အချိန် (၈) နာရီကျော်ကြာအောင် လှိုင်းစီးပြခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် ဩစတြီးယားအမျိုးသား

183

Pika (NP News) - နိုဝင်ဘာ ၁၁
ဩစတြီးယားရေလွှာလျှောစီးသမားတစ်ဦးသည် လှိုင်းပေါ်တွင် အချိန်အကြာဆုံးရေလွှာလျှောစီး သည့် ဂင်းနစ်စံချိန်ကိုချိုးဖျက်နိုင်ရန်အတွက် ၎င်း၏ဘုတ်ပြားပေါ်တွင် အချိန်(၈)နာရီ (၅)မိနစ်နှင့် (၄၄) စက္ကန့်ကြာအောင်နေပြခဲ့ကြောင်းသိရသည်။ မက်စီမီ လီယန်နူးဘော့ခ်ဆိုသည့်အမျိုးသားသည် အနီးအ နားရှိ မြစ်များမှရေစီးကြောင်းများကိုအသုံးပြုကာ ရေလွှာလျှောစီးနိုင်သည့်လှိုင်းကိုဖန်တီးပေးသော လူ လုပ် လှိုင်းတစ်ခုဖြစ်သည့် River Wave တွင် အချိန်အကြာဆုံး ရေလွှာလျှောစီးသည့်ဂင်းနစ်စံချိန်ကို ချိုး ဖျက်နိုင်ရန်အတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မက်စီမီလီယန်နူးဘော့ခ်သည် လူလုပ် လှိုင်းပေါ်တွင် အချိန်(၈)နာရီ (၅)မိနစ်နှင့်(၄၄) စက္ကန့်ကြာ အောင် ရေလွှာလျှောစီးခဲ့ပြီး အနားယူခဲ့ ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် မက်စီမီလီယန်နူး ဘော့ခ်သည် လူလုပ်လှိုင်းပေါ်တွင် ရေလွှာ လျှောစီးနေသည့်အချိန်အတွင်း စွပ်ပြုတ်တစ်ခွက်ကို ဇွန်းဖြင့် ပင် စားသောက်ခဲ့ကြောင်းလည်းသိရသည်။ နောက်ပိုင်းတွင် မက်စီမီလီယန်နူးဘော့ခ်၏လှိုင်းပေါ်တွင် အချိန်အကြာဆုံး ရေလွှာလျှောစီးသည့်ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ရန်အတွက် ကြိုးပမ်းမှု၏သက်သေ အထောက်အထားများကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ တင်ပြခဲ့ပြီးနောက် လှိုင်းပေါ်တွင် အချိန်အကြာ ဆုံး ရေလွှာလျှောစီးသည့်ဂင်းနစ်စံချိန်ကို တရားဝင်ချိုးဖျက်နိုင်ခဲ့ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က အတည်ပြုပေးခဲ့သည်။
မက်စီမီလီယန်နူးဘော့ခ်သည် ပနားမား တူးမြောင်းတွင် အချိန်(၃)နာရီ(၅၅)မိနစ်နှင့် (၂)မိနစ် ကြာအောင်လှိုင်းစီးပြခဲ့သော ပနားမားနိုင်ငံသား ဂယ်ရီဆာဗီဒရာ၏ဂင်းနစ်စံချိန်ကို တရားဝင်ချိုးဖျက် နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
အခ်ိန္ (၈) နာရီေက်ာ္ၾကာေအာင္ လႈိင္းစီးျပခဲ့ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့သည့္ ဩစႀတီးယားအမ်ိဳးသား
Pika (NP News) - ႏိုဝင္ဘာ ၁၁
ဩစႀတီးယားေရလႊာေလွ်ာစီးသမားတစ္ဦးသည္ လႈိင္းေပၚတြင္ အခ်ိန္အၾကာဆုံးေရလႊာေလွ်ာစီး သည့္ ဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္ရန္အတြက္ ၎၏ဘုတ္ျပားေပၚတြင္ အခ်ိန္(၈)နာရီ (၅)မိနစ္ႏွင့္ (၄၄) စကၠန႔္ၾကာေအာင္ေနျပခဲ့ေၾကာင္းသိရသည္။ မက္စီမီ လီယန္ႏူးေဘာ့ခ္ဆိုသည့္အမ်ိဳးသားသည္ အနီးအ နားရွိ ျမစ္မ်ားမွေရစီးေၾကာင္းမ်ားကိုအသုံးျပဳကာ ေရလႊာေလွ်ာစီးႏိုင္သည့္လႈိင္းကိုဖန္တီးေပးေသာ လူ လုပ္ လႈိင္းတစ္ခုျဖစ္သည့္ River Wave တြင္ အခ်ိန္အၾကာဆုံး ေရလႊာေလွ်ာစီးသည့္ဂင္းနစ္စံခ်ိန္ကို ခ်ိဳး ဖ်က္ႏိုင္ရန္အတြက္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
မက္စီမီလီယန္ႏူးေဘာ့ခ္သည္ လူလုပ္ လႈိင္းေပၚတြင္ အခ်ိန္(၈)နာရီ (၅)မိနစ္ႏွင့္(၄၄) စကၠန႔္ၾကာ ေအာင္ ေရလႊာေလွ်ာစီးခဲ့ၿပီး အနားယူခဲ့ ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ မက္စီမီလီယန္ႏူး ေဘာ့ခ္သည္ လူလုပ္လႈိင္းေပၚတြင္ ေရလႊာ ေလွ်ာစီးေနသည့္အခ်ိန္အတြင္း စြပ္ျပဳတ္တစ္ခြက္ကို ဇြန္းျဖင့္ ပင္ စားေသာက္ခဲ့ေၾကာင္းလည္းသိရသည္။ ေနာက္ပိုင္းတြင္ မက္စီမီလီယန္ႏူးေဘာ့ခ္၏လႈိင္းေပၚတြင္ အခ်ိန္အၾကာဆုံး ေရလႊာေလွ်ာစီးသည့္ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ရန္အတြက္ ႀကိဳးပမ္းမႈ၏သက္ေသ အေထာက္အထားမ်ားကို ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ တင္ျပခဲ့ၿပီးေနာက္ လႈိင္းေပၚတြင္ အခ်ိန္အၾကာ ဆုံး ေရလႊာေလွ်ာစီးသည့္ဂင္းနစ္စံခ်ိန္ကို တရားဝင္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က အတည္ျပဳေပးခဲ့သည္။
မက္စီမီလီယန္ႏူးေဘာ့ခ္သည္ ပနားမား တူးေျမာင္းတြင္ အခ်ိန္(၃)နာရီ(၅၅)မိနစ္ႏွင့္ (၂)မိနစ္ ၾကာေအာင္လႈိင္းစီးျပခဲ့ေသာ ပနားမားႏိုင္ငံသား ဂယ္ရီဆာဗီဒရာ၏ဂင္းနစ္စံခ်ိန္ကို တရားဝင္ခ်ိဳးဖ်က္ ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။