ပဲခူးတိုင်းအတွင်းရင်းနှီးမြှုပ်နှံမှုအသစ်များဝင်ရောက်နေ

 251

ပြည့်ဖြိုး(NP News) နိုဝင်ဘာ ၁၃
နိုဝင်ဘာလ အတွင်း အလုပ်အကိုင်အခွင့်အလမ်းသစ် (၁၂၈၅) ဦး ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် (၃) ခုကို ခွင့်ပြုပေးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များကို ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၅)ဖြင့် စစ်ဆေးခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ထိုသို့ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများတွင် ကန်ဒေါ်လာ ၁ ဒသမ ၄၂၅ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် ငွေကျပ်သန်း ၄,၉၃၀ တန်ဖိုးရှိ ပြည်တွင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂ ခုတို့ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်မှုနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြည်တွင်း၊ ပြည်ပ အကြီးစားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအမျိုးအစား ၈ ခုရှိပြီး စက်မှုကဏ္ဍတိုးတက်မှုနှင့်အတူ လျှပ်စစ်စွမ်းအင် ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍ၊ လယ်ယာကဏ္ဍများလည်း ရင်းနှီးမြုပ်နှံမှု တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ပြည်ပရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ လက်ရှိအချိန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၁၄ ဒသမ ၃၂၈ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၂၃၄,၁၁၁ ဒသမ ၇၇၁ သန်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၁၅,၆၁၉ ဦးတို့ကို ဖန်တီးပေးထားနိုင်ကြောင်းသိရသည်။

Zawgyi Version:
ပဲခူးတိုင္းအတြင္းရင္းႏွီးျမႇဳပ္ႏွံမႈအသစ္မ်ားဝင္ေရာက္ေန
ျပည့္ၿဖိဳး(NP News) ႏိုဝင္ဘာ ၁၃
ႏိုဝင္ဘာလ အတြင္း အလုပ္အကိုင္အခြင့္အလမ္းသစ္ (၁၂၈၅) ဦး ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းအသစ္ (၃) ခုကို ခြင့္ျပဳေပးခဲ့ေၾကာင္း ပဲခူးတိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီမွ သိရသည္။
အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္မ်ားကို ပဲခူးတိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ အေနျဖင့္ အစည္းအေဝးအမွတ္စဥ္ (၅/၂၀၂၅)ျဖင့္ စစ္ေဆးခြင့္ျပဳေပးခဲ့ျခင္းျဖစ္ၿပီး ထိုသို႔ ခြင့္ျပဳေပးခဲ့သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ ကန္ေဒၚလာ ၁ ဒသမ ၄၂၅ သန္းတန္ဖိုးရွိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၁ ခုႏွင့္ ေငြက်ပ္သန္း ၄,၉၃၀ တန္ဖိုးရွိ ျပည္တြင္းႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ ၂ ခုတို႔ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးတက္ဝင္ေရာက္မႈႏွင့္ပတ္သက္၍ ပဲခူးတိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ ဥကၠဌ၊ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္း က ျပည္တြင္း၊ ျပည္ပ အႀကီးစားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ လုပ္ငန္းအမ်ိဳးအစား ၈ ခုရွိၿပီး စက္မႈက႑တိုးတက္မႈႏွင့္အတူ လွ်ပ္စစ္စြမ္းအင္ က႑၊ ေမြးျမဴေရးႏွင့္ေရလုပ္ငန္း က႑၊ လယ္ယာက႑မ်ားလည္း ရင္းႏွီးျမဳပ္ႏွံမႈ တိုးတက္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းႏွင့္ ျပည္ပရင္းႏွီးျမႇဳပ္ ႏွံမႈလုပ္ငန္းမ်ားတြင္ ျပည္တြင္းမွထြက္ရွိသည့္ ကုန္ၾကမ္းပစၥည္းမ်ား သုံးစြဲႏိုင္ေရး ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း အစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။
ပဲခူးတိုင္းေဒသႀကီးအတြင္း ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွ လက္ရွိအခ်ိန္အထိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ကန္ေဒၚလာ ၂၁၄ ဒသမ ၃၂၈ သန္း၊ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ ေငြက်ပ္ ၂၃၄,၁၁၁ ဒသမ ၇၇၁ သန္းႏွင့္ အလုပ္အကိုင္ အခြင့္အလမ္း ေပါင္း ၁၅,၆၁၉ ဦးတို႔ကို ဖန္တီးေပးထားႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.