မန္တလေးနန်းမြို့ရိုးကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေပြီးလာမည့်နှစ်လယ်ပိုင်းတွင် ပြီးစီးမည်

140

စော (NP News)-နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး မန္တလေးနန်း မြို့ရိုးကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက် နေပြီး လာမည့်နှစ်လယ်ပိုင်းတွင် ပြီးစီးမည်ဖြစ် ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာ နမှ òန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က NP News ကိုပြောသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ငလျင်ကြောင့် ထိခိုက်ခဲ့သော မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများနှင့် စပ် လျဉ်း၍ တရုတ်နိုင်ငံ၊ National Cultural Heritage Administration အပါအဝင် Shaanxi Provincial Cultural Heritage Administration မှ ပညာရှင်အဖွဲ့တို့နှင့် ပြီးခဲ့သည့် ဇွန်လ (၁၆)ရက်က ညှိနှိုင်း ဆွေးနွေးခဲ့သည်။
အဆိုပါအင်အားပြင်းမန္တလေးငလျင်ဒဏ်ကြောင့် မန္တလေးနန်းမြို့ရိုးသည် (၄၈၃၉)ပေ၊ သူရဲခို (၁၂၅၅) လုံး၊ မြိုရိုးဝင်ပေါက် ပြအိုးနှင့် ပြာသာဒ်ဆောင် (၉)ခု၊ မီးတား (၁၂)ခု ပျက်စီးခဲ့ရကြောင်း သိရ သည်။ “နန်းမြို့ရိုး အရှေ့အနောက်တောင်မြောက်ရယ်။ နန်းမြို့ရိုးအပေါ်က ပြဿဒ်တွေရယ်။ နန်းမြို့ရိုး အရှေ့ဘက်က မီးတားတွေရယ် အဲဒါတွေကို အခုထိန်းသိမ်းရေးလုပ်ငန်းတွေစနေပြီ” ဟု ၎င်းကပြော သည်။
အဆိုပါပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ပြီးခဲ့သည့်အောက်တိုဘာလမှ စတင်ကာ ဆောင်ရွက် နေခြင်းဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် (၁၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ “ပြင် ဆင်မှုကတော့ ဒီလာမယ့်နှစ်အလယ်တော့ အကုန်ပြီးအောင်ဆောင်ရွက်ဖို့ရှိပါတယ်။ နန်းမြို့ရိုး နဲ့ ပတ် သက်လို့ပေါ့။ နန်းမြို့ရိုးက အရှေ့အနောက်တောင်မြောက်က ကျွန်တော်တို့လုပ်ငန်းအားလုံး စုစု ပေါင်း(၂၅)ခုလောက်ရှိမယ်။ အဲဒါကို လုပ်ငန်းစရိတ်ခွဲပြီးတော့ ပြင်ဆင်နေတာ”ဟု ၎င်းက ဆက်လက် ပြောသည်။
အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ရှေးဟောင်းအဆောက်အအုံ (၁၅ ၅၉) ခု ပျက်စီးခဲ့ပြီး မူလအလှူရှင်များကလည်း ရှေးဟောင်းအဆောက်အအုံများ၊ စေတီပုထိုးများကို ပြင် ဆင်နေမှုများရှိနေကာ အင်းဝဒေသတွင် ပြင်ဆင်ရန် အများဆုံးကျန်နေသေးကြောင်းသိရသည်။ “ပထမ ဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးဆိုပြီး ဘုရားတွေရော၊ ကျောင်းတွေရော၊ သိမ်တွေရော၊ ဇရပ်တွေရော၊ နန်းမြို့ရိုးတွေရော ခွဲထားတာပေါ့။ အဲဒီထဲကမှ တတိယ ဦးစားပေးဆိုတဲ့ နည်းနည်းသေး တဲ့အပိုင်းတွေလေးကို တချို့ မူလအလှူရှင်ရှိတဲ့လူတွေက အကုန်ပြန်ပြင်နေကြတာ ရှိပါတယ်။ ဌာနက ကြီးကြပ်ပေါ့ ပထမဦးစားပေးဆိုတဲ့ဟာကတော့ ပျက်စီးမှုအတိုင်းအတာကလည်း ကြီးတယ်။ အချိန် လည်း ယူရမယ်။ ဌာနရဲ့ ကျွမ်းကျင်အင်ဂျင်နီယာနဲ့လုပ်ရမယ်ဆိုတဲ့ ဘုရားကြီး တချို့တော့ ကျန်သေး တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
မႏၲေလးနန္းၿမိဳ႕႐ိုးကို ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းေဆာင္႐ြက္ေနၿပီးလာမည့္ႏွစ္လယ္ပိုင္းတြင္ ၿပီးစီးမည္
ေစာ (NP News)-ႏိုဝင္ဘာ ၁၀
မႏၲေလးတိုင္းေဒသႀကီး မႏၲေလးနန္း ၿမိဳ႕႐ိုးကို ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းေဆာင္႐ြက္ ေနၿပီး လာမည့္ႏွစ္လယ္ပိုင္းတြင္ ၿပီးစီးမည္ျဖစ္ ေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္း သုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာ နမွ òန္ၾကားေရးမႉး ေဒါက္တာသန္းထိုက္က NP News ကိုေျပာသည္။
ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနသည္ ငလ်င္ေၾကာင့္ ထိခိုက္ခဲ့ေသာ မႏၲေလးတိုင္းေဒသႀကီးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ေရွးေဟာင္းအေဆာက္အအုံမ်ားႏွင့္ စပ္ လ်ဥ္း၍ တ႐ုတ္ႏိုင္ငံ၊ National Cultural Heritage Administration အပါအဝင္ Shaanxi Provincial Cultural Heritage Administration မွ ပညာရွင္အဖြဲ႕တို႔ႏွင့္ ၿပီးခဲ့သည့္ ဇြန္လ (၁၆)ရက္က ညႇိႏႈိင္း ေဆြးေႏြးခဲ့သည္။
အဆိုပါအင္အားျပင္းမႏၲေလးငလ်င္ဒဏ္ေၾကာင့္ မႏၲေလးနန္းၿမိဳ႕႐ိုးသည္ (၄၈၃၉)ေပ၊ သူရဲခို (၁၂၅၅) လုံး၊ ၿမိဳ႐ိုးဝင္ေပါက္ ျပအိုးႏွင့္ ျပာသာဒ္ေဆာင္ (၉)ခု၊ မီးတား (၁၂)ခု ပ်က္စီးခဲ့ရေၾကာင္း သိရ သည္။ “နန္းၿမိဳ႕႐ိုး အေရွ႕အေနာက္ေတာင္ေျမာက္ရယ္။ နန္းၿမိဳ႕႐ိုးအေပၚက ျပႆဒ္ေတြရယ္။ နန္းၿမိဳ႕႐ိုး အေရွ႕ဘက္က မီးတားေတြရယ္ အဲဒါေတြကို အခုထိန္းသိမ္းေရးလုပ္ငန္းေတြစေနၿပီ” ဟု ၎ကေျပာ သည္။
အဆိုပါျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းကို ၿပီးခဲ့သည့္ေအာက္တိုဘာလမွ စတင္ကာ ေဆာင္႐ြက္ ေနျခင္းျဖစ္ကာ ရာခိုင္ႏႈန္းအားျဖင့္ (၁၀)ရာခိုင္ႏႈန္း ေဆာင္႐ြက္ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။ “ျပင္ ဆင္မႈကေတာ့ ဒီလာမယ့္ႏွစ္အလယ္ေတာ့ အကုန္ၿပီးေအာင္ေဆာင္႐ြက္ဖို႔ရွိပါတယ္။ နန္းၿမိဳ႕႐ိုး နဲ႔ ပတ္ သက္လို႔ေပါ့။ နန္းၿမိဳ႕႐ိုးက အေရွ႕အေနာက္ေတာင္ေျမာက္က ကြၽန္ေတာ္တို႔လုပ္ငန္းအားလုံး စုစု ေပါင္း(၂၅)ခုေလာက္ရွိမယ္။ အဲဒါကို လုပ္ငန္းစရိတ္ခြဲၿပီးေတာ့ ျပင္ဆင္ေနတာ”ဟု ၎က ဆက္လက္ ေျပာသည္။
အင္အားျပင္းငလ်င္ဒဏ္ေၾကာင့္ မႏၲေလးတိုင္းေဒသႀကီးတြင္ ေရွးေဟာင္းအေဆာက္အအုံ (၁၅ ၅၉) ခု ပ်က္စီးခဲ့ၿပီး မူလအလႉရွင္မ်ားကလည္း ေရွးေဟာင္းအေဆာက္အအုံမ်ား၊ ေစတီပုထိုးမ်ားကို ျပင္ ဆင္ေနမႈမ်ားရွိေနကာ အင္းဝေဒသတြင္ ျပင္ဆင္ရန္ အမ်ားဆုံးက်န္ေနေသးေၾကာင္းသိရသည္။ “ပထမ ဦးစားေပး၊ ဒုတိယဦးစားေပး၊ တတိယဦးစားေပးဆိုၿပီး ဘုရားေတြေရာ၊ ေက်ာင္းေတြေရာ၊ သိမ္ေတြေရာ၊ ဇရပ္ေတြေရာ၊ နန္းၿမိဳ႕႐ိုးေတြေရာ ခြဲထားတာေပါ့။ အဲဒီထဲကမွ တတိယ ဦးစားေပးဆိုတဲ့ နည္းနည္းေသး တဲ့အပိုင္းေတြေလးကို တခ်ိဳ႕ မူလအလႉရွင္ရွိတဲ့လူေတြက အကုန္ျပန္ျပင္ေနၾကတာ ရွိပါတယ္။ ဌာနက ႀကီးၾကပ္ေပါ့ ပထမဦးစားေပးဆိုတဲ့ဟာကေတာ့ ပ်က္စီးမႈအတိုင္းအတာကလည္း ႀကီးတယ္။ အခ်ိန္ လည္း ယူရမယ္။ ဌာနရဲ႕ ကြၽမ္းက်င္အင္ဂ်င္နီယာနဲ႔လုပ္ရမယ္ဆိုတဲ့ ဘုရားႀကီး တခ်ိဳ႕ေတာ့ က်န္ေသး တယ္”ဟု ၎က ဆက္လက္ေျပာသည္။