အစ္စရေးအစိုးရက စစ်ပွဲကြောင့် ထွက်ပြေးလာသည့် ယူကရိန်းဒုက္ခသည် သောင်းချီကို နှင်ထုတ်ဖွယ်ရှိနေ

 675

Pika (NP News) - ဒီဇင်ဘာ ၇

အစ္စရေးအစိုးရသည် ၎င်းတို့နိုင်ငံအတွင်း ရောက်ရှိနေထိုင်နေသည့် ယူကရိန်းနိုင်ငံသား (၂၅၀ဝဝ)ကို လာမည့်လ တွင် နိုင်ငံအတွင်းမှနှင်ထုတ် သွားမည်ဖြစ်ကြောင်းသိရသည်။ ယူကရိန်းနှင့်ရုရှား နိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးအစိုးရသည် ယူကရိန်းနိုင်ငံသား(၂၅၀ဝဝ)ကို နိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ပေးခဲ့ကြောင်းသိရသည်။ အစ္စရေး အစိုးရသည် လက်ရှိအချိန်တွင် ယူကရိန်း နိုင်ငံသား(၂၅၀ဝဝ)ကိုခွင့်ပြုထားသည့် ဒုက္ခသည်အကာကွယ်ပေးရေးနှင့် ယာယီခွင့်ပြုချက်ကို ထပ်မံသက်တမ်းတိုးရန်နှောင့်နှေးခဲ့ပြီးနောက် ပြည်နှင်ထုတ်ရန် စီစဉ်လာခဲ့ခြင်းဖြစ် ကြောင်းသိရ သည်။
အစ္စရေးအစိုရးရသည် ယူကရိန်း နိုင်ငံသားများကို ယာယီနေထိုင်ခွင့်ဖြင့် နေထိုင်ခွင့် ပေးခဲ့သော်လည်း လူမူရေး အထောက်ပံ့ပေးမှု၊ ကာလ အတန်ကြာနေထိုင်ခွင့်ပေးမှု စသည့်အချက်များကို ခွင့်ပြုပေးခဲ့ခြင်းမရှိကြောင်းသိရသည်။ လက်ရှိအချိန်တွင် အစ္စရေးလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် ယူကရိန်းနိုင်ငံသားများကိုခွင့်ပြုထားသည့် နေထိုင်ခွင့်ကိုပြန်လည်သုံးသပ်နေပြီး မကြာမီတွင်အပြီး သတ်သတင်းထုတ်ပြန်ဖွယ်ရှိနေကြောင်းသိရသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံသားသန်းချီသည် ပြည်ပသို့ထွက် ပြေးခဲ့ပြီး အစ္စရေးအပါ အဝင်နိုင်ငံအချို့က လက်ခံခဲ့သော်လည်း လက်ရှိအချိန်တွင် အပြောင်းအလဲများစွာ ပြန်လည်လုပ်ဆောင် လာခဲ့ကြောင်း သိရသည်။
စစ်ပွဲကြောင့်ထွက်ပြေးလာသည့် ယူကရိန်း နိုင်ငံသားအများအပြားကိုလက်ခံထားသည့်နိုင်ငံများ ထဲတွင်ပါဝင် နေသည့် ဂျာမနီနှင့်ပိုလန်နိုင်ငံသည် ၎င်းတို့နိုင်ငံအတွင်းရောက်ရှိနေသည့် ယူကရိန်းနိုင်ငံသား များ၏အကျိုးစီးပွားရရှိမှု များကို စည်းကမ်းတင်းကြပ်ခဲ့ကြောင်းသိရသည်။
ပိုလန်သမ္မတက ၎င်းတို့အနေဖြင့် ယူကရိန်းရွှေ့ပြောင်းသွားလာသူများအပေါ်ခွင့်ပြုထားသည့် သက်သာချောင် ချိရေးငွေကြေးကို (၂၀၂၆)ခုနှစ်တွင်ပေးမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version:
အစၥေရးအစိုးရက စစ္ပြဲေၾကာင့္ ထြက္ေျပးလာသည့္ ယူကရိန္းဒုကၡသည္ ေသာင္းခ်ီကို ႏွင္ထုတ္ဖြယ္ရွိေန
Pika (NP News) - ဒီဇင္ဘာ ၇

အစၥေရးအစိုးရသည္ ၎တို႔ႏိုင္ငံအတြင္း ေရာက္ရွိေနထိုင္ေနသည့္ ယူကရိန္းႏိုင္ငံသား (၂၅၀ဝဝ)ကို လာမည့္လ တြင္ ႏိုင္ငံအတြင္းမွႏွင္ထုတ္ သြားမည္ျဖစ္ေၾကာင္းသိရသည္။ ယူကရိန္းႏွင့္႐ုရွား ႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အစၥေရးအစိုးရသည္ ယူကရိန္းႏိုင္ငံသား(၂၅၀ဝဝ)ကို ႏိုင္ငံအတြင္း ယာယီေနထိုင္ခြင့္ေပးခဲ့ေၾကာင္းသိရသည္။ အစၥေရး အစိုးရသည္ လက္ရွိအခ်ိန္တြင္ ယူကရိန္း ႏိုင္ငံသား(၂၅၀ဝဝ)ကိုခြင့္ျပဳထားသည့္ ဒုကၡသည္အကာကြယ္ေပးေရးႏွင့္ ယာယီခြင့္ျပဳခ်က္ကို ထပ္မံသက္တမ္းတိုးရန္ေႏွာင့္ေႏွးခဲ့ၿပီးေနာက္ ျပည္ႏွင္ထုတ္ရန္ စီစဥ္လာခဲ့ျခင္းျဖစ္ ေၾကာင္းသိရ သည္။
အစၥေရးအစိုရးရသည္ ယူကရိန္း ႏိုင္ငံသားမ်ားကို ယာယီေနထိုင္ခြင့္ျဖင့္ ေနထိုင္ခြင့္ ေပးခဲ့ေသာ္လည္း လူမူေရး အေထာက္ပံ့ေပးမႈ၊ ကာလ အတန္ၾကာေနထိုင္ခြင့္ေပးမႈ စသည့္အခ်က္မ်ားကို ခြင့္ျပဳေပးခဲ့ျခင္းမရွိေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ အစၥေရးလူဝင္မႈႀကီးၾကပ္ေရးအာဏာပိုင္မ်ားသည္ ယူကရိန္းႏိုင္ငံသားမ်ားကိုခြင့္ျပဳထားသည့္ ေနထိုင္ခြင့္ကိုျပန္လည္သုံးသပ္ေနၿပီး မၾကာမီတြင္အၿပီး သတ္သတင္းထုတ္ျပန္ဖြယ္ရွိေနေၾကာင္းသိရသည္။ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းႏိုင္ငံသားသန္းခ်ီသည္ ျပည္ပသို႔ထြက္ ေျပးခဲ့ၿပီး အစၥေရးအပါ အဝင္ႏိုင္ငံအခ်ိဳ႕က လက္ခံခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ အေျပာင္းအလဲမ်ားစြာ ျပန္လည္လုပ္ေဆာင္ လာခဲ့ေၾကာင္း သိရသည္။
စစ္ပြဲေၾကာင့္ထြက္ေျပးလာသည့္ ယူကရိန္း ႏိုင္ငံသားအမ်ားအျပားကိုလက္ခံထားသည့္ႏိုင္ငံမ်ား ထဲတြင္ပါဝင္ ေနသည့္ ဂ်ာမနီႏွင့္ပိုလန္ႏိုင္ငံသည္ ၎တို႔ႏိုင္ငံအတြင္းေရာက္ရွိေနသည့္ ယူကရိန္းႏိုင္ငံသား မ်ား၏အက်ိဳးစီးပြားရရွိမႈ မ်ားကို စည္းကမ္းတင္းၾကပ္ခဲ့ေၾကာင္းသိရသည္။
ပိုလန္သမၼတက ၎တို႔အေနျဖင့္ ယူကရိန္းေ႐ႊ႕ေျပာင္းသြားလာသူမ်ားအေပၚခြင့္ျပဳထားသည့္ သက္သာေခ်ာင္ ခ်ိေရးေငြေၾကးကို (၂၀၂၆)ခုႏွစ္တြင္ေပးမည္မဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.