LNG သင်္ဘော သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ပြီး လပိုင်းအတွင်း လျှပ်စစ်ဖြန့်ဖြူးတော့မည်

 986

Pearl (NP News) - နိုဝင်ဘာ ၁ဝ

LNG သင်္ဘော ရန်ကုန်သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်၍ လပိုင်းအတွင်း ဓာတ်အားများ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်နီးစပ်သူများထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
သဘာဝဓာတ်ငွေ့တင်သင်္ဘောကြီးသည် မဂ္ဂါဝပ် (၇၀ဝ)ခန့်ကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေ တမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့် သန်လျင်မြို့နယ်ရှိ ဓာတ်အားပေးစက်ရုံတို့ဖြင့် ချိတ်ဆက် ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် စီစဉ်ထားပြီး မဂ္ဂါဝပ် (၂၀ဝ) ကို ကနဦးအနေဖြင့် ဓာတ်အားဖြန့် ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့နဲ့သူတို့နဲ့ပြောထားတာတော့ ဒီလကုန်လောက်ရောက်မှာ။ ကျွန်တော်တို့က စုစု ပေါင်းကတော့ (၇၀ဝ)ပေါ့။ ဒါပေမဲ့ (၂၀ဝ၊ ၃၀ဝ) တစ်ဆင့်ချင်းတစ်ဆင့်ချင်းကပ်မှာပေါ့။ အခုရောက်မှာ က (၂၀ဝ) မဂ္ဂါဝပ်။ သီလဝါနဲ့ သာကေတကနေပေးဖို့ ခွဲထားတာတော့ရှိတယ်။ Detail ကတော့ Planning Site ဘက်က ပိုသိမယ်။ ကျွန်တော်တို့က Generation ဘက်ကထုတ်ပေးရုံပဲ။ ဖြန့်တာက တော့ YESC နဲ့ MESC တို့က ဖြန့်မှာ။ ကျွန်တော်တို့က Generation ထုတ်ပေးရမယ့်အပိုင်းက (၁၂)လပိုင်းထဲမှာ ထုတ် ပေးမယ်”ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
အဆိုပါ သဘာဝဓာတ်ငွေ့တင်သင်္ဘောကြီးဖြင့် ဓာတ်အားဖြန့်ဖြူးရန်အတွက် ဒေါ်လာ သန်း (၂၀ဝ) ထက်မနည်း ကုန်ကျနိုင်ကြောင်းလည်း သိရသည်။
“ခေတ်ကာလဈေးနဲ့ဆိုရင် အခု (၂၀ဝ) မဂ္ဂါဝပ်ကို ဒေါ်လာ သန်း (၂၀ဝ) လောက် ရင်းနှီးရမှာ။ အစိုးရကတော့ တစ်ယူနစ်ကို (၉၀ဝ)လောက်နဲ့ ပြန်ဖြန့်မယ့်သဘောရှိတယ်။ သင်္ဘောက သီလဝါ ဆိပ် ကမ်းမှာကပ်မယ်။ စက်မှုဇုန်တွေကို ယူကိုယူသင့်တယ်လို့ လုပ်သင့်တယ်။ ဟိုတယ်တွေ၊ ဆေးရုံတွေ အိမ်ရာတွေကိုကျတော့ သီးခြားလိုင်းနဲ့ယူဖို့ ဖန်တီးသင့်တယ်” ဟု အခြားသတင်း ရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
အဆိုပါ သင်္ဘောကြီး မြန်မာနိုင်ငံသို့ လာရောက်မည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကာ ရန်ကုန်မြို့မှ စက်ရုံ၊ အလုပ်ရုံများအတွက် လည်း လျှပ်စစ်ဓာတ်အား ပိုမိုရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
“ရန်ကုန်တိုင်းမှာလိုအပ်ချက်က စက်မှုဇုန်တွေရော၊ မြို့နယ်တွေရော (၁၅၀ဝ) မဂ္ဂါဝပ်လောက် ရှိပါတယ်။ လက်ရှိ ဖြန့်ဖြူးနေတာ (၁၀ဝဝ) မရှိပါဘူး။ ခွဲတမ်းနဲ့ပဲရတာ။ အခုက (၉၀ဝ၊ ၁၀ဝဝ) ဝန်းကျင် ပဲရတာ။ အခုရက်ပိုင်းက ‌ရွှေလီက ဓာတ်အား (၄၀ဝ) မဂ္ဂါဝပ် လောက်ကမရတော့ အဲဒါကြောင့် အဆင် မပြေတာ။ အရင်က ရွှေလီကရတော့ နည်းနည်းအဆင်ပြေနေတာပေါ့ဗျာ။ LNG က တရားဝင်တော့ သတင်းမထုတ်ပြန်သေးဘူး။ ဒီမှာတော့ လိုအပ်တဲ့ပြင်ဆင်မှုတွေ အကုန်ပြီးပြီလို့တော့သိရတယ်။ LNG နဲ့ကတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာ ပေးမယ်ထင်တယ်။ ပေးဖို့လည်းလုပ်ထားပြီးပါပြီ။ အဓိကကတော့ ရန်ကုန်နဲ့မန္တလေးရယ် တိုင်းနဲ့ ပြည်နယ်ရယ်ပေါ့။ အဓိကကတော့ စက်မှုဇုန်တွေကို အဲဒီဓာတ်အားကို ရောင်းမှာ။ LNG နှုန်းထားနဲ့ ရောင်းမှာပေါ့။ တစ်ထောင်တော့မကျော်ပါဘူး။ အများပြည်သူကတော့ ဒီ နှုန်းထားနဲ့ပဲ သွားမယ်။ သင်္ဘောက အမှန်တကယ်ဆိုရောက်နေပြီ။ မုန်တိုင်းရှိလို့ နည်းနည်းနောက်ကျ နေတာလို့ ကြားတယ်။ သ‌င်္ဘောရောက်လာရင်တော့ အဆင်ပြေမှာပါ။ ပထမအဆင့်အနေနဲ့ တစ်စင်း လာမယ်။ နောက်မှ နောက်တစ်စင်းလာမယ်လို့သိရတယ်။ ရှေ့ဆင့် နောက်ဆင့်ပါပဲ။ စမ်းသပ်မှုတွေ၊ မြေပြင်အခြေအနေတွေကတော့ အကုန်လုပ်ပြီးပြီ” ဟု YESC နှင့်နီးစပ်သူတစ်ဦးက NP News သို့ပြော သည်။
ပြီးခဲ့သည့် (၂၀၂၂)ခုနှစ် နိုဝင်ဘာလက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းအကွက် အမှတ်(၁၄)ရှိ Dolphin Jetty တွင် Floating Storage Unit (FSU) အဖြစ် (၂)နှစ်ကျော် ဆိုက်ကပ်၍ သာကေတ မြို့ နယ်ရှိ မဂ္ဂါဝပ် (၄၀ဝ) လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် သန်လျင်မြို့နယ်ရှိ မဂ္ဂါဝပ် (၃၅၀) ဓာတ်အားပေး စက်ရုံတို့နှင့် ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့သော MT CNTIC VPOWER ENERGY ဓာတ် ငွေ့တင်သင်္ဘော ကြီးသည် (၂၀၂၃)ခုနှစ် မတ်လ (၃၀)ရက်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
LNG သေဘၤာ သီလဝါဆိပ္ကမ္း၌ ဆိုက္ကပ္ၿပီး လပိုင္းအတြင္း လွ်ပ္စစ္ျဖန႔္ျဖဴးေတာ့မည္
Pearl (NP News) - ႏိုဝင္ဘာ ၁ဝ

LNG သေဘၤာ ရန္ကုန္သီလဝါဆိပ္ကမ္း၌ ဆိုက္ကပ္၍ လပိုင္းအတြင္း ဓာတ္အားမ်ား ျဖန႔္ျဖဴးေပးမည္ျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနႏွင့္နီးစပ္သူမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
သဘာဝဓာတ္ေငြ႕တင္သေဘၤာႀကီးသည္ မဂၢါဝပ္ (၇၀ဝ)ခန႔္ကို ရန္ကုန္တိုင္းေဒသႀကီး၊ သာေက တၿမိဳ႕နယ္ရွိ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ ႏွင့္ သန္လ်င္ၿမိဳ႕နယ္ရွိ ဓာတ္အားေပးစက္႐ုံတို႔ျဖင့္ ခ်ိတ္ဆက္ ကာ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးရန္ စီစဥ္ထားၿပီး မဂၢါဝပ္ (၂၀ဝ) ကို ကနဦးအေနျဖင့္ ဓာတ္အားျဖန႔္ ျဖဴးေပးမည္ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔နဲ႔သူတို႔နဲ႔ေျပာထားတာေတာ့ ဒီလကုန္ေလာက္ေရာက္မွာ။ ကြၽန္ေတာ္တို႔က စုစု ေပါင္းကေတာ့ (၇၀ဝ)ေပါ့။ ဒါေပမဲ့ (၂၀ဝ၊ ၃၀ဝ) တစ္ဆင့္ခ်င္းတစ္ဆင့္ခ်င္းကပ္မွာေပါ့။ အခုေရာက္မွာ က (၂၀ဝ) မဂၢါဝပ္။ သီလဝါနဲ႔ သာေကတကေနေပးဖို႔ ခြဲထားတာေတာ့ရွိတယ္။ Detail ကေတာ့ Planning Site ဘက္က ပိုသိမယ္။ ကြၽန္ေတာ္တို႔က Generation ဘက္ကထုတ္ေပး႐ုံပဲ။ ျဖန႔္တာက ေတာ့ YESC နဲ႔ MESC တို႔က ျဖန႔္မွာ။ ကြၽန္ေတာ္တို႔က Generation ထုတ္ေပးရမယ့္အပိုင္းက (၁၂)လပိုင္းထဲမွာ ထုတ္ ေပးမယ္”ဟု လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
အဆိုပါ သဘာဝဓာတ္ေငြ႕တင္သေဘၤာႀကီးျဖင့္ ဓာတ္အားျဖန႔္ျဖဴးရန္အတြက္ ေဒၚလာ သန္း (၂၀ဝ) ထက္မနည္း ကုန္က်ႏိုင္ေၾကာင္းလည္း သိရသည္။
“ေခတ္ကာလေဈးနဲ႔ဆိုရင္ အခု (၂၀ဝ) မဂၢါဝပ္ကို ေဒၚလာ သန္း (၂၀ဝ) ေလာက္ ရင္းႏွီးရမွာ။ အစိုးရကေတာ့ တစ္ယူနစ္ကို (၉၀ဝ)ေလာက္နဲ႔ ျပန္ျဖန႔္မယ့္သေဘာရွိတယ္။ သေဘၤာက သီလဝါ ဆိပ္ ကမ္းမွာကပ္မယ္။ စက္မႈဇုန္ေတြကို ယူကိုယူသင့္တယ္လို႔ လုပ္သင့္တယ္။ ဟိုတယ္ေတြ၊ ေဆး႐ုံေတြ အိမ္ရာေတြကိုက်ေတာ့ သီးျခားလိုင္းနဲ႔ယူဖို႔ ဖန္တီးသင့္တယ္” ဟု အျခားသတင္း ရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါ သေဘၤာႀကီး ျမန္မာႏိုင္ငံသို႔ လာေရာက္မည္ဆိုပါက ရန္ကုန္တိုင္းေဒသႀကီးအတြင္း လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္မည္ျဖစ္ကာ ရန္ကုန္ၿမိဳ႕မွ စက္႐ုံ၊ အလုပ္႐ုံမ်ားအတြက္ လည္း လွ်ပ္စစ္ဓာတ္အား ပိုမိုရရွိမည္ျဖစ္ေၾကာင္းလည္း သိရသည္။
“ရန္ကုန္တိုင္းမွာလိုအပ္ခ်က္က စက္မႈဇုန္ေတြေရာ၊ ၿမိဳ႕နယ္ေတြေရာ (၁၅၀ဝ) မဂၢါဝပ္ေလာက္ ရွိပါတယ္။ လက္ရွိ ျဖန႔္ျဖဴးေနတာ (၁၀ဝဝ) မရွိပါဘူး။ ခြဲတမ္းနဲ႔ပဲရတာ။ အခုက (၉၀ဝ၊ ၁၀ဝဝ) ဝန္းက်င္ ပဲရတာ။ အခုရက္ပိုင္းက ‌ေ႐ႊလီက ဓာတ္အား (၄၀ဝ) မဂၢါဝပ္ ေလာက္ကမရေတာ့ အဲဒါေၾကာင့္ အဆင္ မေျပတာ။ အရင္က ေ႐ႊလီကရေတာ့ နည္းနည္းအဆင္ေျပေနတာေပါ့ဗ်ာ။ LNG က တရားဝင္ေတာ့ သတင္းမထုတ္ျပန္ေသးဘူး။ ဒီမွာေတာ့ လိုအပ္တဲ့ျပင္ဆင္မႈေတြ အကုန္ၿပီးၿပီလို႔ေတာ့သိရတယ္။ LNG နဲ႔ကေတာ့ ဒီႏွစ္ကုန္ပိုင္းေလာက္မွာ ေပးမယ္ထင္တယ္။ ေပးဖို႔လည္းလုပ္ထားၿပီးပါၿပီ။ အဓိကကေတာ့ ရန္ကုန္နဲ႔မႏၲေလးရယ္ တိုင္းနဲ႔ ျပည္နယ္ရယ္ေပါ့။ အဓိကကေတာ့ စက္မႈဇုန္ေတြကို အဲဒီဓာတ္အားကို ေရာင္းမွာ။ LNG ႏႈန္းထားနဲ႔ ေရာင္းမွာေပါ့။ တစ္ေထာင္ေတာ့မေက်ာ္ပါဘူး။ အမ်ားျပည္သူကေတာ့ ဒီ ႏႈန္းထားနဲ႔ပဲ သြားမယ္။ သေဘၤာက အမွန္တကယ္ဆိုေရာက္ေနၿပီ။ မုန္တိုင္းရွိလို႔ နည္းနည္းေနာက္က် ေနတာလို႔ ၾကားတယ္။ သ‌ေဘၤာေရာက္လာရင္ေတာ့ အဆင္ေျပမွာပါ။ ပထမအဆင့္အေနနဲ႔ တစ္စင္း လာမယ္။ ေနာက္မွ ေနာက္တစ္စင္းလာမယ္လို႔သိရတယ္။ ေရွ႕ဆင့္ ေနာက္ဆင့္ပါပဲ။ စမ္းသပ္မႈေတြ၊ ေျမျပင္အေျခအေနေတြကေတာ့ အကုန္လုပ္ၿပီးၿပီ” ဟု YESC ႏွင့္နီးစပ္သူတစ္ဦးက NP News သို႔ေျပာ သည္။
ၿပီးခဲ့သည့္ (၂၀၂၂)ခုႏွစ္ ႏိုဝင္ဘာလက ရန္ကုန္ၿမိဳ႕ သီလဝါဆိပ္ကမ္းအကြက္ အမွတ္(၁၄)ရွိ Dolphin Jetty တြင္ Floating Storage Unit (FSU) အျဖစ္ (၂)ႏွစ္ေက်ာ္ ဆိုက္ကပ္၍ သာေကတ ၿမိဳ႕ နယ္ရွိ မဂၢါဝပ္ (၄၀ဝ) လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံႏွင့္ သန္လ်င္ၿမိဳ႕နယ္ရွိ မဂၢါဝပ္ (၃၅၀) ဓာတ္အားေပး စက္႐ုံတို႔ႏွင့္ ခ်ိတ္ဆက္ကာ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးခဲ့ေသာ MT CNTIC VPOWER ENERGY ဓာတ္ ေငြ႕တင္သေဘၤာ ႀကီးသည္ (၂၀၂၃)ခုႏွစ္ မတ္လ (၃၀)ရက္တြင္ ျပန္လည္ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.