ရန်ကုန်- မန္တလေးအမြန်လမ်းတွင် (၁၁) နာရီကျော်သာခြား၍ ကားမီးလောင်မှုနှင့် ယာဉ်တိုက်မှုဖြစ်ပွားကာ (၅)ဦး ဒဏ်ရာရခဲ့

 855

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁

ရန်ကုန်- မန္တလေးအမြန်လမ်းတွင် (၁၁) နာရီကျော်သာခြား၍ ကားမီးလောင်မှုနှင့် ယာဉ်တိုက်မှုဖြစ်ပွားကာ (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်မီးလောင်မှုဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာ ၃၀ရက်)၊ ည ၇ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၃) မိုင် ၂ ဖာလုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မောင်းလာရင်းနဲ့ အင်ဂျင်ဝိုင်ခမ်းပြီးလောင်တာ။ အဲဒီမှာ ကားကိုရပ်ပြီးဆင်းကြည့်တာမှာ ကားကမီးထတောက်တာ။ ကားအင်ဂျင် ကစပြီးမီးထလောင်တာပါ။ ကားက Land Cruiser အမျိုးအစားပါ”ဟု ဥသျှစ်ကုန်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ကားမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားတစ်စီးလုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့(ဒီဇင်ဘာ ၁ရက်) နံနက် ၅ နာရီ ၁၀ မိနစ်အချိန်ခန့်ကလည်း ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ နေပြည်တော်- ရန်ကုန် ဘက် အခြမ်း၊ မိုင်တိုင်အမှတ်(၆၉)မိုင် (၂) ဖာလုံတွင် HIJET ကားတစ်စီး လမ်းလယ်သစ်ပင်ဝင်တိုက်မိ၍ (၅) ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“အဲဒီဖြစ်စဉ်ကတော့ ယာဉ်မောင်းအိပ်ငိုက်ပြီး‌တော့ လမ်းလယ်သစ်ပင်ဝင်တိုက်မိတာ။ လမ်းလယ်ကျွန်းက ခရေပင်ကိုဝင်တိုက်မိတာ။ အဲဒီမှာ မ (၅) ဦးထဲက ကလေးတစ်ယောက်တော့ ဒဏ်ရာမရဘူး။ မ(၄)ဦးနဲ့ ကျား(၁) ဦးကတော့ ဒဏ်ရာရတယ်။ ယာဉ်မောင်းကလည်း အမျိုးသမီးပါ။ တစ်ယောက်တော့ ရင်ဘက်အောင်တယ်။ ဘယ်ဘက်ဦးခေါင်းချိုစောင်းပေါက်သွားတယ်။ အဲဒါက နောက်ကလိုက်တဲ့ အမျိုးသားပါ”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို အမြန်လမ်းအရေးပေါ်သူနာတင်ယာဉ်(၁၉၂)ယာဉ်ဖြင့် မြိုချောင်းဆေးရုံသို့ ပို့ဆောင်ကူညီပေး ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္- မႏၲေလးအျမန္လမ္းတြင္ (၁၁) နာရီေက်ာ္သာျခား၍ ကားမီးေလာင္မႈႏွင့္ ယာဥ္တိုက္မႈျဖစ္ပြားကာ (၅)ဦး ဒဏ္ရာရခဲ့
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁

ရန္ကုန္- မႏၲေလးအျမန္လမ္းတြင္ (၁၁) နာရီေက်ာ္သာျခား၍ ကားမီးေလာင္မႈႏွင့္ ယာဥ္တိုက္မႈျဖစ္ပြားကာ (၅)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ဥသွ်စ္ကုန္းအျမန္လမ္းမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

ယာဥ္မီးေလာင္မႈျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာ ၃၀ရက္)၊ ည ၇ နာရီ ၂၀ မိနစ္ခန႔္က ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္(၇၃) မိုင္ ၂ ဖာလုံတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေမာင္းလာရင္းနဲ႔ အင္ဂ်င္ဝိုင္ခမ္းၿပီးေလာင္တာ။ အဲဒီမွာ ကားကိုရပ္ၿပီးဆင္းၾကည့္တာမွာ ကားကမီးထေတာက္တာ။ ကားအင္ဂ်င္ ကစၿပီးမီးထေလာင္တာပါ။ ကားက Land Cruiser အမ်ိဳးအစားပါ”ဟု ဥသွ်စ္ကုန္း အျမန္လမ္းမီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ကားမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ကားတစ္စီးလုံးမီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ ယေန႔(ဒီဇင္ဘာ ၁ရက္) နံနက္ ၅ နာရီ ၁၀ မိနစ္အခ်ိန္ခန႔္ကလည္း ရန္ကုန္- မႏၲေလးအျမန္လမ္းမႀကီး၊ ေနျပည္ေတာ္- ရန္ကုန္ ဘက္ အျခမ္း၊ မိုင္တိုင္အမွတ္(၆၉)မိုင္ (၂) ဖာလုံတြင္ HIJET ကားတစ္စီး လမ္းလယ္သစ္ပင္ဝင္တိုက္မိ၍ (၅) ဦးထိခိုက္ဒဏ္ရာရရွိ ခဲ့ေၾကာင္း သိရသည္။

“အဲဒီျဖစ္စဥ္ကေတာ့ ယာဥ္ေမာင္းအိပ္ငိုက္ၿပီး‌ေတာ့ လမ္းလယ္သစ္ပင္ဝင္တိုက္မိတာ။ လမ္းလယ္ကြၽန္းက ခေရပင္ကိုဝင္တိုက္မိတာ။ အဲဒီမွာ မ (၅) ဦးထဲက ကေလးတစ္ေယာက္ေတာ့ ဒဏ္ရာမရဘူး။ မ(၄)ဦးနဲ႔ က်ား(၁) ဦးကေတာ့ ဒဏ္ရာရတယ္။ ယာဥ္ေမာင္းကလည္း အမ်ိဳးသမီးပါ။ တစ္ေယာက္ေတာ့ ရင္ဘက္ေအာင္တယ္။ ဘယ္ဘက္ဦးေခါင္းခ်ိဳေစာင္းေပါက္သြားတယ္။ အဲဒါက ေနာက္ကလိုက္တဲ့ အမ်ိဳးသားပါ”ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို အျမန္လမ္းအေရးေပၚသူနာတင္ယာဥ္(၁၉၂)ယာဥ္ျဖင့္ ၿမိဳေခ်ာင္းေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပး ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.