တစ်နှစ်ကျော်ကြာရပ်နားထားသောလားရှိုး-ရန်ကုန် အဝေးပြေးကားများ ပြန်လည်ပြေးဆွဲနေ

169

ပြည့်ဖြိုး(NP News) နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ် မြောက်ပိုင်း တနှစ်ကျော်ကြာ ပိတ်ထားသည့် လားရှိုး - ရန်ကုန် Express များသည် အောက်တိုဘာလ လကုန်ပိုင်းမှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
"လားရှိုး - ရန်ကုန်ကားက အောက်တို ဘာလ ၂၇ ရက်နေ့က စထွက်တာပါ။ ပြည်ထောင်စု လမ်းမကြီးကနေပဲ သွားတယ်။" လို့ ကားဂိတ်နဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။
ရွှေလားရှိုး ဂိတ်က ရိုးရိုးကားက ကားခ ၁၅၀,၀၀၀ ဖြစ်ပြီး အထူးကားက ၁၈၀,၀၀၀ ဖြစ်ကာ တနေ့ကို တစီးစီပဲထွက်တယ်”ဟု လာရှိုးဒေသခံတစ်ဦးကပြောသည်။
လားရှိုး - ရန်ကုန် နေ့လယ် ၁၂ နာရီ ထွက်ပြီး ရန်ကုန် - လားရှိုး ညနေ ၄ နာရီ ထွက်ကာ လမ်းမှာ တည အိပ်ရကြောင်း သိရသည်။
"လားရှိုး နဲ့ ရန်ကုန် Express ကားတွေက ပိတ်သွားတာ တနှစ်ကျော်တယ်။ လားရှိုးမြို့ပေါ် တိုက်ပွဲ မဖြစ်ခင် နမ့်ပေါင်တွေဘက် တိုက်ပွဲ ဖြစ်ကတည်းက ပိတ်သွားတာ အရင်လ လကုန်ပိုင်းကမှ ပုံမှန်ပြေးဆွဲတာ" ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
ခရီးသည်များအနေဖြင့် မှတ်ပုံတင် ပါရမှာ ဖြစ်ပြီး Express လိုင်းတွေ အများအပြားမရှိကြောင်းသိရသည်။
မူဆယ်လမ်းကြောင်းတွင်လည်း Express ကား တစီး တလေ ရှိသော်လည်း ယခင် နာမည်ရပြီးသား Express လိုင်းများမှာ အသွားအလာ မရှိကြောင်းသိရသည်။
( ၂၀၂၄) ဇွန်လ( ၂၅) ရက်နေ့မှစတင်ကာ မြောက်ပိုင်း မဟာမိတ်ညီနောင် သုံးဖွဲ့၏ (၁၀၂၇) စစ်ဆင်ရေး ဒုတိယပိုင်း ပြန်လည်စတင်ချိန်ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီး မှ Express ကားလိုင်း များ ပြေးဆွဲမှု ရပ်တန့်သွားခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
တစ္ႏွစ္ေက်ာ္ၾကာရပ္နားထားေသာလားရႈိး-ရန္ကုန္ အေဝးေျပးကားမ်ား ျပန္လည္ေျပးဆြဲေန
ျပည့္ၿဖိဳး(NP News) ႏိုဝင္ဘာ ၁၀
ရွမ္းျပည္နယ္ ေျမာက္ပိုင္း တႏွစ္ေက်ာ္ၾကာ ပိတ္ထားသည့္ လားရႈိး - ရန္ကုန္ Express မ်ားသည္ ေအာက္တိုဘာလ လကုန္ပိုင္းမွစတင္ကာ ျပန္လည္ေျပးဆြဲေနၿပီ ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
"လားရႈိး - ရန္ကုန္ကားက ေအာက္တို ဘာလ ၂၇ ရက္ေန႔က စထြက္တာပါ။ ျပည္ေထာင္စု လမ္းမႀကီးကေနပဲ သြားတယ္။" လို႔ ကားဂိတ္နဲ႔ နီးစပ္သူ အမ်ိဳးသမီး တေယာက္က ေျပာပါတယ္။
ေ႐ႊလားရႈိး ဂိတ္က ႐ိုး႐ိုးကားက ကားခ ၁၅၀,၀၀၀ ျဖစ္ၿပီး အထူးကားက ၁၈၀,၀၀၀ ျဖစ္ကာ တေန႔ကို တစီးစီပဲထြက္တယ္”ဟု လာရႈိးေဒသခံတစ္ဦးကေျပာသည္။
လားရႈိး - ရန္ကုန္ ေန႔လယ္ ၁၂ နာရီ ထြက္ၿပီး ရန္ကုန္ - လားရႈိး ညေန ၄ နာရီ ထြက္ကာ လမ္းမွာ တည အိပ္ရေၾကာင္း သိရသည္။
"လားရႈိး နဲ႔ ရန္ကုန္ Express ကားေတြက ပိတ္သြားတာ တႏွစ္ေက်ာ္တယ္။ လားရႈိးၿမိဳ႕ေပၚ တိုက္ပြဲ မျဖစ္ခင္ နမ့္ေပါင္ေတြဘက္ တိုက္ပြဲ ျဖစ္ကတည္းက ပိတ္သြားတာ အရင္လ လကုန္ပိုင္းကမွ ပုံမွန္ေျပးဆြဲတာ" ဟု ေဒသခံ အမ်ိဳးသမီး တစ္ဦးက ေျပာသည္။
ခရီးသည္မ်ားအေနျဖင့္ မွတ္ပုံတင္ ပါရမွာ ျဖစ္ၿပီး Express လိုင္းေတြ အမ်ားအျပားမရွိေၾကာင္းသိရသည္။
မူဆယ္လမ္းေၾကာင္းတြင္လည္း Express ကား တစီး တေလ ရွိေသာ္လည္း ယခင္ နာမည္ရၿပီးသား Express လိုင္းမ်ားမွာ အသြားအလာ မရွိေၾကာင္းသိရသည္။
( ၂၀၂၄) ဇြန္လ( ၂၅) ရက္ေန႔မွစတင္ကာ ေျမာက္ပိုင္း မဟာမိတ္ညီေနာင္ သုံးဖြဲ႕၏ (၁၀၂၇) စစ္ဆင္ေရး ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္ကစၿပီး ရွမ္းျပည္နယ္ ေျမာက္ပိုင္း ျပည္ေထာင္စု လမ္းမႀကီး မွ Express ကားလိုင္း မ်ား ေျပးဆြဲမႈ ရပ္တန႔္သြားျခင္းျဖစ္ေၾကာင္းသိရသည္။