အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄ဝဝဝ)ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၁၄) ခု ခွင့်ပြု

596

Pearl (NP News) - ဒီဇင်ဘာ ၉
အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄ဝဝဝ) ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၁၄) ခု ခွင့်ပြု ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ (ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၅)အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့်ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၆) ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၅)ခုနှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ နှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၉)ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၂၉၅ သန်းနှင့် ကျပ် ၄၅၅၀၂ ဒသမ ၉၇၈ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄၁၁၉) ဦးကို ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။ သည်။
ထိုသို့ ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်သုံးနှစ်ဘီး၊ သုံးဘီး မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း များနှင့် ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်း များစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများလည်း ပါဝင်ကြောင်းလည်း သိရသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်းနှင့် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၄ဝဝဝ)ေက်ာ္ ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ (၁၄) ခု ခြင့္ျပဳ
Pearl (NP News) - ဒီဇင္ဘာ ၉
အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၄ဝဝဝ) ေက်ာ္ ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ (၁၄) ခု ခြင့္ျပဳ ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ (၆/၂၀၂၅) ႀကိမ္ေျမာက္အစည္းအေဝးကို ယမန္ေန႔ (ဒီဇင္ဘာ ၈ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ႐ုံးအမွတ္(၅)အစည္းအေဝးခန္းမ၌ က်င္းပရာ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ ဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးျမထြန္းဦးႏွင့္ေကာ္မရွင္အဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အစည္းအေဝးတြင္ လက္ရွိေဆာင္႐ြက္ဆဲ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း(၆) ခုမွ မတည္ေငြရင္း တိုးျမႇင့္ျခင္းအပါအဝင္ စက္မႈက႑မွ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္(၅)ခုႏွင့္ စက္မႈက႑၊ ဟိုတယ္ႏွင့္ခရီးသြားက႑ ႏွင့္ ဝန္ေဆာင္မႈက႑တို႔မွ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ (၉)ခုကို ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါလုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ ၅၇ ဒသမ ၂၉၅ သန္းႏွင့္ က်ပ္ ၄၅၅၀၂ ဒသမ ၉၇၈ သန္းျဖစ္ၿပီး အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၄၁၁၉) ဦးကို ဖန္တီးေပးႏိုင္ မည္ျဖစ္ေၾကာင္း သိရသည္။ သည္။
ထိုသို႔ ခြင့္ျပဳေပးသည့္ လုပ္ငန္းမ်ားတြင္ ႏိုင္ငံအတြက္ အဓိကလိုအပ္လ်က္ရွိသည့္ လွ်ပ္စစ္သုံးႏွစ္ဘီး၊ သုံးဘီး ေမာ္ေတာ္ဆိုင္ကယ္ တပ္ဆင္ထုတ္လုပ္ျခင္းလုပ္ငန္း၊ ေမာ္ေတာ္ယာဥ္အမ်ိဳးမ်ိဳး တပ္ဆင္ထုတ္လုပ္ျခင္းလုပ္ငန္း မ်ားႏွင့္ ပညာေရး ဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ စားေသာက္ကုန္ထုတ္လုပ္ငန္းမ်ားႏွင့္ အလုပ္အကိုင္အခြင့္အလမ္း မ်ားစြာ ဖန္တီးေပးႏိုင္မည့္ အထည္ခ်ဳပ္လုပ္ငန္းမ်ားလည္း ပါဝင္ေၾကာင္းလည္း သိရသည္။
၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာလကုန္အထိ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ႏိုင္ငံ၊ ေဒသေပါင္း ၅၃ ခု အနက္ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံ၊ ေဒသမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ျဖစ္ၿပီး စီးပြားေရးက႑ ၁၂ ခုအနက္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားသည့္က႑မ်ားမွာ လွ်ပ္စစ္ဓာတ္အားက႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၈ ဒသမ ၂၈ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ ေရနံႏွင့္သဘာဝဓာတ္ေငြ႕က႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၄ ဒသမ ၆၅ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ စက္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၁၄ ဒသမ ၆၀ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း အသီးသီးရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္သည္ ျပည္တြင္းျပည္ပ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက တင္ျပလာသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အဆိုျပဳခ်က္မ်ားကို စိစစ္ခြင့္ျပဳျခင္းႏွင့္ လက္ရွိေဆာင္႐ြက္ဆဲ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ဝန္ေဆာင္မႈမ်ားကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒႏွင့္အညီ ပံ့ပိုးကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းလည္း သိရသည္။