ပါကစ္စတန်နိုင်ငံမှာ အသေခံဗုံးခွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၁၂)ဦး သေဆုံး

161

Pika (NP News) - နိုဝင်ဘာ ၁၂
ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့က ခရိုင်တရားရုံးအဆောက်အဦးတွေအပြင်ဘက်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၂)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နှစ်ပေါင်းများစွာအတွင်း အစ္စလာမာဘတ်မြို့မှာ ပထမဆုံးအကြိမ် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့မှုနဲ့အတူ အစိုးရရုံးများစွာတည်ရှိတဲ့ဧရိယာတစ်ခုကနေ လူတွေကြောက်လန့်တကြားထွက်ပြေးနေတာကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ဗီဒီယိုဖိုင်တွေမှာ တွေ့မြင်ခဲ့ရပါတယ်။
ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး မိုဆင်နာဗီက “အစ္စလာမာဘတ်မြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါ တယ်။ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၁၂)ဦး သေဆုံးခဲ့ပြီး အခြားလူ(၂၇)ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ အသေခံဖောက်ခွဲရေးသမားတစ်ဦးဟာ ရဲကားတစ်စီးအနီးမှာ ဖောက်ခွဲရေး ပစ္စည်းတွေကို ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ မိုဆင်နာဗီကပြောကြားခဲ့ပါတယ်။ မိုဆင်နာဗီက “အသေခံဗုံးခွဲ တိုက်ခိုက်သူက ဘယ်သူလဲ။ ဘယ်ကလာတာလဲဆိုတာကို ကျွန်တော်တို့ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ပါကစၥတန္ႏိုင္ငံမွာ အေသခံဗုံးခြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၁၂)ဦး ေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၁၂
ပါကစၥတန္ႏိုင္ငံ အစၥလာမာဘတ္ၿမိဳ႕က ခ႐ိုင္တရား႐ုံးအေဆာက္အဦးေတြအျပင္ဘက္မွာ အေသခံဗုံးခြဲတိုက္ခိုက္မႈ တစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၁၂)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၁၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ပါကစၥတန္ ျပည္ထဲေရးဝန္ႀကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ႏွစ္ေပါင္းမ်ားစြာအတြင္း အစၥလာမာဘတ္ၿမိဳ႕မွာ ပထမဆုံးအႀကိမ္ အေသခံဗုံးခြဲတိုက္ခိုက္မႈျဖစ္ပြားခဲ့မႈနဲ႔အတူ အစိုးရ႐ုံးမ်ားစြာတည္ရွိတဲ့ဧရိယာတစ္ခုကေန လူေတြေၾကာက္လန႔္တၾကားထြက္ေျပးေနတာကိုလည္း ဆိုရွယ္မီဒီယာေပၚမွာ တင္ထားတဲ့ဗီဒီယိုဖိုင္ေတြမွာ ေတြ႕ျမင္ခဲ့ရပါတယ္။
ပါကစၥတန္ျပည္ထဲေရးဝန္ႀကီး မိုဆင္နာဗီက “အစၥလာမာဘတ္ၿမိဳ႕မွာ အေသခံဗုံးခြဲတိုက္ခိုက္မႈတစ္ခုျဖစ္ပြားခဲ့ပါ တယ္။ အေသခံဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၁၂)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၂၇)ဦး ထိခိုက္ဒဏ္ရာရရွိ ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အေသခံေဖာက္ခြဲေရးသမားတစ္ဦးဟာ ရဲကားတစ္စီးအနီးမွာ ေဖာက္ခြဲေရး ပစၥည္းေတြကို ေဖာက္ခြဲခဲ့တာျဖစ္တယ္လို႔ မိုဆင္နာဗီကေျပာၾကားခဲ့ပါတယ္။ မိုဆင္နာဗီက “အေသခံဗုံးခြဲ တိုက္ခိုက္သူက ဘယ္သူလဲ။ ဘယ္ကလာတာလဲဆိုတာကို ကြၽန္ေတာ္တို႔ေဖာ္ထုတ္ဖို႔ ႀကိဳးစားေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။