BLACKPINK အဖွဲ့ဝင် ဂျင်းနီ က Spotify သမိုင်းမှာ stream ၆ ဘီလီယံကျော်သွားတဲ့ ပထမဆုံး K Pop အမျိုးသမီး အဖြစ် စံချိန်တင်

57
ရောင်နီ (NP News) - နိုဝင်ဘာ ၁၁
တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် ဂျင်းနီဟာ ဂီတ streaming platform Spotify မှာ stream ၆ ဘီလီယံကျော်တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော K-Pop အမျိုးသမီး တစ်ကိုယ်တော် အဆိုတော်ဖြစ်လာခဲ့ပါတယ်။
ဒါဟာ ကမ္ဘာတဝှမ်းက လူကြည့်များတဲ့ ဂီတပလက်ဖောင်းတစ်ခုဖြစ်တဲ့ Spotify မှာ သူမရဲ့နောက်ထပ် သမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ ဒါအပြင် Spotify ရဲ့ K Pop Music တစ်ကိုယ်တော်အဆိုတော်တွေထဲမှာ ဂျင်းနီက Stream ၆ ဘီလီယံ၊ လီဆာက Stream ၄.၆ ဘီလီယံ၊ ရိုစ့်က ၄.၅ ဘီလီယံ၊ အိုင်ယူက ၃.၁ ဘီလီယံ ရရှိထားပြီး K Pop Group သီချင်းတွေထဲမှာလည်း BLACKPINK၊ TWICE နဲ့ NewJeans ကို ကျော်ဖြတ်ပြီး ဂျင်းနီက stream အများဆုံးဖြစ်ခဲ့ပါတယ်။
ဒါဟာ Spotify သမိုင်းမှာ ဒီစံချိန်ကို ရောက်ရှိခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီး K-pop အနုပညာရှင် ဖြစ်စေ ခဲ့ပြီး သူမရဲ့ ကမ္ဘာလုံးဆိုင်ရာ ကျော်ကြားမှုနဲ့ သူမရဲ့ဂီတအပေါ် လူထုရဲ့နှစ်သက်မှုကို ပြသနေပါတယ်။
Zawgyi Version:
BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီ က Spotify သမိုင္းမွာ stream ၆ ဘီလီယံေက်ာ္သြားတဲ့ ပထမဆုံး K Pop အမ်ိဳးသမီး အျဖစ္ စံခ်ိန္တင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၁
ေတာင္ကိုရီးယား အမ်ိဳးသမီး K Pop အဖြဲ႕ BLACKPINK ရဲ႕ အဖြဲ႕ဝင္ ဂ်င္းနီဟာ ဂီတ streaming platform Spotify မွာ stream ၆ ဘီလီယံေက်ာ္တဲ့ ပထမဆုံးနဲ႔ တစ္ဦးတည္းေသာ K-Pop အမ်ိဳးသမီး တစ္ကိုယ္ေတာ္ အဆိုေတာ္ျဖစ္လာခဲ့ပါတယ္။
ဒါဟာ ကမာၻတဝွမ္းက လူၾကည့္မ်ားတဲ့ ဂီတပလက္ေဖာင္းတစ္ခုျဖစ္တဲ့ Spotify မွာ သူမရဲ႕ေနာက္ထပ္ သမိုင္းဝင္ေအာင္ျမင္မႈတစ္ခုျဖစ္ပါတယ္။ ဒါအျပင္ Spotify ရဲ႕ K Pop Music တစ္ကိုယ္ေတာ္အဆိုေတာ္ေတြထဲမွာ ဂ်င္းနီက Stream ၆ ဘီလီယံ၊ လီဆာက Stream ၄.၆ ဘီလီယံ၊ ႐ိုစ့္က ၄.၅ ဘီလီယံ၊ အိုင္ယူက ၃.၁ ဘီလီယံ ရရွိထားၿပီး K Pop Group သီခ်င္းေတြထဲမွာလည္း BLACKPINK၊ TWICE နဲ႔ NewJeans ကို ေက်ာ္ျဖတ္ၿပီး ဂ်င္းနီက stream အမ်ားဆုံးျဖစ္ခဲ့ပါတယ္။
ဒါဟာ Spotify သမိုင္းမွာ ဒီစံခ်ိန္ကို ေရာက္ရွိခဲ့တဲ့ တစ္ဦးတည္းေသာ အမ်ိဳးသမီး K-pop အႏုပညာရွင္ ျဖစ္ေစ ခဲ့ၿပီး သူမရဲ႕ ကမာၻလုံးဆိုင္ရာ ေက်ာ္ၾကားမႈနဲ႔ သူမရဲ႕ဂီတအေပၚ လူထုရဲ႕ႏွစ္သက္မႈကို ျပသေနပါတယ္။