မြန်မာ့စီးပွားရေးအသင့်အတင့်ကောင်းမွန်လာပြီဟုကမ္ဘာ့ဘဏ်ထုတ်ပြန်

548

ပြည့်ဖြိုး(NP News) ဒီဇင်ဘာ ၈
ငလျင်ဒဏ်နှင့်ပဋိပက္ခ များရင်ဆိုင်နေရသော်လည်း မြန်မာနိုင်ငံ၏စီးပွားရေးမှာ ပြန်လည်ကောင်းမွန်လာစေ ရန်အသင့်အတင့်တိုးတက်မှု များရှိလာကြောင်း ကမ္ဘာ့ဘဏ်၏ ဒီဇင်ဘာ ၈ရက်နေ့တွင်ထုတ်ပြန်သော မြန်မာ့စီးပွားရေး စောင့်ကြည့်ရေး အစီရင်ခံစာတွင်ဖေါ်ပြထားသည်။
ကုမ္ပဏီများ၏ စွမ်းဆောင်ရည်တိုးတက်လာပြီး မြန်မာကျပ်ငွေတန်ဖိုးမှာ ပြန်လည်မြင့်တက်လာပြီး လက်ရှိအချိန်တွင်တည်ငြိမ်စွာမြင့်တက်နေကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်တွင် GDP သည် ၂.၀ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု အစီရင်ခံစာတွင် ခန့်မှန်းထားပြီး ယခင်ခန့်မှန်းချက် -၂.၅ ရာခိုင်နှုန်းမှ မြင့်တက်လာခြင်းဖြစ်သည်။
၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွက် ၃ ရာခိုင်နှုန်း ပြန်လည်ဦးမော့လာမည်ဟု ခန့်မှန်းထားပြီး အဓိကအားဖြင့် ငလျင်အပြီး ပြန်လည်တည်ဆောက်ရေးနှင့် အထိခိုက်ဆုံးသူများအတွက် ပစ်မှတ်ထား အကူအညီများ ဆက်လက်ပေးအပ်ခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။
ငွေကြေးဖောင်းပွမှုသည် မကြာမီကာလအတွင်း ၂၀ ရာခိုင်နှုန်းအထက်တွင် ရှိနေမည်ဟု ခန့်မှန်ထားပြီး စားဝတ်နေရေး စရိတ်များမြင့်တက်မှုဆက်လက်ဖြစ်ပေါ်နေကြောင်းသိရသည်။
ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားအလာမှာ အခက်အခဲအတားအဆီးတွေ ရှိနေဆဲဟု သိရသည်။
“မြန်မာနိုင်ငံမှာ စီးပွားရေး ပြန်လည်နာလန်ထူလာတဲ့ ကနဦးလက္ခဏာတွေကို တွေ့ရတာဟာ အားတက်စရာဆိုပေမယ့် ငလျင်ဒဏ် ပြန်လည်ထူထောင်ရေးအတွက် ဘဏ္ဍာရေးနဲ့ ငွေကြေးလိုအပ်ချက်တွေ၊ ပြည်တွင်းပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေတွေ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ အပါအဝင် အတားအဆီးများစွာနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်”ဟု ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဒေသဆိုင်ရာ ဒါရိုက်တာ မယ်လင်ဒါဂွတ်ဒ်က ပြောသည်။
ပြန်လည်တည်ဆောက်ရေး အသုံးစရိတ်များ တိုးလာခြင်းကြောင့် ၂၀၂၆/၂၇ ဘဏ္ဍာရေးနှစ်တွင် GDP ၏ ၅ ရာခိုင်နှုန်းအထိ လိုငွေပြမှု ရှိမည်ဟု ခန့်မှန်းထားပြီး ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်တည်ရှိနေမည်ဖြစ်ဖြစ်ကြောင်းသိရသည်။
ပြည်တွင်းချေးငွေ မြင့်မားလာမှုကို ထင်ဟပ်စေသည့် အများပြည်သူ့ကြွေးမြီသည် GDP ၏ ၆၀ ရာခိုင်နှုန်းအထက်တွင် ရှိနေမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

Zawgyi Version:
ျမန္မာ့စီးပြားေရးအသင့္အတင့္ေကာင္းမြန္လာၿပီဟုကမာၻ႔ဘဏ္ထုတ္ျပန္
ျပည့္ၿဖိဳး(NP News) ဒီဇင္ဘာ ၈
ငလ်င္ဒဏ္ႏွင့္ပဋိပကၡ မ်ားရင္ဆိုင္ေနရေသာ္လည္း ျမန္မာႏိုင္ငံ၏စီးပြားေရးမွာ ျပန္လည္ေကာင္းမြန္လာေစ ရန္အသင့္အတင့္တိုးတက္မႈ မ်ားရွိလာေၾကာင္း ကမာၻ႔ဘဏ္၏ ဒီဇင္ဘာ ၈ရက္ေန႔တြင္ထုတ္ျပန္ေသာ ျမန္မာ့စီးပြားေရး ေစာင့္ၾကည့္ေရး အစီရင္ခံစာတြင္ေဖၚျပထားသည္။
ကုမၸဏီမ်ား၏ စြမ္းေဆာင္ရည္တိုးတက္လာၿပီး ျမန္မာက်ပ္ေငြတန္ဖိုးမွာ ျပန္လည္ျမင့္တက္လာၿပီး လက္ရွိအခ်ိန္တြင္တည္ၿငိမ္စြာျမင့္တက္ေနေၾကာင္း သိရသည္။
၂၀၂၆ ခုႏွစ္ မတ္လတြင္ ကုန္ဆုံးမည့္ ဘ႑ာေရးႏွစ္တြင္ GDP သည္ ၂.၀ ရာခိုင္ႏႈန္း က်ဳံ႕သြားမည္ဟု အစီရင္ခံစာတြင္ ခန႔္မွန္းထားၿပီး ယခင္ခန႔္မွန္းခ်က္ -၂.၅ ရာခိုင္ႏႈန္းမွ ျမင့္တက္လာျခင္းျဖစ္သည္။
၂၀၂၆-၂၇ ဘ႑ာေရးႏွစ္အတြက္ ၃ ရာခိုင္ႏႈန္း ျပန္လည္ဦးေမာ့လာမည္ဟု ခန႔္မွန္းထားၿပီး အဓိကအားျဖင့္ ငလ်င္အၿပီး ျပန္လည္တည္ေဆာက္ေရးႏွင့္ အထိခိုက္ဆုံးသူမ်ားအတြက္ ပစ္မွတ္ထား အကူအညီမ်ား ဆက္လက္ေပးအပ္ျခင္းတို႔ေၾကာင့္ ျဖစ္ေၾကာင္းသိရသည္။
ေငြေၾကးေဖာင္းပြမႈသည္ မၾကာမီကာလအတြင္း ၂၀ ရာခိုင္ႏႈန္းအထက္တြင္ ရွိေနမည္ဟု ခန႔္မွန္ထားၿပီး စားဝတ္ေနေရး စရိတ္မ်ားျမင့္တက္မႈဆက္လက္ျဖစ္ေပၚေနေၾကာင္းသိရသည္။
ျပည္တြင္းဝယ္လိုအားေလ်ာ့နည္းမႈ၊ အလုပ္သမားရွားပါးမႈႏွင့္ လွ်ပ္စစ္ဓာတ္အား မၾကာခဏျပတ္ေတာက္ျခင္းေၾကာင့္ စီးပြားေရးေမွ်ာ္မွန္းခ်က္အလားအလာမွာ အခက္အခဲအတားအဆီးေတြ ရွိေနဆဲဟု သိရသည္။
“ျမန္မာႏိုင္ငံမွာ စီးပြားေရး ျပန္လည္နာလန္ထူလာတဲ့ ကနဦးလကၡဏာေတြကို ေတြ႕ရတာဟာ အားတက္စရာဆိုေပမယ့္ ငလ်င္ဒဏ္ ျပန္လည္ထူေထာင္ေရးအတြက္ ဘ႑ာေရးနဲ႔ ေငြေၾကးလိုအပ္ခ်က္ေတြ၊ ျပည္တြင္းပဋိပကၡနဲ႔ လုံၿခဳံေရးအေျခအေနေတြ၊ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈေတြ အပါအဝင္ အတားအဆီးမ်ားစြာနဲ႔ ဆက္လက္ရင္ဆိုင္ေနရပါတယ္”ဟု ထိုင္းႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ကမာၻ႔ဘဏ္၏ ေဒသဆိုင္ရာ ဒါ႐ိုက္တာ မယ္လင္ဒါဂြတ္ဒ္က ေျပာသည္။
ျပန္လည္တည္ေဆာက္ေရး အသုံးစရိတ္မ်ား တိုးလာျခင္းေၾကာင့္ ၂၀၂၆/၂၇ ဘ႑ာေရးႏွစ္တြင္ GDP ၏ ၅ ရာခိုင္ႏႈန္းအထိ လိုေငြျပမႈ ရွိမည္ဟု ခန႔္မွန္းထားၿပီး ဘ႑ာေရးဆိုင္ရာ စိန္ေခၚမႈမ်ား ဆက္လက္တည္ရွိေနမည္ျဖစ္ျဖစ္ေၾကာင္းသိရသည္။
ျပည္တြင္းေခ်းေငြ ျမင့္မားလာမႈကို ထင္ဟပ္ေစသည့္ အမ်ားျပည္သူ႔ေႂကြးၿမီသည္ GDP ၏ ၆၀ ရာခိုင္ႏႈန္းအထက္တြင္ ရွိေနမည္ဟု ခန႔္မွန္းထားေၾကာင္းသိရသည္။