အမေရိကန်သံရုံး ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည် လည်ပတ်

 174

စော(NP News)-နိုဝင်ဘာ ၁၃
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလ (lapse in appropriations) ပြီးဆုံးသွားပြီးနောက် ပုံမှန်လုပ်ငန်းဆောင်တာများ အပြည့်အဝ ပြန်လည်လည်ပတ်နေကြောင်း ယနေ့ (နိုဝင်ဘာ ၁၃ရက်)က အသိပေးထုတ်ပြန်ထားသည်။
အတည်ပြုချက်မရသေးသော ဘဏ္ဍာငွေလျာထားမှု ကြားကာလအတွင်းတွင် ပုံမှန်လုပ်ဆောင်နေသည့် လုပ်ငန်းကိစ္စတွေအပြည့်အဝ မဆောင်ရွက်နိုင်သေးတဲ့အတွက် မိမိတို့သံရုံးရဲ့ Facebook အသုံးပြုမှုကို ရပ်နားထားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် (အောက်တိုဘာ ၁ရက်)က အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ ရပ်နားထားသော်လည်း အမေရိကန်နိုင်ငံနှင့် ပြည်ပက သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ ဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါကာလပြီးဆုံးသွားပြီးနောက် ၎င်းတို့၏ ဝန်ဆောင်မှုများနှင့် လည်ပတ်မှုအခြေအနေဆိုင်ရာ နောက်ဆုံးရသတင်းအချက်အလက်များကို မကြာမီ ပိုမိုမျှဝေနိုင်ရန် မျှော်လင့်ထားပြီး mm.usembassy.gov တွင် ဝင်ရောက်ကြည့်ရှုပါနိုင်ကြောင်း လည်း အသိပေးထားသည်။

Zawgyi Version:
အေမရိကန္သံ႐ုံး ပုံမွန္လုပ္ငန္းေဆာင္တာမ်ား ျပန္လည္ လည္ပတ္
ေစာ(NP News)-ႏိုဝင္ဘာ ၁၃
ရန္ကုန္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံးသည္ ဘ႑ာေငြလ်ာထားမႈ အတည္ျပဳခ်က္မရေသးသည့္ ၾကားကာလ (lapse in appropriations) ၿပီးဆုံးသြားၿပီးေနာက္ ပုံမွန္လုပ္ငန္းေဆာင္တာမ်ား အျပည့္အဝ ျပန္လည္လည္ပတ္ေနေၾကာင္း ယေန႔ (ႏိုဝင္ဘာ ၁၃ရက္)က အသိေပးထုတ္ျပန္ထားသည္။
အတည္ျပဳခ်က္မရေသးေသာ ဘ႑ာေငြလ်ာထားမႈ ၾကားကာလအတြင္းတြင္ ပုံမွန္လုပ္ေဆာင္ေနသည့္ လုပ္ငန္းကိစၥေတြအျပည့္အဝ မေဆာင္႐ြက္ႏိုင္ေသးတဲ့အတြက္ မိမိတို႔သံ႐ုံးရဲ႕ Facebook အသုံးျပဳမႈကို ရပ္နားထားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ (ေအာက္တိုဘာ ၁ရက္)က အသိေပးထုတ္ျပန္ထားသည္။
ထိုသို႔ ရပ္နားထားေသာ္လည္း အေမရိကန္ႏိုင္ငံႏွင့္ ျပည္ပက သံ႐ုံးမ်ား၊ ေကာင္စစ္ဝန္႐ုံးမ်ားတြင္ ရက္ခ်ိန္းယူထားေသာ ႏိုင္ငံကူးလက္မွတ္ႏွင့္ ဗီဇာ ဝန္ေဆာင္မႈမ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။
အဆိုပါကာလၿပီးဆုံးသြားၿပီးေနာက္ ၎တို႔၏ ဝန္ေဆာင္မႈမ်ားႏွင့္ လည္ပတ္မႈအေျခအေနဆိုင္ရာ ေနာက္ဆုံးရသတင္းအခ်က္အလက္မ်ားကို မၾကာမီ ပိုမိုမွ်ေဝႏိုင္ရန္ ေမွ်ာ္လင့္ထားၿပီး mm.usembassy.gov တြင္ ဝင္ေရာက္ၾကည့္ရႈပါႏိုင္ေၾကာင္း လည္း အသိေပးထားသည္။

Related news

© 2021. All rights reserved.