တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ရှိ QR Code ကို အတုပြုလုပ်ကာ အခြား Website URL များသို့ ချိတ်ဆက်မှုများရှိနေ

 635

စော(NP News)- နိုဝင်ဘာ ၂၄
တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ရှိ QR Code ကို အတုပြုလုပ်ကာ အခြား Website URL များသို့ ချိတ်ဆက်မှုများရှိနေကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့ (နိုဝင်ဘာ ၂၄ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသည် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များမှစတင်၍ အောင်လက်မှတ်ပါ အချက်အလက်များကို စစ်ဆေးနိုင်သော QR Code ထည့်သွင်း၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်း QR Code သည် မြန်မာနိုင်ငံရှိ တရားဝင်အစိုးရဌာနများသာ အသုံးပြုနိုင်သော gov.mm ကိုအသုံးပြုခဲ့ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website URL ဖြစ်သော verify.dme.gov.mm သို့ချိတ်ဆက်ထားကြောင်း ဖော်ပြထားသည်။
သို့သော် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် အတုပြုလုပ်သည့် မသမာသူများမှ ဖန်တီးထားသော QR Code ပါသည့်အောင်လက်မှတ်များ ရှိနေသည်ကို သိရှိရသဖြင့် ယင်းအောင်လက်မှတ်အတုများတွင်ပါဝင်သော QR Code သည် verify.dme.gov.mm သို့ ချိတ်ဆက်ခြင်းမဟုတ်ဘဲ အခြား Website URL တစ်ခုသို့ ချိတ်ဆက်၍ အတုအပ ပြုလုပ်ထားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဆိုသည်။
ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ပါ QR Code သည် verify.dme.gov.mm သို့ချိတ်ဆက်၍ အချက်အလက်များစစ်ဆေးအတည်ပြုနိုင်မှသာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့် အောင်လက်မှတ်အစစ်ဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့ပြင် အခြား Website URL များသို့ ချိတ်ဆက်ဖော်ပြသည့် QR Code ဖြင့် အောင်လက်မှတ်များအားလုံးသည် အတုဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် လိုအပ်သော လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Zawgyi Version:
တကၠသိုလ္ဝင္စာေမးပြဲ ေအာင္လက္မွတ္ရွိ QR Code ကို အတုျပဳလုပ္ကာ အျခား Website URL မ်ားသို႔ ခ်ိတ္ဆက္မႈမ်ားရွိေန
ေစာ(NP News)- ႏိုဝင္ဘာ ၂၄
တကၠသိုလ္ဝင္စာေမးပြဲ ေအာင္လက္မွတ္ရွိ QR Code ကို အတုျပဳလုပ္ကာ အျခား Website URL မ်ားသို႔ ခ်ိတ္ဆက္မႈမ်ားရွိေနေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ယေန႔ (ႏိုဝင္ဘာ ၂၄ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသည္ ၂၀၂၄ ခုႏွစ္၊ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္လက္မွတ္မ်ားမွစတင္၍ ေအာင္လက္မွတ္ပါ အခ်က္အလက္မ်ားကို စစ္ေဆးႏိုင္ေသာ QR Code ထည့္သြင္း၍ ထုတ္ေပးခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎ QR Code သည္ ျမန္မာႏိုင္ငံရွိ တရားဝင္အစိုးရဌာနမ်ားသာ အသုံးျပဳႏိုင္ေသာ gov.mm ကိုအသုံးျပဳခဲ့ၿပီး ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန Website URL ျဖစ္ေသာ verify.dme.gov.mm သို႔ခ်ိတ္ဆက္ထားေၾကာင္း ေဖာ္ျပထားသည္။
သို႔ေသာ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္လက္မွတ္ အတုျပဳလုပ္သည့္ မသမာသူမ်ားမွ ဖန္တီးထားေသာ QR Code ပါသည့္ေအာင္လက္မွတ္မ်ား ရွိေနသည္ကို သိရွိရသျဖင့္ ယင္းေအာင္လက္မွတ္အတုမ်ားတြင္ပါဝင္ေသာ QR Code သည္ verify.dme.gov.mm သို႔ ခ်ိတ္ဆက္ျခင္းမဟုတ္ဘဲ အျခား Website URL တစ္ခုသို႔ ခ်ိတ္ဆက္၍ အတုအပ ျပဳလုပ္ထားသည္ကို ေတြ႕ရွိရေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ဆိုသည္။
ထို႔ေၾကာင့္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္လက္မွတ္ပါ QR Code သည္ verify.dme.gov.mm သို႔ခ်ိတ္ဆက္၍ အခ်က္အလက္မ်ားစစ္ေဆးအတည္ျပဳႏိုင္မွသာ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ထုတ္ေပးသည့္ ေအာင္လက္မွတ္အစစ္ျဖစ္ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ထို႔ျပင္ အျခား Website URL မ်ားသို႔ ခ်ိတ္ဆက္ေဖာ္ျပသည့္ QR Code ျဖင့္ ေအာင္လက္မွတ္မ်ားအားလုံးသည္ အတုျဖစ္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနအေနျဖင့္ လိုအပ္ေသာ လုပ္ငန္းစဥ္မ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.