၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသည့် (၅၅၈၀) ဦးအား အမှုပိတ်သိမ်းပေးပြီး ယင်းပုဒ်မဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၃၀၈၅) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

 460

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၆

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ရာဇသက်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် (၅၅၈၀) ဦးအား အမှုပိတ် သိမ်းပေးပြီး ယင်းပုဒ်မဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၃၀၈၅) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်းကို နိုဝင်ဘာ ၂၆ ရက်၊ ည ၈ နာရီအချိန်တွင် အမိန့်အမှတ် ၁၀/ ၂၀၂၅၊ ၁၁/၂၀၂၅၊ ၁၂/၂၀၂၅ တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ပြန်ကြေညာရာတွင် ပြည်သူလူထုတစ်ရပ်လုံးက လိုလား သည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင် ရေးအတွက် အဓိကထားဆောင်ရွက် လျက်ရှိသည့်အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး ဦးတည်ချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီး တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ (၇၂၄) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်"ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုကြောင်း၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ (၂၃၆၁) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း သိရသည်။

ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ (၅၅၈ဝ) ဦး တို့၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွှတ်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ အမိန့်အမှတ် ၁၂/ ၂၀၂၅ဖြင့် ထပ်မံထုတ်ပြန်လိုက်ကြောင်း သိရသည်။

Zawgyi Version:
၅၀၅-က ျဖင့္ တရားစြဲဆိုခံထားရသည့္ (၅၅၈၀) ဦးအား အမႈပိတ္သိမ္းေပးၿပီး ယင္းပုဒ္မျဖင့္ ျပစ္ဒဏ္က်ခံေနရသူ (၃၀၈၅) ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး

သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၆

အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီသည္ ရာဇသက္ႀကီးပုဒ္မ ၅၀၅(က)ျဖင့္ တရားစြဲဆိုခံထားရသည့္ (၅၅၈၀) ဦးအား အမႈပိတ္ သိမ္းေပးၿပီး ယင္းပုဒ္မျဖင့္ ျပစ္ဒဏ္က်ခံေနရသူ (၃၀၈၅) ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့ေၾကာင္းကို ႏိုဝင္ဘာ ၂၆ ရက္၊ ည ၈ နာရီအခ်ိန္တြင္ အမိန႔္အမွတ္ ၁၀/ ၂၀၂၅၊ ၁၁/၂၀၂၅၊ ၁၂/၂၀၂၅ တို႔ျဖင့္ ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ထုတ္ျပန္ေၾကညာရာတြင္ ျပည္သူလူထုတစ္ရပ္လုံးက လိုလား သည့္ ပါတီစုံဒီမိုကေရစီစနစ္ကို ေအာင္ျမင္စြာေလွ်ာက္လွမ္းႏိုင္ ေရးအတြက္ အဓိကထားေဆာင္႐ြက္ လ်က္ရွိသည့္အားေလ်ာ္စြာ ျပည္သူလူထုပူးေပါင္းေဆာင္႐ြက္မႈျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္ ႐ြက္ႏိုင္ေရး ဦးတည္ခ်က္ခ်မွတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မၾကာမီက်င္းပေတာ့မည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြး ေကာက္ပြဲႀကီး တြင္ ဆႏၵမဲေပးပိုင္ခြင့္ရွိသည့္ မဲဆႏၵရွင္ျပည္သူအားလုံး ဆႏၵမဲေပးပိုင္ခြင့္ မဆုံးရႈံးေစေရးႏွင့္ လြတ္လပ္မွ်တစြာ ဆႏၵမဲေပးႏိုင္ေရးအတြက္ ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅-က အရ ျပစ္မႈ ထင္ရွားစီရင္ခံရၿပီး အက်ဥ္းေထာင္/အခ်ဳပ္ေထာင္/အက်ဥ္းစခန္းအသီးသီးတြင္ ျပစ္ဒဏ္က်ခံလ်က္ရွိေသာ အက်ဥ္းသား/အက်ဥ္းသူ (၇၂၄) ဦးကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ(၁)အရ “ေနာက္တစ္ႀကိမ္ ျပစ္မႈထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္ က်ခံပါမည္"ဟူသည့္ စည္းကမ္းသတ္မွတ္ခ်က္ျဖင့္ ၎တို႔က်ခံရန္ က်န္ရွိေသာ ျပစ္ဒဏ္မ်ားအေပၚ ေလွ်ာ့ေပါ့၍ ျပစ္ဒဏ္မွ လြတ္ၿငိမ္းခြင့္ျပဳေၾကာင္း၊ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က အရ ျပစ္မႈ ထင္ရွားစီရင္ခံရၿပီး အက်ဥ္းေထာင္/အခ်ဳပ္ေထာင္/အက်ဥ္းစခန္းအသီးသီးတြင္ ျပစ္ဒဏ္က်ခံလ်က္ရွိေသာ အက်ဥ္းသား/အက်ဥ္းသူ (၂၃၆၁) ဦးကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ(၁)အရ ယင္းတို႔က်ခံရန္ က်န္ရွိေသာ ျပစ္ဒဏ္မ်ားအေပၚ ေလွ်ာ့ေပါ့၍ လြတ္ၿငိမ္းသက္သာခြင့္ျပဳလိုက္ေၾကာင္း သိရသည္။

ထို႔ျပင္ ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅-က ျဖင့္လည္းေကာင္း၊ ယင္းျပစ္မႈျဖင့္ ထြက္ေျပး တိမ္းေရွာင္ေနသျဖင့္ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၅၁၂ ျဖင့္လည္းေကာင္း တရားစြဲဆိုခံရသူ (၅၅၈ဝ) ဦး တို႔၏ ၾကားနာစစ္ေဆးဆဲ အမႈမ်ားကို ပိတ္သိမ္း၍ တရားခံမ်ားအား အမႈမွ လႊတ္ရန္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒပုဒ္မ ၄၂၇ အရ အမိန႔္အမွတ္ ၁၂/ ၂၀၂၅ျဖင့္ ထပ္မံထုတ္ျပန္လိုက္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.