ရေငုပ်သင်္ဘောတိုက်ဖျက်ရေးသင်္ဘောအသစ်တစ်စီးကို အိန္ဒိယရေတပ် စတင် တာဝန်ပေးအပ်

310

Pika (NP News) - နိုဝင်ဘာ ၂၆
အိန္ဒိယရေတပ်ဟာ ကမ်းရိုးတန်းကင်းလှည့်မှုတွေအတွက် အဓိကထားအသုံးပြုမယ့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေတိမ်သုံးသင်္ဘော INS Mahe ကို စတင်တာဝန်ပေးအပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ INS Mahe မှာ အဆင့်မြင့်စစ်လက်နက်ပစ္စည်းတွေ၊အာရုံခံကိရိယာတွေနဲ့ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ထားပြီး ရေအောက် ခြိမ်းခြောက်မှုတွေကို တိကျစွာထောက်လှမ်းတာ၊ခြေရာခံတာနဲ့ ဖျက်ဆီးပစ်တာမျိုးတွေကို တိတိကျကျ လုပ်ဆောင်နိုင်တဲ့စစ်သင်္ဘောတစ်စီးဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် INS Mahe သင်္ဘောဟာ ရေတိမ်ပိုင်းမှာကြာရှည်လည်ပတ်နိုင်စွမ်းကိုလည်း ထိန်းသိမ်းထားနိုင်ပြီး နည်းပညာ အရ အဆင့်မြင့်စက်ယန္တရားတွေနဲ့ ထိန်းချုပ်မှုစနစ်တွေ ရှိတယ်လို့လည်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ INS Mahe သင်္ဘောရဲ့အစိတ်အပိုင်း(၅)ခုအနက် (၄)ခုကို အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး Cochin သင်္ဘောကျင်းမှာ ဒီဇိုင်းဆွဲပြီးတည်ဆောက်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြော ကြားခဲ့ပါတယ်။ INS Mahe သင်္ဘောအသစ်ဟာ ပြည်တွင်းဖြေရှင်းချက်တွေနဲ့ဆန်းသစ်တဲ့နည်းပညာတွေ ကနေတစ်ဆင့် ပြည်တွင်းထုတ်ကိုမြှင့်တင်ဖို့အတွက် အိန္ဒိယရေတပ်ရဲ့ရေရှည်ကြိုးပမ်းအားထုတ်မှုတွေကို ပေါ်လွင် စေတယ်လို့လည်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေရငုပ္သေဘၤာတိုက္ဖ်က္ေရးသေဘၤာအသစ္တစ္စီးကို အိႏၵိယေရတပ္ စတင္ တာဝန္ေပးအပ္
Pika (NP News) - ႏိုဝင္ဘာ ၂၆
အိႏၵိယေရတပ္ဟာ ကမ္း႐ိုးတန္းကင္းလွည့္မႈေတြအတြက္ အဓိကထားအသုံးျပဳမယ့္ ေရငုပ္သေဘၤာတိုက္ဖ်က္ေရး ေရတိမ္သုံးသေဘၤာ INS Mahe ကို စတင္တာဝန္ေပးအပ္လိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။ INS Mahe မွာ အဆင့္ျမင့္စစ္လက္နက္ပစၥည္းေတြ၊အာ႐ုံခံကိရိယာေတြနဲ႔ဆက္သြယ္ေရးစနစ္ေတြ တပ္ဆင္ထားၿပီး ေရေအာက္ ၿခိမ္းေျခာက္မႈေတြကို တိက်စြာေထာက္လွမ္းတာ၊ေျခရာခံတာနဲ႔ ဖ်က္ဆီးပစ္တာမ်ိဳးေတြကို တိတိက်က် လုပ္ေဆာင္ႏိုင္တဲ့စစ္သေဘၤာတစ္စီးျဖစ္တယ္လို႔ အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ INS Mahe သေဘၤာဟာ ေရတိမ္ပိုင္းမွာၾကာရွည္လည္ပတ္ႏိုင္စြမ္းကိုလည္း ထိန္းသိမ္းထားႏိုင္ၿပီး နည္းပညာ အရ အဆင့္ျမင့္စက္ယႏၲရားေတြနဲ႔ ထိန္းခ်ဳပ္မႈစနစ္ေတြ ရွိတယ္လို႔လည္း အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ INS Mahe သေဘၤာရဲ႕အစိတ္အပိုင္း(၅)ခုအနက္ (၄)ခုကို အိႏၵိယႏိုင္ငံမွာ ထုတ္လုပ္ခဲ့ၿပီး Cochin သေဘၤာက်င္းမွာ ဒီဇိုင္းဆြဲၿပီးတည္ေဆာက္ခဲ့တာျဖစ္တယ္လို႔ အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက ေျပာ ၾကားခဲ့ပါတယ္။ INS Mahe သေဘၤာအသစ္ဟာ ျပည္တြင္းေျဖရွင္းခ်က္ေတြနဲ႔ဆန္းသစ္တဲ့နည္းပညာေတြ ကေနတစ္ဆင့္ ျပည္တြင္းထုတ္ကိုျမႇင့္တင္ဖို႔အတြက္ အိႏၵိယေရတပ္ရဲ႕ေရရွည္ႀကိဳးပမ္းအားထုတ္မႈေတြကို ေပၚလြင္ ေစတယ္လို႔လည္း အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။