အမေရိကန်နဲ့ ငြိမ်းချမ်းတဲ့နျူကလီးယားသဘောတူညီချက်တစ်ခုကို ရယူလိုတယ်လို့ အီရန်အစိုးရပြော

59

Pika (NP News) - နိုဝင်ဘာ ၁၂
ဆယ်စုနှစ်များစွာကြာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် အမေရိကန်နိုင်ငံနဲ့ ငြိမ်းချမ်းတဲ့နျူကလီးယား သဘောတူညီချက်တစ်ရပ်ကို ရရှိဖို့ အီရန်က လိုလားပေမယ့်လည်း နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့ အပေးအယူ လုပ်မှာတော့ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဒုဝန်ကြီး Saeed Khatibzadeh က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အီရန်နိုင်ငံဟာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့ကြိုးပမ်းမှုတွေအတွက် ၎င်းရဲ့နျူကလီးယား အစီအစဉ်ကို အသုံးချနေတယ်ဆိုပြီး အမေရိကန်နဲ့ ၎င်းရဲ့ဥရောပမိတ်ဖက်နိုင်ငံတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း ၎င်းရဲ့နျူကလီးယားအစီအစဉ်တွေဟာ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေအတွက်သာဖြစ်တယ်လို့ အီရန်အစိုးရက အကြိမ်ကြိမ်ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အီရန်နဲ့ သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ အတွက် အမေရိကန်နိုင်ငံက ပြင်ဆင်ထားတယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း အီရန်ဘက်က သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ အဆင်သင့်ရှိနေတယ်ဆိုမှသာ သဘောတူညီ ချက်တွေကို လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “အီရန်နဲ့ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ အမေရိကန်ရဲ့လက်ကမ်းကြိုဆိုမှုတွေက ရှိနေပြီးသားပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ ၿငိမ္းခ်မ္းတဲ့န်ဴကလီးယားသေဘာတူညီခ်က္တစ္ခုကို ရယူလိုတယ္လို႔ အီရန္အစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁၂
ဆယ္စုႏွစ္မ်ားစြာၾကာ အျငင္းပြားမႈေတြကို ေျဖရွင္းဖို႔အတြက္ အေမရိကန္ႏိုင္ငံနဲ႔ ၿငိမ္းခ်မ္းတဲ့န်ဴကလီးယား သေဘာတူညီခ်က္တစ္ရပ္ကို ရရွိဖို႔ အီရန္က လိုလားေပမယ့္လည္း ႏိုင္ငံရဲ႕အမ်ိဳးသားလုံၿခဳံေရးနဲ႔ အေပးအယူ လုပ္မွာေတာ့ မဟုတ္ဘူးလို႔ အီရန္ႏိုင္ငံျခားေရးဒုဝန္ႀကီး Saeed Khatibzadeh က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အီရန္ႏိုင္ငံဟာ စစ္လက္နက္ပစၥည္း ထုတ္လုပ္ႏိုင္စြမ္းကို ျမႇင့္တင္ဖို႔ႀကိဳးပမ္းမႈေတြအတြက္ ၎ရဲ႕န်ဴကလီးယား အစီအစဥ္ကို အသုံးခ်ေနတယ္ဆိုၿပီး အေမရိကန္နဲ႔ ၎ရဲ႕ဥေရာပမိတ္ဖက္ႏိုင္ငံေတြက စြပ္စြဲေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း ၎ရဲ႕န်ဴကလီးယားအစီအစဥ္ေတြဟာ ၿငိမ္းခ်မ္းတဲ့ရည္႐ြယ္ခ်က္ေတြအတြက္သာျဖစ္တယ္လို႔ အီရန္အစိုးရက အႀကိမ္ႀကိမ္ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အီရန္နဲ႔ သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ အတြက္ အေမရိကန္ႏိုင္ငံက ျပင္ဆင္ထားတယ္လို႔ ၿပီးခဲ့တဲ့ေအာက္တိုဘာလမွာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။
ဒါေပမယ့္လည္း အီရန္ဘက္က သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ အဆင္သင့္ရွိေနတယ္ဆိုမွသာ သေဘာတူညီ ခ်က္ေတြကို လုပ္ေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “အီရန္နဲ႔ ခ်စ္ၾကည္ရင္းႏွီးမႈ၊ ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ဖို႔ အေမရိကန္ရဲ႕လက္ကမ္းႀကိဳဆိုမႈေတြက ရွိေနၿပီးသားပါ” လို႔ ေျပာခဲ့ပါတယ္။