ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ(၂၅)ရက်တွင် ကျင်းပသွားမည်

455

သက်ပိုင် (NP News) - နိုဝင်ဘာ ၁၁
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီလ (၂၅)ရက်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၁၁) ရက်တွင် ထုတ်ပြန်ပြောကြားလိုက်သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ရွေးကောက်ပွဲအပိုင်း(၁)ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း နှင့် ရွေးကောက်ပွဲအပိုင်း (၃) ကိုလည်း ရွေးကောက်ပွဲအပိုင်း (၂)ရဲ့ နှစ်ပတ်ခြားအကြာ (ဇန်နဝါရီလ ၂၅ ရက်) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်သူလူထု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ အကောင်အထည်ဖော်နေကြောင်းနှင့် ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူ့အသံကို နားထောင်ကာ ပြည်သူများ၏ ကောင်းကျိုးဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည့် အမြန်ဆုံးသော ယန္တရားစနစ်တစ်ခုဖြစ်သည့်အတွက် ယခုကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း မဲပေးကြရန် အလေးအနက်ထား တိုက်တွန်းပြောကြားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ထို့အပြင် ၂၀၂၄ ခုနှစ်က ကမ္ဘာတစ်ဝန်းမှာကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှာ တည်ဆဲအစိုးရများအပေါ် နိုင်ငံတကာက ဝင်ရောက်စွက်ဖက်မှုများပါဝင်သည့် အတင်းအကျပ်ပြုလုပ်မှုဖြစ်စဉ်များကိုလည်း တွေ့မြင်ခဲ့ ရကြောင်း နှင့် နိုင်ငံတကာ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ရွေးကောက်ပွဲဆိုင်ရာ နှစ်စဉ်အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲ (၇၄) ခု အနက် (၂၂) ခုသာ တည်ငြိမ်စွာ ကျင်းပနိုင်ခဲ့သည်ကိုတွေ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံသည် အခြားတိုင်းပြည်များ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မည် မဟုတ်သကဲ့သို့ မိမိတို့နိုင်ငံ၏ ပြည်တွင်းရေး၊ မိမိတို့နိုင်ငံ၊ မိမိတို့သမိုင်းကြောင်းနှင့်အညီ ဆောင်ရွက်ကြရသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ သည် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေး၊ ပြည်သူများ၏ အရေးသက်သက်သာဖြစ်ကြောင်း၊ တိုင်းတစ်ပါးနိုင်ငံများ၏ ဩဇာအာဏာနှင့် မည်သည့်ဝင်ရောက်စွက်ဖက်မှုကမျှ နိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စေရေး ကျင်းပရေး ခရီးလမ်းကို ပျက်ပြား ပြောင်းလဲအောင်လုပ်၍ မရကြောင်း နှင့် မြန်မာ့အရေးကို ရွေးကောက်ပွဲမဲပေးသော နိုင်ငံသားများကသာ အသိအမှတ်ပြု ဆုံးဖြတ်ရမည်ဖြစ်ကြောင်းကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်း ပြောကြားထားသည်။
ထို့ကြောင့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးဟူသည့် နိုင်ငံရေးရည်မှန်းချက်အရွေ့တစ်ခုသည် အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပြိုင်တူဝိုင်းပြီးတွန်းမှသာ ပန်းတိုင်သို့ မှန်မှန်နှင့်မြန်မြန် ရောက်ရှိနိုင်မည်ဖြစ်သည့်အတွက် ယခုနှစ် ဒီဇင်ဘာလနှင့် လာမည့်နှစ် ဇန်နဝါရီလအတွင်းတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ပြီးမြောက်စေရန်အတွက် ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပါဝင်ပြီး ဆန္ဒမဲပေးကြရန်ကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ၁၉၂၂ ခုနှစ်မှ ၁၉၄၇ ခုနှစ်ထိ ရွေးကောက်ပွဲ ၆ ကြိမ်၊ ပါလီမန်ခေတ်(၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်)တွင် ရွေးကောက်ပွဲ (၃) ကြိမ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်)တွင် ရွေးကောက်ပွဲ (၄) ကြိမ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (၁၉၈၈-၂၀၁၀)တွင် ရွေးကောက်ပွဲ (၁) ကြိမ်နှင့် ဒီမိုကရေစီခေတ် (၂၀၁၀ ကနေ ယနေ့အထိ) ရွေးကောက်ပွဲ (၃)ကြိမ်နှင့် ကြားဖြတ်ရွေးကောက်ပွဲ (၃)ကြိမ်ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲအပိုင္း(၃)ကို ဇန္နဝါရီ(၂၅)ရက္တြင္ က်င္းပသြားမည္
သက္ပိုင္ (NP News) - ႏိုဝင္ဘာ ၁၁
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲရဲ႕ ေ႐ြးေကာက္ပြဲအပိုင္း(၃)ကို ဇန္နဝါရီလ (၂၅)ရက္တြင္ က်င္းပျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ႏိုဝင္ဘာလ (၁၁) ရက္တြင္ ထုတ္ျပန္ေျပာၾကားလိုက္သည္။
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲရဲ႕ေ႐ြးေကာက္ပြဲအပိုင္း(၁)ကို လာမည့္ ဒီဇင္ဘာလ ၂၈ ရက္မွာ စတင္ က်င္းပမည္ျဖစ္ၿပီး ေ႐ြးေကာက္ပြဲအပိုင္း(၂)ကို ၂၀၂၆ ခုႏွစ္ ဇန္နဝါရီလ ၁၁ ရက္တြင္ ျပဳလုပ္က်င္းပသြားမည္ ျဖစ္ေၾကာင္း ႏွင့္ ေ႐ြးေကာက္ပြဲအပိုင္း (၃) ကိုလည္း ေ႐ြးေကာက္ပြဲအပိုင္း (၂)ရဲ႕ ႏွစ္ပတ္ျခားအၾကာ (ဇန္နဝါရီလ ၂၅ ရက္) တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ျပည္သူလူထု လိုလားေတာင့္တသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို ဖြဲ႕စည္းပုံ အေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ႏွင့္အညီ အေကာင္အထည္ေဖာ္ေနေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲဆိုသည္မွာ ျပည္သူ႔အသံကို နားေထာင္ကာ ျပည္သူမ်ား၏ ေကာင္းက်ိဳးဆႏၵကို ျဖည့္ဆည္းေပးႏိုင္သည့္ အျမန္ဆုံးေသာ ယႏၲရားစနစ္တစ္ခုျဖစ္သည့္အတြက္ ယခုက်င္းပမယ့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ မဲေပးပိုင္ခြင့္ရွိေသာ ႏိုင္ငံသားတိုင္း မဲေပးၾကရန္ အေလးအနက္ထား တိုက္တြန္းေျပာၾကားေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
ထို႔အျပင္ ၂၀၂၄ ခုႏွစ္က ကမာၻတစ္ဝန္းမွာက်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲမ်ားမွာ တည္ဆဲအစိုးရမ်ားအေပၚ ႏိုင္ငံတကာက ဝင္ေရာက္စြက္ဖက္မႈမ်ားပါဝင္သည့္ အတင္းအက်ပ္ျပဳလုပ္မႈျဖစ္စဥ္မ်ားကိုလည္း ေတြ႕ျမင္ခဲ့ ရေၾကာင္း ႏွင့္ ႏိုင္ငံတကာ ဒီမိုကေရစီႏွင့္ ေ႐ြးေကာက္ပြဲအေထာက္အကူျပဳအဖြဲ႕၏ ဝက္ဘ္ဆိုက္တြင္ ေ႐ြးေကာက္ပြဲဆိုင္ရာ ႏွစ္စဥ္အစီရင္ခံစာအရ ကမာၻတစ္ဝန္းလုံးတြင္ က်င္းပျပဳလုပ္ခဲ့ေသာ ေ႐ြးေကာက္ပြဲ (၇၄) ခု အနက္ (၂၂) ခုသာ တည္ၿငိမ္စြာ က်င္းပႏိုင္ခဲ့သည္ကိုေတြ႕ရေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ျမန္မာႏိုင္ငံသည္ အျခားတိုင္းျပည္မ်ား၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္မည္ မဟုတ္သကဲ့သို႔ မိမိတို႔ႏိုင္ငံ၏ ျပည္တြင္းေရး၊ မိမိတို႔ႏိုင္ငံ၊ မိမိတို႔သမိုင္းေၾကာင္းႏွင့္အညီ ေဆာင္႐ြက္ၾကရသည့္ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ား သည္ မိမိတို႔ႏိုင္ငံ၏ ျပည္တြင္းေရး၊ ျပည္သူမ်ား၏ အေရးသက္သက္သာျဖစ္ေၾကာင္း၊ တိုင္းတစ္ပါးႏိုင္ငံမ်ား၏ ဩဇာအာဏာႏွင့္ မည္သည့္ဝင္ေရာက္စြက္ဖက္မႈကမွ် ႏိုင္ငံ၏ ေ႐ြးေကာက္ပြဲေအာင္ျမင္ေစေရး က်င္းပေရး ခရီးလမ္းကို ပ်က္ျပား ေျပာင္းလဲေအာင္လုပ္၍ မရေၾကာင္း ႏွင့္ ျမန္မာ့အေရးကို ေ႐ြးေကာက္ပြဲမဲေပးေသာ ႏိုင္ငံသားမ်ားကသာ အသိအမွတ္ျပဳ ဆုံးျဖတ္ရမည္ျဖစ္ေၾကာင္းကိုလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္း ေျပာၾကားထားသည္။
ထို႔ေၾကာင့္ စစ္မွန္စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာၿပီး ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုႀကီး တည္ေဆာက္ႏိုင္ေရးဟူသည့္ ႏိုင္ငံေရးရည္မွန္းခ်က္အေ႐ြ႕တစ္ခုသည္ အစိုးရ၊ ျပည္သူ၊ တပ္မေတာ္၊ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ား ၿပိဳင္တူဝိုင္းၿပီးတြန္းမွသာ ပန္းတိုင္သို႔ မွန္မွန္ႏွင့္ျမန္ျမန္ ေရာက္ရွိႏိုင္မည္ျဖစ္သည့္အတြက္ ယခုႏွစ္ ဒီဇင္ဘာလႏွင့္ လာမည့္ႏွစ္ ဇန္နဝါရီလအတြင္းတြင္ က်င္းပမည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲႀကီး ေအာင္ေအာင္ျမင္ျမင္ ၿပီးေျမာက္ေစရန္အတြက္ ျပည္သူ တစ္ရပ္လုံးက ပူးေပါင္းပါဝင္ၿပီး ဆႏၵမဲေပးၾကရန္ကိုလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားထားသည္။
ျမန္မာႏိုင္ငံတြင္ ၁၉၂၂ ခုႏွစ္မွ ၁၉၄၇ ခုႏွစ္ထိ ေ႐ြးေကာက္ပြဲ ၆ ႀကိမ္၊ ပါလီမန္ေခတ္(၁၉၄၈ ခုႏွစ္မွ ၁၉၆၂ ခုႏွစ္)တြင္ ေ႐ြးေကာက္ပြဲ (၃) ႀကိမ္၊ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္ (၁၉၆၂ ခုႏွစ္မွ ၁၉၈၈ ခုႏွစ္)တြင္ ေ႐ြးေကာက္ပြဲ (၄) ႀကိမ္၊ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕၊ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ (၁၉၈၈-၂၀၁၀)တြင္ ေ႐ြးေကာက္ပြဲ (၁) ႀကိမ္ႏွင့္ ဒီမိုကေရစီေခတ္ (၂၀၁၀ ကေန ယေန႔အထိ) ေ႐ြးေကာက္ပြဲ (၃)ႀကိမ္ႏွင့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ (၃)ႀကိမ္က်င္းပႏိုင္ခဲ့ေၾကာင္း သိရသည္။