ထိုင်း သရုပ်ဆောင်မင်းသမီး ဒါဗီကာဟွန်နီ နဲ့ သရုပ်ဆောင်/ဇာတ်ညွှန်းရေးဆရာ တာချန်တာဗစ်တို့လက်ထပ်

76

ရောင်နီ (NP News) - နိုဝင်ဘာ ၁၂
၂၀၂၅ ခုနှစ် ဇွန်လကပဲ ၁၅ ကာရက်ရှိ စိန်လက်စွပ်နဲ့ စေ့စပ်ကြောင်းလမ်းခဲ့တဲ့ ထိုင်းနိုင်ငံရဲ့နာမည်ကြီး သရုပ်ဆောင်၊ မင်းသမီး၊မော်ဒယ်နဲ့အဆိုတော် ဒါဗီကာဟွန်နီဟာ သူမရဲ့ခုနှစ်နှစ်ကြာ လက်တွဲခဲ့တဲ့ ချစ်သူ သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းရေးဆရာ တာချန်တာဗစ်နဲ့ တနင်္လာနေ့(နိုဝင်ဘာ ၁၀ ရက်) မှာ တရားဝင် လက်ထပ် လိုက်ကြပြီဖြစ်ပါတယ်။
တနင်္လာနေ့ (နိုဝင်ဘာ ၁၀ ရက်) က ဒါဗီကာ ရဲ့ Instagram မှာ pin လုပ်ထားတဲ့ post အရ မင်္ဂလာပွဲကို ထိုင်းနိုင်ငံ၊ ခေါက်ယိုင် ရှိ Maison Mystique boutique hotel မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ မင်္ဂလာ စုံတွဲဟာ Gucci အမှတ်တံဆိပ် မင်္ဂလာ ဝတ်စုံကို ဝတ်ဆင်ထားပြီး သတို့သမီးဖြစ်သူ ဒါဗီကာ က အဖြူရောင် သစ်ခွ ပန်းစည်းနဲ့ စိန် ၁၅ ကာရက် စေ့စပ်လက်စွပ်ကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားပါတယ်။ နောက်ဆက်တွဲ post တွေ မှာတော့ ထိုင်းရိုးရာအတိုင်း ဆွမ်းကပ်အလှူပြုကာ ကောင်းချီးမင်္ဂလာ ခံယူနေကြတဲ့ပုံရိပ်တွေကို မြင်တွေ့ရပါ တယ်။
ဒါဗီကာနဲ့ တာ တို့ စုံတွဲဟာ ထိုင်းနိုင်ငံရဲ့ အချစ်တတ်ဆုံး နာမည်ကြီးစုံတွဲတွေထဲက တစ်တွဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၃ ခုနှစ်က ဒါဗီကာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Pee Mak ရုပ်ရှင် ဇာတ်ကားရိုက်ကူးစဉ်မှာ ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းရေးဆရာအဖြစ်လုပ်နေရင်း ပထမဆုံးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်း သူတို့နှစ်ယောက်ဟာ ၂၀၁၇ ခုနှစ်ထွက် ဟာသ-အချစ်ဇာတ်ကား Chai Mai Jing Ying Tae (A Fake Tootsie) မှာ အတူပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ စတင်ချိန်းတွေ့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
ထိုင္း သ႐ုပ္ေဆာင္မင္းသမီး ဒါဗီကာဟြန္နီ နဲ႔ သ႐ုပ္ေဆာင္/ဇာတ္ၫႊန္းေရးဆရာ တာခ်န္တာဗစ္တို႔လက္ထပ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၂
၂၀၂၅ ခုႏွစ္ ဇြန္လကပဲ ၁၅ ကာရက္ရွိ စိန္လက္စြပ္နဲ႔ ေစ့စပ္ေၾကာင္းလမ္းခဲ့တဲ့ ထိုင္းႏိုင္ငံရဲ႕နာမည္ႀကီး သ႐ုပ္ေဆာင္၊ မင္းသမီး၊ေမာ္ဒယ္နဲ႔အဆိုေတာ္ ဒါဗီကာဟြန္နီဟာ သူမရဲ႕ခုႏွစ္ႏွစ္ၾကာ လက္တြဲခဲ့တဲ့ ခ်စ္သူ သ႐ုပ္ေဆာင္နဲ႔ ဇာတ္ၫႊန္းေရးဆရာ တာခ်န္တာဗစ္နဲ႔ တနလၤာေန႔(ႏိုဝင္ဘာ ၁၀ ရက္) မွာ တရားဝင္ လက္ထပ္ လိုက္ၾကၿပီျဖစ္ပါတယ္။
တနလၤာေန႔ (ႏိုဝင္ဘာ ၁၀ ရက္) က ဒါဗီကာ ရဲ႕ Instagram မွာ pin လုပ္ထားတဲ့ post အရ မဂၤလာပြဲကို ထိုင္းႏိုင္ငံ၊ ေခါက္ယိုင္ ရွိ Maison Mystique boutique hotel မွာ က်င္းပခဲ့တယ္လို႔ သိရပါတယ္။ မဂၤလာ စုံတြဲဟာ Gucci အမွတ္တံဆိပ္ မဂၤလာ ဝတ္စုံကို ဝတ္ဆင္ထားၿပီး သတို႔သမီးျဖစ္သူ ဒါဗီကာ က အျဖဴေရာင္ သစ္ခြ ပန္းစည္းနဲ႔ စိန္ ၁၅ ကာရက္ ေစ့စပ္လက္စြပ္ကို လိုက္ဖက္ညီစြာ ဝတ္ဆင္ထားပါတယ္။ ေနာက္ဆက္တြဲ post ေတြ မွာေတာ့ ထိုင္း႐ိုးရာအတိုင္း ဆြမ္းကပ္အလႉျပဳကာ ေကာင္းခ်ီးမဂၤလာ ခံယူေနၾကတဲ့ပုံရိပ္ေတြကို ျမင္ေတြ႕ရပါ တယ္။
ဒါဗီကာနဲ႔ တာ တို႔ စုံတြဲဟာ ထိုင္းႏိုင္ငံရဲ႕ အခ်စ္တတ္ဆုံး နာမည္ႀကီးစုံတြဲေတြထဲက တစ္တြဲျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၃ ခုႏွစ္က ဒါဗီကာ အဓိကဇာတ္ေဆာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Pee Mak ႐ုပ္ရွင္ ဇာတ္ကား႐ိုက္ကူးစဥ္မွာ ႐ုပ္ရွင္ရဲ႕ ဇာတ္ၫႊန္းေရးဆရာအျဖစ္လုပ္ေနရင္း ပထမဆုံးေတြ႕ဆုံခဲ့ၾကတာျဖစ္ပါတယ္။ ေနာက္ပိုင္း သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၇ ခုႏွစ္ထြက္ ဟာသ-အခ်စ္ဇာတ္ကား Chai Mai Jing Ying Tae (A Fake Tootsie) မွာ အတူပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာ စတင္ခ်ိန္းေတြ႕ခဲ့ၾကတာျဖစ္တယ္လို႔ သိရပါတယ္။