီးယားအဆိုတော် ဂျောင်ဆိုမင်ဟာ အလှကုန်အမှတ်တံဆိပ် GLYF ရဲ့ Beaubble Korea ကြော်ငြာထဲမှာ ကြက်ခြေနီအမှတ်တံဆိပ်နဲ့ ဆေးသေတ္တာပုံစံ ပါဝင်နေခြင်းကြောင့် ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုကို ခံနေရပါတယ်။
နိုဝင်ဘာ ၇ ရက်က Beaubble Korea ရဲ့ CEO A နဲ့ ဂျောင်ဆိုမင် ကို ကိုရီးယားကြက်ခြေနီ အဖွဲ့အစည်း အက်ဥပဒေ ချိုးဖောက်မှုနဲ့ အာဏာပိုင်တွေကို တိုင်ကြားထားကြောင်း အတည်ပြုခဲ့ပါတယ်။ အဲဒီအမှုကို ဆိုးလ်မြို့ ရှိ ဆောင်ဒုန်ရဲစခန်းမှာ တင်သွင်းထားပြီး လက်ရှိစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ တိုင်ကြားချက်အရ CEO A ဟာ ဂျောင်ဆိုမင်နဲ့ ကြော်ငြာတဲ့ အလှကုန်အမှတ်တံဆိပ်တစ်ခုမှာ ကြက်ခြေနီအမှတ်တံဆိပ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခွင့်ပြုချက်မရှိဘဲ လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းတွေရဲ့အမှတ်တံဆိပ် (သို့) အလားတူ သင်္ကေတတွေ အသုံးပြုခြင်းကို တားမြစ်ထားတဲ့ ကြက်ခြေနီအဖွဲ့အစည်းအက်ဥပဒေပုဒ်မ ၂၅ ကို ချိုးဖောက်မှုနဲ့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ ဥပဒေအရ ကြက်ခြေနီအမှတ်တံဆိပ်ကို စစ်ဘက်အာဏာပိုင်များ (ကာကွယ်မှုအတွက်) (သို့) ကိုရီးယားကြက်ခြေနီ (ညွှန်ပြရန်အတွက်) ရဲ့တရားဝင်ခွင့်ပြုချက်နဲ့သာ အသုံးပြုနိုင်ပါ တယ်။ ဥပဒေကို ချိုးဖောက်မိရင်တော့ ဝမ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၆၈၅၅ ခန့်) အထိ ဒဏ်ငွေချမှတ်နိုင် ပါတယ်။
“ကြက်ခြေနီအမှတ်တံဆိပ်ဟာ စစ်ပွဲများ၊ ဘေးအန္တရာယ်များ (သို့) ကူးစက်ရောဂါများ စတဲ့ အရေးပေါ် အခြေအနေတွေမှာ ဆေးဘက်ဆိုင်ရာနဲ့ကယ်ဆယ်ရေးလုပ်သားတွေအတွက် သီးသန့်ဒီဇိုင်းထုတ်ထာတဲ့ အများပြည်သူဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သင်္ကေတတစ်ခုဖြစ်ပါတယ်၊ စီးပွားဖြစ် ရည်ရွယ်ချက်တွေအတွက် အလားတူအမှတ်အသားကို ထပ်ခါတလဲလဲ အသုံးပြုခြင်းဟာ မူလအဓိပ္ပာယ်ကို မှေးမှိန် စေပြီး အများပြည်သူရဲ့ယုံကြည်မှုကို ထိခိုက်စေကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမစ်ရှင်တွေနဲ့ ဘေးကင်းရေးကို ခြိမ်းခြောက်နိုင်တယ်" လို့ တိုင်ကြားသူက ဆိုပါတယ်။
ကုမ္ပဏီဘက်ကတော့ အဆိုပါ သင်္ကေတကို ‘အရေးပေါ်ဆေး ရရှိလိုက်သလို စိတ်ခံစားမှု ပေးနိုင်တယ်’ ဆိုတဲ့ အယူအဆနဲ့ထည့်ထားတာဖြစ်ပြီး တကယ့်ဆေးဘက်ဆိုင်ရာ (သို့) ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ဆက်စပ်မှုမရှိပါ ဘူးလို့ ဆိုပါတယ်။ ဒါအပြင် ကုမ္ပဏီက အဆိုပါထုတ်ကုန်ဖြန့်ဖြူးမှုအားလုံးကို ရပ်ဆိုင်းထားပြီး ကြက်ခြေနီ သင်္ကေတပါတဲ့ ဒီဇိုင်းတွေနဲ့အကြောင်းအရာတွေကို ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Zawgyi Version;
ၾကက္ေျခနီအသင္းအမွတ္တံဆိပ္ကို အလြဲသုံးစားလုပ္မႈနဲ႔ ေတာင္ကိုရီးယားအဆိုေတာ္ ေဂ်ာင္ဆိုမင္ စုံစမ္းစစ္ေဆးခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၉
ေတာင္ကိုရီးယားအဆိုေတာ္ ေဂ်ာင္ဆိုမင္ဟာ အလွကုန္အမွတ္တံဆိပ္ GLYF ရဲ႕ Beaubble Korea ေၾကာ္ျငာထဲမွာ ၾကက္ေျခနီအမွတ္တံဆိပ္နဲ႔ ေဆးေသတၱာပုံစံ ပါဝင္ေနျခင္းေၾကာင့္ ရဲတပ္ဖြဲ႕ရဲ႕စုံစမ္းစစ္ေဆးမႈကို ခံေနရပါတယ္။
ႏိုဝင္ဘာ ၇ ရက္က Beaubble Korea ရဲ႕ CEO A နဲ႔ ေဂ်ာင္ဆိုမင္ ကို ကိုရီးယားၾကက္ေျခနီ အဖြဲ႕အစည္း အက္ဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ အာဏာပိုင္ေတြကို တိုင္ၾကားထားေၾကာင္း အတည္ျပဳခဲ့ပါတယ္။ အဲဒီအမႈကို ဆိုးလ္ၿမိဳ႕ ရွိ ေဆာင္ဒုန္ရဲစခန္းမွာ တင္သြင္းထားၿပီး လက္ရွိစုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။ တိုင္ၾကားခ်က္အရ CEO A ဟာ ေဂ်ာင္ဆိုမင္နဲ႔ ေၾကာ္ျငာတဲ့ အလွကုန္အမွတ္တံဆိပ္တစ္ခုမွာ ၾကက္ေျခနီအမွတ္တံဆိပ္ကို ခြင့္ျပဳခ်က္မရွိဘဲ အသုံးျပဳခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ခြင့္ျပဳခ်က္မရွိဘဲ လူပုဂၢိဳလ္ (သို႔) အဖြဲ႕အစည္းေတြရဲ႕အမွတ္တံဆိပ္ (သို႔) အလားတူ သေကၤတေတြ အသုံးျပဳျခင္းကို တားျမစ္ထားတဲ့ ၾကက္ေျခနီအဖြဲ႕အစည္းအက္ဥပေဒပုဒ္မ ၂၅ ကို ခ်ိဳးေဖာက္မႈနဲ႔ စြပ္စြဲခံထားရတာျဖစ္ပါတယ္။ ဥပေဒအရ ၾကက္ေျခနီအမွတ္တံဆိပ္ကို စစ္ဘက္အာဏာပိုင္မ်ား (ကာကြယ္မႈအတြက္) (သို႔) ကိုရီးယားၾကက္ေျခနီ (ၫႊန္ျပရန္အတြက္) ရဲ႕တရားဝင္ခြင့္ျပဳခ်က္နဲ႔သာ အသုံးျပဳႏိုင္ပါ တယ္။ ဥပေဒကို ခ်ိဳးေဖာက္မိရင္ေတာ့ ဝမ္ ၁၀ သန္း (အေမရိကန္ေဒၚလာ ၆၈၅၅ ခန႔္) အထိ ဒဏ္ေငြခ်မွတ္ႏိုင္ ပါတယ္။
“ၾကက္ေျခနီအမွတ္တံဆိပ္ဟာ စစ္ပြဲမ်ား၊ ေဘးအႏၲရာယ္မ်ား (သို႔) ကူးစက္ေရာဂါမ်ား စတဲ့ အေရးေပၚ အေျခအေနေတြမွာ ေဆးဘက္ဆိုင္ရာနဲ႔ကယ္ဆယ္ေရးလုပ္သားေတြအတြက္ သီးသန႔္ဒီဇိုင္းထုတ္ထာတဲ့ အမ်ားျပည္သူဆိုင္ရာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ သေကၤတတစ္ခုျဖစ္ပါတယ္၊ စီးပြားျဖစ္ ရည္႐ြယ္ခ်က္ေတြအတြက္ အလားတူအမွတ္အသားကို ထပ္ခါတလဲလဲ အသုံးျပဳျခင္းဟာ မူလအဓိပၸာယ္ကို ေမွးမွိန္ ေစၿပီး အမ်ားျပည္သူရဲ႕ယုံၾကည္မႈကို ထိခိုက္ေစကာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာမစ္ရွင္ေတြနဲ႔ ေဘးကင္းေရးကို ၿခိမ္းေျခာက္ႏိုင္တယ္" လို႔ တိုင္ၾကားသူက ဆိုပါတယ္။
ကုမၸဏီဘက္ကေတာ့ အဆိုပါ သေကၤတကို ‘အေရးေပၚေဆး ရရွိလိုက္သလို စိတ္ခံစားမႈ ေပးႏိုင္တယ္’ ဆိုတဲ့ အယူအဆနဲ႔ထည့္ထားတာျဖစ္ၿပီး တကယ့္ေဆးဘက္ဆိုင္ရာ (သို႔) ကယ္ဆယ္ေရးလုပ္ငန္းေတြနဲ႔ ဆက္စပ္မႈမရွိပါ ဘူးလို႔ ဆိုပါတယ္။ ဒါအျပင္ ကုမၸဏီက အဆိုပါထုတ္ကုန္ျဖန႔္ျဖဴးမႈအားလုံးကို ရပ္ဆိုင္းထားၿပီး ၾကက္ေျခနီ သေကၤတပါတဲ့ ဒီဇိုင္းေတြနဲ႔အေၾကာင္းအရာေတြကို ဖယ္ရွားလိုက္ၿပီျဖစ္တယ္လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.