ရှေးဟောင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြီး ရှေးမူရင်းလက်ရာအတိုင်း ပြင်ဆင်ပြီးစီး

215

စော (NP News) - နိုဝင်ဘာ ၁၂
ပြီးခဲ့သော ဩဂုတ် ၂၄ ရက်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို မြို့နယ်ရှိ ရှေးဟောင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြီး၏ ပျက်စီးသွားသော အစိတ်အပိုင်းများကို မြန်မာ့မီးရထား အင်ဂျင်နီယာများက ရှေးမူရင်းလက်ရာ ဒီဇိုင်းအတိုင်း အောင်မြင်စွာပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကောင်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် တံတားကြီး၏ လားရှိးဘက်အခြမ်းကမ်း ကပ်ခုံ နှင့် တံတားတိုင်အမှတ် ၁၆ အကြား တံတားသံဘောင်နှစ်ဖက်စလုံး ကျိုးကျပျက်စီးခဲ့ရပြီး ယင်းပျက်စီးသွားသော တံတားသံဘောင်နေရာ များတွင် မြန်မာ့မီးရထားအင်ဂျင်နီယာဌာန၏ တံတားဘောင်အလုပ်ရုံ(ရန်ကုန်)မှ ထုတ်လုပ်သည့် သံဘောင်များ ဖြင့် ရက်ပေါင်း (၇၆) ရက်အတွင်း ပြန်လည်အစားထိုးတပ်ဆင်ပြီး ရှေးမူမပျက် ပြန်လည်ပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရာနှုန်းပြည့် ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်သည့် ဂုတ်ထိပ်တံတားကြီးပေါ်မှ ကုန်တန်ချိန် ၂၀၉ တန် တင်ဆောင်ထား သည့် ရထားတွဲဆိုင်းဖြင့် စမ်းသပ်ဖြတ်သန်းမောင်းနှင်နေမှုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့်အဖွဲ့က ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်) က RGC သံလမ်းပြေးယာဉ်ဖြင့် ဂုတ်ထိပ်ဘူတာမှ လားရှိးဘက်ခြမ်းတံတားထိပ်အထိ လိုက်ပါ စီးနင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂုတ်ထိပ်ဘူတာသို့ RGC ရထားဖြင့် ပြန်လည်ရောက်ရှိပြီး သမိုင်း အမွေအနှစ် တံတားကြီးတစ်ခုဖြစ်သည့်အပြင် ပြည်တွင်းပြည်ပမှ ခရီးသွားများ အထူးစိတ်ဝင်စားသည့် နေရာတစ်ခု ဖြစ်သည့်အတွက် ဘူတာနှင့် ဘူတာရပ်ဝန်းအား အမြဲတမ်း သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ကြရန် မှာကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုတ်ထိပ်တံတားကြီး၏ ပျက်စီးသွားသည့် အစိတ်အပိုင်းကို ရှေးမူရင်းလက်ရာ ဒီဇိုင်းပုံစံအတိုင်း ပြန်လည် ပြင်ဆင်ပြုပြင် ပြီးစီးပြီဖြစ်၍ ယခင် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ပြေးဆွဲပေးလျက်ရှိသော ရှုခင်းကြည့် RBE ရထားများကိုလည်း မကြာမီ ပြန်လည်ပြေးဆွဲ ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေရွးေဟာင္းအေမြအႏွစ္ ဂုတ္ထိပ္တံတားႀကီး ေရွးမူရင္းလက္ရာအတိုင္း ျပင္ဆင္ၿပီးစီး
ေစာ (NP News) - ႏိုဝင္ဘာ ၁၂
ၿပီးခဲ့ေသာ ဩဂုတ္ ၂၄ ရက္က မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးျခင္းခံခဲ့ရသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳ ၿမိဳ႕နယ္ရွိ ေရွးေဟာင္းအေမြအႏွစ္ ဂုတ္ထိပ္တံတားႀကီး၏ ပ်က္စီးသြားေသာ အစိတ္အပိုင္းမ်ားကို ျမန္မာ့မီးရထား အင္ဂ်င္နီယာမ်ားက ေရွးမူရင္းလက္ရာ ဒီဇိုင္းအတိုင္း ေအာင္ျမင္စြာျပန္လည္ျပင္ဆင္ၿပီးစီးခဲ့ၿပီးျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာင္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံရမႈေၾကာင့္ တံတားႀကီး၏ လားရွိးဘက္အျခမ္းကမ္း ကပ္ခုံ ႏွင့္ တံတားတိုင္အမွတ္ ၁၆ အၾကား တံတားသံေဘာင္ႏွစ္ဖက္စလုံး က်ိဳးက်ပ်က္စီးခဲ့ရၿပီး ယင္းပ်က္စီးသြားေသာ တံတားသံေဘာင္ေနရာ မ်ားတြင္ ျမန္မာ့မီးရထားအင္ဂ်င္နီယာဌာန၏ တံတားေဘာင္အလုပ္႐ုံ(ရန္ကုန္)မွ ထုတ္လုပ္သည့္ သံေဘာင္မ်ား ျဖင့္ ရက္ေပါင္း (၇၆) ရက္အတြင္း ျပန္လည္အစားထိုးတပ္ဆင္ၿပီး ေရွးမူမပ်က္ ျပန္လည္ျပင္ဆင္ႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ရာႏႈန္းျပည့္ ျပန္လည္ျပဳျပင္ၿပီးစီးၿပီျဖစ္သည့္ ဂုတ္ထိပ္တံတားႀကီးေပၚမွ ကုန္တန္ခ်ိန္ ၂၀၉ တန္ တင္ေဆာင္ထား သည့္ ရထားတြဲဆိုင္းျဖင့္ စမ္းသပ္ျဖတ္သန္းေမာင္းႏွင္ေနမႈကို ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးျမထြန္းဦးႏွင့္အဖြဲ႕က ယမန္ေန႔ (ႏိုဝင္ဘာ ၁၁ ရက္) က RGC သံလမ္းေျပးယာဥ္ျဖင့္ ဂုတ္ထိပ္ဘူတာမွ လားရွိးဘက္ျခမ္းတံတားထိပ္အထိ လိုက္ပါ စီးနင္းၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုေနာက္ ျပည္ေထာင္စုဝန္ႀကီးႏွင့္အဖြဲ႕သည္ ဂုတ္ထိပ္ဘူတာသို႔ RGC ရထားျဖင့္ ျပန္လည္ေရာက္ရွိၿပီး သမိုင္း အေမြအႏွစ္ တံတားႀကီးတစ္ခုျဖစ္သည့္အျပင္ ျပည္တြင္းျပည္ပမွ ခရီးသြားမ်ား အထူးစိတ္ဝင္စားသည့္ ေနရာတစ္ခု ျဖစ္သည့္အတြက္ ဘူတာႏွင့္ ဘူတာရပ္ဝန္းအား အၿမဲတမ္း သန႔္ရွင္းသာယာလွပေစေရး ေဆာင္႐ြက္ၾကရန္ မွာၾကား ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဂုတ္ထိပ္တံတားႀကီး၏ ပ်က္စီးသြားသည့္ အစိတ္အပိုင္းကို ေရွးမူရင္းလက္ရာ ဒီဇိုင္းပုံစံအတိုင္း ျပန္လည္ ျပင္ဆင္ျပဳျပင္ ၿပီးစီးၿပီျဖစ္၍ ယခင္ ျပင္ဦးလြင္ဘူတာမွ ဂုတ္ထိပ္ဘူတာသို႔ေျပးဆြဲေပးလ်က္ရွိေသာ ရႈခင္းၾကည့္ RBE ရထားမ်ားကိုလည္း မၾကာမီ ျပန္လည္ေျပးဆြဲ ေပးသြားႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။