KK Park နယ်မြေက ကျားဖျန့်နှင့်ဆက်စပ်သောအဆောက်အအုံ (၅ဝဝ)ကျော် ထပ်ဖြိုဦးမည်

 223

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၂

ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေက ကျားဖျန့်နှင့်ဆက်စပ်သော အဆောက်အအုံ (၁၁၀) လုံးအား ဖြိုချဖျက်ဆီးထားပြီးကျန် (၅၂၅) လုံး ဆက်ဖြိုသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
KK Park နယ်မြေအတွင်းရှိ ဇုန် (A) အတွင်း၌ အဆောက်အအုံ စုစုပေါင်း (၁၄၈) လုံးရှိပြီး ၎င်းနေရာ၌ အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ထပ်မံပြီး မလုပ်ဆောင်နိုင်ရန်အတွက် အဆောက် အအုံအားလုံးကို ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ အဆောက်အအုံ (၁၁၀) လုံးအား ဖြိုချဖျက်ဆီးထားပြီး ကျန်ရှိသည့် အဆောက်အအုံ (၅၂၅) လုံး ကိုလည်း ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်းသိရသည်။
မြဝတီ-မဲ့ထော်သလေး KK Park နယ်မြေအတွင်း အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ နှင့် ဒုစရိုက်မှုများပြုလုပ်သည့် ဇုန် ၃ ဇုန်တွင် အဆောက်အအုံ စုစုပေါင်း (၆၃၅) လုံးရှိကြောင်း သိရသည်။

ထို့အပြင် ဇုန် (B) တွင်လည်း တစ်ထပ် လူနေအဆောက်အအုံ (၇) လုံး၊ နှစ်ထပ်လူနေအဆောက်အအုံ (၂၉) လုံး၊ သုံးထပ်လူနေအဆောက်အအုံ (၅) လုံး၊ ဆောက်လုပ်ဆဲလေးထပ်အဆောက်အအုံ (၇) လုံး၊ ဆောက်လုပ်ဆဲ ငါးထပ်အဆောက်အအုံ (၅) လုံးနှင့် ဂိုဒေါင်တစ်ထပ် အလုံး (၂၀) စုစုပေါင်း (၇၃) လုံးရှိကြောင်း သိရသည်။
အလားတူ ဇုန် (C) တွင်လည်း တစ်ထပ်လူနေအိမ် (၃၃) လုံး၊ နှစ်ထပ်လူနေအိမ် (၂၁၆) လုံး၊ သုံးထပ်လူနေအိမ် (၄၂) လုံး၊ လေးထပ်လူနေအိမ် (၃၉) လုံး၊ ငါးထပ်လူနေအိမ် (၁၂) လုံး၊ ခြောက်ထပ်လူနေအိမ် (၄) လုံး၊ ဘတ်စကတ် ဘောကွင်း (၁) ခု၊ ဆေးရုံ (၂) လုံး၊ နှစ်ထပ် SPA အဆောက်အအုံ (၁) လုံး၊ တစ်ထပ် SPA အဆောက်အအုံ (၁ )လုံး၊ နှစ်ထပ်ဈေးဆိုင်တန်း (၅) လုံး၊ နှစ်ထပ်စူပါမားကတ် (၁) လုံး၊ တစ်ထပ် စူပါမားကတ် (၁) လုံး၊ ငါးထပ် ဟိုတယ် (၁) လုံး၊ လေးထပ်ဟိုတယ် (၁) လုံး၊ တစ်ထပ် ဂိုဒေါင် (၃၅) လုံး၊ ဆေးခန်း (၂) လုံး၊ (၂) ထပ် မှန်ဆောင် (၁) လုံး၊ နှစ်ထပ် Club (၁ )ခု၊ နှစ်ထပ် KTV (၁) လုံး၊ တစ်ထပ်စားဖိုဆောင် (၂) လုံး၊ ရေစုကန် (၁ )လုံး၊ တစ်ထပ်ဂိုဒေါင်ကြီး (၆) လုံး၊ တစ်ထပ်လူနေအိမ် တန်းလျား (၅) လုံး စုစုပေါင်း (၄၁၄) လုံးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်း များမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများ ကို စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်း ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ၄င်းတို့ စုဖွဲ့နေထိုင်ခဲ့ကြသည့် KK Park အတွင်း ဇုန်အလိုက် အဆောက်အအုံများ ဖြိုချဖျက်ဆီး ရှင်းလင်းလျက်ရှိသည်။
KK Park နယ်မြေအတွင်း နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလောင်း ကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၉၀) ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံမှ တစ်ဆင့်ခံ၍ နယ်စပ်ဖြတ်ကျော်ရောက်ရှိလာသည့် ဖြစ်စဉ်များသည် အများစုဖြစ်ကြောင်း သိရသည်။
KK Park နယ်မြေအတွင်း အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ပြုလုပ်သည့် ဇုန်သုံးဇုန်တွင် အသုံးပြုနိုင်သော အဆောက်အအုံများအတွက် လိုအပ်သည့် ပစ္စည်းများ၊ မီးစက်များ၊ အင်တာနက် Starlink စက်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီများနှင့် အခြားအသုံး ဆောင်ပစ္စည်းများကို ထိုင်းကုန်သည်များက တရားမဝင်လမ်းကြောင်းများမှတဆင့် ထောက်ပံ့ခြင်းနှင့် ရောင်းချ ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(၁ ကောက်စာလင်း) မြဝတီမြို့ မဲ့ထော်သလေး-KK Park နယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား (၄၀) ၊ နီပေါနိုင်ငံသား (၁၂) ဦး နှင့် တောင်ကိုရီးယားနိုင်ငံသား တစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား (၅၃) ဦးတို့ကို ယနေ့(နိုင်ဝင်ဘာ ၁၁ ရက်) တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့‌ကြောင်း သိရသည်။

ထို့ကြောင့်၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း (၁၀၈၁၅) ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းတို့အနက် မှ (၉၅၃၆) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးနိုင်ခဲ့ကာ ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁၂၇၉) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း ပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိ‌ေကြာင်း သိရသည်။

Zawgyi Version:
KK Park နယ္ေျမက က်ားဖ်န႔္ႏွင့္ဆက္စပ္ေသာအေဆာက္အအုံ (၅ဝဝ)ေက်ာ္ ထပ္ၿဖိဳဦးမည္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၁
ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ မဲ့ေထာ္သေလး KK Park နယ္ေျမက က်ားဖ်န႔္ႏွင့္ဆက္စပ္ေသာ အေဆာက္အအုံ (၁၁၀) လုံးအား ၿဖိဳခ်ဖ်က္ဆီးထားၿပီးက်န္ (၅၂၅) လုံး ဆက္ၿဖိဳသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္း သာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
KK Park နယ္ေျမအတြင္းရွိ ဇုန္ (A) အတြင္း၌ အေဆာက္အအုံ စုစုေပါင္း (၁၄၈) လုံးရွိၿပီး ၎ေနရာ၌ အြန္လိုင္း လိမ္လည္မႈမ်ား၊ အြန္လိုင္းေလာင္းကစားမႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ား ထပ္မံၿပီး မလုပ္ေဆာင္ႏိုင္ရန္အတြက္ အေဆာက္ အအုံအားလုံးကို ၿဖိဳခ်ဖ်က္ဆီးသြားမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္အထိ အေဆာက္အအုံ (၁၁၀) လုံးအား ၿဖိဳခ်ဖ်က္ဆီးထားၿပီး က်န္ရွိသည့္ အေဆာက္အအုံ (၅၂၅) လုံး ကိုလည္း ဆက္လက္ၿဖိဳခ်ဖ်က္ဆီးသြားမည္ျဖစ္ေၾကာင္းသိရသည္။
ျမဝတီ-မဲ့ေထာ္သေလး KK Park နယ္ေျမအတြင္း အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ား ႏွင့္ ဒုစ႐ိုက္မႈမ်ားျပဳလုပ္သည့္ ဇုန္ ၃ ဇုန္တြင္ အေဆာက္အအုံ စုစုေပါင္း (၆၃၅) လုံးရွိေၾကာင္း သိရသည္။

ထို႔အျပင္ ဇုန္ (B) တြင္လည္း တစ္ထပ္ လူေနအေဆာက္အအုံ (၇) လုံး၊ ႏွစ္ထပ္လူေနအေဆာက္အအုံ (၂၉) လုံး၊ သုံးထပ္လူေနအေဆာက္အအုံ (၅) လုံး၊ ေဆာက္လုပ္ဆဲေလးထပ္အေဆာက္အအုံ (၇) လုံး၊ ေဆာက္လုပ္ဆဲ ငါးထပ္အေဆာက္အအုံ (၅) လုံးႏွင့္ ဂိုေဒါင္တစ္ထပ္ အလုံး (၂၀) စုစုေပါင္း (၇၃) လုံးရွိေၾကာင္း သိရသည္။
အလားတူ ဇုန္ (C) တြင္လည္း တစ္ထပ္လူေနအိမ္ (၃၃) လုံး၊ ႏွစ္ထပ္လူေနအိမ္ (၂၁၆) လုံး၊ သုံးထပ္လူေနအိမ္ (၄၂) လုံး၊ ေလးထပ္လူေနအိမ္ (၃၉) လုံး၊ ငါးထပ္လူေနအိမ္ (၁၂) လုံး၊ ေျခာက္ထပ္လူေနအိမ္ (၄) လုံး၊ ဘတ္စကတ္ ေဘာကြင္း (၁) ခု၊ ေဆး႐ုံ (၂) လုံး၊ ႏွစ္ထပ္ SPA အေဆာက္အအုံ (၁) လုံး၊ တစ္ထပ္ SPA အေဆာက္အအုံ (၁ )လုံး၊ ႏွစ္ထပ္ေဈးဆိုင္တန္း (၅) လုံး၊ ႏွစ္ထပ္စူပါမားကတ္ (၁) လုံး၊ တစ္ထပ္ စူပါမားကတ္ (၁) လုံး၊ ငါးထပ္ ဟိုတယ္ (၁) လုံး၊ ေလးထပ္ဟိုတယ္ (၁) လုံး၊ တစ္ထပ္ ဂိုေဒါင္ (၃၅) လုံး၊ ေဆးခန္း (၂) လုံး၊ (၂) ထပ္ မွန္ေဆာင္ (၁) လုံး၊ ႏွစ္ထပ္ Club (၁ )ခု၊ ႏွစ္ထပ္ KTV (၁) လုံး၊ တစ္ထပ္စားဖိုေဆာင္ (၂) လုံး၊ ေရစုကန္ (၁ )လုံး၊ တစ္ထပ္ဂိုေဒါင္ႀကီး (၆) လုံး၊ တစ္ထပ္လူေနအိမ္ တန္းလ်ား (၅) လုံး စုစုေပါင္း (၄၁၄) လုံးရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအတြင္းသို႔ ထိုင္းႏိုင္ငံ အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္း၍ နယ္စပ္လမ္းေၾကာင္း မ်ားမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္လာၿပီး ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ မဲ့ေထာ္သေလး KK Park နယ္ေျမမ်ားတြင္ အြန္လိုင္းလိမ္လည္မႈမ်ား၊ အြန္လိုင္းေလာင္းကစားမႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ားက်ဴးလြန္ခဲ့ၾကသည့္ ျပည္ပႏိုင္ငံသားမ်ား ကို စစ္ေဆးေဖာ္ထုတ္ကာ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက်လႊဲေျပာင္း ေပးအပ္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ၄င္းတို႔ စုဖြဲ႕ေနထိုင္ခဲ့ၾကသည့္ KK Park အတြင္း ဇုန္အလိုက္ အေဆာက္အအုံမ်ား ၿဖိဳခ်ဖ်က္ဆီး ရွင္းလင္းလ်က္ရွိသည္။
KK Park နယ္ေျမအတြင္း နယ္စပ္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္ၿပီး အြန္လိုင္းေလာင္း ကစားမႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ားက်ဴးလြန္ခဲ့ၾကသည့္ ျပည္ပႏိုင္ငံသား (၉၀) ရာခိုင္ႏႈန္းသည္ ထိုင္းႏိုင္ငံမွ တစ္ဆင့္ခံ၍ နယ္စပ္ျဖတ္ေက်ာ္ေရာက္ရွိလာသည့္ ျဖစ္စဥ္မ်ားသည္ အမ်ားစုျဖစ္ေၾကာင္း သိရသည္။
KK Park နယ္ေျမအတြင္း အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ား ျပဳလုပ္သည့္ ဇုန္သုံးဇုန္တြင္ အသုံးျပဳႏိုင္ေသာ အေဆာက္အအုံမ်ားအတြက္ လိုအပ္သည့္ ပစၥည္းမ်ား၊ မီးစက္မ်ား၊ အင္တာနက္ Starlink စက္မ်ား၊ လူသုံးကုန္ပစၥည္းမ်ားႏွင့္ အေျခခံစားေသာက္ကုန္ပစၥည္းမ်ား၊ စက္သုံးဆီမ်ားႏွင့္ အျခားအသုံး ေဆာင္ပစၥည္းမ်ားကို ထိုင္းကုန္သည္မ်ားက တရားမဝင္လမ္းေၾကာင္းမ်ားမွတဆင့္ ေထာက္ပံ့ျခင္းႏွင့္ ေရာင္းခ် ျခင္းမ်ားျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
(၁ ေကာက္စာလင္း) ျမဝတီၿမိဳ႕ မဲ့ေထာ္သေလး-KK Park နယ္ေျမသို႔ တရားမဝင္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ ဝင္ေရာက္ခဲ့သည့္ အိႏၵိယႏိုင္ငံသား (၄၀) ၊ နီေပါႏိုင္ငံသား (၁၂) ဦး ႏွင့္ ေတာင္ကိုရီးယားႏိုင္ငံသား တစ္ဦး၊ စုစုေပါင္း ျပည္ပႏိုင္ငံသား (၅၃) ဦးတို႔ကို ယေန႔(ႏိုင္ဝင္ဘာ ၁၁ ရက္) တြင္ ထပ္မံစစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့‌ေၾကာင္း သိရသည္။

ထို႔ေၾကာင့္၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ ၃၀ ရက္မွ ႏိုဝင္ဘာ ၁၁ ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား စုစုေပါင္း (၁၀၈၁၅) ဦး စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ၿပီး ယင္းတို႔အနက္ မွ (၉၅၃၆) ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက် ျပည္ႏွင္လႊဲေျပာင္းေပးႏိုင္ခဲ့ကာ က်န္ရွိသည့္ ျပည္ပႏိုင္ငံသား (၁၂၇၉) ဦးကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္း ေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း သိရသည္။
ယခုအခါ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းအသုံးျပဳလိမ္လည္မႈ (Online Scam) ႏွင့္ အြန္လိုင္းေလာင္းကစားမႈ (Online Gambling) လုပ္ေဆာင္ေနသူမ်ား၊ ပါဝင္ပတ္သက္သူမ်ားအားလုံးကို အိမ္နီးခ်င္းႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံတကာမွ အဖြဲ႕အစည္းမ်ားႏွင့္ စဥ္ဆက္မျပတ္ ပူးေပါင္းေဖာ္ထုတ္အေရးယူေဆာင္႐ြက္လ်က္ရွိ‌ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.