မကွေးတွင် PDF အဖွဲ့ထောင်ထားသည့်မိုင်းပေါက်ကွဲ၍ အမျိုးသားတစ်ဦးသေဆုံး

 336

သန့်ဇင်(NP News)-နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် PDF အဖွဲ့ထောင်ထားသည့်မိုင်းပေါက်ကွဲ၍ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။

ဖြစ်စဉ်မှ ပြီးခဲ့သည် နိုဝင်ဘာ ၈ရက်၊ နံနက် ၈ နာရီအချိန်ခန့်က မကွေးမြို့နယ်၊ ရုံးကုန်းကျေးရွာ အရှေ့မြောက်ဘက် မီတာ (၇၀၀) ခန့်အကွာ၊ ရုံးကုန်း-ကွမ်းအိုင်သွား ရွာချင်းဆက်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကန်ပြား (အနောက်) ကျေးရွာတွင်နေထိုင်သည့် အသက် (၃၇)နှစ်အရွယ် ဦးနေဦးသည် ၎င်းနေထိုင်ရာကျေးရွာမှ ဥသျှစ်ကုန်းကျေးရွာသို ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် အထက်ပါနေရာအရောက်၌ လမ်းဘေးမှ PDF အဖွဲထောင်ထားသည့် မိုင်းတစ်လုံး ပေါက် ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဦးနေဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မေကြးတြင္ PDF အဖြဲ႕ေထာင္ထားသည့္မိုင္းေပါက္ကြဲ၍ အမ်ိဳးသားတစ္ဦးေသဆုံး
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၁၀
မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္တြင္ PDF အဖြဲ႕ေထာင္ထားသည့္မိုင္းေပါက္ကြဲ၍ အမ်ိဳးသားတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူထံမွ သိရသည္။

ျဖစ္စဥ္မွ ၿပီးခဲ့သည္ ႏိုဝင္ဘာ ၈ရက္၊ နံနက္ ၈ နာရီအခ်ိန္ခန႔္က မေကြးၿမိဳ႕နယ္၊ ႐ုံးကုန္းေက်း႐ြာ အေရွ႕ေျမာက္ဘက္ မီတာ (၇၀၀) ခန႔္အကြာ၊ ႐ုံးကုန္း-ကြမ္းအိုင္သြား ႐ြာခ်င္းဆက္လမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကန္ျပား (အေနာက္) ေက်း႐ြာတြင္ေနထိုင္သည့္ အသက္ (၃၇)ႏွစ္အ႐ြယ္ ဦးေနဦးသည္ ၎ေနထိုင္ရာေက်း႐ြာမွ ဥသွ်စ္ကုန္းေက်း႐ြာသို ဆိုင္ကယ္ျဖင့္ တစ္ဦးတည္းေမာင္းႏွင္လာစဥ္ အထက္ပါေနရာအေရာက္၌ လမ္းေဘးမွ PDF အဖြဲေထာင္ထားသည့္ မိုင္းတစ္လုံး ေပါက္ ကြဲခဲ့ေၾကာင္း သိရသည္။

အဆိုပါ မိုင္းေပါက္ကြဲမႈေၾကာင့္ ဦးေနဦးတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိကာ ေဆးကုသမႈခံယူရန္ ေဆး႐ုံသို႔ပို႔ေဆာင္စဥ္ ေသဆုံးသြား ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာအျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.