ဦးဇော်ဇော်ထောက်ခံမှုဖြင့် သမ္မတဒေါ်နယ်ထရမ့် ဖီဖာငြိမ်းချမ်းရေးဆု ရရှိပြီ

7474

ဦးဇော်ဇော် ထောက်ခံမှုဖြင့် သမ္မတဒေါ်နယ်ထရမ့် ဖီဖာငြိမ်းချမ်းရေးဆု ရရှိပြီ
HtayOung (အတွေးအမြင် ဆောင်းပါး) - ဒီဇင်ဘာ ၆
ကမ္ဘာ့နိုင်ငံများ စည်းလုံးညီညွတ်ခြင်းဖြင့် ငြိမ်းချမ်းရေး ရရှိစေသူ "ဖီဖာ စွမ်းဆောင်ရှင်ဆု" ပေးအပ်နိုင်ဖို့ လူမှုရေး ကော်မတီထောက်ခံချက် လိုအပ်တယ်။ ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ် ဖီဖာလူမှုရေးကော်မတီမှာ ဥက္ကဋ္ဌဟာ ဦးဇော်ဇော် ပါ။ ယခင်ကတည်းက ဒေါ်နယ်ထရမ့်ကို ထောက်ခံသူ ဖီဖာဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနိုရဲ့လေးစား ယုံကြည်မှုရရှိသူ ဖြစ်ပါတယ်။
ထရမ့်အတွက် နိုင်ငံရေးအငွေ့အသက်ပါတဲ့ နိုဘယ်ဆုထက် ဖီဖာဆုဟာ မော်ကွန်းတင် ရိုးသားစွာ ဂုဏ်ယူစရာ ဖြစ်ပါလိမ့်မယ်။ အာဖရိက ဆင်းရဲတဲ့ရွာလေးတွေအထိ နိုဘယ်ဆုကို မသိပေမယ့် ဖီဖာကိုတော့ သိကြတယ်။ ကမ္ဘာ့ နိုင်ငံအများစုမှာ ဘော်လုံးအားကစားကို ရူးသွပ်ကြလို့ဖြစ်ပါတယ်။
အမေရိကန်အစိုးရမှာ သမ္မတ (အုပ်ချုပ်ရေး)၊ ကွန်ဂရက်လွှတ်တော်(ဥပဒေပြုရေး) နဲ့ တရားလွှတ်တော်ချုပ်+ ရှေ့နေချုပ်(တရားစီရင်ရေး) ဟာ သီးခြားစီ တစ်ယောက်တစ်ပေါက်ပါ။
သမ္မတထရမ့်လက်ထက် အမေရိကန်ဟာ မြန်မာ(အထူးသဖြင့် တပ်ချုပ်)အပေါ် အများကြီး နားလည် လိုက်လျောမှု ရှိပုံရတယ်၊။
အတိုက်အခံအမတ်များလည်းပါဝင်နေတဲ့ ကွန်ဂရက်လွှတ်တော်ကတော့ မြန်မာတော်လှန်ရေးကို အားပေးရာ ရောက်တဲ့ ဥပဒေကြမ်းများကို အဆိုပြုနေပါတယ်၊ ဒါပေမယ့် အဲ့ဒီဥပဒေကြမ်းတွေဟာ ဆီးနိတ်(အထက်လွှတ် တော်) နဲ့ သမ္မတကို ကျော်ဖြတ်ရလိမ့်မယ်၊ သဘောမတူလျင် ဘယ်နေရာ ဘယ်စာပိုဒ်ကို ပြန်လည်သုံးသပ်ပါ ရန် မှတ်ချက်နဲ့ အောက်လွှတ်တော်ထံ ပြန်ချပေးနိုင်တယ်။
ပြီးခဲ့တဲ့ရက် အမေရိကန်သမ္မတက ယာယီနေထိုင်ခွင့် အဆင့်အတန်း (TRS) ကို ရုတ်သိမ်းတဲ့အတွက် အမေရိ ကန်ရောက် ခိုလှုံခွင့်တောင်းခံထားသူ ပြည်ပြေး မြန်မာအချို့က ဒေါ်နယ်ထရမ့်ကို တရားစွဲဦးမတဲ့။
ဟား ဟား အတော်ရယ်ရတယ်၊ စွဲစမ်းပါစေ၊
တရားစွဲဆိုသူရဲ့ ပုဂ္ဂလိက ကိုယ်ရေးအချက်အလက်များကို FBI က စိစစ်မှာဖြစ်ခြင်းကြောင့် သူတို့ မမှန်မကန် ဖြည့်သွင်းထားတဲ့အချက်အလက်တွေ ဗူးပေါ်သလိုပေါ်ပြီး အရင်ဆုံး ပြည်နှင်ဒဏ်ပေး မောင်းထုတ်ခံရလိမ့်မယ်။
ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားမိတဲ့အမေရိကန်နဲ့ စက်မှုနိုင်ငံကြီးများမှာ အလွန်ကြီး မားတဲ့ အားနည်းချက်ရှိနေပါတယ်၊ သက်ဆိုင်ရာနိုင်ငံကို ပြန်သွားရင် ဖမ်းဆီး/နှိပ်စက် ခံရဖွယ်ရှိသူများကို မောင်း မထုတ်နိုင်ပဲ လက်ခံထားရခြင်းပါ။
ဒီလိုနဲ့ စာမေးပွဲတွေ အရည်အချင်းစစ်ဆေးမှုအမျိုးမျိုးတွေကို ကျော်ဖြတ်ပြီးမှ ပြည်ဝင်/နေထိုင်ခွင့် ရရှိသူများ ကြားမှာ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရနဲ့ စစ်တပ်ကို အပုပ်ချ/ကလော်ဆဲပြပြီး မျက်ရည်ခံထိုးနိုင်သူတွေ အလွယ်တ ကူ နေထိုင်ခွင့် ရနေကြတယ်၊ ဒီလိုနည်းနဲ့ လူလည်အတော်များများဟာ ချမ်းသာနိုင်ငံကြီးများမှာ ဘဝသစ်ထူ ထောင်နေကြတယ်၊ ကျောင်းကောင်းကောင်းတက်ချင်သူလဲ စရိတ်သုံးပုံတစ်ပုံပေးယုံနဲ့ စာသင်လို့ ရတယ်။
ကျွန်တော်တို့ အနောက်တံခါးက လူမျိုးလိမ်ဟာ ဒီနည်းနဲ့ ပရိုမိုးရှင်းလုပ်ပြီး တိုင်းရင်းသားလူမျိုး အသိအမှတ်ပြု ပေးရအောင် ဂျီနိုဆိုက်နဲ့ အကျပ်ကိုင်နေကြတယ်။
ထရမ့်ဟာ လူစည်ကားတဲ့နေရာဆို ခေါက်ဆွဲဆိုင် အရက်ဆိုင်ဖွင့်ဖို့ စိတ်ကူးလေ့ရှိတဲ့ ထောင်ကဲလို လူစားပါ၊ ဒါကြောင့် အမေရိကန်နဲ့ ကမ္ဘာအနှံ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ပြီး အမေရိကန်သမ္မတသမိုင်းမှာ ဘယ်သူနဲ့မှ မတူအောင် ချမ်းသာသူဖြစ်တယ်။ ရှီကျင့်ဖျင်နဲ့ မြွေ-မြွေချင်း ခြေမြင်သူဖြစ်တယ်။ ထရမ့်က အဲဒီအားနည်း ချက်ကို ကောင်းကောင်းမြင်လို့ မြန်မာ အပါအဝင် ၁၉ နိုင်ငံက TRS တွေကို မောင်းထုတ်ရုံမက ဒုက္ခသည်တွေ ခိုလှုံခွင့် တောင်းခံသူတွေကိုပါ တင်းတင်းကြပ်ကြပ် စိစစ်နေပါတယ်။

Zawgyi Version:
ဦးေဇာ္ေဇာ္ ေထာက္ခံမႈျဖင့္ သမၼတေဒၚနယ္ထရမ့္ ဖီဖာၿငိမ္းခ်မ္းေရးဆု ရရွိၿပီ
HtayOung (အေတြးအျမင္ ေဆာင္းပါး) - ဒီဇင္ဘာ ၆
ကမာၻ႔ႏိုင္ငံမ်ား စည္းလုံးညီၫြတ္ျခင္းျဖင့္ ၿငိမ္းခ်မ္းေရး ရရွိေစသူ "ဖီဖာ စြမ္းေဆာင္ရွင္ဆု" ေပးအပ္ႏိုင္ဖို႔ လူမႈေရး ေကာ္မတီေထာက္ခံခ်က္ လိုအပ္တယ္။ ကမာၻ႔ေဘာ္လုံးအဖြဲ႕ခ်ဳပ္ ဖီဖာလူမႈေရးေကာ္မတီမွာ ဥကၠ႒ဟာ ဦးေဇာ္ေဇာ္ ပါ။ ယခင္ကတည္းက ေဒၚနယ္ထရမ့္ကို ေထာက္ခံသူ ဖီဖာဥကၠ႒ ဂီယာနီ အင္ဖန္တီႏိုရဲ႕ေလးစား ယုံၾကည္မႈရရွိသူ ျဖစ္ပါတယ္။
ထရမ့္အတြက္ ႏိုင္ငံေရးအေငြ႕အသက္ပါတဲ့ ႏိုဘယ္ဆုထက္ ဖီဖာဆုဟာ ေမာ္ကြန္းတင္ ႐ိုးသားစြာ ဂုဏ္ယူစရာ ျဖစ္ပါလိမ့္မယ္။ အာဖရိက ဆင္းရဲတဲ့႐ြာေလးေတြအထိ ႏိုဘယ္ဆုကို မသိေပမယ့္ ဖီဖာကိုေတာ့ သိၾကတယ္။ ကမာၻ႔ ႏိုင္ငံအမ်ားစုမွာ ေဘာ္လုံးအားကစားကို ႐ူးသြပ္ၾကလို႔ျဖစ္ပါတယ္။
အေမရိကန္အစိုးရမွာ သမၼတ (အုပ္ခ်ဳပ္ေရး)၊ ကြန္ဂရက္လႊတ္ေတာ္(ဥပေဒျပဳေရး) နဲ႔ တရားလႊတ္ေတာ္ခ်ဳပ္+ ေရွ႕ေနခ်ဳပ္(တရားစီရင္ေရး) ဟာ သီးျခားစီ တစ္ေယာက္တစ္ေပါက္ပါ။
သမၼတထရမ့္လက္ထက္ အေမရိကန္ဟာ ျမန္မာ(အထူးသျဖင့္ တပ္ခ်ဳပ္)အေပၚ အမ်ားႀကီး နားလည္ လိုက္ေလ်ာမႈ ရွိပုံရတယ္၊။
အတိုက္အခံအမတ္မ်ားလည္းပါဝင္ေနတဲ့ ကြန္ဂရက္လႊတ္ေတာ္ကေတာ့ ျမန္မာေတာ္လွန္ေရးကို အားေပးရာ ေရာက္တဲ့ ဥပေဒၾကမ္းမ်ားကို အဆိုျပဳေနပါတယ္၊ ဒါေပမယ့္ အဲ့ဒီဥပေဒၾကမ္းေတြဟာ ဆီးနိတ္(အထက္လႊတ္ ေတာ္) နဲ႔ သမၼတကို ေက်ာ္ျဖတ္ရလိမ့္မယ္၊ သေဘာမတူလ်င္ ဘယ္ေနရာ ဘယ္စာပိုဒ္ကို ျပန္လည္သုံးသပ္ပါ ရန္ မွတ္ခ်က္နဲ႔ ေအာက္လႊတ္ေတာ္ထံ ျပန္ခ်ေပးႏိုင္တယ္။
ၿပီးခဲ့တဲ့ရက္ အေမရိကန္သမၼတက ယာယီေနထိုင္ခြင့္ အဆင့္အတန္း (TRS) ကို ႐ုတ္သိမ္းတဲ့အတြက္ အေမရိ ကန္ေရာက္ ခိုလႈံခြင့္ေတာင္းခံထားသူ ျပည္ေျပး ျမန္မာအခ်ိဳ႕က ေဒၚနယ္ထရမ့္ကို တရားစြဲဦးမတဲ့။
ဟား ဟား အေတာ္ရယ္ရတယ္၊ စြဲစမ္းပါေစ၊
တရားစြဲဆိုသူရဲ႕ ပုဂၢလိက ကိုယ္ေရးအခ်က္အလက္မ်ားကို FBI က စိစစ္မွာျဖစ္ျခင္းေၾကာင့္ သူတို႔ မမွန္မကန္ ျဖည့္သြင္းထားတဲ့အခ်က္အလက္ေတြ ဗူးေပၚသလိုေပၚၿပီး အရင္ဆုံး ျပည္ႏွင္ဒဏ္ေပး ေမာင္းထုတ္ခံရလိမ့္မယ္။
ဒုကၡသည္မ်ားဆိုင္ရာ ကြန္ဗင္းရွင္းကို လက္မွတ္ထိုးထားမိတဲ့အေမရိကန္နဲ႔ စက္မႈႏိုင္ငံႀကီးမ်ားမွာ အလြန္ႀကီး မားတဲ့ အားနည္းခ်က္ရွိေနပါတယ္၊ သက္ဆိုင္ရာႏိုင္ငံကို ျပန္သြားရင္ ဖမ္းဆီး/ႏွိပ္စက္ ခံရဖြယ္ရွိသူမ်ားကို ေမာင္း မထုတ္ႏိုင္ပဲ လက္ခံထားရျခင္းပါ။
ဒီလိုနဲ႔ စာေမးပြဲေတြ အရည္အခ်င္းစစ္ေဆးမႈအမ်ိဳးမ်ိဳးေတြကို ေက်ာ္ျဖတ္ၿပီးမွ ျပည္ဝင္/ေနထိုင္ခြင့္ ရရွိသူမ်ား ၾကားမွာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အစိုးရနဲ႔ စစ္တပ္ကို အပုပ္ခ်/ကေလာ္ဆဲျပၿပီး မ်က္ရည္ခံထိုးႏိုင္သူေတြ အလြယ္တ ကူ ေနထိုင္ခြင့္ ရေနၾကတယ္၊ ဒီလိုနည္းနဲ႔ လူလည္အေတာ္မ်ားမ်ားဟာ ခ်မ္းသာႏိုင္ငံႀကီးမ်ားမွာ ဘဝသစ္ထူ ေထာင္ေနၾကတယ္၊ ေက်ာင္းေကာင္းေကာင္းတက္ခ်င္သူလဲ စရိတ္သုံးပုံတစ္ပုံေပးယုံနဲ႔ စာသင္လို႔ ရတယ္။
ကြၽန္ေတာ္တို႔ အေနာက္တံခါးက လူမ်ိဳးလိမ္ဟာ ဒီနည္းနဲ႔ ပ႐ိုမိုးရွင္းလုပ္ၿပီး တိုင္းရင္းသားလူမ်ိဳး အသိအမွတ္ျပဳ ေပးရေအာင္ ဂ်ီႏိုဆိုက္နဲ႔ အက်ပ္ကိုင္ေနၾကတယ္။
ထရမ့္ဟာ လူစည္ကားတဲ့ေနရာဆို ေခါက္ဆြဲဆိုင္ အရက္ဆိုင္ဖြင့္ဖို႔ စိတ္ကူးေလ့ရွိတဲ့ ေထာင္ကဲလို လူစားပါ၊ ဒါေၾကာင့္ အေမရိကန္နဲ႔ ကမာၻအႏွံ႔ စီးပြားေရးလုပ္ငန္းေတြလုပ္ကိုင္ၿပီး အေမရိကန္သမၼတသမိုင္းမွာ ဘယ္သူနဲ႔မွ မတူေအာင္ ခ်မ္းသာသူျဖစ္တယ္။ ရွီက်င့္ဖ်င္နဲ႔ ေႁမြ-ေႁမြခ်င္း ေျချမင္သူျဖစ္တယ္။ ထရမ့္က အဲဒီအားနည္း ခ်က္ကို ေကာင္းေကာင္းျမင္လို႔ ျမန္မာ အပါအဝင္ ၁၉ ႏိုင္ငံက TRS ေတြကို ေမာင္းထုတ္႐ုံမက ဒုကၡသည္ေတြ ခိုလႈံခြင့္ ေတာင္းခံသူေတြကိုပါ တင္းတင္းၾကပ္ၾကပ္ စိစစ္ေနပါတယ္။