ယာယီသမ္မတ က အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာယူ-၁၇ အသင်းအား ငွေကျပ် သိန်း ၁ဝဝဝ ဂုဏ်ပြုချီးမြှင့်

2417

ပီယ (NP News) - နိုဝင်ဘာ ၃ဝ
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (နိုဝင်ဘာလ ၃ဝ ရက်) တွင် ၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ ယူ-၁၇ အသင်းအား ငွေကျပ် သိန်း ၁၀၀၀ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)၏ ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ကျင်းပခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဘောလုံးအားကစား ဝါသနာရှင်ပရိသတ်အင်အားသုံးသောင်းကျော်ဖြင့် ကွင်းလုံးပြည့် တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲတွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းနှင့် ဆီးရီးယား U-17 အမျိုးသား ဘောလုံး အသင်းတို့သည် ပထမပိုင်း ၄၅ မိနစ်တွင် ဂိုးရရှိရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ၉ မိနစ် ၅၂ စက္ကန့်တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းမှ ညီညီသန့် ကျောနံပတ်(၁၀) က မြန်မာအသင်းအတွက် ပထမအဖွင့်ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပြီး ၁၄ မိနစ် ၄၂ စက္ကန့်တွင် ဆီးရီးယား U-17 အမျိုးသားဘောလုံးအသင်းမှ AHMAD ALFARAJ ကျောနံပတ်(၉)က ချေပဂိုး ပြန်လည်သွင်းယူခဲ့ပြီးနောက် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းမှ လင်းရောင် ကျောနံပါတ် (၈) အစား ဝင်းမင်းသန့် ကျောနံပါတ် (၆) အား လူစား လဲလှယ်ကစားခဲ့ရာ ၊ ၃၄ မိနစ် ဝ၄ စက္ကန့်တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းမှ အန့်ထူးပိုင် ကျောနံပတ်(၇) က ဒုတိယအနိုင်ဂိုးအား ထပ်မံသွင်းယူနိုင်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယပိုင်း ၈၅ မိနစ် ၄၀ စက္ကန့်တွင် ဆီးရီးယား U-17 အမျိုးသား ဘောလုံးအသင်းမှ ODEY ALFASHTAKI ကျောနံပါတ် (၁၆) က ချေပဂိုးအား ထပ်မံသွင်းယူခဲ့သည်။ မြန်မာ U-17 အမျိုးသားဘောလုံးအသင်းအနေဖြင့် ဂိုးထပ်မံရရှိရေး အတွက် အကြိတ်အနယ် တိုက်စစ်ဆင် ယှဉ်ပြိုင်ကစားခဲ့သော်လည်း ပြိုင်ပွဲပြီးဆုံးချိန်တွင် တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
အဆိုပါပွဲစဉ်တွင် ပထမပိုင်း၌ ကျောနံပတ် (၃) မြင့်မြတ်ကိုကို၊ ကျောနံပတ် (၄)မျိုးခန့်ကျော်၊ ကျောနံပတ် (၅)အသင်းခေါင်းဆောင် အောင်သီဟ ၊ ကျောနံပတ် (၇)အန့်ထူးပိုင် ၊ ကျောနံပါတ် (၈) လင်းရောင် ၊ ကျောနံပါတ် (၁၀)ညီညီသန့် ၊ ကျောနံပါတ် (၁၃)မြတ်မင်းသူ ၊ ကျောနံပါတ် (၁၅) ဝင်းဇော် ၊ ကျောနံပါတ် (၁၆)ချန်လန်တိန့် ၊ ကျောနံပါတ် (၁၈) ထက်ဝေယံ ၊ ကျောနံပါတ် (၁၉) ရဲနိုင်အောင် အားကစားသမား (၁၁) ဦးတို့က အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ပြီး ဒုတိယပိုင်း (၄၅) မိနစ်တွင် ကျောနံပတ် (၁၉) ရဲနိုင်အောင် အစား ကျောနံပတ်(၉) ဒီဝေယံ လည်းကောင်း ၊ ကျောနံပတ်( ၁၆ ) ချန်လန်တိန့် အစား ကျောနံပတ်(၂)ပိုင်စိုးကျော် က လည်းကောင်း၊ ကျောနံပတ်( ၁၀ ) ညီညီသန့်အစား ကျောနံပတ်(၂၃)ကောင်းခန့် တို့အား လဲလှယ် ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။
ယနေ့ပြုလုပ်သည့် ခြေစစ်ပွဲအဆုံးအဖြတ်သည် အာရှဖလားဝင်ခွင့်ဖြင့် ၁၉ နှစ်ကြာ ဝေးကွာခဲ့ရသည့် မြန်မာ ယူ ၁၇ အသင်းအတွက် အာရှဖလားဝင်ခွင့်ကိုပြန်လည်ရယူ နိုင်ခဲ့ သည့် သမိုင်းဝင်နေ့ရက်တစ်ရက် ဖြစ်ခဲ့ကာ မြန်မာ ယူ ၁၇ အသင်းသည် အုပ်စုပွဲစဉ်များ တွင် အာဖကန်နစ္စတန်အသင်းကို ၃ ဂိုး-၁ ဂိုး၊ နီပေါအသင်းကို ၄ ဂိုး - ဂိုးမရှိ၊ အိုမန်အသင်းကို ၂ဂိုး- ဂိုးမရှိ၊ ဆီးရီးယားအသင်းကို နှစ်ဂိုးစီဖြင့် သရေရလဒ်ထွက် ပေါ်ကာ အုပ်စုတွင်းရမှတ် ၁၀ မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ အာရှ ယူ-၁၇ ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေ ၇ ရက်မှ ၂၄ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Zawgyi Version:
ယာယီသမၼတ က အာရွဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့သည့္ ျမန္မာယူ-၁၇ အသင္းအား ေငြက်ပ္ သိန္း ၁ဝဝဝ ဂုဏ္ျပဳခ်ီးျမႇင့္
ပီယ (NP News) - ႏိုဝင္ဘာ ၃ဝ
ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္း သာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔ (ႏိုဝင္ဘာလ ၃ဝ ရက္) တြင္ ၂၀၂၆ ခုႏွစ္ အာရွဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့သည့္ ျမန္မာ ယူ-၁၇ အသင္းအား ေငြက်ပ္ သိန္း ၁၀၀၀ ဂုဏ္ျပဳခ်ီးျမႇင့္ေပးအပ္ခဲ့ေၾကာင္း သိရသည္။
၂၀၂၆ ခုႏွစ္ အာရွဖလားေျခစစ္ပြဲ U-17 အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ အုပ္စု(ဆ)၏ ၿပိဳင္ပြဲ ပြဲစဥ္မ်ားကို ယေန႔ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ ေဝဇယႏၲာလမ္းရွိ လူငယ္အားကစား ေလ့က်င့္ေရးစခန္း သုဝဏၰေဘာလုံးကြင္း၌က်င္းပခဲ့ရာ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္အတြင္းေရးမႉး၊ တြဲဖက္အမႈေဆာင္ခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ျပည့္စုံလင္း၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ အားကစားႏွင့္ ကာယပညာဦးစီးဌာန မွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ႏွင့္ တာဝန္ရွိသူမ်ား၊ ျမန္မာ ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ႏွင့္ အမႈေဆာင္မ်ား၊ ဌာနဆိုင္ရာမ်ားမွတာဝန္ရွိသူမ်ား၊ ဖိတ္ၾကားထားေသာဧည့္သည္ေတာ္မ်ားႏွင့္ ေဘာလုံးအားကစား ဝါသနာရွင္ပရိသတ္အင္အားသုံးေသာင္းေက်ာ္ျဖင့္ ကြင္းလုံးျပည့္ တစ္ခဲနက္လာေရာက္ၾကည့္ရႈအားေပးၾကသည္။
ၿပိဳင္ပြဲတြင္ ျမန္မာ U-17 အမ်ိဳးသားေဘာလုံးအသင္းႏွင့္ ဆီးရီးယား U-17 အမ်ိဳးသား ေဘာလုံး အသင္းတို႔သည္ ပထမပိုင္း ၄၅ မိနစ္တြင္ ဂိုးရရွိေရးအတြက္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားခဲ့ၾကရာ ၉ မိနစ္ ၅၂ စကၠန႔္တြင္ ျမန္မာ U-17 အမ်ိဳးသားေဘာလုံးအသင္းမွ ညီညီသန႔္ ေက်ာနံပတ္(၁၀) က ျမန္မာအသင္းအတြက္ ပထမအဖြင့္ဦးေဆာင္ဂိုးကိုသြင္းယူခဲ့ၿပီး ၁၄ မိနစ္ ၄၂ စကၠန႔္တြင္ ဆီးရီးယား U-17 အမ်ိဳးသားေဘာလုံးအသင္းမွ AHMAD ALFARAJ ေက်ာနံပတ္(၉)က ေခ်ပဂိုး ျပန္လည္သြင္းယူခဲ့ၿပီးေနာက္ ျမန္မာ U-17 အမ်ိဳးသားေဘာလုံးအသင္းမွ လင္းေရာင္ ေက်ာနံပါတ္ (၈) အစား ဝင္းမင္းသန႔္ ေက်ာနံပါတ္ (၆) အား လူစား လဲလွယ္ကစားခဲ့ရာ ၊ ၃၄ မိနစ္ ဝ၄ စကၠန႔္တြင္ ျမန္မာ U-17 အမ်ိဳးသားေဘာလုံးအသင္းမွ အန႔္ထူးပိုင္ ေက်ာနံပတ္(၇) က ဒုတိယအႏိုင္ဂိုးအား ထပ္မံသြင္းယူႏိုင္ခဲ့သည္။
ဆက္လက္ၿပီး ဒုတိယပိုင္း ၈၅ မိနစ္ ၄၀ စကၠန႔္တြင္ ဆီးရီးယား U-17 အမ်ိဳးသား ေဘာလုံးအသင္းမွ ODEY ALFASHTAKI ေက်ာနံပါတ္ (၁၆) က ေခ်ပဂိုးအား ထပ္မံသြင္းယူခဲ့သည္။ ျမန္မာ U-17 အမ်ိဳးသားေဘာလုံးအသင္းအေနျဖင့္ ဂိုးထပ္မံရရွိေရး အတြက္ အႀကိတ္အနယ္ တိုက္စစ္ဆင္ ယွဥ္ၿပိဳင္ကစားခဲ့ေသာ္လည္း ၿပိဳင္ပြဲၿပီးဆုံးခ်ိန္တြင္ တစ္ဖက္ ႏွစ္ဂိုးစီ သေရရလဒ္ျဖင့္သာ ေက်နပ္ခဲ့ရသည္။
အဆိုပါပြဲစဥ္တြင္ ပထမပိုင္း၌ ေက်ာနံပတ္ (၃) ျမင့္ျမတ္ကိုကို၊ ေက်ာနံပတ္ (၄)မ်ိဳးခန႔္ေက်ာ္၊ ေက်ာနံပတ္ (၅)အသင္းေခါင္းေဆာင္ ေအာင္သီဟ ၊ ေက်ာနံပတ္ (၇)အန႔္ထူးပိုင္ ၊ ေက်ာနံပါတ္ (၈) လင္းေရာင္ ၊ ေက်ာနံပါတ္ (၁၀)ညီညီသန႔္ ၊ ေက်ာနံပါတ္ (၁၃)ျမတ္မင္းသူ ၊ ေက်ာနံပါတ္ (၁၅) ဝင္းေဇာ္ ၊ ေက်ာနံပါတ္ (၁၆)ခ်န္လန္တိန႔္ ၊ ေက်ာနံပါတ္ (၁၈) ထက္ေဝယံ ၊ ေက်ာနံပါတ္ (၁၉) ရဲႏိုင္ေအာင္ အားကစားသမား (၁၁) ဦးတို႔က အႀကိတ္အနယ္ယွဥ္ၿပိဳင္ ကစားခဲ့ၿပီး ဒုတိယပိုင္း (၄၅) မိနစ္တြင္ ေက်ာနံပတ္ (၁၉) ရဲႏိုင္ေအာင္ အစား ေက်ာနံပတ္(၉) ဒီေဝယံ လည္းေကာင္း ၊ ေက်ာနံပတ္( ၁၆ ) ခ်န္လန္တိန႔္ အစား ေက်ာနံပတ္(၂)ပိုင္စိုးေက်ာ္ က လည္းေကာင္း၊ ေက်ာနံပတ္( ၁၀ ) ညီညီသန႔္အစား ေက်ာနံပတ္(၂၃)ေကာင္းခန႔္ တို႔အား လဲလွယ္ ယွဥ္ၿပိဳင္ကစားခဲ့ၾကျခင္း ျဖစ္သည္။
ယေန႔ျပဳလုပ္သည့္ ေျခစစ္ပြဲအဆုံးအျဖတ္သည္ အာရွဖလားဝင္ခြင့္ျဖင့္ ၁၉ ႏွစ္ၾကာ ေဝးကြာခဲ့ရသည့္ ျမန္မာ ယူ ၁၇ အသင္းအတြက္ အာရွဖလားဝင္ခြင့္ကိုျပန္လည္ရယူ ႏိုင္ခဲ့ သည့္ သမိုင္းဝင္ေန႔ရက္တစ္ရက္ ျဖစ္ခဲ့ကာ ျမန္မာ ယူ ၁၇ အသင္းသည္ အုပ္စုပြဲစဥ္မ်ား တြင္ အာဖကန္နစၥတန္အသင္းကို ၃ ဂိုး-၁ ဂိုး၊ နီေပါအသင္းကို ၄ ဂိုး - ဂိုးမရွိ၊ အိုမန္အသင္းကို ၂ဂိုး- ဂိုးမရွိ၊ ဆီးရီးယားအသင္းကို ႏွစ္ဂိုးစီျဖင့္ သေရရလဒ္ထြက္ ေပၚကာ အုပ္စုတြင္းရမွတ္ ၁၀ မွတ္ျဖင့္ ေျခစစ္ပြဲေအာင္ျမင္ခဲ့ ျခင္းျဖစ္သည္။ ၂၀၂၆ ခုႏွစ္၊ အာရွ ယူ-၁၇ ၿပိဳင္ပြဲကို ၂၀၂၆ ခုႏွစ္ ေမ ၇ ရက္မွ ၂၄ ရက္အထိ ေဆာ္ဒီအာေရဗ်ႏိုင္ငံက အိမ္ရွင္ အျဖစ္လက္ခံက်င္းပသြားမည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။