အဇာဘိုင်ဂျန်-ဂျော်ဂျီယာနယ်စပ်အနီးမှာ တူရကီစစ်ဘက်ဆိုင်ရာကုန်တင်လေယာဉ်တစ်စင်း ပျက်ကျ

 127

Pika (NP News) - နိုဝင်ဘာ ၁၂

တူရကီစစ်ဘက်ဆိုင်ရာကုန်တင်လေယာဉ်တစ်စင်းဟာ အဇာဘိုင်ဂျန်-ဂျော်ဂျီယာနယ်စပ်အနီးမှာ ပျက်ကျသွားခဲ့ တယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တူရကီစစ်ဘက်ဆိုင်ရာ ကုန်တင် လေယာဉ် C-130 ဟာ အဇာဘိုင်ဂျန်နိုင်ငံကနေ ပျံတက်ခဲ့ပြီး တူရကီနိုင်ငံကို ပြန်လာနေတဲ့လမ်းမှာ ပျက်ကျသွားခဲ့ တာဖြစ်တယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အဲဒီကုန်တင်လေယာဉ်ပေါ်မှာ အမှုထမ်းဘယ်နှစ်ဦးလိုက်ပါလာသလဲဆိုတဲ့အသေးစိတ်အချက်တွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။ တူရကီစစ်ဘက်ဆိုင်ရာကုန်တင် လေယာဉ် C-130 ပျက်ကျခဲ့ပြီးနောက် တူရကီအာဏာပိုင်တွေဟာ အဇာဘိုင်ဂျန်၊ဂျော်ဂျီယာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
တူရကီကာကွယ်ရေးဝန်ကြီးဌာနက “ကျွန်တော်တို့ရဲ့စစ်ဘက်ဆိုင်ရာကုန်တင်လေယာဉ် C-130ဟာ တူရကီကို ပြန်လာစဉ်အချိန်အတွင်း အဇာဘိုင်ဂျန်-ဂျော်ဂျီယာနယ်စပ်အနီးမှာ ပျက်ကျသွားခဲ့ပါတယ်။ စစ်ဘက်ဆိုင်ရာ ကုန်တင်လေယာဉ် C-130 ကို ရှာဖွေဖို့အတွက် ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်းလုပ်ဆောင်နေ ပါပြီ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အဇာဘိုင္ဂ်န္-ေဂ်ာ္ဂ်ီယာနယ္စပ္အနီးမွာ တူရကီစစ္ဘက္ဆိုင္ရာကုန္တင္ေလယာဥ္တစ္စင္း ပ်က္က်
Pika (NP News) - ႏိုဝင္ဘာ ၁၂
တူရကီစစ္ဘက္ဆိုင္ရာကုန္တင္ေလယာဥ္တစ္စင္းဟာ အဇာဘိုင္ဂ်န္-ေဂ်ာ္ဂ်ီယာနယ္စပ္အနီးမွာ ပ်က္က်သြားခဲ့ တယ္လို႔ တူရကီကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ တူရကီစစ္ဘက္ဆိုင္ရာ ကုန္တင္ ေလယာဥ္ C-130 ဟာ အဇာဘိုင္ဂ်န္ႏိုင္ငံကေန ပ်ံတက္ခဲ့ၿပီး တူရကီႏိုင္ငံကို ျပန္လာေနတဲ့လမ္းမွာ ပ်က္က်သြားခဲ့ တာျဖစ္တယ္လို႔ တူရကီကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီကုန္တင္ေလယာဥ္ေပၚမွာ အမႈထမ္းဘယ္ႏွစ္ဦးလိုက္ပါလာသလဲဆိုတဲ့အေသးစိတ္အခ်က္ေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။ တူရကီစစ္ဘက္ဆိုင္ရာကုန္တင္ ေလယာဥ္ C-130 ပ်က္က်ခဲ့ၿပီးေနာက္ တူရကီအာဏာပိုင္ေတြဟာ အဇာဘိုင္ဂ်န္၊ေဂ်ာ္ဂ်ီယာအာဏာပိုင္ေတြနဲ႔ ပူးေပါင္းၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို စတင္လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔လည္း တူရကီကာကြယ္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
တူရကီကာကြယ္ေရးဝန္ႀကီးဌာနက “ကြၽန္ေတာ္တို႔ရဲ႕စစ္ဘက္ဆိုင္ရာကုန္တင္ေလယာဥ္ C-130ဟာ တူရကီကို ျပန္လာစဥ္အခ်ိန္အတြင္း အဇာဘိုင္ဂ်န္-ေဂ်ာ္ဂ်ီယာနယ္စပ္အနီးမွာ ပ်က္က်သြားခဲ့ပါတယ္။ စစ္ဘက္ဆိုင္ရာ ကုန္တင္ေလယာဥ္ C-130 ကို ရွာေဖြဖို႔အတြက္ ရွာေဖြေရးနဲ႔ကယ္ဆယ္ေရးလုပ္ငန္းေတြကို ခ်က္ခ်င္းလုပ္ေဆာင္ေန ပါၿပီ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.